← Chapters

ယုံကြည်မှုပြန်ရသည်

Vol. 72 Ch. 1079

ယုံကြည်မှုပြန်ရသည်

Vol. 72 Ch. 1079

ဘုရင်မျက်လုံးသည် အမှားများကိုဖယ်ရှားပြီး အမှန်တရားကို ထိန်းသိမ်းနိုင်သည့် စွမ်းအားရှိသည်။

အရိပ်တာအို၏ နှလုံးသားနတ်ဆိုး ဖန်တီးထားသော အရိပ်နန်းတော်ကမ္ဘာကြီးသည် အစားအသောက် ကမ္ဘာဖြစ်ပြီး ခံနိုင်ရည်မရှိလောက်သည်အထိ အနံ့များ မွှေးပျံ့နေသော်လည်း ဤကမ္ဘာကြီး၏ အသွင်အပြင်သည် ၀မ်လင်း၏ ဘုရင်မျက်လုံး အောက်တွင် ဗလာသာ ဖြစ်နေခဲ့သည်။

နှလုံးသားနတ်ဆိုးက ၀မ်လင်းကို ထောင်ချောက်ဆင်ရန်အတွက် သာမညောင်ည လှည့်ကွက်လောက်ဖြင့် အကဲစမ်းသည်မှာ အင်မော်တယ်ဘုရင်၏ စွမ်းရည်ကို အထင်သေးခြင်းပင် ဖြစ်သည်။

ထွင်ထျန်းဟာ၏ ခန္ဓာကိုယ်အတွင်းရှိ ၀ိညာဥ်စွမ်းအားသည်ဤကမ္ဘာသို့ ၀င်ရောက်ပြီး နောက်တွင် အရေးကြီးသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားခဲ့သည်ကို ၀မ်လင်းက သိရှိလိုက်ရသည်။

ဆိုရလျှင် ထွင်ထျန်းဟာသည် ကျင့်ကြံခြင်းတွင် အောင်မြင်မှု ရရန်အတွက် အချိုးအကွေ့တစ်ခုသာ လိုအပ်တော့၏။

ထို့ကြောင့် ၀မ်လင်းက ဤဇာတ်ကွက်ကို ကိုယ်တိုင်ဇာတ်ညွှန်းရေး ကိုယ်တိုင်၀င်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထွင်ထျန်းဟာအနေဖြင့် ကျန်းယွမ်ကို ဆင့်ခေါ်ရသည်အထိ လုပ်ဆောင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သိုသိပ်စွာနေထိုင်တတ်သူ တစ်ဦးအနေဖြင့် ၀မ်လင်းသည် ထိုသို့ ဇာချဲ့သည်ကို သဘောမကျချေ။

သူ၏ သိုသိုသိပ်သိပ် နေထိုင်တတ်သော နိယာမသည် မည်သည့်အခါမှ ပြောင်းလဲမည် မဟုတ်ချေ။

ထို့ကြောင့်လည်း သူ၏ ၀ိသေသလက္ခဏာကို သိရှိသူမှာ အနည်းအကျဥ်းသာ ရှိသည်။

နှစ်ပေါင်းများစွာ စမ်းသပ်ပြီးနောက်တွင် ၀မ်လင်းသည် ဗုံးပစ်စီနီယာ အင်မော်တယ်ကိုသာ အသိအမှတ် ပြုခဲ့သည်။

သို့သော်လည်း ဗုံးပစ်စီနီယာအင်မော်တယ်သည် ၀မ်လင်း၏ ပကတိ အခြေအနေကို တစ်စိတ်တစ်ပိုင်းလောက်သာ သိရှိခဲ့သည်။

သူ၏ တပည့်ဖြစ်သည့် ကျိုးရီသည်လည်း ဗုံးပစ်စီနီယာ အင်မော်တယ် ပြီးလျှင် ယုံကြည်ရသည့် တစ်ဦးတည်းသော သူဖြစ်သည်။

ကျိုးရီက ၀မ်လင်းကို နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သော်လည်း ၀မ်လင်းနှင့်ပက်သက်၍ ပြင်ပသို့ စကားတစ်ခွန်းမျှ မပေါက်ကြားခဲ့ပေ။

ထို့ကြောင့် ကျိုးရီသည် သူ့အတွက် အလွန်ယုံကြည်ရသူ တစ်ဦး ဖြစ်သည်။

၀မ်လင်းက ကျိုးရီကို အမျိုးမျိုး စမ်းသပ်ပြီးမှသာ သူ့တပည့် အဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဆိုလည်းမမှားပေ။

စင်စစ် တပည့်လက်ခံခဲ့သည်မှာ အများထင်ထားသလို ခေါက်ဆွဲခြောက်ထုပ်များကြောင့် လုံး၀မဟုတ်ပေ။

ကျန်းရွမ်၏ အသွင်အပြင်သည် ၀မ်လင်းကို မသက်မသာ အနေအထားတွင် ရှိစေခဲ့သည်။

ဆိုရလျှင် ကျန်းရွမ်သည် ကမ္ဘာပေါ်တွင် ဒဏ္ဍာရီဆန်သော ကျင့်ကြံသူအဖြစ် အသိအမှတ်ပြုခံထားရသည့် အင်မော်တယ် အရှင်မြတ်တစ်ပါး ဖြစ်သည်။

သူ၏ နယ်ပယ်အဆင့်က ၀မ်ကျန်း အဆင့်ထက် အနည်းငယ်နိမ့်နေသေးသော်လည်း ကျန်းရွမ်သည် ဂုဏ်သတင်းနှင့် ထိုက်တန်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ကျန်းရွမ်ကို လိမ်ဖို့ သူ့အတွက် မလွယ်ကူပေ။

ထွင်ထျန်းဟာသည် လူသားပုံစံ အဖြစ်သို့ ပြောင်းလဲသွားသည့် နောက်တွင် ၀မ်လင်းသည် သူ၏သရုပ်ဆောင်မှုကို စွန့်လွှတ်ရန် အချိန်တန်ပြီဟု ခံစားလိုက်ရသောကြောင့် နှလုံးသားနတ်ဆိုး၏သိမ်းပိုက်ညှို့ငင်ခြင်းကို ခံရသည်ဟုသရုပ်ဆောင်ခြင်းကနေ ရပ်တန့်ခဲ့သည်။

ထိုအခြေအနေကိုမြင်လျှင် ထွင်ထျန်းဟာသည် ကျန်းယွမ်၏ ကျောက်စိမ်းတံဆိပ်တော်ကို ပြန်လည် ရုတ်သိမ်းရန်အတွက် အလျင်အမြန် တိုက်တွန်းလိုက်၏။

ကောင်းကင်အင်ပါယာ၏ ကျောက်စိမ်းတံဆိပ်တော်က အစွမ်းထက်သည်မှာ မှန်သော်လည်း ၀မ်လင်းကို ဖိနှိပ်နိုင်မည်ဟု တွေးနေခြင်းမှာ ရယ်စရာပင် ကောင်းလှ၏။

၀မ်လင်းက အဆုံးထိ လိုက်လျောညီထွေ ဖြစ်အောင်

သရုပ်ဆောင်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ကျောက်စိမ်းစည်းတံဆိပ်တော်ကို လေတစ်ချက်မှုတ်ရုံဖြင့်ပင် ချိုးဖျက်နိုင်ပေသည်။

ထွင်ထျန်းဟာက လူသားပုံစံသို့ ပြောင်းလဲသွားပြီး နောက်တွင် ၀မ်လင်းကို စစ်ဆေးရန်အတွက် အလျင်အမြန် ပြေးသွားခဲ့သည်။

၀မ်လင်းက ပုံမှန်အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသောအခါမှသာ သက်ပြင်းချ၍ စိတ်သက်သာရာ ရသွားခဲ့၏။

သို့သော် တစ်ချိန်တည်းမှာပင် ထွင်ထျန်းဟာသည် သံသယ ဖြစ်လာမိသည်။

ဆရာလေးလင်း ကဲ့သို့ သန်မာသောသူကို နှလုံးသားနတ်ဆိုးက မည်ကဲ့သို့ လွယ်လင့်တကူ ချုပ်ကိုင်နိုင်ပါမည်နည်း။

"စီနီယာခွေး.. ငါ့အမြင်မှာ စီနီယာခွေးရဲ့ လူသားပုံစံက အတော်လေး ခန့်ညားလွန်းတယ်'

ကျန်းရွမ်က အနားသို့ ရောက်လာပြီး ထွင်ထျန်းဟာကို ချီးမွမ်းလိုက်သည်။

"ငါလည်း ဒီလိုပဲထင်တယ်.. ဒါပေမဲ့ ငါ့မှာ အဝတ်အစား မရှိဘူး"

ထွင်ထျန်းဟာက ရှက်ရယ် ရယ်၍ ပြောလိုက်သည်။

အစိမ်းရောင်ဆံပင်ကလွဲလျှင် သူ၏လူသားပုံစံသည်

သူမျှော်လင့်ထားသည်ထက်ပင် ပို၍ ချောမောနေသည်။

ကံဆိုးစွာဖြင့် သူ့တွင် မည်သည့်အ၀တ်အစားမှ မပါရှိပေ။

လည်ပတ်တန်းလန်းဖြင့် လမ်းလျှောက်နေသူက အများသူငှာ၏ မျက်လုံးထဲတွင် ကန့်လန့် ဖြစ်စေနိုင်သည် မဟုတ်လော။

၀မ်လင်းက အချိန်အတော်ကြာသည်အထိ ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။

ယခု သူတွေးတောနေသည်မှာ ကျန်းရွမ်နှင့် မည်သို့ရင်ဆိုင်ရမလဲ ဟူသော အချက် ဖြစ်သည်။

ဆိုရလျှင် ဤလူသည် ကမ္ဘာပေါ်တွင် ဒဏ္ဍာရီတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသော ကျင့်ကြံသူ တစ်ဦးဖြစ်၏။

၀မ်လင်းက သူ့အနေဖြင့် အခြားသူများနှင့် ပတ်သက် ဆက်နွယ်နေခဲ့လျှင် အနာဂတ်တွင် ဘာဖြစ်လာမည်ကို တွေးဆ၍ မရပေ။

ကျောင်းဖွင့်ကာနီးပြီ ဖြစ်၍ ၀မ်လင်းသည် သူ့ညီမလေး၏ အရှုပ်အထွေးများကို ခပ်မြန်မြန် ရှင်းထုတ်ချင်ပြီး အထက်တန်းကျောင်းသားဘ၀ကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းချင်ခဲ့သည်။

ပထမ ဒိုမီနို လဲကျပြီး ကတည်းကပင် အရာရာသည်

ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ဒိုမီနိုကဲ့သို့ ပြဿနာများ စုပုံလာလိမ့်မည်ဟု ၀မ်လင်း မမျှော်လင့်ထားမိပေ။

ကျန်းရွမ်က သူ့ဆီသို့လာပြီး နှုတ်ဆက်လိုက်သည်။

ယင်းက နှုတ်ဆက်ခြင်းတစ်ခုသာ ထင်ရသော်လည်း တကယ်တမ်းတွင် ကျန်းရွမ်သည် ၀မ်လင်းကို အခြားနေရာတစ်ခုသို့ ဆွဲခေါ်သွားခြင်း ဖြစ်၏။

ထိုနေရာက စကားပြောရန်အတွက် လုံခြုံတိတ်ဆိတ်သော သီခြားနေရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် ကျန်းရွမ်တွင် ၀မ်လင်းကို ထိခိုက်စေမည့် ရည်ရွယ်ချက် မရှိသည်မှာ သေချာသည်။

သူ၏ စိတ်အစီအရင်ကို မည်သူမျှ လွယ်လွယ်နှင့်

ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

၀မ်လင်းက ကျန်းရွမ်နှင့် ပထမဆုံး တွေ့ဆုံသည့် အခိုက်တွင် နေရာလွတ် တစ်ခုသို့ ဆွဲခေါ်ခံလိုက်ရသည့် အတွက် အနည်းငယ်တော့ စိတ်ပျက်သွားခဲ့သည်။

သူ၏ အရှေ့တွင် ဆံပင်အနီရောင်နှင့် လူငယ်လေးသည် တည်ငြိမ်သော အမူအရာဖြင့် ရှိနေ၏။

ထိပ်တန်းကျင့်ကြံသူများသည် အချင်းချင်း မျက်နှာချင်း ဆိုင်ကြသောအခါမျိုးတွင် မျက်နှာအမူအရာများ ဖော်ပြလေ့ မရှိပေ။

ထိတ်လန့် တုန်လှုပ်နေလျှင်ပင် ၄င်းတို့၏ အမူအရာများသည် တည်ငြိမ်နေမည်သာ ဖြစ်၏။

"စီနီယာ.. ခုနက တမင်တကာ လမ်းလွှဲချင်ယောင် ဟန်ဆောင်ခဲ့တာလား"

ကျန်းယွမ်က ၀မ်လင်းကို မေးခွန်းထုတ်လိုက်သည်။

ထိုစကားအရ ကျန်းရွမ်သည် ဝေ့၀ိုက်ပြောဆိုရသည်ကို မနှစ်သက်သည့် ရိုးသားသောလူ တစ်ဦးဖြစ်ကြောင်း ၀မ်လင်းသိလိုက်သည်။

စင်စစ် ထိုသို့ ပွင့်လင်းစွာ မေးမြန်းလိုက်ခြင်းသည် ပေါက်ကရမှန်းဆချက်များဖြင့် အချိန်ဖြုန်းနေစရာ မလိုသောကြောင့် ကောင်းမွန်သည့် အလေ့အထဟု ဆိုရမည်။

ကျန်းယွမ်၏ မေးခွန်းကြောင့် ၀မ်လင်းက ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

သူက ထိုစကားကို မငြင်းဆန်ခဲ့ပေ။

ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းပင် ဖြစ်သည် မဟုတ်ပါလော။

"ကျွန်တော် နားလည်ပါပြီ"

ကျန်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

"စီနီယာကို မေတ္တာရပ်ခံချင်ပါတယ်"

၀မ်လင်း"........"

"ဒီလိုပါ စီနီယာ.. ကျွန်တော်က မိုးခေါင်ခြင်းကြယ်ကို တစ်ချိန်လုံး ပြုပြင်နေခဲ့တယ်.. လေ၀ိညာဥ်ကို ဖယ်ရှားပြီး ကတည်းက ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်း လမ်းစဥ်ပေါ်မှာ ဘယ်လို သဘောထားမျိုး ရှိသင့်တယ် ဆိုတာကို ကျွန်တော်အမြဲတမ်း တွေးနေမိတယ်.. ပြောရရင် စီနီယာခွေးရဲ့ အသွင်အပြင်က ကျွန်တော့်အတွက် ကြီးမားတဲ့ လှုံ့ဆော်မှုတစ်ခုပါပဲ"

"........"

ထို့နောက် ကျန်းရွမ်၏ နောက်ထပ် စကားလုံးများသည် ၀မ်လင်းကို လုံး၀ အံ့အားသင့်စေခဲ့သည်။

"စီနီယာက တမင်တကာ လမ်းလွှဲဟန် ဆောင်ရတဲ့အကြောင်းအရင်းကို ကျွန်တော်နားလည်ပါတယ်.. ဒါက စီနီယာခွေးကို သူ့ရဲ့ လူသားပုံစံနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရဲဖို့အတွက် စီနီယာခွေးရဲ့ စစ်မှန်တဲ့ ခွန်အားကို လှုံ့ဆော်ခဲ့တဲ့ လုပ်ရပ်ပဲ မဟုတ်လား"

"........"

၀မ်လင်းက ထွင်ထျန်းဟာကို လူသားအဖြစ်သို့ ပြောင်းလဲနိုင်ရန် အတွက်သာ လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် ထွင်ထျန်းဟာတွင် အစကတည်းကပင် လူသားပုံစံ မရှိခဲ့ပေ။

ထွင်ထျန်းဟာကို ယုံကြည်မှု ပြန်ရလာအောင် ကူညီပေးသည့် လုပ်ရပ်က မည်ကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာရပါသနည်း။

[ဒါက ဘယ်လိုတောင် နားလည်မှုလွဲလိုက်တာလဲဟ]

"စီနီယာ ကျွန်တော်အားလုံး နားလည်ပါတယ်.ယ စီနီယာ ဘာမှ ပြောစရာမလိုပါဘူး စီနီယာခွေးရဲ့ အစိမ်းရောင်အမွှေးတွေလူသားအသွင်နဲ့ဆို အများသတိထားစရာ ဖြစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်.. ပြီးတော့ စီနီယာခွေးရဲ့ လူသားပုံစံက နည်းနည်းလေး အဆင်မပြေတဲ့နေရာ ရှိနေတယ်လေ"

"ဘယ်လိုနည်းနည်းလေး အဆင်မပြေတာလဲ"

၀မ်လင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဟိုနေရာက နည်းနည်း တိုနေတယ်လေ"

"......."

"စီနီယာခွေးက လူသားတစ်ယောက်ပုံစံနဲ့ ဂွေးတိုလေး

ဖြစ်နေတဲ့ အတွက် ယုံကြည်မှု ပျောက်ဆုံးသွားတာက

ပုံမှန်ပါပဲ"

ကျန်းယွမ်က သက်ပြင်းချ၍ ပြောလိုက်သည်။

"ဒါပေမဲ့ စီနီယာခွေးကို ယုံကြည်မှုတွေ ပြန်လည်ရရှိအောင် စီနီယာက ကူညီပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး.. စီနီယာခွေးက သူ့ရဲ့ ဘေးကင်းမှုကို မစဥ်းစားပဲ စီနီယာကို ကယ်ဖို့ ပြေးလာတာကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်အရမ်း စိတ်လှုပ်ရှားသွားမိတယ်"

"........"

"ဒါကြောင့် ကျွန်တော့်အနေနဲ့ စီနီယာကို တစ်ခုလောက် တောင်းဆိုချင်တယ်"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းယွမ်က ဒူးထောက်လိုက်သည်။

"စီနီယာ ကျေးဇူးပြုပီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါလား.. စီနီယာရဲ့ လက်အောက်မှာ သင်ယူပါရစေ"

အပိုင်း(၁၀၇၉) ပြီး၏

All Chapters