← Chapters

ကျောင်းပြန်လည်ဖွင့်လှစ်ခြင်း

Vol. 72 Ch. 1080

ကျောင်းပြန်လည်ဖွင့်လှစ်ခြင်း

Vol. 72 Ch. 1080

သူ့ဆီကနေ သင်ယူချင်သည့် နောက်တစ်ယောက် ပေါ်လာပြန်ပြီ ဖြစ်သည်။

၀မ်လင်းက နှုတ်ဆိတ်နေခဲ့၏။

နွေရာသီသာ ရှိသေးသော်လည်း သူ့ထံမှ သင်ယူလိုသည်ဟု ပြောသည့်လူ မကင်းမဲ့ခဲ့ပေ။

ပထမဆုံး နှစ်ဦးမှာ ၀မ်ကျန်း နှင့် လျူချင်းရီ တို့ဖြစ်သည်။တတိယ တစ်ယောက်မှာ ကူရွှင်းကျစ် ဖြစ်၏။

ယခု ကျန်းယွမ်ကပါ သူ့ထံတွင် သင်ယူချင်နေပြန်သည်။

သူ့တွင် အခြားရွေးချယ်စရာ မရှိ၍ လောလောဆယ်တွင် ၄င်းတို့အားလုံးကို အမှတ်၆၀ အထက်တန်းကျောင်းတွင် စာသင်ကြားနိုင်ရန် စီစဥ်ပေးခဲ့သည်။

သူ့ညီမလေး ၀မ်နွမ် ဖန်တီးခဲ့သော အရှုပ်အထွေးများကို ရှင်းလင်းပြီး နောက်တွင် ၀မ်လင်းသည် ကျိုးရီကို မက်ဆေ့ချ်ပေးပို့ခဲ့ပြ ကျန်းရွမ်၏ ကျောင်း၀င်ခွင့် အတွက် စီစဥ်စေခဲ့သည်။

အပြောင်းအရွှေ့ ကျောင်းသားများအား စမ်းသပ်မှု ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကျိုးရီထံတွင် ကျောင်းသို့ ၀င်ရောက်ရန်အတွက် အဆက်အသွယ် တချို့ ရှိပါသေးသည်။

ဟုတ်ပါသည်၊ ၀မ်လင်းထံတွင် တောင်းဆိုချက် တစ်ခုသာ ရှိသည်။ ယင်းမှာ ကျန်းရွမ်ကို သူ့အတန်းထဲတွင် ထားရန် ဖြစ်၏။

သို့မှသာ သူက အတန်းထဲတွင် ပျမ်းမျှအဆင့်ကို ဖန်တီးနိုင်မည် မဟုတ်ပါလော။

လူတိုင်းသိထားကြသည့် အတိုင်းပင် ကျင့်ကြံခြင်းကျောင်းများသည် သာမန်အထက်ကျောင်းများနှင့် တစ်ပြိုင်တည်း မဖွင့်ကြပေ။

နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဆရာ၊ဆရာမများ၏ ကြိုးပမ်းမှုကြောင့် အမှတ်(၆၀) အထက်တန်းကျောင်း၏ စာလိပ် အပိုင်းအစ အားလုံးသည် အထွေထွေ အုပ်ချုပ်ရေးရုံးသို့ လျှောက်လွှာမတင်မီ ပြန်လည်ရှာတွေ့ခဲ့သည်။

အမှတ်(၆၀)အထက်တန်းကျောင်းကို အဓိက မြို့ပြအထက်တန်းကျောင်း အဖြစ် လျှောက်ထားကြောင်း ခေတ်စားလာသော သတင်းများ ထွက်ပေါ်လာပြီးနောက်တွင် ပထမနှစ် အခန်းသုံးသည် ဒုတိယစာသင်နှစ်၀က် အတွက် ကျောင်းသားသစ် အပြောင်းအရွှေ့ကို ကြေညာခဲ့သည်။

၀မ်လင်းတို့ အတန်းထဲတွင် ကျောင်းသားသစ် နှစ်ယောက်တည်းသာ ရှိသည်။

"ကျောင်းသားသစ် နှစ်ယောက်ကို မင်းတို့တွေနဲ့ မိတ်ဆက်ပေးမယ်...ကျောင်းသားကူနဲ့ ကျောင်းသားကျန်း တို့ကို ကြိုဆိုလိုက်ရအောင်"

ဆရာမဖန်၏ စကားဆုံးသည်နှင့် အတန်း တစ်ခုလုံးက လက်ခုပ်များ တီးလိုက်ကြသည်။

ကျောင်းသားကူက ကူရွှင်းကျစ် ဖြစ်ပြီး ကျောင်းသားကျန်းမှာ ကျန်းရွမ် ဖြစ်၏။

လက်ခုပ်တီးပြီး နောက်တွင်မူ ထုံးစံအတိုင်းပင် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

"နှစ်ယောက်စလုံး အရမ်းချောတာပဲ.. မျက်မှန်နဲ့ တစ်ယောက်က ကွေးနေတာ ဖြစ်နိုင်တယ်.. ဆံပင်အနီရောင်နဲ့ တစ်ယောက်က တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနိုင်တဲ့ ရုပ်ရည်မျိုးပဲ.. သူက အိုင်ဒေါလ်တွေနဲ့ ဆင်တူတယ်လို့ မထင်ဘူးလား"

လင်းရှောင်ယုက စတိတ်စင်ပေါ်ရှိ ကူရွှင်းကျစ်နှင့် ကျန်းရွမ်တို့ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

သူမ၏ စိတ်ကူးထဲတွင်မူ ထိုနှစ်ယောက်အတွက်(BL)ဇာတ်လမ်းတစ်ခုကို ဖန်တီးနေပြီ ဖြစ်၏။

ဤဖူဂျိုရှီမ၏ တွေးခေါ်ပုံသည် တကယ်ကို ကြောက်စရာ ကောင်းလှသည်။

၀မ်လင်းက ၄င်းတို့ကို တိုက်ရိုက် မကြည့်ပဲ ပြတင်းပေါက်ကနေ လှမ်းအကဲခတ်လိုက်ရာ ပြတင်းပေါက်မှန်၏ ရောင်ပြန်ဟပ်မှုတွင် ကျန်းရွမ်နှင့် ကူရွှင်းကျစ်တို့က သူ့ကို စိုက်ကြည့်နေသည်ကို ရှင်းရှင်းလင်းလင်းပင် မြင်လိုက်ရသည်။

ဆရာမဖန်သည် စာသင်ချိန်တွင် အခြားသူများကို ဆုံးမရန်အတွက် တစ်စုံတစ်ဦးနှင့် ဥပမာပေးလေ့ ရှိသည်။

ယခုတော့ ထိုဥပမာက ကူရွှင်းကျစ် နှင့် ကျန်းရွမ်တို့၏ ဦးခေါင်းများ အပေါ်သို့ သိသိသာသာပင် ကျဆင်းသွားတော့မည် ဖြစ်၏။

ဆရာမဖန်က ကူချွင်းကျစ်ကို အရင်ဦးဆုံး ကြည့်လိုက်သည်။

ထိုကျောင်းသားလေးက ဆံပင်ရှည်လျား ဖြောင့်စင်းပြီး ပေါ့ပါးသည့် ၀တ်စားဆင်ယင်မှုမျိုးကို ၀တ်ဆင်ထားသည်။

ကျောင်းသား ကူရွှင်းကျစ် အတွက် ကျောင်း၀တ်စုံကို မထုတ်ပေးရသောကြောင့် ကူရွှင်းကျစ်က ကျောင်းသား၀တ်စုံမဟုတ်သည့် အပြာရောင် အားကစား၀တ်စုံကို ဝတ်ထားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကူရွှင်းကျစ်သည် ဒုတိယစာသင်နှစ်အစတွင် ဆရာမဖန် အသုံးပြုခဲ့သည့် ဥပမာတစ်ခု ဖြစ်လာခဲ့သည်။

၀မ်လင်းက ဆရာမဖန်ရဲ့ စွမ်းအားကို အမှန်တကယ်ပင် အသိအမှတ် ပြုခဲ့သည်။

"ကျောင်းသားကူ အပြောင်းအရွှေ့ စာမေးပွဲမှာ မင်းရဲ့ စွမ်းဆောင်ရည်က အရမ်းကို ကောင်းမွန်တာငါသိပါတယ်.. မင်းက စာရင်းသွင်းတဲ့ ကျောင်းသားတွေထဲမှာ ပထမဆုံးနေရာကို ရခဲ့ပေမဲ့ နှိမ့်ချရမယ် ဆိုတာကို နားလည်ထားရမယ်"

"မင်းအခု ကိုယ့်ကိုကို ပြန်ကြည့်စမ်း.. ဆရာမရှေ့မှာ ရို့ရို့လေး နေရမယ်ဆိုတာ မင်းမသိဘူးလား.. အခုလို ရင်ကော့ပြီး ရပ်နေတော့ နဂိုတည်းက မရှည်တဲ့ ငါ့အရပ်က မင်းရဲ့ ပုခုံးကိုတောင် မမှီတော့ဘူး.. နွေးထွေးကြင်နာတဲ့ လူတစ်ယောက်အနေနဲ့ မင်းက ဆရာမရဲ့ ခံစားချက်ကို နည်းနည်းလေးတောင် ထောက်ထားလို့ မရဘူးလား.. ဆရာမတို့ အတန်းထဲမှာ မိန်းကလေးတွေ အများကြီး ရှိတယ်.. ကျောင်းသားကောင်း တစ်ယောက်အနေနဲ့ ရှေ့ဆက်ရမဲ့ မင်းရဲ့ ခြေလှမ်းကိုအကောင်းဆုံး လှမ်းနိုင်ဖို့ ဆရာမ မျှော်လင့်ပါတယ်"

"မင်း နားလည်လား"

ဆရာမဖန်၏ အသံက နွေဦးလေပြေကဲ့သို့ နူးညံ့သိမ်မွေ့နေသော်လည်း ထိုအသံက သူမ လုပ်ပြောနေသော အသံဖြစ်ကြောင်း ကျောင်းသား တော်တော်များများက ကောင်းစွာ သိထားကြသည်။

ဟုတ်ပါသည်၊ဆရာမဖန်တွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေပါသေးသည်။

ယင်းမှာ ကျောင်းသားကူ၏ အကျင့်စရိုက်ကို စမ်းသပ်ရန် ဖြစ်သည်။

အဆုံးသတ်တွင် ဆရာမဖန်သည် အသစ်ရောက်လာသော ကျောင်းသားများနှင့် မရင်းနှီးသေးပေ။

ဆရာမ အနေဖြင့် ၄င်းတို့၏ ပင်ကိုယ်စရိုက်ကို ရှင်းရှင်းလင်းလင်း သိထားသင့်သည်ဟု ဆရာမဖန်က ခံစားမိခဲ့သည်။

ဆိုရလျှင် အပြောင်းအရွှေ့ ကျောင်းသားများ အနေဖြင့် အတန်းပတ်၀န်းကျင်နှင့် လျင်မြန်စွာပေါင်းစည်းနိုင်စေရန်အတွက် မတူညီသော တုံ့ပြန်ဆောင်ရွက်မှုများ လိုအပ်၏။

ဆရာမဖန်၏ အမြင်တွင် ကူရွှင်းကျစ်၏ စွမ်းဆောင်ရည်သည် အမှန်တကယ်ပင် ပြီးပြည့်စုံနေသည်။

"ဟုတ်ကဲ့ ဆရာမ.. ကျွန်တော် နားလည်ပါပြီ"

ကူရွှင်းကျစ်က နူးညံ့သိမ်မွေ့လွန်းသော အပြုံးလေးဖြင့် တုံ့ပြန်လိုက်သောကြောင့် ဆရာမဖန်က အချစ်ဦးထံမှ အပြုံးကို လက်ခံရရှိသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။

"သွား.......မင်းတို့တွေ ကိုယ့်နေရာမှာ ပြန်ထိုင်တော့"

ဆရာမဖန်က အလယ်တန်းရှိ နောက်ဆုံးခုံကို ညွှန်ပြလိုက်ရာ ကူရွှင်းကျစ်က စတိတ်စင်ပေါ်မှ အမြန်ဆင်း၍ သွားထိုင်လိုက်သည်။

သူမ အမြင်တွင် ဤကျောင်းသားလေးသည် စိတ်သဘောထား ကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းသူ ဖြစ်သည်။

ထိုသို့သော သူမှာ ယခုခေတ်တွင် အတော်လေး ရှားပါးနေပြီ မဟုတ်ပါလော။

ဆရာမဖန်သည် ကူရွှင်းကျစ် အတွက် လုံး၀စိတ်မပူခဲ့ပေ။

ထိုအစား သူမက အခန်းထဲမှ အမျိုးသမီး ကျောင်းသူလေးများကို စိတ်ပူစ ပြုလာသည်။

ကဏ္ဍပေါင်းစုံတွင် ထူးချွန်သော ဤကျောင်းသားလေးသည် မိန်းကလေးများကို သဲသဲလှုပ်သည်အထိ ဆွဲဆောင်နိုင်မည်မှာ သေချာသည်။

လက်ရှိကျင့်ကြံခြင်းလောကတွင် အချစ်အပေါ် အမြင်များသည် ပို၍ပင် ပွင့်လင်းလာပြီး စည်းဘောင် ကန့်သတ်ချက် အများအပြား မရှိတော့ပေ။

သို့သော်လည်း ဆရာမဖန်သည် ရှေးရိုးဆန်သူ တစ်ဦးဖြစ်သည်။

ထို့အပြင် သူမသည် အတန်းထဲရှိ အဆင့်များကိုလည်း ပို၍ တန်ဖိုးထား၏။

ချစ်ခြင်းတရားကို သူမ အနေဖြင့် မကန့်ကွက်သော်လည်း ထိုအရာက ကျောင်းသားတစ်ဦး၏ အဆင့်ကို ထိခိုက်စေမည်ဆိုလျှင် သူမသည် ထိုအရာကို ရပ်တန့်သွားစေလိမ့်မည် ဖြစ်၏။

ထိုခဏတွင် သူမသည် အပြောင်းအရွှေ့ ကျောင်းသားများကို အချိန်အတော်ကြာ စောင့်ကြည့်ရမည်ဟု တွေးမိခဲ့သည်။

ကူရွှင်းကျစ်နှင့် မိတ်ဆက်ပေးပြီးသောအခါ ဆရာမဖန်သည် သူ့နံဘေးရှိ ကျန်းရွမ်ကို လှည့်ကြည့်လိုက်သည်။

ကူရွှင်းကျစ်နှင့် နှိုင်းယှဥ်လျှင် ဆရာမဖန်၏ ကျန်းရွမ် အပေါ် ရုပ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုသည် အမှတ်ခြောက်ဆယ်အောက်သို့ ကျဆင်းသွားခဲ့သည်။

"ကျောင်းသားကျန်း.. မင်းရဲ့အဆင့်တွေက အရမ်းကောင်းတယ်ဆိုတာ ဆရာမ သိပါတယ်.. မင်းက ဒီတစ်ကြိမ်အပြောင်းအရွှေ့ ကျောင်းသားတွေထဲမှာ ဒုတိယချိတ်တဲ့သူပဲ.. ဒါပေမဲ့ ငါတို့ အမှတ်(၆၀)ကျောင်းက ကျောင်းသားတွေကို ဆံပင်ဆေးဆိုးဖို့ ခွင့်မပြုထားဘူး ဆိုတာကို မင်းသိထားသင့်တယ်.. ပြီးတော့ ဘာကြောင့် မင်းက နားကြပ်ကြီးကို တပ်ထားရတာလဲ.. ကျောင်းသားကျန်း.. မင်းမှာ ငါ့ထက်တောင်လက်၀တ်ရတနာတွေ ပိုများနေပါလား"

ဆရာမဖန်က ကျန်းရွမ်ကို လူတိုင်း၏ ရှေ့မှာပင် ကြိမ်းမောင်းလိုက်သည်။

ထိုအခါမှသာ ကျန်းရွမ်က သူအမှား လုပ်မိသည်ကို နားလည်လိုက်၏။

သူက ၀မ်လင်းထံမှ သင်ယူရန် အလွန်တရာ စိတ်အားထက်သန်နေ၍ အထက်တန်းကျောင်းသား ဖြစ်နေပြီ ဆိုသည်ကို မေ့လျော့သွားခဲ့သည်။

သူ၏ ဆံပင်က အနီရောင် ဖြစ်သော်လည်း ၄င်းမှာ တမင်တကာ လုပ်ယူထားခြင်း မဟုတ်ပေ။

နားကြပ်များမှာလည်း ထိုအတိုင်းပင်။

ဆိုရလျှင် နားကြပ်သည် အလွန်အစွမ်းထက်သောအချုပ်အနှောင် မှော်ရတနာ တစ်ခုဖြစ်ပြီး ကာကွယ်ရေးအတွက်လည်း အလွန်အသုံး၀င်သော မှော်ရတနာ တစ်ခု ဖြစ်သည်။

ကျန်းရွမ်က သူမှားမှန်း သိသည်နှင့် နားကြပ်ကို ကမန်းကတမ်း ဖြုတ်လိုက်ပြီး ဆံပင်နှင့် ပက်သက်၍မူ ဆရာမဖန်ကို ရှင်းပြလိုက်သည်။

"ဆရာမ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်.. ကျွန်တော့်ရဲ့ ဆံပင်က မီးလျှံကျင့်စဥ်ကြောင့် အမြဲ နီနေတာပါ.. အနက်ရောင် ဆိုးထားခဲ့ရင်တောင် ညတွင်းချင်းမှာပဲ ဆံပင်က အနီရောင် ပြောင်းသွားလေ့ရှိတယ်.. ဒါကိုတော့ ဆံပင်ဆိုးတယ်လို့ မယူဆနိုင်ဘူးမလား ဆရာမ.. ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆံပင်ပုံစံက အမှတ်(၆၀) အထက်တန်း ကျောင်းနဲ့ မသင့်တော်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်.. ဒါကြောင့် ကျောင်းဆင်းတာနဲ့ ကျွန်တော် ဆံပင်ညှပ်လိုက်ပါ့မယ်"

"ဆံပင်ညှပ်မယ် ဟုတ်လား"

ဆရာမဖန်က တအံ့တသြ ရေရွတ်လိုက်သည်။

အမှတ်(၆၀)အထက်တန်းကျောင်းမှာ ရှေ့ဆောင်ဆရာ ဖြစ်သည့် ဆရာမဖန်သည် အဆုံးသတ်တွင် ဆရာမဖန် ဖြစ်သည်ဟုသာ ပြောနိုင်၏။

သူမ၏ နှစ်ပေါင်းများစွာ သင်ကြားရေး အတွေ့အကြုံအရ သူမက ကျန်းရွမ်အတွက် အကြံတစ်ခုကို ချက်ချင်းပဲ ရရှိလိုက်သည်။

"ဒီလိုဆိုရင်ကော ဘယ်လိုလဲ ကျောင်းသားကျန်း"

"ဆံပင်အရောင်နဲ့ ပက်သက်ပြီး စိတ်ပူစရာမလိုအောင် ကတုံးတုံးလိုက်လို့လည်း ရတာပဲမဟုတ်လား.. ဒါပေမဲ့လည်း မင်းစိတ်တိုင်းကျသာ ဆုံးဖြတ်ပါ"

ထိုစကားကို ဆရာမဖန်က လေးနက်စွာ ပြောခဲ့ခြင်း ဖြစ်သည်။

ကျန်းယွမ်က မလုပ်ချင်ဘူးဆိုလျှင် ဆရာမဖန်က အမှန်တကယ် အလျှော့ပေးမည်သာ ဖြစ်၏။

ယခင်က အခြားအတန်းမှ ကျောင်းသားအချို့သည် ၄င်းတို့ ဆံပင်ပုံစံနှင့် ပက်သက်၍ ဖိအားပေးခံခဲ့ရသောကြောင့် အိမ်ကနေ ထွက်ပြေးသွားခဲ့ကြသည်။

ထို့ကြောင့် ဆရာမဖန်က ကျောင်းသားများကို အရမ်းကြီး ဖိအားပေးလေ့ မရှိပေ။

သို့သော်လည်း ကျောင်းသားကျန်းက သူမ၏ အဆိုကို လိုလိုလားလားပင် သဘောတူလိုက်သောကြောင့် ဆရာမဖန် အံ့သြသွားရသည်။

"ဆရာမဖန် စိတ်မပူပါနဲ့.. ဒီနေ့ ကျောင်းဆင်းတာနဲ့ ကတုံးတုံးလိုက်တော့မယ်"

နောက်ဆုံးတန်းမှ ၀မ်လင်းသည် ကျန်းရွမ်၏ စကားကို ကြားသောအခါတွင် လေးလေးနက်နက်ပင် တုန်လှုပ်သွားခဲ့သည်။

ဆိုရလျှင် ကျန်းရွမ်နှင့် ကူချွင်းကျစ်တို့သည် ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသော လူနှစ်ဦးဖြစ်သည်။

၄င်းတို့က ခေတ်ကာလများစွာကို ဖြတ်ကျော်ခဲ့ပြီး လောကီရေးရာများကို တစ်ဖက်ကမ်းခတ် နားလည်သူများလည်း ဖြစ်ကြ၏။

ထိုအခိုက်တွင် ၀မ်လင်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

ကူရွှင်းကျစ် နှင့်ကျန်းရွမ်တို့ ရောက်ရှိလာပြီး နောက်တွင် ကျောင်းသူအများစု၏ အာရုံစိုက်မှုသည် ၄င်းတို့အပေါ် ရောက်ရှိသွားကြောင်း သူနားလည်လိုက်သည်။

ထို့ကြောင့် သူ၏ ထင်ပေါ်မှုက ယခင်ထက် လျော့နည်းသွားခဲ့၍ အတန်းထဲသို့ ဤနှစ်ယောက် ရောက်လာသည်က သူတွေးထားသလောက် မဆိုးလှဟု တွေးမိခဲ့သည်။

အပိုင်း(၁၀၈၀) ပြီး၏

All Chapters