အခန်း (၁၃၈)
Vol. 10 Ch. 138
"ငါလက်ခံပါတယ်"
တန်ရှို့မင်က စုလင်းရှန်၏ စကားကို ကန့်ကွက်စရာမရှိပေ။
မဟာရှားနိုင်ငံ၏ ထိပ်တန်းအဂ္ဂိရတ်မိသားစုမှ ပါရမီရှင်အနေဖြင့် တန်ရှို့မင်သည် ဉာဏ်ရည် ထက်မြက်ရုံသာမက သာမန် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် များထက် အဂ္ဂိရတ်ပညာရပ်တွင် ပိုမို နက်ရှိုင်းသည်။
သူ၏အင်အားဖြင့် သူ့ရှေ့မှ ကောင်လေးကို အနိုင်ယူဖို့ဆိုသည်မှာ လက်ဖျောက်တစ်ချက် တီးရုံလောက်ပင် မဟုတ်လော။
"အမ လင်းရှန်.. သူက ကန့်ကွက်စရာ မရှိဘူးဆိုတော့ စကြရအောင်"
ကျန်းချန်က စုလင်းရှန်၏ မေးခွန်းကို ကြားသောအခါတွင် မပြုံးဘဲ မနေနိုင်ခဲ့ပေ။
နောက်ဆုံးအကြိမ်က ချင်းရွှယ်နန်းဆောင်တွင် ရှိစဥ် ဆေးညွှန်းကို ချက်ချင်းဖြည့်စွက်နိုင်သည့် သူ၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် စွမ်းရည်ကို စုလင်းရှန် မြင်ခဲ့ရ၏။
ထို့ကြောင့် စုလင်းရှန်သည် သူအားသန်သည့် အပိုင်းကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ဤသည်က တန်ရှို့မင်ကို လှည့်စားရာတော့ မမြောက်ပေ။
အကြောင်းရင်းမှာ ယခင်ဆေးညွှန်း မဟုတ်သောကြောင့်ပင်။
ကျန်းချန်တို့ နှစ်ယောက်စလုံး ကန့်ကွက်စရာ မရှိသည်ကို မြင်လျှင် စုလင်းရှန်သည့် သူ့လက်ထဲမှ ဆေးညွှန်းကို ဖွင့်ကာ ဆေးညွှန်းထဲရှိ ဆေးဖက်ဝင်ပစ္စည်း သုံးမျိုးကို လက်ဖြင့် ဖုံးအုပ်ထားလိုက်သည်။
ခဏအကြာတွင် သူမသည် မပြည့်စုံသည့် ဆေးညွှန်းကို ကျန်းချန်နှင့် တန်ရှို့မင်၏ ရှေ့တွင် တိုက်ရိုက် ပြလိုက်သည်။
ကျန်းချန်က ဆေးညွှန်းကို ပေါ့ပေါ့ပါးပါးပင် တစ်ချက် ကြည့်လိုက်သည်။
"ဒင်.. မပြည့်စုံတဲ့ စိတ်ပျိုကိုယ်နု ဝိညာဥ် ဆေးညွှန်းကို ကြည့်ရှုခြင်းဖြင့် အဆတစ်ရာ နားလည်မှုကို ရရှိပါတယ်"
"ဒင်.. သင်က စိတ်ပျိုကိုယ်နု ဝိညာဥ် ဆေးညွှန်းရဲ့ အပြည့်အစုံ ဗားရှင်းကို နားလည်သွားပါပြီ"
သံသယဖြစ်စရာမလိုဘဲ ကျန်းချန်သည် တစ်ချက် ကြည့်လိုက်သည်နှင့် စနစ်က အလိုအလျောက် အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်ပြီး စိတ်ပျိုကိုယ်နု ဝိညာဥ်ဆေးညွှန်းကို ပြီးမြောက်စေခဲ့သည်။
ချက်ချင်းဆိုသလို စိတ်ပျိုကိုယ်နု ဝိညာဥ် ဆေးညွှန်း၏ အပြည့်အစုံ ဗားရှင်းသည် ကျန်ချန်း၏ စိတ်ထဲတွင် တိုက်ရိုက် ပေါ်လာခဲ့၏။
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
သူက ရင်ဘတ်ပေါ် လက်တင်ပြီး အသည်းအသန် စဉ်းစားနေသည့် တန်ရှို့မင်ကို ပျင်းရိလေးတွဲ့စွာ ကြည့်လိုက်၏။
ထို့နောက် သူ၏ မထီမဲ့မြင်အသံသည် တန်ရှို့မင်၏ နားထဲကို တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
"တန်ရှို့မင်...မင်းရဲ့ ဉာဏ်ရည်က အတော်လေး ဆိုးဝါးတာပဲ"
"မင်းက ဒီလောက် အကြာကြီး ဆေးညွှန်းကို စိုက်ကြည့်နေတာတောင် စိတ်ပျိုကိုယ်နု ဝိညာဥ်ဆေးညွှန်းရဲ့ လိုအပ်တဲ့ ပစ္စည်းသုံးမျိုးကို မဖြည့်နိုင်သေးဘူးလား"
"မင်းမလုပ်နိုင်ရင် လက်လျှော့ပြီး ဒီကနေထွက်သွားလိုက်တော့.. ဒီက လူတွေရဲ့ အချိန်ကို အလဟဿ လာမဖြုန်းတီးနဲ့"
ကျန်းချန်၏ မထီမဲ့မြင် စကားလုံးများသည် ပတ်ဝန်းကျင်မှ ကျောင်းသားအားလုံးကို အံ့သြသွားစေခဲ့သည်။
"ဟ.. လခွမ်း"
"ဒါ ဖြစ်နိုင်လို့လား"
"ကျန်းချန်က ဆေးညွှန်းကို ဒီလောက်မြန်မြန် စဥ်းစားမိသွားပြီလား"
စုလင်းရှန်က ဆေးညွှန်းကို တင်ပြချိန်ကနေ ယခုအချိန်အထိ ဆယ်စက္ကန့်ထက်ပင် မပိုသေးပေ။
ကျန်းချန်က စုလင်းရှန် လက်ဖြင့် အုပ်ထားသည့် ဆေးဖက်ဝင်ပစ္စည်း သုံးမျိုးကို ဆယ်စက္ကန့်အတွင်း ပြီးမြောက်အောင် အမှန်တကယ် ဖြည့်စွက်နိုင်ပါသလော။
"စီနီယာအကိုကျန်းချန်.. ဒီလောက်ထိ ချဲ့ကားဖို့ မလိုဘူးလေ.. ကျနော်တို့က အလိုလိုနေရင်း အားငယ်လာပြီ"
"ဟားဟား.. ကောင်လေး.. မင်းက ဆေးညွှန်းကို ဒီလောက် အချိန်တိုအတွင်း ပြီးမြောက်သွားတာတော့ မဟုတ်လောက်ဘူးမလား"
တန်ရှို့မင်က ကျန်းချန်ကို စောင်းငဲ့ကြည့်ပြီး လှောင်ရယ်၍ ပြောလိုက်သည်။
ဆေးညွှန်းကို ဖြည့်စွက်ဖို့ဆိုသည်မှာ အလွန်ရှုပ်ထွေးပြီး ခက်ခဲသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
သူက စိတ်ပျိုကိုယ်နု ဝိညာဥ်ဆေးညွှန်း၏ ဆေးဖက်ဝင်ပစ္စည်း သုံးမျိုးကို ဖြည့်စွက်ချင်လျှင်ပင် မရေမတွက်နိုင်သည် စီစစ်မှုများကို ဖြတ်သန်းရလိမ့်မည် ဖြစ်သည်။
သို့သော် သူ့ရှေ့မှ ကောင်လေးကမူ ရုပ်ပျိုကိုယ်နုဝိညာဥ်ဆေးညွှန်းကို ဆယ်စက္ကန့်အတွင်း ပြီးမြောက်အောင် ဖြည့်စွက်နိုင်သည်ဟု အမှန်တကယ် ပြောနေခဲ့၏။
[ဒီကောင်လေး.. နတ်ဘုရားတစ်ပါးပါးတော့ မဟုတ်လောက်ဘူးမလား]
"ဒါက အရေးမပါတဲ့ တတိယအဆင့် ဆေးညွှန်းလေးပါ.. လိုအပ်တဲ့ ပါဝင်ပစ္စည်း သုံးခုလောက်ကို ဖြည့်စွက်ဖို့က ဘယ်လောက်ထိ ခက်ခဲမှာမို့လို့လဲ"
"မင်း မဖြည့်နိုင်ရင် မင်းရဲ့ညံ့ဖျင်းမှုကိုပဲ အပြစ်တင်ရမယ်"
"ဒီစိတ်ပျိုကိုယ်နု ဝိညာဥ်ဆေးညွှန်းမှာ ကျန်နေတဲ့ ပါဝင်ပစ္စည်း သုံးခုက ချင်ယန်နွယ်ပင်၊ ကွေယွမ်အရွက်နဲ့ သက်ရှည်ဂျင်ဆင်းတို့ပဲ"
ကျန်းချန်က စကားဆုံးသည်နှင့် စုလင်းရှန်ကို ပြုံး၍ မေးလိုက်သည်။
"အမ လင်းရှန်... ဒီဆေးဖက်ဝင်ပစ္စည်း သုံးမျိုးက မှန်ကန်ရဲ့လား သိပါရစေ"
"မှန်ပါတယ်.. ငါလက်နဲ့ ကွယ်ထားတဲ့ ဆေးဖက်ဝင်ပစ္စည်း သုံးမျိုးက ချင်ယန်နွယ်ပင်၊ ကွေယွမ်အရွက်နဲ့ သက်ရှည်ဂျင်ဆင်းတို့ပဲ"
စုလင်းရှန်က စကားဆုံးသည်နှင့် သူမ၏ လက်ကို ဖယ်လိုက်ပြီး ဆေးဖက်ဝင် ပစ္စည်းသုံးမျိုး၏ အမည်ကို လူအများ ရှေ့တွင် ပြသလိုက်သည်။
ဆယ်စက္ကန့်။
ကျန်းချန်က ဆယ်စက္ကန့်အတွင်း စုလင်းရှန်၏ မေးခွန်းကို တကယ်ပဲ ပြည့်စုံစွာ ဖြေဆိုလိုက်ပါသလော။
အခန်း(၁၃၈) ပြီး၏