← Chapters

အခန်း (၁၄၂)

Vol. 10 Ch. 142

အခန်း (၁၄၂)

Vol. 10 Ch. 142

ကျန်းချန်၏ အေးစက်စက် အော်ဟစ်သံကြောင့် ရင်ပြင်ပေါ်ရှိ လူတိုင်း၏ မျက်လုံးများသည် ချက်ချင်းပင် သူ့ဆီသို့ စုပြုံကျရောက်သွားကြသည်။

"ကြည့်စမ်း.. ဒါ စီနီယာအစ်ကို ကျန်းချန်ပဲ"

"စီနီယာအစ်ကို ကျန်းချန်.. သူ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

"ဟားဟား... အစ်ကိုကျန်းချန် ထွက်လာမှတော့ စန်းလဲ့သိုင်းနန်းတော်က တပည့်တွေ ဘယ်လောက်ထိ မာန်တက်နိုင်ဦးမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းချန် ပေါ်လာသည်ကို မြင်လျှင် လင်ယွင်ကျောင်းတော်မှ ကျောင်းသားအများအပြားသည် သူတို့ရဲ့ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များကို မဖော်ပြဘဲ မနေနိုင်ကြပေ။

"ကျန်းချန်.. မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့.. ငါက မင်းကို လိပ်ကလေး မှတ်နေတာ.. ဟားဟား"

ကျန်းချန်က ရင်ပြင်အလယ်ကို ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လျှင် လဲ့ချင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

သူ့မျက်နှာပေါ်တွင် မထီတရီ အပြုံးတစ်ခု ပေါ်ထွက်လာ၏။

"လင်ယွင်ကျောင်းတော်ကို ပြဿနာလာရှာတာ ဘယ်သူများလဲမှတ်တယ်.. ငါ့လက်ထဲမှာ ရှုံးနိမ့်သွားတဲ့ကောင် ဖြစ်နေတာကိုး"

ကျန်းချန်က လဲ့ချင်းကို ပေါ့ပါးစွာ တစ်ချက်ကြည့်၍ မေးလိုက်၏။

"ငါတို့ လင်ယွင်ကျောင်းတော်က ကျောင်းသားတွေကို ထိခိုက်စေခဲ့တာ မင်းရဲ့လက်ချက်လား"

"သူတို့က အမှိုက်တွေပဲ.. ငါ့ကို စိန်ခေါ်ဖို့ စွမ်းရည်မရှိမှတော့ ဒဏ်ရာရသွားတာ ဘာဆန်းလို့လဲ"

"ကျန်းချန်.. ဒီနေ့ လင်ယွင်ကျောင်းတော်ကို ငါလာရတဲ့ ရည်ရွယ်ချက်က မင်းကြောင့်ပဲ"

"မိုးကြိုးတိမ်တောင်တန်းမှာတုန်းက သိပ်မကြာခင်မှာ ငါကိုယ်တိုင် လင်ယွင်ကျောင်းတော်ကို လာပြီး မင်းကို အနိုင်ယူမယ်လို့ ပြောခဲ့တယ်.. အခု ငါရောက်လာခဲ့ပြီ"

လဲ့ချင်းက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်ရင်း လူသတ်လိုသော ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။

မိုးကြိုးတိမ်တောင်တန်းတွင် ကျန်းချန်သည် သူ့ကို အစီအရင်တွင် အပြည့်အဝ အနိုင်ယူခဲ့ရုံသာမက သူ့ရှေ့မှာပင် စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသား တစ်ယောက်ကို သတ်ပစ်ခဲ့၏။

ယင်းက မာနကြီးသော လဲ့ချင်းအတွက် ကြီးမားသည့် အရှက်ကွဲမှု တစ်ခုပင်။

ဤအကြောင်းကြောင့် လဲ့ချင်းသည် မူလဘူတနယ်ပယ်အဆင့်ကို ဖောက်ထွက်နိုင်သည်နှင့် လင်ယွင်ကျောင်းတော်သို့ တစ်ခါထဲ လာခဲ့ခြင်း ဖြစ်သည်။

သူက ကျန်းချန်ဆီကနေ ခံစားခဲ့ရသည့် အရှက်တရားကို ဆယ်ဆ ပြန်ယူချင်ခဲ့သည်။

"ငါ့ကို အနိုင်ယူမယ် ဟုတ်လား.. မင်းက ထိုက်တန်မှုရှိလို့လား"

"ငါမိုးကြိုးတိမ်တောင်တန်းမှာတုန်းက မင်းကို အနိုင်ယူခဲ့တယ်.. အခုလည်း မင်းကို အနိုင်ယူပြနိုင်သေးတယ်"

"ဒါပေမဲ့ မင်းကို အနိုင်မယူခင် လင်ယွင်ကျောင်းတော်က ကျောင်းသားတွေအတွက် အဖိုးအခကို အရင်ပြန်ယူရမယ်"

ကျန်းချန်က စကားဆုံးသည်နှင့် လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။

မကြာခင်မှာပင် နာကျင်စွာ အော်ဟစ်ညီးညူသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။

လဲ့ချင်း အနောက်ဘက်ရှိ စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသား အားလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာ အတော်ဝေးဝေးကို လွင့်စင်သွားကြသည်။

"ဟားဟား... ဒီကောင်တွေက အခုလေးတင် အရမ်းမာန်တက်ပြနေတာ မဟုတ်လား.. ဟက်.. အကိုကျန်းချန်ရှေ့မှာ ထပ်ပြီး မာန်တက်ပြလိုက်လေ.. မင်းတို့ကို အကိုကျန်းချန်က ဝက်ခေါင်း ဖြစ်တဲ့အထိ ရိုက်နှက်ပစ်မှာ အသေအချာပဲ"

"မျှော်လင့်ထားတဲ့အတိုင်းပဲ.. စီနီယာအစ်ကို ကျန်းချန် ရောက်လာတာ ငါတို့ကို တကယ်ပဲ စိတ်သက်သာရာရစေတယ်"

ကျန်းချန်က လဲ့ချင်း အနောက်ဘက်ရှိ စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသားများကို တခဏအတွင်း အမှောက်သိပ်လိုက်သည်ကို မြင်လိုက်ရလျှင် လင်ယွင်ကျောင်းတော်မှ ကျောင်းသားအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်ကြသည်။

"ကျန်းချန်.. မင်းက အရမ်းလွန်သွားပြီ"

ကျန်းချန်က သူ့ရှေ့မှာပင် စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသားများကို တိုက်ခိုက်လိုက်သည်ကို မြင်လျှင် လဲ့ချင်း၏ အမူအရာက ဒေါသများ ဖုံးလွှမ်းသွားခဲ့သည်။

"ဘာလဲ.. မင်းကျတော့ ငါတို့ လင်ယွင်ကျောင်းတော်က ကျောင်းသားတွေကို ရိုက်နှက်လို့ရပြီး ငါက မင်းရဲ့ စန်းလဲ့သိုင်းနန်းတော်က ကျောင်းသားတွေကို ရိုက်နှက်ခွင့်မရှိဘူးလား"

ကျန်းချန်က မဲ့ပြုံးပြုံးကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"ငါက လူတစ်ယောက်ကို မှန်လိုပဲ တုံ့ပြန်တတ်တယ်"

"ကျန်းချန်.. ဒီနှစ်တွေအတွင်း မင်းက ငါ့ရဲ့ဒေါသကို အထွတ်အထိပ် ရောက်အောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ

လဲ့ချင်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

"သိပ်မကြာခင်မှာ ငါလဲ့ချင်းကို ရန်စတဲ့အတွက် ဘယ်လောက်ထိ ပေးဆပ်ရမလဲဆိုတာ မင်းသိလာလိမ့်မယ်"

"မင်းက အဓိပ္ပါယ်မရှိတဲ့ စကားတွေ အများကြီး ပြောနေတာပဲ"

ကျန်းချန်က လဲ့ချင်းကို စိတ်မရှည်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"မင်းက ငါ့ကို အနိုင်ယူချင်တာ မဟုတ်လား"

"ငါ့ကို အနိုင်ယူချင်ရင် အခုစတိုက်တော့"

"မတော်လို့ ငါဘက်က အရင်တိုက်ခိုက်ခဲ့ရင် မင်းမှာ လှုပ်ရှားဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး"

အခန်း(၁၄၂) ပြီး၏

All Chapters