← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

"အိုး.. လခွမ်း"

ကျန်းချန်က တန်ရှို့မင်ကို မျက်နှာသာမပေးဘဲ နင့်ကနဲနေအောင် ပြောဆိုလိုက်၍ ပတ်ဝန်းကျင်မှ လူတိုင်းသည် ကျန်းချန်ကို လေးစားသွားခဲ့သည်။

ဤအကောင်က သူတို့ လင်ယွင်ကျောင်းတော်၏ နံပါတ်တစ် နေရာနှင့် တကယ်ကို ထိုက်တန်၏။

စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ရှေ့မှာပင် ဘာမှရှိန်နေခြင်းမရှိပေ။

စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဆိုသည်မှာ မူလဘူတအဆင့်နှင့် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်မှ ကျင့်ကြံသူများပင် လေးလေးစားစား ဆက်ဆံရသော သူမျိုး ဖြစ်သည်။

ကျန်းချန်က သတ္တိ ဘယ်ကနေ ရလာသလဲ သူတို့ အမှန်တကယ် မသိသော်လည်း စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ကို ရင်ဆိုင်ဖို့ မကြောက်ရွံ့သည်ကတော့ မျက်မြင်ကိုယ်တွေ့ပင်။

သူ့ကို မျက်လုံးထဲပင် မထည့်သည့် ကျန်းချန်၏ စကားကိုကြားလျှင် တန်ရှို့မင်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ မေးလိုက်သည်။

"ကောင်လေး.. မင်းက ဘယ်သူလဲ.. စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ကို ဒီလိုပြောဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ"

ကျန်းချန်က မထီမဲ့မြင်ပြုံးပြီး ပြန်မေးလိုက်သည်။

"စတုတ္ထအဆင့် အဂ္ဂိရတ်သခင်က ဘာသောက်သုံးကျလို့လဲ"

"............."

ကျန်းချန် ထိုစကားကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ပါးစပ်ရွဲ့မလို့ပင် ဖြစ်သွားပြီး ဆွံ့အသွားကြသည်။

ဤသည်က စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်၏။

ထို့အပြင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တိုင်းသည် မဟာရှားနိုင်ငံတွင် ထူးခြားသော အဆင့်အတန်းရှိပြီး အလွန် မြင့်မြတ်သောသူများ ဖြစ်ကြသည်။

"ဒီကောင်က စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ကို သောက်သုံးမကျဘူးလို့ ပြောရဲတယ်လား"

"ကောင်လေး.. မင်းစကားပြောတာလဲ"

တန်ရှို့မင်၏ ဒေါသများက ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

သူက စုလင်းရှန်ကို တိုက်ရိုက်ကြည့်ကာ မေးလိုက်သည်။

"လင်းရှန်.. ဒီမာနကြီးတဲ့ ကောင်လေးက မင်းသဘောကျနေတဲ့သူတော့ မဟုတ်လောက်ဘူးမလား"

"ဟုတ်တယ်...ကျန်းချန်က ငါသဘောကျနေတဲ့သူပဲ.. ဒါ့အပြင် သူ့ရဲ့ အဂ္ဂိရတ် ပါရမီက နင့်ထက်မနိမ့်ဘူး"

စုလင်းရှန်က ပြောလိုက်သည်။

"ဒါကြောင့် နင်ငါ့ကို နောက်ထပ် မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်"

"သူ့ရဲ့ အဂ္ဂိရတ်ပါရမီက ငါ့ထက် မနိမ့်ဘူး.. ဟုတ်လား"

တန်ရှို့မင်က ရုတ်တရက် လှောင်ရယ်ကာ မေးလိုက်သည်။

"လင်းရှန်း.. မင်းနေမကောင်းဘူးလား"

"ငါအခု အကုန်ကောင်းတယ်"

"နင်မယုံရင် သူနဲ့ အဂ္ဂိရတ်ပညာချင်း ယှဉ်ပြိုင်လို့ရတယ်"

"နင်နိုင်ရင် ငါ နင့်ရဲ့အချစ်ကို လက်ခံပေးမယ်.. နင်ရှုံးရင် ငါ့ရှေ့မှာ ဘယ်တော့မှ ပေါ်မလာနဲ့တော့"

စုလင်းရှန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် အံ့သြတုန်လှုပ်ပြီး မျက်လုံးများ ကျွတ်ကျလုနီးပါး ပြူးကျယ်သွားကြသည်။

စုလင်းရှန်သည် ကျန်းချန်ကို စတုတ္ထအဆင့် အဂ္ဂိရတ်သခင်နှင့် အဂ္ဂိရတ် ယှဉ်ပြိုင်ရန် စေခိုင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

"ကျန်းချန်မှာ အံ့သြစရာကောင်းတဲ့ ကိုယ်ခံပညာပါရမီ ရှိပေမယ့် အဂ္ဂိရတ်ကို တကယ်ပဲ လုပ်နိုင်ပါ့မလား"

"သူ့မှာ အဂ္ဂိရတ် ပါရမီရှိနေရင်တောင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ကို အနိုင်ယူဖို့ကတော့ မဖြစ်နိုင်ဘူးမလား"

"ကောင်းပြီလေ လင်းရှန်.. မင်းပြောတဲ့အတိုင်း ငါသူနဲ့ ယှဉ်ပြိုင်မယ်"

တန်ရှို့မင်က ကျန်းချန်ကို အထင်သေးစွာ ကြည့်၍ ပြောလိုက်သည်။

"ကောင်လေး.. မင်းက စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ကို သောက်သုံးမကျဘူးလို့ ပြောခဲ့တာ ဆိုတော့ သတ္တိရှိရင် ငါနဲ့ ယှဉ်ပြိုင်ဖို့ ထွက်လာခဲ့ပါ"

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"ငါက အမှန်တရားကို ပြောနေတာ.. စတုတ္ထအဆင့် အဂ္ဂိရတ်သခင်က ငါ့မျက်လုံးထဲမှာ တကယ်ပဲ ဘာမှမဟုတ်ဘူး"

"ဟားဟားး"

ဒန်ရှူးမင်က မထီမဲ့မြင် ရယ်မော၍ ပြောလိုက်သည်။

"ကောင်လေး.. မင်းက အဂ္ဂိရတ်သခင် တံဆိပ်ပြားတောင် မရှိတဲ့ အမှိုက်ကောင်ပဲ.. စတုတ္ထအဆင့် အဂ္ဂိရတ်သခင်က သောက်သုံးမကျဘူးလို့ ပြောရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"

"ငါ့မှာ အဂ္ဂိရတ်သခင် တံဆိပ်ပြား မရှိဘူးလို့ မင်းကို ဘယ်သူပြောလဲ"

"ငါ ဟိုတလောက အဂ္ဂိရတ်ပညာရှင် အစည်းအရုံးကို တံဆိပ်ပြားယူဖို့ သွားခဲ့တယ်"

"ဝမ်းနည်းစရာကောင်းတာက လင်ယွင်မြို့မှာ တတိယအဆင့်ရဲ့ အထက်အဆင့်တွေကို အကဲဖြတ်လို့ မရတာပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြား တိုက်ရိုက် ထုတ်ယူလိုက်သည်။

ကျန်းချန်၏ လက်ထဲမှ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မြင်လျှင် တန်ရှို့မင်၏ လှောင်ရယ်သံသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေကြသည့် ကျောင်းသားများသည်လည်း မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ငါ့ကို လှည့်စားနေတာများလား"

"ဒီကျန်းချန် ဆိုတဲ့ ငနဲက တကယ်ပဲ အဂ္ဂိရတ်ပညာရှင်လား"

အခန်း(၁၃၆) ပြီး၏

All Chapters