← Chapters

အခန်း (၁၄၈)

Vol. 10 Ch. 148

အခန်း (၁၄၈)

Vol. 10 Ch. 148

"မလုပ်ပါနဲ့"

သူ၏ ခေါင်းအထက်တွင် တစ္ဆေလို ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် လင်းယွီသည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

လင်းယွီ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် ကြောက်လန့်တုန်လှုပ်ခြင်း အမူအရာများ တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့၏။

လင်းယွီက မ, ဟူသော စကားလုံးကို ပြောလိုက်ရုံသာ ရှိသေးသည်။

ကျန်းချန်၏ ခြေဖဝါးက သူ့ခေါင်းပေါ်သို့ လေးလံစွာ ကျရောက်သွားခဲ့သည်။

"ဝုန်း"

ချက်ချင်းဆိုသလို ကျန်းချန်၏ ပြင်းထန်သော ဆောင့်နင်းချက်ကြောင့် လင်းယွီ ခြေထောက်အောက်ရှိ မာကျောသော ကျောက်ကြမ်းပြင်သည် သုံးမီတာနက်သည့် အပေါက်တစ်ခု ဖြစ်သွားခဲ့၏။

လင်းယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မရေမတွက်နိုင်သည့် ကျောက်ကြမ်းပြင် အပိုင်းအစများထဲတွင် နစ်မြုပ်သွားခဲ့သည်။

ကျန်းချန်က သူနှင့်အတူပါလာသည့် မူလဘူတအဆင့် ကျင့်ကြံသူကို အုတ်တစ်ချပ်ဖြင့် အရင်ဆုံး သတ်ပစ်ပြီးနောက် လင်းယွီကိုပါ ရက်ရက်စက်စက် သတ်ပစ်လိုက်သည်ကို တွေ့လိုက်ရလျှင် ဆံဖြူ အဘိုးကြီးသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။

သူက တခဏလေးပင် မတုံ့ဆိုင်းဝံ့ဘဲ အလျင်အမြန် ထွက်ပြေးရန် တစ်ဖက်သို့ လှည့်လိုက်၏။

"အဘိုးကြီး.. ရပ်လိုက်စမ်း"

"ငါတို့ ကျန်းမိသားစုရဲ့ နေရာက မင်း လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရတဲ့ နေရာ မှတ်နေလား"

ဆံဖြူ အဘိုးကြီး တစ်ဖက်သို့ လှည့်လိုက်သည့် အခိုက်မှာပင် ကျန်းချန်၏ အေးစက်စက်အသံသည် သူ့နားထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် သူ့ရှေ့တွင် ပေါ်လာသည်။

"ကျန်းချန်.. ငါ့ကို ထွက်သွားခွင့်ပေးပါ.. မင်းတို့ စန်းရှန်မြို့က ကိစ္စတွေကို ငါ ဘယ်တော့မှ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကတိပေးတယ်"

ဆံဖြူ အဘိုးကြီးက သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ကာ တောင်းဆိုလိုက်သည်။

"အဘိုးကြီး.. မင်းက လင်းယွီအတွက် ငါတို့ ကျန်းမိသားစုရဲ့ အကာအကွယ် အစီအရင်ကို ဖျက်ဆီးခဲ့တယ်.. ဟက်.. မင်းကြောင့် ကျန်းမိသားစုဝင်တွေ အားလုံး အသတ်ခံရလုနီးပါး ဖြစ်ခဲ့တာ မေ့နေပြီလား"

"အခုတော့ မင်းက ထွက်သွားခွင့်တောင်းနေတယ်.. ဒါက ဘယ်လိုလုပ် လွယ်ကူနိုင်မှာလဲ"

"ဒီနေ့ မင်းကို ငါ မသတ်ရင် သေဆုံးသွားတဲ့ ကျန်းမိသားစုက လူတွေကို ငါ ဘယ်လို မျက်နှာပြရမလဲ"

ကျန်းချန်က စကားဆုံးသည်နှင့် ဆံဖြူ အဘိုးကြီး၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။

ဆံဖြူအဘိုးကြီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ကျန်းချန်၏ လက်သီးကို ခုခံရန် ကာကွယ်ရေး အစီအရင်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်၏။

"ကျန်းချန်.. ငါဘယ်သူလဲဆိုတာ မင်းသိလား"

"ငါက ဂုဏ်သိက္ခာကြီးမားတဲ့ တတိယအဆင့် အစီအရင်သခင် ဖြစ်တဲ့အပြင် လင်ယွင် မြို့စားအိမ်တော်ရဲ့ အကြီးအကဲ ခယ့်ချင်ပဲ"

"ငါ့ရဲ့ ဆံပင်တစ်မွေးကို ထိခဲ့ရင်တောင် လင်ယွင်မြို့စားက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူးလို့ ငါပြောရဲတယ်"

ကျန်းချန်က သူ့ကို အမှန်တကယ် သတ်ချင်နေသည်ကို မြင်လျှင် ဆံဖြူ အဘိုးကြီးသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

သူက တတိယအဆင့် အစီအရင်သခင် ဖြစ်၍ သူ၏ ကာကွယ်ရေး အစီအရင်သည် မူလဘူတနယ်ပယ် အဆင့်၏ တိုက်ခိုက်မှုကို ခုခံရာတွင် အလွန်အားကောင်း၏။

သို့သော် သူ့ရှေ့မှ ကျန်းချန်သည် သာမန် မူလဘူတအဆင့် ကျင့်ကြံသူ မဟုတ်ပေ။

အုတ်ခဲ့ဖြင့်ပင် မူလဘူတအဆင့် ကျင့်ကြံသူကို သတ်နိုင်သည့် အားကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

သူ၏ တတိယအဆင့် ကာကွယ်ရေး အစီအရင်ဖြင့် ကျန်းချန်၏ အစွမ်းကုန် တိုက်ခိုက်မှုကို တားဆီးရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် အသက်ရှင်သန်ခွင့် ရရန်အတွက် ဆံဖြူ အဘိုးကြီးသည် သူ၏ အထောက်အထားကို ထုတ်ဖော်လိုက်ရခြင်းပင်။

"လင်းယွီက မူလဘူတအဆင့်ကျင့်ကြံသူနဲ့ တတိယအဆင့် အစီအရင်သခင်ကို ဘယ်နေရာကနေ ဖိတ်ခေါ်လာပါလိမ့်လို့ တွေးနေမိတာ.. လက်စသတ်တော့ လင်ယွင်မြို့စားအိမ်တော်က ဖြစ်နေတာကိုး"

ကျန်းချန်က ဆံဖြူအဘိုးကြီးကို ခပ်ထေ့ထေ့ ကြည့်လိုက်သည်။

သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

"ငါက လင်ယွင်မြို့စားအိမ်တော်က အကြီးအကဲ ခယ့်ချင်ပဲ"

"မင်း ငါ့ကို လွှတ်ပေးရင် အခုကစပြီး ကျန်းမိသားစုကို ဒုက္ခမပေးတော့ဘူးလို့ ငါ ကတိပေးတယ်"

"ဒီလိုမှမဟုတ်ဘဲ မင်းက ငါ့ကို မဖြစ်မနေ သတ်မယ်ဆိုရင်တော့ လင်ယွင်မြို့စားအိမ်တော်ကို စော်ကားလိုက်တာနဲ့ အတူတူပဲ...မင်းရဲ့ ကျန်းမိသားစုက ဘယ်လိုနည်းနဲ့မှ အသက်ရှင်ခွင့်ရတော့မှာ မဟုတ်ဘူး"

ထိုခဏတွင် ဆံဖြူအဘိုးကြီးသည် ကျန်းချန်က ဘာမှ လုပ်ဖို့ ရည်ရွယ်ချက် မရှိပုံရသည်ကို တွေ့လိုက်ရသည်။

ထိုအခါ ကျန်းချန်က သူ့ကို ကြောက်နေသည်ဟု ထင်ပြီး မောက်မာသော အမူအရာများ တစ်ဖန် ပြန်ပေါ်လာခဲ့၏။

"ဟက်... လင်ယွင်မြို့စားအိမ်တော်က ဘာမို့လို့လဲ.. အတော် ကြောက်စရာကောင်းနေလို့လား"

ကျန်းချန်က ဆံဖြူအဘိုးကြီး၏ စကားများကို ကြားသည့်အခါတွင် လှောင်ရယ်လိုက်သည်။

"ငါက လင်ယွင်မြို့စားရဲ့ သားကိုတောင် အနိုင်ကျင့်ရဲတာ.. မင်းလို သာမန် အကြီးအကဲ တစ်ယောက်ဆို ပြောမနေနဲ့တော့"

"ငါ့ရဲ့ ကျန်းမိသားစုကို ကျူးကျော်လာရင်တော့ ဘယ်သူမဆို ညှာတာမှုမရှိ သတ်ပစ်မယ်!"

"မင်းလို လင်ယွင်မြို့စားအိမ်တော်ရဲ့ အကြီးအကဲလေး မပြောနဲ့...ပိုင်ကျင်းထျန်း ကိုယ်တိုင် ရောက်လာပြီး ငါ့ ကျန်းမိသားစုကို စော်ကားရဲတောင် ငါ မသတ်ဘဲ နေမှာမဟုတ်ဘူး"

အခန်း(၁၄၈) ပြီး၏

All Chapters