← Chapters

အခန်း (၁၄၃)

Vol. 10 Ch. 143

အခန်း (၁၄၃)

Vol. 10 Ch. 143

"ကျန်းချန်... ငါ့ကို အရင်ကလိုပဲလို့ မင်းထင်နေတာလား"

"ငါ့ကို အထင်သေးရဲရင် နောင်တဆိုတာ ဘာမှန်း မင်းကို သိစေရမယ်"

လဲ့ချင်း၏ မျက်လုံးများက ရုတ်တရက် ခက်ထန်သွားပြီး လျှပ်စီးလို တောက်ပနေသည့် ဓားရှည်တစ်လက်သည် သူ့လက်ထဲကနေ ထွက်ပေါ်လာခဲ့၏။

သူ့မျက်လုံးထဲတွင်လည်း လျှပ်စီးများ လက်နေခဲ့သည်။

ထိုခဏတွင် မူလဘူတ နယ်ပယ်အဆင့်၏ အရှိန်အဝါသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

လျှပ်စီးသံများနှင့် အတူ လဲ့​ချင်း၏ လက်ထဲရှိ ဓားရှည်ကနေ လျှပ်စီးတစ်ခု ထွက်ပေါ်လာခဲ့၏။

"လျှပ်စီးဓားသိုင်း"

လဲ့ချင်းက အော်ဟစ်လိုက်ပြီး ကျန်းချန်ကို တိုက်ရိုက် ခုတ်ချလိုက်သည်။

လဲ့ချင်း၏ ဓားကို ရင်ဆိုင်ရသည့်အခါတွင် ကျန်းချန်သည် အလွန်ပင် တည်ငြိမ်နေခဲ့သည်။

သူ့ရှေ့မှ လဲ့ချင်းက မူလဘူတ နယ်ပယ်အဆင့်ကို ဖောက်ထွက်သွားခဲ့သော်လည်း တိုက်ခိုက်ရေး စွမ်းရည်အရ ဝူဖေးလုံထက် အဆပေါင်း မည်မျှ ပိုမို ဆိုးရွားမှန်းပင် မသိနိုင်ပေ။

ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် သူ့ဆီသို့ ချဥ်းကပ်လာသည့် လျှပ်စီးဓားအလင်းကို စောင့်ကြည့်နေခဲ့သည်။

လျှပ်စီးဓားအလင်းက သူနှင့် သုံးပေအကွာသို့ အရောက်တွင် သူက လက်သီးချက် တစ်ချက်ကို ထုတ်လွှတ်လိုက်၏။

"ဝုန်းး"

လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး လဲ့ချင်း၏ လျှပ်စီးဓားအလင်းသည် လက်သီးဖြင့် ချိုးဖျက်ခြင်းကို ခံခဲ့ရသည်။

ထိုခဏမှာပင် ကျန်းချန်သည် လျှပ်စီးလိုအရှိန်ဖြင့် လဲ့ချင်း ဘေးတွင် ပေါ်လာပြီး လဲ့ချင်းကို ပြင်းထန်သော လက်သီးချက်ဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။

"ဘန်း"

လဲ့ချင်းက သွေးအန်ကာ ပေအတော် ဝေးဝေးအထိ လွင့်စင်သွားပြီး လေထဲကနေ ခွေးကျဝက်ကျ ပြုတ်ကျသွား၏။

ထို့နောက်တွင် လဲ့ချင်းသည် မောက်မာသော အမူအရာဖြင့် ရပ်နေသည့် ကျန်းချန်ကို ကြောက်ရွံ့ထိတ်လန့်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဒါက အစ်ကို ကျန်းချန်ရဲ့ အင်အားလား.. အရမ်းကြောက်ဖို့ကောင်းတာပဲ"

"ဟုတ်ပါ့ကွာ.. မူလဘူတ အဆင့် ကျင့်ကြံသူတောင် လက်သီးတစ်ချက်ထဲနဲ့ ရှုံးနိမ့်သွားရတယ်.. တကယ်ကို သန်မာလွန်းတာပဲ"

သူတို့ရှေ့မှ အံ့သြဖွယ်မြင်ကွင်းကို မြင်လိုက်ရလျှင် လင်ယွင်ကျောင်းတော်မှ ကျောင်းသားအားလုံးသည် အံ့အားသင့်သွားကြ၏။

သူတို့၏ စီနီယာအကို ကျန်းချန်သည် လက်သီးတစ်ချက်တည်းဖြင့် မူလဘူတ အဆင့်ကျင့်ကြံသူကို ဖိနှိပ်ရန် လုံလောက်သည်။

သူတို့က ကျန်းချန် အလွန် အင်အားကြီးမှန်း သိသော်လည်း ဤမျှလောက်အထိ အင်အားကြီးမည်ဟု မထင်ထားခဲ့ပေ။

"လဲ့ချင်း.. မင်းတို့ စန်းလဲ့သိုင်းနန်းတော်က လူတွေကို ခေါ်ပြီး ဒီကနေ အမြန်ထွက်သွားစမ်း"

"နောက်တစ်ကြိမ်ဆို အစွမ်းအစမရှိဘဲ အရှက်ကွဲခံပြီး မလာခဲ့နဲ့"

ကျန်းချန်က လက်သီးဖြင့် ပြင်းထန်စွာ ထိခိုက်ခံထားရသော လဲ့ချင်းကို မထီမဲ့မြင် ကြည့်လိုက်သည်။

သူ၏ ကြုံးဝါးလိုက်သော အသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် ဝင်ရောက်သွားခဲ့၏။

ကျန်းချန်၏ စကားများကို ကြားလျှင် လဲ့ချင်း၏ ဖြူဖျော့နေ မျက်နှာသည် ချက်ချင်းပင် ပို၍ ကြည့်ရဆိုးသွားခဲ့သည်။

သူ့ပတ်ဝန်းကျင်ရှိ လင်ယွင်ကျောင်းတော်မှ ကျောင်းသားများ၏ လှောင်ရယ်နေသောအကြည့်များကို ခံစားမိလျှင် လဲ့ချင်းသည် ရှက်ရွံ့လာခဲ့ပြီး ဒေါသထွက်လာခဲ့သည်။

သို့သော် သူက ကျန်းချန်ကို နောက်တစ်ကြိမ် ရင်မဆိုင်ရဲတော့ပေ။

ဤသို့ဖြင့် လဲ့ချင်းသည် အရှက်တရားကို ရင်ဝယ်ပိုက်ကာ စန်းလဲ့သိုင်းနန်းတော်မှ ကျောင်းသား တစ်ဒါဇင်နှင့်အတူ လင်ယွင်ကျောင်းတော်ကနေ ထွက်လာခဲ့၏။

စန်းလဲ့သိုင်းနန်းတော်မှ လဲ့ချင်းနှင့် သူ့အဖွဲ့၏ ပြဿနာများကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ဘာမှလုပ်စရာ မယ်မယ်ရရ မရှိခဲ့ပေ။

ဆိုရလျှင် လင်ယွင်ကျောင်းတော်တွင် နေရသည်မှာ သူ့အတွက် တကယ်ကို ညီးငွေ့စရာ ကောင်းလာခဲ့၏။

မည်သို့ပင်ဖြစ်စေ၊ မဟာရှားနိုင်ငံ၏ စီရင်စု​ကိုးခု ပြိုင်ပွဲသည် သိပ်မကြာတော့ပေ။

ထို့ကြောင့် ကျန်းချန်သည် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်သို့ ကြိုတင်သွားရောက်ရန် ဆုံးဖြတ်လိုက်၏။

အင်ပါယာမြို့တော်သို့ ရောက်လျှင် ကျန်းချန်သည် လင်ယွင်စီရင်စုသို့ ဘယ်အချိန်မှ ပြန်လာနိုင်မယ်မှန်း မသိပေ။

ထို့ကြောင့် သူက ကျန်းအိမ်ကို ပြန်သွားဖို့ လုံးဝ လိုအပ်သည် မဟုတ်ပါလား။

ထိုအတွက်ကြောင့် ကျန်းချန်က ကျန်းအိမ်တော်ကို ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။

စန်းရှန်မြို့ကို ပြန်ရောက်လျှင် ကျန်းချန်သည် စန်းရှန်မြို့၏ လေထုက အနည်းငယ် မှားယွင်းနေသလို ခံစားလိုက်ရသည်။

မူလက စည်ကားသည့် စန်းရှန်မြို့သည် အလွန်တရာ တိတ်ဆိတ်နေပြီး မြို့တစ်ခုလုံးသည် လူသတ်ငွေ့များကို ဖော်ထုတ်နေခဲ့၏။

"ကောင်လေး.. ဒီနေ့က ငါတို့ လင်းမိသားစုအနေနဲ့ ကျန်းမိသားစုကို ဖျက်ဆီးပြီး စန်းရှန်မြို့ကို သိမ်းပိုက်တဲ့ နေ့ထူးနေ့မြတ်ပဲ.. စန်းရှန်မြို့ကို အပြင်လူတွေ ဝင်ရောက်ဖို့ တားမြစ်ထားတယ်.. မင်း မသေချင်ရင် ငါ့ရှေ့ကနေ အမြန်ထွက်သွားစမ်း"

ကျန်းချန်က စန်းရှန်မြို့၏ ဂိတ်တံခါးဝကို လျှောက်လာသောအခါတွင် လက်နက်ကိုင် အစောင့်အချို့သည် ကျန်းချန်ကို တိုက်ရိုက် တားဆီးလိုက်သည်။

"လင်းမိသားစုက တကယ်ပဲ စန်းရှန်မြို့ကို ပြန်ရောက်လာတာလား

ကျန်းချန်၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

အခန်း(၁၄၃) ပြီး၏

All Chapters