← Chapters

အခန်း (၁၄၄)

Vol. 10 Ch. 144

အခန်း (၁၄၄)

Vol. 10 Ch. 144

ကျန်းချန်၏ မျက်လုံးများက အေးစက်သွားပြီး သူ့ပုံရိပ်သည် အစောင့်များ၏ မြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

"ဘန်း ဘန်း ဘန်း"

တိုက်ခိုက်သံများက ဆက်တိုက်ဆိုသလို ချက်ချင်း ပဲ့တင်သံအဖြစ် ထွက်ပေါ်လာခဲ့၏။

အစောင့်များသည် လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

၎င်းတို့၏ ခန္ဓာကိုယ်များသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်ထွက်သွားခဲ့သည်။

တခဏလေး အတွင်းမှာပင် အစောင့်များဆီမှ ညီးညူသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က အစောင့်တစ်ဦး၏ ရင်ဘတ်ကို ခြေထောင့်ဖြင့် နင်းထားလိုက်ပြီး အေးစက်စက် အမူအရာဖြင့် မေးလိုက်သည်။

"ပြောစမ်း.. စန်းရှန်မြို့မှာ ဘာတွေဖြစ်ခဲ့လဲ"

လင်းထျန်းရှုံးနှင့် လီကန်းတို့သည် ကျန်းချန်ကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်ခဲ့သော်လည်း ကျန်းချန်၏ သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရ၏။

ထို့နောက်တွင် လင်းမိသားစု နှင့် လီမိသားစုသည် စန်းရှန်မြို့ကနေ ဆုတ်ခွာသွားခဲ့သည်။

ထိုအတွက်ကြောင့် လင်းမိသားစု နှင့် လီမိသားစုများသည် ကျန်းမိသားစုအတွက် အန္တရာယ် မဖြစ်နိုင်တော့ဟု ကျန်းချန် မူလက ထင်ခဲ့သည်။

သို့သော်လည်း လင်းမိသားစုက စန်းရှန်မြို့ကို ပြန်လာပြီး ကျန်းမိသားစုကို တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

[လင်းယွီ လုပ်တာများလား]

သို့ရာတွင် လင်းယွီသည် သူ့ကို မယှဥ်နိုင်မှန်း သိလျက်နှင့် အန္တရာယ် အဖြစ်ခံကာ မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါမည်နည်း။

"လွန်ခဲ့တဲ့သုံးရက်က လင်းမိသားစုရဲ့ အသစ်ခန့်အပ်ခံရတဲ့ မိသားစု ခေါင်းဆောင် လင်းယွီက လင်းမိသားစုကို ဦးဆောင်ပြီး စန်းရှန်မြို့ကို လာရောက် တိုက်ခိုက်ခဲ့တယ်"

"အခုဆိုရင် ကျန်းမိသားစုက လုံးဝ ရှုံးနိမ့်သွားပြီး သူတို့ရဲ့ ခြံဝင်းထဲမှာပဲ အကာအကွယ် အစီအရင်ကို အားကိုးပြီး ရုန်းကန်နေရတယ်"

"ဆရာ...ဆရာကြီး.. ကျွန်တော်တို့ကို လင်းယွီက အတင်းအကျပ် ခိုင်းစေခဲ့တာပါ.. ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

အစောင့်က ကျန်းချန်ကို ကြောက်လန့်တကြား ကြည့်ကာ စန်းရှန်မြို့၏ အခြေအနေအားလုံးကို မဆိုင်းမတွပင် အလျင်အမြန် ရှင်းပြခဲ့သည်။

"မင်းတို့ကို အရင်ကတည်းက အခွင့်အရေးပေးပြီးသားပဲ"

"ဒါပေမယ့် မင်းတို့က တန်ဖိုးထားရ ကောင်းမှန်းမသိဘူး.. လင်းယွီ ဦးဆောင်ရာ နောက်ကို လိုက်ပါပြီး ကျန်းမိသားစုကို တိုက်ခိုက်လိုက်သေးတယ်"

"မင်းတို့က ကိုယ့်ကိုယ်ကိုယ် သေလမ်း ရှာနေမှတော့ ငါ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်၏ မျက်လုံးထဲတွင် ရေခဲရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

သူက အစောင့်အချို့ကို ဘဝကူးပေးလိုက်သည်။

မြို့တံခါးရှိ အစောင့်များကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကျန်းမိသားစုဆီသို့ ဦးတည်ကာ ပြေးသွားခဲ့သည်။

............

တစ်ချိန်တည်းမှာပင် စန်းရှန်မြို့ အနောက်ဘက်ရှိ ကျန်းမိသားစု ခြံဝင်း။

လင်းယွီသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး မထီမဲ့မြင် အမူအရာဖြင့် ကျန်းမိသားစု၏ တံခါးဝတွင် လင်းမိသားစု တပည့် ရာချီကို ဦးဆောင်ကာ မတ်တပ်ရပ်နေခဲ့သည်။

လင်းယွီဘေးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အစီအရင်သခင် ဝတ်စုံကိုဝတ်ဆင်ထားသည့် ဆံဖြူ အဘိုးကြီး တစ်ဦး ရှိနေသည်။

လင်းယွီတို့ လူစု၏ မျက်နှာချင်းဆိုင်ရှိ ကျန်းမိသားစု တံခါးဝတွင် ကျန်းခိုင် နှင့် ရွှယ်ရှောက် တို့သည် ကျန်းမိသားစု၏ တပည့်များကို ဦးဆောင်ကာ လင်းယွီတို့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်နေခဲ့ကြသည်။

"ကျန်းခိုင်.. မင်းတို့ ကျန်းမိသားစုရဲ့ ကာကွယ်ရေး အစီအရင်ကို ငါအခု ချိုးဖျက်ပြီးပြီ"

"မင်းမှာ ဘာနည်းလမ်းတွေ ရှိသေးလဲ.. ရှိသေးရင် အကုန်သာ ထုတ်သုံးလိုက်"

"ဒီနေ့ မင်းတို့ ကျန်းမိသားစု ဖျက်ဆီးခံရမှာကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး"

လင်းယွီသည် မျက်နှာချင်းဆိုင်ရှိ ကျန်းခိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"လင်းယွီ.. မင်းအဖေနဲ့ လီမိသားစုက ငါတို့ မိသားစုခေါင်းဆောင်ကျန်းကို တိုက်ခိုက်တုန်းကတောင် ငါတို့ မိသားစုခေါင်းဆောင်က ကာယကံရှင် တစ်ယောက်ကိုပဲ သတ်ခဲ့တယ်"

"မင်းက တကယ်ပဲ ငါတို့ ကျန်းမိသားစု တစ်စုလုံးကို ဖျက်ဆီးချင်တာလား"

ကျန်းခိုင်က ရယ်မောပြီး လင်းယွီကို ကြည့်ကာ ပြောလိုက်၏။

"မင်းဒီနေ့ ငါတို့ ကျန်းမိသားစုကို ဖျက်ဆီးနိုင်ရင်တောင် ငါတို့ ကျန်းမိသားစုက ပျက်စီးမှာ မဟုတ်ဘူး.. ငါတို့ မိသားစုခေါင်းဆောင် ပြန်လာတဲ့နေ့က မင်းတို့ လင်းမိသားစု ပျက်စီးမယ့်နေ့ပဲ"

"ဟမ့်.. ကျန်းချန် ဒီမှာ မရှိတာကို မပြောနဲ့ဦး.. သူ ဒီမှာ ရှိနေခဲ့ရင်တောင် မင်းတို့ ကျန်းမိသားစုကို ငါ ကျိန်းသေ ဖျက်ဆီးနိုင်တယ်"

ကျန်းခိုင်က ကျန်းချန်အကြောင်း ပြောသည်ကို ကြားလျှင် လင်းယွီ၏ မျက်လုံးတွင် ရှက်ရွံ့သော အမူအရာများ ဖြတ်ပြေးသွားခဲ့သည်။

သူက ကျောဘက်မှ ဓားရှည်ကို ဆွဲထုတ်ကာ ပြတ်သားစွာ ပြောလိုက်သည်။

"လင်းမိသားစုက တပည့်တွေ အားလုံး ​ငါနဲ့အတူ တိုက်ပွဲဝင်ကြစို့.. ကျန်းမိသားစုဝင်တွေကို တစ်ယောက်မှ အရှင်မထားနဲ့"

သို့သော် လင်းယွီက လင်းမိသားစုကို ဦးဆောင်ကာ ကျန်းမိသားစု တံခါးဝကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပင် ဒေါသတကြီး အေးစက်စက် ရေရွတ်သံသည် လူတိုင်း၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"လင်းယွီ...မင်း ဘယ်ကနေသတ္တိရလာတာလဲ"

"အဲဒီနေ့က ယန်စန်းမင်ရဲ့ မျက်နှာကို ထောက်ပြီး မင်းအသက်ကို ငါ ချမ်းသာပေးခဲ့တယ်.. ဒါပေမဲ့ မင်းက ငါတို့ ကျန်းအိမ်ကို ပြဿနာ ရှာဖို့ လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး"

"မင်းက သေချင်နေတယ် ဆိုမှတော့ ငါဒီနေ့ မင်းရဲ့ ခွေးအသက်ကို ကျိန်းသေ ယူပစ်မယ်"

အခန်း(၁၄၄) ပြီး၏

All Chapters