← Chapters

စကြဝဠာမီးလျှံ

Vol. 72 Ch. 1077

စကြဝဠာမီးလျှံ

Vol. 72 Ch. 1077

သရေစာခေါက်ဆွဲခြောက် တစ်အုပ်ကြီး ပေါ်လာသည်နှင့် တပြိုင်နက်ဆရာလေးလင်း၏ အခြေအနေကတဖြည်းဖြည်း ထိန်းမနိုင်သိမ်းမရဖြစ်လာကြောင်း ထွင်ထျန်းဟာ သဘောပေါက်လိုက်သည်။

ဤသစ်တောကို နှလုံးသားနတ်ဆိုးက မွေးထုတ်ထားသော်လည်း ဤအရာအားလုံးသည် ဆရာလေးလင်းကို ဆွဲဆောင်ရန် တကယ်ကို မှန်ကန်လွန်းနေ၏။

ထွင်ထျန်းဟာက တောထဲမှ ပျံ့လွင့်လာသော သရေစာခေါက်ဆွဲခြောက်ကြွတ်ကြော်၏ ငရုတ်ကောင်းရနံ့ကို အဝေးကပင် ရနေခဲ့သည်။

သူက ဆရာလေးလင်းအကြောင်း ကောင်းစွာသိသည်။

ဤကဲ့သို့ သွေးဆောင်မှုကို ဆရာလေးလင်းက

မည်ကဲ့သို့ တွန်းလှန်နိုင်ပါမည်နည်း။

"မဟုတ်သေးဘူး ငါတစ်ခုခုလုပ်မှ ဖြစ်တော့မယ်။"

၀မ်လင်းက တဖြည်းဖြည်း စိတ်ထိန်းချုပ်မှု ဆုံးရှုံးသွားသည်ကို မြင်လျှင် ထွင်ထျန်းဟာသည် ဘောင်းဘီစကို အံသွားဖြင့် ကိုက်ခဲပီး ဆွဲထားလိုက်သည်။

၀မ်လင်းက အလွန်ပင် စိတ်အားထက်သန်နေသဖြင့်

ထွင်ထျန်းအာက လုံး၀ မတားဆီးနိုင်ခဲ့ပေ။

သူက ၀မ်လင်း၏ ဘောင်းဘီစကို မလွတ်တမ်း ကိုက်ခဲထားသဖြင့် မြေကြီးပေါ်တွင် ထွန်ခြစ်ဖြင့် ဆွဲထားသကဲ့သို့ နက်နဲသော အရာများ ဖြစ်ပေါ်လာခဲ့သည်။

"မဖြစ်သေးဘူး.. စစ်ကူလိုအပ်နေပြီ။"

ထွင်ထျန်းအာက သူ၏သွားများကို အံကြိတ်လိုက်ပီး

အင်မော်တယ် တံဆိပ်ပြားကို ထုတ်ယူလိုက်၏။

ထိုတံဆိပ်ပြားကို အင်မော်တယ် ကျန်းယွမ်က ပေးအပ်ထားခြင်းဖြစ်ပီး လိုအပ်သည့်အခါတိုင်းတွင် ခေါ်ဆောင်ရန် အသုံးပြုနိုင်သည်။

ဤအခြေအနေတွင် အလျင်အမြန် အကူအညီရမည့်

နည်းလမ်းမှာ အင်မော်တယ်ကျန်းရွမ်ကို ခေါ်ခြင်းပင်ဖြစ်သည်။

ငွေရောင်လေးကမူ လူနာမိန်းကလေး ထူးထူးခြားခြား ဘာမှမလုပ်မိအောင် သူတို့ကို အပြင်ကနေ အကာအကွယ်ပေးထားသောကြောင့် ဤကမ္ဘာကြီးထဲသို့ မ၀င်ရောက်နိုင်ပေ။

"အင်မော်တယ်စည်းတံဆိပ် အသက်၀င်လိုက်စမ်း"

ထွင်ထျန်းဟာက စိတ်ထဲကနေ အော်ဟစ်လိုက်သည်။

သူ၏ ၀ိညာဥ်စွမ်းအင်ကို တံဆိပ်ပြားထဲ ထိုးသွင်းလိုက်သည်နှင့် ကျန်းရွမ်၏ အင်မော်တယ် စည်းတံဆိပ်သည် ပြင်းထန်သော ၀ိညာဥ်စွမ်းအားများ အဖြစ် ချက်ချင်းဆိုသလို တောက်ပသွားခဲ့သည်။

ထိုခဏတွင် ​ကောင်းကင်ထက်၌ စွမ်းအားများ စုရုံးလာခဲ့ပီး

ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ်ကျန်းယွမ်သည် ယခင်အတိုင်းပင် အနီရောင်ဆံပင်နှင့် ဖြစ်၏။

ကောင်းကင်မှ ဆင်းသက်လာစဥ် အနီရောင်၀ိညာဥ် မီးလျှံများသည် သူ၏ ခန္ဓာကိုယ်အနှံ့တွင် လှည့်ပတ်နေခဲ့သည်။

အင်မော်တယ်ကျန်းရွမ်က နတ်ဆိုးများနှင့် တစ္ဆေသရဲများကို မောင်းထုတ်ရာတွင် အံ့ဖွယ် အကျိုးသက်ရောက်မှုရှိသည့် နတ်အဆင့်မီးလျှံနည်းစနစ် ဖြစ်သော ယန်ဒြပ်စင်နည်းစနစ်ကို ကျင့်ကြံထားခဲ့သည်။

ကျန်းရွမ် ထွက်ပေါ်လာသည်နှင့် အစောပိုင်းတွင် အုံ့မှိုုင်းနေသော နှလုံးသား နတ်ဆိုးကမ္ဘာကြီးသည် အနည်းငယ်ပို၍ အသက်၀င်လာပုံရ၏။

"စီနီယာခွေး"

ကျန်းယွမ်က ထွင်ထျန်းဟာကို နှုတ်ဆက်လိုက်သည်။

သူက မိုးခေါင်ခြင်းကြယ်ကို ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေရင်း စီနီယာခွေးက ထူးခြားသော အလုပ်များ လုပ်ဆောင်ရန်အတွက် သူ့အား ဆင့်ခေါ်မည်ကို တချိန်လုံး စောင့်မျှော်နေခဲ့သည်။

အချိန်အတော်ကြာခဲ့သော်လည်း စီနီယာခွေးက သူ့ကို အမှတ်ရနေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားမိပေ။

ဤစိတ်လှုပ်ရှားမှုမျိုးသည် ဗီဒီယိုဝဘ်ဆိုက် အတွက် စကား၀ှက်ကို မေ့လျော့၍ အချိန်အတော်ကြာ အွန်လိုင်း မတတ်နိုင်သော နာမည်ကြီး အပ်လုပ်ဒ် တင်သူက စကား၀ှက်ကို တဖန်မှတ်မိခဲ့ခြင်းနှင့် ဆင်တူ၏။

အင်မော်တယ်ကျန်းရွမ်က ပတ်၀န်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီးနောက်တွင် အံ့အားသင့်သွားခဲ့သည်။

"နှလုံးသားနတ်ဆိုးကမ္ဘာ"

သူက အရိပ်နန်းတော်အကြောင်း မသိသေးသော်လည်း ဤကမ္ဘာကြီးကို နှလုံးသားနတ်ဆိုးက ဖန်ဆင်းထားသည်ဟု ချက်ချင်းခံစားနိုင်ခဲ့သည်။

ကျန်းရွမ် ကိုယ်တိုင်လည်း နှလုံးသားနတ်ဆိုးများနှင့်

အစိမ်းသက်သက် မဟုတ်ပေ။

ထိုအချိန်က သူ၏နှလုံးသား နတ်ဆိုးသည် ခန္ဓာကိုယ်မှ ခွဲထွက်သွားပီး လေ၀ိညာဥ် ဖြစ်လာခဲ့သည် မဟုတ်ပါလော။

အဆုံးသတ်တွင် သူသည် သူ့လက်ဖြင့်ပင် လေ၀ိညာဥ်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

နှလုံးသားနတ်ဆိုးနှင့် ရင်ဆိုင်ရသည်က မည်မျှ ကြောက်စရာကောင်းကြောင်းကို ကျန်းယွမ် ယနေ့တိုင် အမှတ်ရနေပါသေးသည်။

နှလုံးသားနတ်ဆိုးပင် ထိုမျှ ကြောက်စရာကောင်းနေလျှင် နှလုံးသားနတ်ဆိုး တည်ဆောက်ထားသော ကမ္ဘာကြီးကို

ကိုင်တွယ်ဖြေရှင်းခြင်းသည် မည်မျှ ဆိုး၀ါးမည်မှန်း

မေးနေစရာပင် မလိုအပ်ပေ။

"ကျန်းယွမ် သူ့ကို ချုပ်နှောင်ထားလိုက်"

ထွင်ထျန်းဟာက ၀မ်လင်းကို ထိန်းချုပ်ရန်အတွက်

ကျန်းယွမ်ကို ချက်ချင်းဆိုသလို ခေါ်လိုက်သော်လည်း မလိုအပ်ပဲ ဘာမှ မပြောပြခဲ့ပေ။

ကျန်းယွမ်သည် အရှေ့ကို ရောက်သည်နှင့် ထွင်ထျန်းဟာက သူ့ကိုယ်သူ စီနီယာခွေးအဖြစ် တွေးတောကာ လေသံကအစအမိန့်ပေးသော လေသံအဖြစ်သို့ အလိုအလျောက်

ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်က ထွင်ထျန်းဟာသည် ကျန်းယွမ်၏ လေ၀ိ

ညာဥ်ကို ဖျက်ဆီးရန်အတွက် ၀မ်လင်း၏ စွမ်းအားကို လျှို့၀ှက် အသုံးပြုခဲ့သည်။

ထိုအချိန်မှစ၍ ကျန်းရွမ်သည် ထွင်ထျန်းဟာကို စီနီယာတစ်ဦးအဖြစ် သဘောထားခဲ့ပြီး လေးလေးစားစားပင် ဆက်ဆံခဲ့သည်။

"ကောင်းပါပြီ.. စီနီယာခွေး.. ဒီလိုအသေးအမွှားကိစ္စကို စီနီယာကိုယ်တိုင် ကိုင်တွယ်ဖို့ မလိုအပ်ပါဘူး.. ကျွန်တော်နဲ့ပဲ လွှဲထားလိုက်ပါ"

နောက်ထပ် အခိုက်အတန့်တွင် ကျန်းရွမ်က ချက်ခြင်းပင် ၀မ်လင်းကို ထိန်းချုပ်ရန် လုပ်ဆောင်လိုက်သည်။

စီနီယာခွေးက သူ၏နောက်ကွယ်ကနေ ပံ့ပိုးပေးနေသည်ဟု ယုံကြည်ထားသဖြင့် သူက လုံး၀ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

"ကောင်းကင်နေဝန်း အချုပ်အနှောင်"

ကျန်းရွမ်က အလင်းကဲ့သို့ အရှိန်ဖြင့် သူ၏ရှည်လျားသော လက်ချောင်းများကို အဆက်မပြတ် လှုပ်ရှားလိုက်ကာ လက်ဟန် စည်းတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် ရွှေရောင်ချိန်းကြိုး များစွာက ကောင်းကင်၌ ပေါ်လာခဲ့သည်။

ထိုရွှေရောင်ချိန်းကြိုးများ၏ ပတ်ပတ်လည်တွင် မီးလျှံများကလည်း တောက်လောင်နေ၏။

ကျန်းယွမ်က ထိုရွှေရောင်ချိန်းကြိုးများဖြင့် ၀မ်လင်း၏

ခြေထောက်များကို တင်းတင်းကြပ်ကြပ် ရစ်ပတ်စေလိုက်သည်။

ထိုမီးလျှံများ တောက်လောင်နေသော ရွှေရောင်ချိန်းကြိုးများသည် အင်မော်တယ်ကျန်းရွမ် ကိုယ်တိုင် ဖန်တီးထားခဲ့သည့် မှော်ရတနာများထဲမှ တစ်ခု ဖြစ်၏။

၄င်းမှော်ရတနာက စွမ်းအားကြီးသော ၀ိညာဥ်သားရဲများ၊နတ်ဆိုးများနှင့် ရက်စက်ကြမ်းကြုတ်သော မွန်းစတားများကို နှိမ်နင်းနိုင်၏။

စင်စစ် ကျန်းယွမ်သည် မှော်ရတနာများကို ဖန်တီးရန်

စိတ်အားထက်သန်သောသူ တစ်ဦး ဖြစ်သည်။

တကယ်တမ်းတွင် ၀မ်လင်းသည် မှော်ရတနာ ဖန်တီးရာတွင် ကျန်းရွမ်ကို အလွန်လေးစားခဲ့သည်။

အဆုံးသတ်တွင် ဤလူသည် ကမ္ဘာခြားဂိတ်တံခါးကို

ဖန်ဆင်းခဲ့သူ ဖြစ်၏။

ကမ္ဘာခြားဂိတ်တံခါးကြောင့်သာ မဟုတ်လျှင်

ထွင်ထျန်းဟာသည်လည်း ၀မ်လင်းကို တွေ့ရလိမ့်မည် မဟုတ်ပေ။

၀မ်လင်းနှင့်သာ မတွေ့ဆုံခဲ့လျှင် ထွင်ထျန်းဟာသည် ယခု ရောက်ရှိနေသော နေရာသို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။

၄င်းသာ နတ်ဆိုးဘုရင်အဖြစ် ဆက်လက်ရှိနေခဲ့လျှင် ကောင်းကင်၀ါးမျို ဖားပြုတ်မျိုးနွယ်စုသည် အခြားနတ်ဆိုးမျိုးနွယ်စုများ၏ မကြာမီ သို့မဟုတ် နောက်ပိုင်းအတွင်း ၀ါးမျိုခြင်းကို ခံရလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် ကျန်းရွမ် ဖန်တီးခဲ့သော ကမ္ဘာခြားဂိတ်တံခါးသည် ကိစ္စများစွာ၏ ရလဒ်များကို ပြောင်းလဲစေခဲ့သည်။

ထိုကြောင့် ထွင်ထျန်းဟာက ကျန်းယွမ် ဖန်တီးခဲ့သော 'ကောင်းကင်နေဝန်း အချုပ်အနှောင်'ကို ယုံကြည်မှုများစွာ ရှိခဲ့သည်။

ထိုမှော်ရတနာက သူ၏ ဆရာလေးလင်းကို မတားဆီးနိုင်လျှင်ပင် အနည်းဆုံးတော့ ခဏမျှ အချိန်ဆွဲထားနိုင်သင့်သည် မဟုတ်ပါလော။

သို့သော် လက်တွေ့တွင်မူ ထွင်ထျန်းဟာ စိတ်ကူးသည်ထက်အများကြီး ပိုမိုခက်ခဲနေခဲ့၏။

၀မ်လင်း၏ ခန္ဓာကိုယ်မှ အကာအကွယ် ရွှေရောင်အလင်းတန်းများသည် ရွှေရောင်ချိန်းကြိုးများကို အမှုန့်ဖြစ်စေသည်အထိ ပြောင်းလဲစေခဲ့သည်။

"ငါရဲ့ ကောင်းကင်နေဝန်း အချုပ်အနှောင်"

ကျန်းယွမ်က အလွန်ပင် ကြေကွဲသွားခဲ့သည်။

ဤမှော်ရတနာကို ဖန်တီးရန်အတွက် ကျန်းရွမ်သည် လိုအပ်သော ပစ္စည်းများကို စကြာ၀ဠာအနှံ့ အချိန်အတော်ကြာအောင် လှည့်ပတ် ရှာဖွေခဲ့ရသည်။

ထို့ကြောင့် ကောင်းကင်နေဝန်း အချုပ်အနှောင်သည် ကျန်းယွမ် တန်ဖိုးအထားရဆုံး ရတနာများထဲမှ တစ်ခု ဖြစ်၏။

သို့သော်လည်း ယခုအခါတွင် ဤချာတိတ်လေး၏ အကာအကွယ် ရွှေအလင်းရောင်ကြောင့် သူ၏ မှော်ရတနာက အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

ကျန်းယွမ်က အနည်းငယ် အံ့သြသွားခဲ့သည်။

ဤတစ်ကြိမ်တွင် စီနီယာခွေးသည် တကယ်ကို အံ့သြစရာကောင်းသည့် ပြိုင်ဘက်ကို ရှာတွေ့ခဲ့ပုံရ၏။

ဒါက သူ့အတွက် စီနီယာခွေးရဲ့ စမ်းသပ်မှုလည်း

ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သရေစာခေါက်ဆွဲခြောက် တောအုပ်ဆီသို့ ထိန်းမနိုင်သိမ်းမရလမ်းလျှောက်နေသည့် ချာတိတ်လေး၏ ထူးဆန်းသော အမူအရာသည် နှလုံးသားနတ်ဆိုး လှိုက်စားသည့် လက္ခာဏာတစ်ရပ်နှင့် ဆင်တူ၏။

ချာတိတ်လေးက ဤကမ္ဘာကြီး၏ အတွင်းစိတ်၀ိညာဥ် စွန်းထင်းခြင်းကို ခံခဲ့ရခြင်း ဖြစ်နိုင်ပါသလော။

ကျန်းယွမ်က စိတ်ထဲကနေ ဖြစ်နိင်ချေများစွာကို တွေးတောနေခဲ့သည်။

သူက ၀မ်လင်း၏ ငယ်ရွယ်နုပျိုသော မျက်နှာကို ကြည့်ပီး သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ဤချာတိတ်လေးသည် အတောင်ပံကိုပင်ကောင်းမွန်စာ မဖြန့်ကျက်ရသေးသည့် လူငယ်လေး တစ်ယောက် ဖြစ်နေဆဲပင်။

ထိုသို့သော လူငယ်လေး တစ်ယောက်က ပတ်၀န်းကျင်၏ ဖိအားများကို လုံးလုံးရှားရှား ခံနိုင်ရည်မရှိခဲ့သည်မှာ မထူးဆန်းပေ။

ကျန်းယွမ်က လူငယ်အပေါ် စာနာစိတ်ဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

လူငယ်က နှလုံးသားနတ်ဆိုးကြောင့် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း သိလိုက်ရပြီ ဖြစ်၍ ကျန်းရွမ်က ဆက်လက် လုပ်ဆောင်ရန်အတွက် လွယ်ကူသွားပြီဟု တွေးလိုက်သည်။

ထို့နောက် ကျန်းရွမ်သည် ဒုတိယ မှော်ရတနာတစ်ခုကို ခပ်မြန်မြန် ထုတ်ယူလိုက်သည်။

ထိုမှော်ရတနာက အတော်လေး ပေါ့ပါးနေသည်ကို ထွင်ထျန်းဟာ သတိပြုမိလိုက်သည်။

"စီနီယာခွေး ဒါက ကျွန်တော်အာကာသထဲ လျှောက်သွားရင်း စုဆောင်းထားတဲ့ စကြာ၀ဠာမီးလျှံပဲ.. ဒီမီးလျှံထဲမှာပါတဲ့ သိဒ္ဓိစွမ်းအားက နှလုံးသားနတ်ဆိုးကို သန့်စင်စေနိုင်တယ်"

"ဘာလို့ ပေါ့ပါးနေရတာလဲ"

"မီးလျှံကို ဒဏ္ဍာရီလာ နျူကလီးယားမီးခြစ်ထဲ ထည့်ထားလို့ပါ.. ကျွန်တော့်ဆီမှာ နျူကလီးယား ဓာတ်မီးလည်း ရှိပါသေးတယ်"

"အလုပ်ဖြစ်နိုင်ပါ့မလား"

ထွင်ထျန်းဟာ သံသယ ဖြစ်မိသည်။

ဤနှလုံးသားနတ်ဆိုးကို အရိပ်တာ၀န်မှ ဖန်တီးထားခြင်းဖြစ်ပီး မဟာသန့်စင်ရေးတာအိုပင် အသုံးမ၀င်ခဲ့ပေ။

သို့သော် ဤတစ်ကြိမ်သည် ထွင်ထျန်းဟာ အတွက် စကြာ၀ဠာမီးလျှံကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။

၄င်းက စကြာ၀ဠာ၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများထဲတွင် တည်ရှိနေသော ကြယ်ကြီးများ၏ အမြူတေနှင့် သန့်စင်ထားသည့် သက်တန့်ရောင် မီးလျှံတစ်ခုဖြစ်၏။

အခြေအနေက ဤအဆင့်သို့ ရောက်လာပြီ ဖြစ်၍ ထွင်ထျန်းဟာ အနေဖြင့် ကျန်းယွမ်ကို စမ်းကြည့်ခွင့်ပေးရုံမှတပါး

အခြား ရွေးချယ်စရာ မရှိတော့ပေ။

ကျန်းရွမ်က နျူကလီးယား မီးခြစ်ဖြင့် ၀မ်လင်းကို ချိန်ရွယ်သည်။

စကြာ၀ဠာမီးလျှံတွင် ၄င်း၏ ကိုယ်ပိုင် အသိဥာဏ်ရှိသည်။

၄င်းက မီးခြစ်ထဲမှ ထွက်ပေါ်လာပြီး နောက်တွင် ၀မ်လင်းနှလုံးသား နတ်ဆိုးကို သန့်စင်ပေးရန်အတွက် ဝမ်လင်းဆီသို့ ခုန်ပေါက်၍ ပြေးသွားခဲ့သည်။

သို့သော်လည်း မီးလျှံက ၀မ်လင်းဆီသို့ မရောက်မီ လမ်းတစ်၀က်မှာပင် ကျန်းယွမ် အံ့အားသင့်သွားသည့် ဖြစ်ရပ် တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။

ယင်းမှာ သက်တန့်ရောင် မီးလျှံအလင်း(ဝါ)စကြဝဠာမီးလျှံသည် အမှန်တကယ် တုန်လှုပ်ခြောက်ခြားနေဟန်ဖြင့် နောက်ပြန် ပြေးလာခြင်း ဖြစ်၏။

ကျန်းရွမ်"........"

"စကြာ၀ဠာမီးလျှံက တကယ်ကို အရမ်းကြောက်နေခဲ့တာလား"

[စီနီယာခွေးက ငါ့ကို ဘယ်သူနဲ့ ဆက်ဆံစေချင်နေတာလဲ]

အပိုင်း(၁၀၇၇) ပြီး၏။

All Chapters