အခန်း (၁၅၀)
Vol. 10 Ch. 150
ကျန်းချန်က ရုတ်တရက် ပြန်ရောက်လာပြီး လင်းမိသားစုမှ လင်းယွီနဲ့ အခြားသူများကို သတ်ပစ်ကာ ကျန်းမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့သည်။
စန်းရှန်မြို့သည်လည်း ယခင်ကကဲ့သို့ပင် ငြိမ်သက်မှုကို တစ်ဖန် ပြန်လည်ရရှိသွားခဲ့သည်။
လင်းမိသားစု၏ ကိစ္စများကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ကျန်းမိသားစု ဆီကနေ အလျင်စလို ထွက်ခွာမသွားခဲ့ပေ။
သူက သုံးရက်လုံးလုံး အချိန်ယူကာ အားကောင်းသော တတိယအဆင့် အစီအရင် အနည်းငယ်ကို ဖန်တီးခဲ့သည်။
ထို့အပြင် ကျန်းမိသားစု၏ တိုက်ခိုက်ရေးအင်အားကို တိုးတက်စေရန် အတွက် ဆေးလုံး အများအပြားကို သန့်စင်ခဲ့၏။
သူက ကျန်းခိုင်နှင့် သွေးမိစ္ဆာ ရွှယ်ရှောက်တို့ကို မူလဘူတ နယ်ပယ်အဆင့်ကို ဖောက်ထွက်နိုင်စေမည့် ဆေးလုံးများကိုပင် သန့်စင်ပေးခဲ့သည်။
ဤအရာအားလုံးကို လုပ်ပြီးနောက်မှသာ ကျန်းချန်သည် ကျန်းခိုင်ကို ရှင်းပြပြီးနောက် စန်းရှန်မြို့ကနေ ထွက်ခွာလာခဲ့သည်။
လင်ယွင်မြို့ကို ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် လင်ယွင်ကျောင်းတော်ဆီ ပြန်မသွားသေးဘဲ လင်ယွင် မြို့စားအိမ်တော်ဆီသို့ ခြေလှမ်းကို တိုက်ရိုက် ဦးတည်လိုက်သည်။
လင်းမိသားစုတုန်းကလို အမှားမျိုး ထပ်မံ မကျူးလွန်မိစေရန် အတွက် လင်ယွင်စီရင်စုက မထွက်ခွာခင် လင်ယွင် မြို့စားအိမ်တော်ကို အရင်ဆုံး ဖြေရှင်းရမည် မဟုတ်ပါလား။
လင်ယွင်မြို့စားအိမ်တော်သည် လင်ယွင်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။
အိမ်တော်အပြင်ဘက်တွင် ကြီးမားသည့် လေးထောင့်စပ်စပ် ရင်ပြင်ကြီး တစ်ခု ရှိ၏။
ထိုရင်ပြင်တွင် မြို့စားအိမ်တော်၌ အလုပ်လာလုပ်ရန် အလုပ်လာလျောက်နေကြသည့် လူအများအပြားကို တွေ့ရသည်။
၎င်းတို့သည် တံခါးဝတွင် တန်းစီ၍ ရှိနေကြပြီး အလှည့်ကျနာမည်ခေါ်မည်ကို စောင့်ဆိုင်းနေခဲ့ကြ၏။
ကျန်းချန်က ရင်ပြင်ထဲသို့ ရောက်သည်နှင့် မြို့စားအိမ်တော် တံခါးဝဆီသို့ ခြေလှမ်းပြင်လိုက်သည်။
"ကောင်လေး.. ရပ်လိုက်စမ်း"
"ဒါက လင်ယွင် မြို့စားအိမ်တော်ပဲ.. ခွင့်ပြုချက်မရှိဘဲ ဝင်ဖို့ တားမြစ်ထားတယ်"
"မင်းက မြို့စားအိမ်တော်မှာ အလုပ် လာလုပ်ချင်ရင် ဘေးမှာ စာရင်းသွင်းပြီး တန်းစီလိုက်.. မင်းအလှည့်ရောက်ရင် နာမည် ခေါ်ပေးလိမ့်မယ်"
ထိုအချိန်တွင် တံခါးဝရှိ အစောင့်လေးယောက်သည် ကျန်းချန်ရှေ့တွင် ရပ်လိုက်သည်။
သူတို့ထဲမှ တစ်ယောက်က အထက်စီးဆန်သော အမူအရာဖြင့် ကျန်းချန်ကို ပြတ်သားစွာ အော်ငေါက်လိုက်၏။
ကျန်းချန်က သူ့ရှေ့မှ လူများကို ပေါ့ပါးစွာကြည့်ပြီး ခေါင်းကို ညင်သာစွာ ခါရမ်းလိုက်သည်။
"ငါက အလုပ်လုပ်ဖို့လာတာ မဟုတ်ဘူး.. ပြဿနာရှာဖို့ လာတာ"
ကျန်းချန်၏ စကားလုံးများကြောင့် ရင်ပြင်ရှိ မရေမတွက်နိုင်သော မျက်လုံးများသည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းပင် ကျရောက်သွားခဲ့၏။
သူတို့အားလုံးက အံ့အားသင့်သော အမူအရာများ ဖြစ်နေကြသည်။
သူတို့ရှေ့မှ ခပ်ငယ်ငယ် ကောင်လေးက လင်ယွင် မြို့စားအိမ်တော်ကို ပြဿနာရှာရန် တစ်ယောက်ထဲ ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယင်းမှာ အနည်းငယ် အတင့်ရဲလွန်းရာ ကျနေသည် မဟုတ်ပါလော။
"ကောင်လေး.. မင်းက မြို့စားအိမ်တော်ကိုတောင် ရမ်းကားရဲတယ်ဆိုတော့ မင်းရဲ့အသက်ကို မလိုချင်တော့ဘူးလား"
"မင်းဘယ်သူလဲဆိုတာ ငါတို့ ဂရုမစိုက်ဘူး.. မသေချင်ရင် ငါ့တို့နဲ့ ဝေးဝေးကို ထွက်သွားလိုက်တော့"
"မင်းထပ်ပြီး ခြေလှမ်းရဲရင် ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
ကျန်းချန်၏ စကားများကို ကြားလျှင် အစောင့်လေးယောက်လုံးက သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ပြီး ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"လင်ယွင်မြို့စားအိမ်တော်က ဘာမို့လို့လဲ"
"ငါက ဒီနေ့ လင်ယွင် မြို့စားအိမ်တော်ကို မြေလှန်ပစ်ဖို့ တကယ်ပဲ ရည်ရွယ်ထားတယ်"
ကျန်းချန်၏ ပါးစပ်ကနေ မောက်မာသော လေသံက ထပ်မံ ထွက်ပေါ်လာသည်။
စကားဆုံးသည်နှင့် သူက လက်သီးတစ်ချက်ကို တိုက်ရိုက် ထိုးလွှတ်လိုက်သည်။
"မကောင်းတော့ဘူး"
ကျန်းချန်ရဲ့ လက်သီးထဲတွင် ပါဝင်သည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားမိလျှင် အစောင့်ခေါင်းဆောင်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက သူ့လက်ထဲမှ လက်နက်ကို အလျင်အမြန် မြှောက်၍ ခုခံလိုက်၏။
"ဝုန်း"
လက်သီးအရိပ်တစ်ခု လင်းလက်သွားပြီး နာကျင်စွာ အော်ဟစ်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
အစောင့်၏ ခန္ဓာကိုယ်က ချက်ချင်းပင် လွင့်စင်သွားပြီး အဆုံးသတ်တွင် တံခါးဝရှိ လှေကားထစ်ပေါ် ဘုတ်ခနဲ ပြုတ်ကျကာ အသက်ရှူရပ်သွားသည်ကို အားလုံးက တွေ့လိုက်ရ၏။
"မင်း... မင်းက မြို့စားအိမ်တော်က လူကို သတ်ရဲတယ်လား"
သူတို့ခေါင်းဆောင်ကို ကျန်းချန်က တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်ကို မြင်လျှင် ကျန်အစောင့်သုံးယောက်သည် ထိတ်လန့်သွားခဲ့၏။
သူတို့က ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
အလုပ် လာလျောက်သည့် သူများ၏ မျက်လုံးများသည်လည်း ပြူးကျယ်သွားခဲ့သည်။
သူတို့ရှေ့မှ လူငယ်က လင်ယွင် မြို့စားအိမ်တော်ကိုတစ်ယောက်တည်း ရောက်လာပြီး မြို့စားအိမ်တော်၏ အစောင့်တစ်ယောက်ကို သတ်ပစ်လိုက်သည်။
"ဒါ... ဒါက အတော်လေး ရူးသွပ်ချင်စရာ လုပ်ရပ်ပဲ"
အခန်း(၁၅၀) ပြီး၏