← Chapters

အခန်း (၁၄၇)

Vol. 10 Ch. 147

အခန်း (၁၄၇)

Vol. 10 Ch. 147

"ဝိုး.. ဒါက အတော် ကြမ်းသွားပြီဟ"

"ဟားဟား.. ငါတို့ ခေါင်းဆောင်ကျန်းက အရမ်းမိုက်တယ်"

"ဟုတ်ပါ့ကွာ.. မူလဘူတအဆင့် ကျင့်ကြံသူကိုတောင် မိသားစုခေါင်းဆောင်က အုတ်ခဲနဲ့ ရိုက်သတ်လိုက်တယ်"

ကျန်းချန်က တစ်ဖက်မှ မူလဘူတအဆင့် ကျင့်ကြံသူကို အုတ်ခဲဖြင့် ရိုက်သတ်လိုက်သည်ကို မြင်လျှင် ကျန်းမိသားစုဝင်များသည် အံ့အားသင့်ကာ မှင်တက်သွားခဲ့၏။

သူတို့က မြေပြင်ပေါ်မှ လူလတ်ပိုင်းအရွယ် လူကြီး၏ အလောင်းကို ကြည့်ကာ သနားကရုဏာ သက်သော အမူအရာကို မဖော်ပြဘဲမနေနိုင်ခဲ့ပေ။

ဂုဏ်သိက္ခာကြီးမားတဲ့ မူလဘူတအဆင့် ကျင့်ကြံသူ တစ်ယောက်က အုတ်ခဲနှင့် ရိုက်သတ်ခံရသည်မှာ မူလဘူတအဆင့် ကျင့်ကြံသူများ အတွက် သမိုင်းတွင် အဆိုးရွားဆုံး သေဆုံးနည်း ဖြစ်နိုင်ပေသည်။

"ဒီကောင်လေးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"

ရွှယ်ရှောက်က မာနကြီးစွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ပြီးစိတ်နှလုံး တုန်လှုပ်သွားခဲ့၏။

ကျန်းချန်က သူ့ကို အနိုင်ယူစဥ်တွင် ကျန်းချန်၏ ခွန်အားသည် ချီကာကွယ်ရေး အဆင့်၉သာ ရှိသေးသည်။

မမျှော်လင့်ဘဲ ဤမျှလောက် တိုတောင်းသည့် အချိန်အတွင်းမှာပင် ကျန်းချန်သည် မူလဘူတနယ်ပယ်အဆင့်ကို ဖောက်ထွက်နိုင်ခဲ့ရုံတင်မက ထိုအဆင့်မှ ကျင့်ကြံသူများကိုပင် အုတ်ခဲဖြင့် ရိုက်နှက်နိုင်သည်အထိ တိုးတက်သွားခဲ့၏။

ထိုကဲ့သို့ တိုးတက်မှုနှုန်းသည် တကယ်ကို ကြောက်ခမန်းလိလိပင်။

ယခုအခါတွင် ရွှယ်ရှောက်သည် ကျန်းချန်ကို လုံးဝ လေးစားသွားခဲ့ပြီ ဖြစ်၏။

ကျန်းချန်က မူလဘူတအဆင့် ကျင့်ကြံသူကို ရိုက်သတ်လိုက်၍ ကျန်းမိသားစုမှ လူတိုင်း စိတ်လှုပ်ရှားနေသော အချိန်တွင် သူတို့နဲ့ ဆန့်ကျင်ဘက်ရှိ လင်းမိသားစုဝင်များ၏ မျက်နှာများသည် အလွန်ပင် ဖြူဖျော့သွားကြသည်။

ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် အလွန် ကြောက်ရွံ့တုန်လှုပ်သည့် အမူအရာများ ထင်ဟပ်နေခဲ့၏။

"မင်း.. မင်း တကယ်ပဲ မူလဘူတ နယ်ပယ်အဆင့်ကို ဖောက်ထွက်သွားတာလား.. ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

လင်းယွီက ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။

လွန်ခဲ့တဲ့ တစ်လခွဲကပင် သူသည် လင်ယွင်ကျောင်းတော်တွင် ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သည်။

သူက ထိုတိုက်ပွဲမှာ ကျန်းချန်ကို ရှုံးနိမ့်ခဲ့သော်လည်း ထိုအချိန်က ကျန်းချန်သည် ချီကာကွယ်ရေး အဆင့်၉၏ စွမ်းအားသာ ရှိသေး၏။

တစ်လခွဲအတွင်း ကျန်းချန်က မူလဘူတ နယ်ပယ်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်သွားမည်ဟု မမျှော်လင့်ခဲ့ပေ။

ထို့အပြင် ကျန်းချန်၏ ခွန်အားသည် မူလဘူတအဆင့် ကျင့်ကြံသူ အများစုထက်ပင် ပို၍ အားကောင်းနေခဲ့သည်။

သူ ဖိတ်ခေါ်လာခဲ့သည့် မူလဘူတအဆင့် ကျင့်ကြံသူပင် ကျန်းချန်၏ အုတ်ခဲ့ဖြင့် လွယ်လွယ်ကူကူ ရိုက်သတ်ခြင်းကို ခံလိုက်ရ၏။

"ဒီကမ္ဘာမှာ မဖြစ်နိုင်တာ မရှိဘူး"

"လင်းယွီ.. မင်းရဲ့ ခွေးအသက်ကို ငါကိုယ်တိုင် အဆုံးသတ်ပေးမယ်"

စကားဆုံးသည်နှင့် ကျန်းချန်၏ လက်သီးပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။

သူက လင်းယွီထံသို့ ပြင်းထန်သော လက်သီးချက်ကို ထိုးလွှတ်လိုက်၏။

ထိုမြင်ကွင်းကြောင့် လင်းယွီ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

သူက ကျန်းချန်၏ လက်သီးချက်ကို ကာကွယ်ရန် သူ၏ဓားဆန္ဒကို လျင်မြန်စွာ ထုတ်ဖော်လိုက်၏။

သို့သော် သူ၏ လက်ရှိ စွမ်းအားက ကျန်းချန်နဲ့ အဆင့်တူမှာ ရှိမနေပေ။

"ဝုန်း"

ထိုခဏမှာပင် သူ၏ ဓားဆန္ဒသည် ကျန်းချန်၏ လက်သီးချက်ဖြင့် ချိုးဖျက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကလည်း မီတာအနည်းငယ် အဝေးထိ လွင့်ထွက်သွားခဲ့၏။

"ဖူးး"

လင်းယွီက လေထဲကနေ ပြုတ်ကျလာပြီးနောက် သွေးတစ်လုတ်ကို အန်ထုလိုက်ရသည်။

"ကျန်း.. ကျန်းချန်.. ငါက လင်ယွင်ကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ.. အကြီးအကဲယန်ကလည်း စီရင်စုကိုးခုပြိုင်ပွဲမှာ ပါဝင်ဖို့ ငါ့ကို လိုအပ်နေတယ်"

"မင်း ငါ့ကို သတ်လို့မဖြစ်ဘူး...မင်း ငါ့ကို သတ်ရင် အကြီးအကဲယန်က မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

သတ်ဖြတ်လိုသော အမူအရာဖြင့် ချဉ်းကပ်လာသည့် ကျန်းချန်ကို ကြည့်ကာ လင်းယွီ၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

"ဟားဟား.. ရယ်စရာကောင်းလိုက်တာ.. ယန်စန်းမင် နာမည်ကို ထုတ်ပြောရင် ငါ မင်းကို မသတ်ရဲဘူးလို့ မင်းထင်နေတာလား"

"ယန်စန်းမင် ဒီမှာ မရှိတာကို မပြောနဲ့.. သူ ရှိနေရင်တောင် ငါ မင်းကို သတ်ဦးမှာပဲ"

"မင်းက လင်းမိသားစုဝင်တွေကို စန်းရှန်မြို့ဆီ ပြန်ခေါ်လာပြီး ကျန်းမိသားစုကို တိုက်ခိုက်တဲ့ အချိန်ကစလို့ ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး"

ကျန်းချန်က အေးစက်စက် အမူအရာဖြင့် မဲ့ပြုံးပြုံးလိုက်ပြီး ကောင်းကင်ခြေလှမ်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

သူ၏ ပုံရိပ်က လင်းယွီ၏ ဦးခေါင်းထက်တွင် ချက်ချင်း ပေါ်လာခဲ့ပြီး လင်းယွီ၏ ခေါင်းကို ဆောင့်နင်းချလိုက်၏။

အခန်း(၁၄၇) ပြီး၏

All Chapters