← Chapters

ကျူးမိသားစုကို ဖုန့်ချန်းရောက်လာပြီ

Vol. 13 Ch. 170

ကျူးမိသားစုကို ဖုန့်ချန်းရောက်လာပြီ

Vol. 13 Ch. 170

ဖုန့်ချန်းနှင့် သူ့နောက်လိုက်များသည် ရှန်းလုံမြို့တော်သို့ ဝင်ရောက်လာလေပြီ။

ရှန်းလုံမြို့တော်မှာ သာမန်အရွယ်အစားမျှသာရှိပြီး ကျူးမိသားစုခြံဝန်းမှာလည်း သိပ်မကျယ်ဝန်းလှပေ။

ဖုန့်ချန်းသည် ကျူးမိသားစုစံအိမ်သို့ဦးတည်လျက် တည်ငြိမ်စွာလျှောက်လှမ်းသွားလိုက်သည်။ နောက်တွင် မိသားစုဝင်လေးယောက်လိုက်ပါလာပြီး တစ်ယောက်မှာ အကြီးအကဲဝေ့ဖြစ်၏။

အများစုမှာ ဂူအောင်းကျင့်ကြံနေကြပြီး အလုပ်ရှုပ်သူကလည်းရှုပ်နေကြသဖြင့် ဖုန့်ချန်းလူများများထပ်ခေါ်မနေတော့ပေ။

မည်သို့ပင်ဖြစ်စေ သူရောက်လာလျှင်ကို ကျူမိသားစုအတွက် ပြည့်စုံပါလေပြီ။

"မိသားစု‌ခေါင်းဆောင်ဖုန့်ချန်းကို ကျူးမိသားစုက ကြိုဆိုပါတယ်ခင်ဗျာ" အခမ်းအနားမှူးမှာ အသံကွဲလောက်သည်အထိ ‌အော်ဟစ်ကြိုဆိုတော့လေသည်။ အရေးကြီးသောဧည့်သည်တော်များကို သူတို့အားသီးသန့်စာရင်းပေးထားပြီးဖြစ်၍ ထိုအထဲမှ အရေးကြီးဆုံး အလေးစားအပ်ဆုံးမှာ ဖုန့်မိသားစုပင်။

သို့သော် မိုးပြာကောင်းကင်အင်ပါယာတစ်လွှားတွင် ဟုန်းဟုန်းတောက်နာမည်ကြီးနေသော ထိုစွမ်းအားရှင်အား နှုတ်ဆက်ရသည်ကို မည်သူကစိတ်မလှုပ်ရှားပဲနေပါ့မည်နည်း?

ထိုသူ့ကို စိတ်မကျေနပ်အောင်များလုပ်လိုက်မိလျှင် အသက်ပင်ဘယ်နားထွက်ရမှန်းမသိ ဖြစ်သွားနိုင်သည်။

ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်၏အကြီးအကဲများပင် ထိုလူ့ထက်ထဲတွင် အသက်ဆုံးရှုံးခဲ့ရပြီးလေပြီ။ သူလို ဘာကောင်မှမဟုတ်သော အခမ်းအနားမှူးက မကြောက်ဘဲဘယ်လိုလုပ်နေနိုင်အံ့နည်း?

ထို့ကြောင့် ဖုန့်ချန်းအား တတ်နိုင်သမျှအကောင်းဆုံးသော လေးစားမှုနှင့် နှုတ်ခွန်းဆက်စကားကို သူပြသခဲ့ပါသည်။

ဖုန့်ချန်းက ခေါင်းတစ်ချက်အသာဆတ်ပြကာ စူးရှသောမျက်လုံးများဖြင့် ခြံဝန်းထဲသို့ တစ်ချက်မျက်စိကစားလိုက်၏။ ဖုန့်ကျင်းရှို့ကိုတော့မမြင်မိသဖြင့် တစ်ခြားတစ်နေရာသို့ရောက်နေခြင်းဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

အစေခံများမှာ ဖုန့်မိသားစုအားကြိုဆိုရန် အလုပ်များလျက်ရှိကြပြီး ခြံဝန်းတစ်ခုလုံးလည်း စည်ကားသိုက်မြိုက်၍ သက်ဝင်လှုပ်ရှားလျက်ရှိကြသည်။ အစေခံများကြားတွင်း တီးတိုးစကားများဟုတ်ခနဲပျံ့နှံ့သွားပြီး သူတို့မိသားစုခေါင်းဆောင်ညွှန်ကြားထားသလို အကုန်ပြင်ဆင်လို့ပြီးသွားကြလေပြီ။

ကျယ်လောင်သော နှုတ်ခွန်းဆက်ကြိုဆိုသံကြောင့် စကားဝိုင်းများအားလုံးတိတ်ကျသွားပြီး ဖုန့်မိသားစုရောက်တာကို သတိမထားမိသေးသူများလည်း သိသွားရသည်။ "ဖုန့်မိသားစုခေါင်းဆောင်နဲ့ ဂုဏ်သရေရှိအကြီးအကဲများကို ကြိုဆိုပါတယ်" စကားလုံးများမှာ ခြံဝန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။

ဧည့်သည်တော်အပေါင်းမှာ သောက်ရန်ပြင်နေသော သေရည်ခွက်များကို တစ်ဝက်တစ်ပျက်ဆုပ်ကိုင်ထားလိုက်မိကြပြီး စကားဝိုင်းများလည်းရပ်ဆိုင်းသွားကာ အားလုံးတောင့်ခဲသွားကြတော့သည်။ "ဖုန့်မိသားစုဟုတ်လား ဖုန့်မိသားစုခေါင်းဆောင်ကိုယ်တိုင်ရောက်လာတာပေါ့" ဧည့်သည်တစ်ဦးက မယုံကြည်နိုင်စွာ ခပ်တိုးတိုးရေရွတ်လာ၏။ ဖုန့်မိသားစု၏ဂုဏ်သတင်းမှာ အတိတ်ကာလများနှင့်မတူတော့ကြောင်း သူတို့အားလုံးကောင်းစွာသိကြသည်ပင်။ အထူးသဖြင့် အရှေ့ပိုင်းစီရင်စုတွင်းမှာ မိသားစုများအတွက် အံ့သြဘနန်းဖြစ်ရပ်ပင်။

"ဖုန့်ချန်းရောက်လာတယ်တဲ့လား" နောက်တစ်ယောက် အသံတုန်တုန်ဖြင့် ရေရွတ်လာပြန်သည်။ "ကျူးမိသားစုက နောက်ခံကောင်းကောင်းတွေ့သွားတာများလား အဲ့ဒါကလည်း ဖုန့်မိသားစုတဲ့လား"

မျက်လုံးများမှာ အိမ်တော်ဝင်ပေါက်ထံသို့ ဦးတည်သွားကြသော် ရပ်နေကြသောလူတစ်စုကို မြင်လိုက်ကြရလေသည်။

"အဲ့ဒါသူလား ငယ်ငယ်လေးရှိသေးတာပဲနော်"

"ငယ်ငယ်လေးပါလား အရှေ့ပိုင်းစီရင်စုရဲ့ အင်အားအကြီးဆုံကျင့်ကြံသူဆိုတာ သူမဟုတ်လား"

"ငါကြားတာတော့ သူက ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်ကိုတောင် ရောက်ပြီးနေပြီတဲ့"

"ချောလိုက်တာဟယ်"

..........

ဧည့်သည်များမှာ မနေနိုင်တော့ဘဲ သူတို့ရှေ့ရှိ ထိုလူရွယ်မှာ ကျော်ကြားနေသောဖုန့်ချန်းဟုတ်မဟုတ် ဆွေးနွေးမေးခွန်းထုတ်လျက်ရှိကြတော့၏။

သူတို့ကြားထားသမျှ ကောလဟလထဲတွင်တော့ ဖုန့်ချန်းဆိုသည်မှာ သူ့ကိုထိပါးစော်ကားလာလျှင် မုန်တိုင်းဝိဉာဥ်နန်းတော်နှင့် ဆန်းကြယ်မီးတောက်ဂိုဏ်းမှ အကြီးအကဲများကိုပင် အပြစ်ပေးသတ်ဖြတ်ရန်ဝန်မလေးသော အညှာအတာမဲ့ကျင့်ကြံသူတစ်ဦးအဖြစ်သာ ပုံဖော်ထားခဲ့ကြသည်လေ။

မျက်စိရှေ့တွင်ရှိသော ငယ်ရွယ်ချောမောလှသည့်အမျိုးသားမှာ ကြားထားသမျှသတင်းတွေနှင့်ကွာခြားလှသဖြင့် ဇဝေဇဝါတော့ဖြစ်မိရသည်သာ။

သူတို့ထဲမှအများစုက ဖုန့်ချန်းကိုမြင်ပင်မမြင်ဖူးကြသည့်အပြင် သူတို့အားလုံးမှာလည်း ကောလဟလများကလွဲ၍ ဖုန့်ချန်းအကြောင်း နကန်းတစ်လုံးမှသိမထားကြသည်ပင်။

"အဲ့လိုလူက ဒီနေရာကိုဘာလို့လာမှာတဲ့လဲ" ထင်ကြေးများနှင့် မယုံကြည်ဟန်စကားများမှာ လူအုပ်ကြားပျံ့နှံ့နေလျက်။

ထိုအချိန်တွင် ခြံဝန်းထောင့်ရှိဝူကျန်းမှာ မျက်နှာတစ်ပြင်လုံးမည်းမှောင်နေလေပြီ။ "ဖုန့်ချန်း.." သူကတိုးတိုးလေးရေရွတ်လိုက်သည်။ ဒီညနေခင်းတွင် တစ်ချိန်လုံးခိုင်မာခဲ့သော သူ့ယုံကြည်မှုမှာ ပထမဆုံးအကြိမ်အဖြစ် ယိမ်းယိုင်သွားခဲ့ရလေပြီ။

ဝူမိသားစု၏ မိတ်ဆွေသင်္ဂဟများမှာလည်း တစ်ယောက်နှင့်တစ်‌ယောက်မျက်စပစ်လို့နေကြတော့သည်။ မာန်တက်နေဟန်မျက်နှာထားများမှာလည်း ပျောက်ကွယ်သွားရလေပြီ။ ကျူးရှန့်ရှန်းက ဖုန့်ချန်းလိုအာဏာကြီးသည့်ခေါင်းဆောင်မျိုးကို အရခေါ်နိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပါပေ။ အခုအချိန်တွင် သူတို့ဘယ်ဘက်နှင့်ပူးပေါင်းမည်ဆိုတာကို အတည်ပြုထားခြင်းမရှိသေးသော်ငြား ဖုန့်မိသားစုခေါင်းဆောင်ကိုယ်တိုင်ရောက်လာချိန်မှာတော့ သူတို့ဒုက္ခရောက်တော့မည်လားဟု စတင်စိုးရိမ်လာရတော့သည်။

လူအုပ်အလယ်တွင်ရပ်လျက်ရှိသော ကျူးရှန့်ရှန်းမှာမူ ဖုန့်ချန်းရောက်ရှိကြောင်းကြားသည်နှင့် ပြုံးရွှင်သွားတော့လေ၏။

(ဟားဟား ကြည့်ထားစမ်းပါဝူကျန်းရာ မင်းတစ်ယောက်တည်း‌နောက်ခံရှိတယ်ထင်နေလား ငါတို့ကျူးမိသားစုကလည်း အရှေ့ပိုင်းစီရင်စုရဲ့ အင်အားအကြီးဆုံးမိသားစုနဲ့ အဆက်အသွယ်ရှိနေတာကွ)

ကျူးရှန့်ရှန်းမှာ အစောကလေးလံနေခဲ့သော စိုးရိမ်ပူပန်မှုများအားလုံး စတင်လျော့ပါးလာသလို ခံစားနေရတော့သည်။

သူခါးကိုမတ်လိုက်ပြီး မျက်နှာထားကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းသိမ်းလိုက်သည်။ စိတ်လှုပ်ရှားမှုများ စိတ်လက်ပေါ့ပါးမှုများဖြင့် ရင်အစုံမှာလှိုက်ခုန်လျက်။ ဖုန့်ချန်းဆီသို့ရောက်သော် သူလေးစားသမှုဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ 4

"ဖုန့်မိသားစုခေါင်းဆောင်ကို ကျွန်တော်တို့ရဲ့နိမ့်ကျတဲ့အိမ်တော်ကနေ ဂုဏ်ယူစွာကြိုဆိုလိုက်ပါတယ်" အသံကတည်ငြိမ်ပေသည့် ရိုသေလေးစားမှုအပြည့်ဖြင့်ပင်။

ဖုန့်ချန်းကခေါင်းကိုအသာညွှတ်လျက် ကျူးရှန့်ရှန်းကို အကဲခတ်စစ်ဆေးလိုက်သည်။ "ဖိတ်ခေါ်ပေးတဲ့အတွက် ကျွန်တော်လည်းဝမ်းမြောက်မိပါတယ်" ဖုန့်ချန်းက တည်ငြိမ်စွာပင် ခွန်းတုံ့ပြန်လိုက်သည်။ အာဏာစက်တစ်မျိုးသက်ရောက်သော အသံငြိမ်ငြိမ်အောက်တွင် ပတ်ဝန်းကျင်မှတီးတိုးသံများ တိတ်ကျသွားရတော့၏။

အံ့သြမင်သက်စွာဖြင့် ငေးကြောင်ကြည့်နေကြသော ဧည့်သည်များကြားတွင် ကျူးရှန့်ရှန်းမှာ ဝံ့ကြွားပျော်မြူးလာတော့သည်။ ဤသည်မှာ ဖုန့်မိသားစု၏ဂုဏ်သိက္ခာပင်။

"ဒီလိုဂုဏ်သရေရှိပုဂ္ဂိုလ်မျိုးကို ဧည့်ခံကြိုဆိုရတဲ့ ကျူးမိသားစုကသာ ကံကောင်းတာပါခင်ဗျာ" ဖုန့်ချန်းကို‌ပြောသလိုလိုဖြင့် ဘေးကမင်းပရိတ်သတ်များကို သူဦးတည်ခနဲ့လိုက်သည်။ ဖုန့်ချန်း၏ရောက်ရှိလာမှုကပင် ဒီညနေ၏အာဏာစက်ကို ပြောင်းလဲပေးလိုက်နိုင်လေပြီ။

ဝူကျန်းမှာ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ထားသည်။ ဖုန့်မိသားစုမှသယ်‌ဆောင်လာသော ဂုဏ်သရေကို အမှီပြုလျက် ကျူးရှန့်ရှန်းတစ်ယောက်မာန်တက်နေသည်ကိုကြည့်ရင်း သူ့မေးကြောများပင်တင်းမာလာတော့သည်။ ဧည့်သည်တော်များမှာလည်း ကျူးမိသားစုအပေါ် သူတို့၏အမြင်များကို ပြန်လည်သုံးသပ်ရလေတော့၏။ ဝူမိသားစုနှင့် ပူးပေါင်းပြီးသားမဟာမိတ်များမှာလည်း သူတို့၏သစ္စာတရားကို ပြန်လည်မေးခွန်းထုတ်နေရလေပြီ။ အရှေ့ပိုင်းစီရင်စုတွင် တတိယမင်းသားဘယ်လောက်ထိလွှမ်းမိုးနိုင်ပါသည်ဆိုစေဦး၊ ဖုန့်မိသားစုကိုတော့မမီပေ။

ကျူးရှ့န်ရှန်းတစ်ယောက် ဖုန့်ချန်းကို အဓိကခန်းမကြီးထံ ဦးဆောင်ခေါ်သွားပြီးနောက် တီးတိုးသံများတစ်ဖန်ပျံ့လွင့်လာပြန်တော့သည်။ ဒီတစ်ခေါက်တွင်တော့ အံ့သြဘနန်းဆွေးနွေးမှုများဖြင့် ပြည့်လျှံနေတော့တာပင်။ ဖုန့်ချန်းသည်ကား ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်ပြီး ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကို အံတုရဲသည့် ၎င်း၏ရဲရင့်မှုသည်ကား အများစုကို လေးစားကြောက်ရွံ့စိတ်များ ဖြစ်တည်လာစေတော့၏။ ကျူးမိသားစုအတွက်တော့ ပွပေါက်ကြီးတိုးသည်ဟုပင် ဆိုရပေမည်။

ဖုန့်ချန်းသည် ကြာကြာစောင့်မနေတော့ဘဲ သူမေးလိုသည်ကိုသာ တိုက်ရိုက်မေးလိုက်တော့သည်။

"ကျူးမိသားစုခေါင်းဆာင် ဝမ်းကွဲအစ်မကျင်းရှို့ဘယ်မှာများလဲသိပါသလား"

ဖုန့်ချန်းမေးလိုက်သည်။ မွေးနေ့ပွဲအခမ်းအနားသို့လည်း တက်ရောက်မျက်နှာပြပေးပြီးဖြစ်သဖြင့် လာရင်းရည်ရွယ်ချက်ကိုတော့ အလွဲချော်မခံနိုင်ပါပေ။

"ရောက်လာမှာပါ ဖုန့်မိသားစုခေါင်းဆောင် ကျွန်တော်သူ့ကိုသတင်းပေးလိုက်ပါ့မယ်"

ချက်ချင်းပင် သူအနောက်သို့လှည့်ကာ အရန်သင့်စောင့်နေသောအစေခံတစ်ဦးထံ မှာကြားလိုက်သည်။

"ခြံဝန်းထဲကိုသွားပြီး မိန်းကလေးကျင်းရှို့ကိုရှာလိုက် ဖုန့်မိသားစုခေါင်းဆောင်ရောက်နေပြီး သူ့ကိုတွေ့ချင်နေတယ်လို့"

"ဟုတ်ကဲ့ မိသားစုခေါင်းဆောင်" အစေခံလည်း ဦးညွှတ်ကာ အမြန်ပြေးထွက်သွားလေတော့၏။

ကျူးရှန့်ရှန်းကတော့ ဖုန့်ချန်းနှင့်အဖွဲ့ကို အထူးပြင်ဆင်ထားသောထိုင်ခုံများထံသို့ ဦးတည်ခေါ်ဆောင်သွားလေတော့သည်။

ဖုန့်ချန်းက သူကြိုတွေးထားသလို မောက်မာမနေဘဲ သူ့ကိုလည်းရိုသေသမှုဖြင့်ဆက်ဆံသောကြောင့် သူအံ့သြရသလို ပီတိလည်းဖြစ်ရလေသည်။

ဖုန့်ချန်းကို စိတ်ထဲမှအကြိမ်ကြိမ်ချီးမွမ်းမိနေရင်း သူ့ကိုဒီလိုမျက်နှာသာပေးသည့်အတွက်လည် ကျေးဇူးတင်လို့မဆုံးနိုင်တော့ပါပေ။

All Chapters