← Chapters

ဇာတ်လိုက်ကတော့ ဇာတ်လိုက်ပါပဲ

Vol. 13 Ch. 179

ဇာတ်လိုက်ကတော့ ဇာတ်လိုက်ပါပဲ

Vol. 13 Ch. 179

ဖုန့်ကျန်းရှန်၏ ကျင့်ကြံဆင့်ချိုးဖျက်ခြင်းအခမ်းအနားမှာ စည်ကားသိုက်မြိုက်လှသည်မလွဲပေ။

ဖုန့်မိသားစုမှာ တွန့်တိုခြင်းအလျဥ်းမရှိ ရက်ရောစွာသုံးစွဲပေးပြီး ဖုန့်ချန်း၏သုံးဆယ်ပြည့်နှစ်မွေးနေ့နှင့် ယှဥ်စရာကိုပင်မရှိတော့အောင် ခမ်းနားလှသည်။ ထိုမွေးနေ့ပွဲအဆင်အယင်မှာ ယခုအချိန်တွင် သာမန်စုဝေးပွဲတစ်ခုလောက်သာပင်။

အဓိပ္ပာယ်ကတော့ ရှင်းပါ၏။ ဖုန့်မိသားစုက အရင်ကလိုမဟုတ်‌တော့ဘူးဟု ဆိုသတတ်။

ထိုအခမ်းအနား၏ရည်ရွယ်ချက်မှာ တစ်ခုတည်းတော့မကပေ။ ဖုန့်မိသားစု၏လက်ရှိအာဏာနှင့် လွှမ်းမိုးမှုကို ထုတ်ဖော်ပြသခြင်းလည်းမည်၏။

များစွာသော မိသားစုများ၊ ဂိုဏ်းဂဏများမှာ ကျင့်ကြံသူအဆင့်ဆင့်သည် အခမ်းအနားသို့စုံလင်စွာတက်ရောက်လာကြပြီး ချီးမွမ်းဂုဏ်ပြုလိုဟန်များ၊ မနာလိုအားကျဟန်များ အံ့သြဘနန်းဖြစ်ရမှုများဖြင့် အမူအရာမျိုးမျိုးပြောင်းနေရပေသည်။

တက်ရောက်သူများထဲတွင် အရှေ့ပိုင်းစီရင်စုတွင် ဖုန့်မိသားစုနှင့်အတူ အင်အားအကြီးဆုံးမိသားစုသုံးခုဟု သတ်မှတ်ခံထားရသည့် ယွမ်မိသားစုနှင့် ယွင်ဟိုင်မိသားစုလည်း ပါဝင်ပေသည်။

သူတို့၏အခမ်းအနားတက်ရောက်မှုမှာ အတော်လေးဂယက်ရိုက်သွားသေး၏။

ယွမ်မိသားစုနှင့် ယွင်ဟိုင်မိသားစုခေါင်းဆောင်နှစ်ဦးလုံးက သူတို့ပြိုင်ဘက်၏ဂုဏ်ပြုအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ချီးမြှင့်ကြလိမ့်မည်ဟု မည်သူကထင်ထားပါ့မည်နည်း?

အခမ်းအနားတွင်းမှာ သူတို့၏အပြုအမူများကို လူအပေါင်းကစောင့်ကြည့်အကဲဖြတ်နေကြပြီး ထိုမိသားစုသုံးခုမှာ မဟာမိတ်အဖြစ်ပူးပေါင်းကြတော့မည်ဟု ခန့်မှန်းလိုက်ကြတော့သည်။

မဟာမိတ်ဖြစ်နိုင်ချေကို ထပ်မံတွန်းတင်ပေးလိုက်တာကတော့ သူတို့ယူဆောင်လာသောတန်ဖိုးကြီးလက်ဆောင်ပစ္စည်းများပင်။ မိသားစုသုံးခုကြား နက်နဲခိုင်မာသောဆက်ဆံရေးတစ်ခုရှိနေလောက်မည်ဟု အားလုံးကတွက်ချက်လိုက်ကြသည်။

ထို့အပြင် အေးခဲမြူခိုးဂိုဏ်းမှာ အခမ်းအနားတက်ရောက်ရန် အကြီးအကဲနှစ်ဦးကို စေလွှတ်လိုက်သေး၏။

နာမည်ကြီး‌ရေခဲနတ်သမီးအလှပဂေလေးမဟုတ်သောကြောင့် လူအများစိတ်ပျက်လက်ပျက်ဖြစ်သွားရသော်ငြား ဘာပဲဖြစ်ဖြစ် မျက်ခုံးပင့်စပ်စုချင်စရာပင်။

အေးခဲမြူခိုးဂိုဏ်းက ဖုန့်မိသားစုပွဲကိုတက်ဖို့ အကြီးအကဲများပင်စေလွှတ်လိုက်သတဲ့လား? ဖုန့်မိသားစုနှင့် အေးခဲမြူခိုးဂိုဏ်းကြားက ဆက်ဆံရေးမှာလည်း အမှန်ကိုလေးနက်ခိုင်မာလှပုံပေါ်လေသည်။

ကျူးမိသားစုမှာလည်း ကျူးရှန့်ရှန်းကိုယ်တိုင်ဦးဆောင်ပြီး တက်ရောက်လို့လာသည်။ မကြာသေးခင်ကမှ ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့တက်လှမ်းသွားသော ကျူးမိသားစုခေါင်းဆောင်ပါပေ။

ဖုန့်ချန်းတစ်ယောက် ဂူအောင်းကျင့်ကြံနေစဥ် ကျူးရှန့်ရှန်းလည်းအဆင့်ချိုးဖျက်နိုင်သွားခြင်းဖြစ်၏။ ဖုန့်ချန်းကိုနှောင့်ယှက်ဖို့ရာထိ အရေးကြီးသည့်ကိစ္စမဟုတ်‌တာကြောင့် အကြီးအကဲဝေ့လည်း အသိပေးဖို့စိတ်မကူးတော့ဘဲ ကျူးမိသားစု၏ဂုဏ်ပြုအခမ်းအနားကို မိမိဘာသာသွားတက်လိုက်ခြင်းပင်ဖြစ်သည်။

တက်ရောက်လာသောဧည့်သည်တော်များ၏ အဆင့်အတန်းကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် ဖုန့်မိသားစု၏လွှမ်းမိုးနိုင်မှုကို ခန့်မှန်းလို့ရနိုင်ပါသည်။

အတိတ်ကာလများတုန်းကတော့ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးတွေ့ဖို့ကိုပင် ခက်ခဲခဲ့ဖူးသည်သာ။ ယခုတော့ ဤအခမ်းအနားတွင် အပြေးအလွှားတက်ရောက်လာကြသောမိသားစုအပေါင်း၏ ခေါင်း‌ဆောင်များမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများသာပင်။

ဂုဏ်ပြုပွဲအပြီးတွင် ဖုန့်ချန်းမှာ ဂူအောင်းကျင့်ကြံ‌ရေးသို့ ချက်ချင်းပြန်ဝင်မသွားသေးပေ။

အကြီးအကဲဝေ့ပြင်ဆင်ပေးထားသော တင်ပြချက်များကို သူဖတ်ရှုစစ်ဆေးရင်း မျိုးဆက်သစ်လူငယ်များကိုလည်း ကိုယ်တိုင်အနီးကပ်လေ့ကျင့်သင်ကြားပေးလိုက်သေးသည်။

ဖုန့်မိသားစု၏ အရင်းအမြစ်တိုးပွားလာမှုကြောင့် မိသားစုဝင်များမှာလည်း လျင်မြန်စွာတိုးတက်လာကြလေရာ အရင်တစ်နှစ်လောက်တုန်းက စိတ်ပင်မကူးရဲခဲ့သည့်အခြေအနေသို့‌‌ ရောက်ရှိနေလေပြီ။

ဖုန့်လျန်းနှင့်ဖုန့်ကျန်းဟောင်တို့နှစ်ဦးသားကတော့ သူတကာထက်ချွန်ထွက်လျက်ရှိပြီး အမြုတေဖွဲ့စည်းခြင်းထိပ်ပိုင်းအဆင့်သို့ ရောက်နေကြပြီဖြစ်၏။ ဒီတိုင်းဆက်သွားလျှင် သူတို့နှစ်ဦးဟာ ဖုန့်ယွင်နှင့်လင်းမေယုတို့ ထိပ်တိုက်တွေ့ရန်ချိန်းဆိုထားကြသည့် ဖီးနစ်နှင့်နဂါးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လို့ပင် ရလောက်မည့်ပုံပေါ်သည်။

ထိုအချိန်တွင် ဖုန့်ယွင်၊ ဖုန့်မေနှင့် ဖုန့်ရှောင်ယုတို့ထံမှာ တိုးတက်မှုသတင်းများလည်း သူလက်ခံရရှိလိုက်သည်။

ဖုန့်မေနှင့်ဖုန့်ရှောင်ယုတို့က အေးခဲမြူခိုးဂိုဏ်းတွင် တည်ငြိမ်စွာကျင့်ကြံရေးဝင်နေကြစဥ် ဖုန့်ယွင်၏ဇာတ်လမ်းကတော့ တစ်ဘာသာပင်။

ဖုန့်ယွင်၏နာမည်မှာ မိုးပြာကောင်းကင်အင်ပါယာတစ်လွှားတွင် တောမီးကဲ့သို့ပျံ့နှံ့လျက်ရှိပြီး သူ့စွမ်းဆောင်မှုတို့မှာလည်း လူတကာပါးစပ်ဖျားမှချမရသည့် ပုံပြင်ဇာတ်လမ်းများကဲ့သို့ ကျော်ကြားလျက်ရှိသည်။

ထိုအထဲမှာ နာမည်အကြီးဆုံးဇာတ်လမ်းများမှာ ကြက်သွေးရင့် အစွယ်ဓားပြများ၏ ကျရှုံးမှုပင်။ ထိုဓားပြများမှာ အနောက်ပိုင်းဒေသများတစ်လျှောက် နှစ်ပေါင်းများစွာ စီးနင်းအုပ်စိုးထားသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော လူကြမ်းကောင်များပင်။

ရုန့်ရင်းကြမ်းတမ်းသော အမြုတေဖွဲ့စည်းခြင်းထိပ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဦး ဦးဆောင်ပြီး မရေမတွက်နိုင်သော အနုကြမ်းစီးမှုများ၊ လူသတ်ပွဲများ၊ လူမဆန်သောနှိပ်စက်သတ်ဖြတ်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားလေသည်။

မကြာသေးခင်ကမှ ထိုဓားပြအုပ်စုသည် သူတို့ဒေသတွင်းလှည့်လှည်ခရီးသွားနေသော ကျင့်ကြံသူလူငယ်လေးတစ်ဦးကို မျက်စိကျနေသည်ဟု သတင်းကြားလိုက်ရသေးသည်။ ဖုန့်ယွင်မှလွဲ၍ တစ်ခြားမရှိနိုင်။

သို့သော် ဖုန့်ယွင်ကိုဖမ်းဆီးလိုက်နိုင်သည်ဟု သတင်းထွက်မလာပါဘဲ ထိုဓားပြအုပ်စုသာ ခြေရာလက်ရာပင်မကျန်အောင် ပျောက်ပျက်သွားခဲ့သည်သာ။

လှုပ်ရှားမှုဟူ၍လည်း တစ်ချက်မှမမြင်ရတော့သဖြင့် စုံစမ်းစစ်ဆေးရန်စေလွှတ်သောအခါမှသာ မှတ်မိနိုင်ဖို့ပင်ခက်ခဲလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သော ဓားပြအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြလေ၏။

ကြက်သွေးရင့် အစွယ်ဓားပြများ၏အစီအစဥ်များဖြင့် ရင်းနှီးပြီးသားလူများမှာ သိပ်မကြာလိုက်သောအချိန်အတွင်း သူတို့ကိုအမြစ်ပြတ်ရှင်းလင်းသွားသူမှာ သူတို့ပစ်မှတ်ထားခဲ့ကြသော ထိုကျင့်ကြံသူလူငယ်လေး ဖုန့်ယွင်ပင်ဖြစ်ရမည်ဟု ခန့်မှန်းရရှိလိုက်ကြ၏။

ထို့အပြင် အရှေ့ပိုင်းစီရင်စု စုဝေးပွဲအပြီးတွင် ဖုန့်ယွင်မှာဝိဉာဥ်မီးတောက်တစ်ခု ပိုင်ဆိုင်ထားကြောင်း မသိထားသူမရှိပါပေ။ (ဒဏ္ဍာရီလာမီးတောက်ဖြစ်ပေမယ့် ဝိဉာဥ်မီးတောက်ဟုသာ အထင်ရှိထားကြသည်)

သက်သေသာဓကများလည်း လုံလောက်နေပြီဖြစ်သဖြင့် ထိုကြက်သွေးရင့် အစွယ်ဓားပြများကို သုတ်သင်ရှင်းလင်းသွားသူမှာ ဖုန့်ယွင်ပင်ဖြစ်သည်ဟု အများကအတည်ပြလိုက်ကြသည်။

နောက်သတင်းများတွင်လည်း မင်းနေပြည်တော်အနီးရှိရွာတစ်ရွာတွင် ကျက်စားသောင်းကျန်းနေသောအဆင့်၄သားရဲတစ်ကောင်ကို ဖုန့်ယွင်အပြတ်ရှင်းလိုက်ကြောင်း ဖုန့်ချန်းကြားသိရပြန်သည်။

အရိပ်လက်သည်းမျောက်ဝံဟု လူသိများသောထိုသတ္တဝါမှာ စွမ်းအားကြီးမားရုံသာမက အသိဉာဏ်လည်းထက်မြက်သေး၏။

အင်အားကိုသာအသုံးပြုတတ်ကြသော အခြားအဆင့်၄သားရဲများနှင့်မတူညီစွာ အရိပ်လက်သည်းမျောက်ဝံကတော့ ဗျူဟာလည်းချတတ်သလို့ အန္တရာယ်ကိုလည်းအာရုံခံနိုင်သည်။

ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူ ဒါမှမဟုတ် အဲ့ထက်မြင့်သောကျင့်ကြံသူမျိုးဖြစ်ပါက ထိုမျောက်ဝံမှာ တောနက်ထဲသို့ချက်ချင်းပြေးဝင်ပျောက်ကွယ်သွားမည်ဖြစ်၏။

မုဆိုးများအုပ်စုဖွဲ့ပြီးလိုက်လျှင်လည်း ထိုသတ္တဝါမှာ ပုန်းကွယ်လျက်သာ စိတ်ရှည်ရှည်စောင့်ဆိုင်းတတ်ပြီး လူစုကွဲသွားမှ ဝင်တိုက်ခိုက်တတ်တာပင်။

ခရီးသည်များနှင့် ရွာသားများကို ပစ်မှတ်ထားတိုက်ခိုက်တတ်သောကြောင့် ထိုအနီးအနားရှိနေထိုင်သူများအဖို့တော့ ခြိမ်းခြောက်မှုတစ်ရပ်ပါပေ။

ကျင့်ကြံသူများနှင့် ကြေးစားအများအပြား လာရောက်ကြိုးစားပေးကြသော်လည်း လပေါင်းများစွာကြာသည်အထိ ထိုသတ္တဝါကို အမိဖမ်းနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ထိုကောက်ကျစ်၍သတိကြီးသောသတ္တဝါမှာ ဖုန့်ယွင်ကိုတော့ အထင်သေးမိသွားဟန်ပင်။

တစ်ကိုယ်တည်းလှည့်လည်သွားလာနေသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူခရီးသည်လေးမှာ ထိုသတ္တဝါအတွက်တော့ လွယ်ကူမည့်ပစ်မှတ်လေးတစ်ခု ဖြစ်သွားခဲ့ဟန်ပေါ်သည်။

ရွာသားများက ထိုမျောက်ဝံနှင့်ရင်မဆိုင်ရန် သူ့အားအတန်တန်သတိပေးကြသော်ငြား ဖုန့်ယွင်ကတော့ ကိုယ့်အရည်အချင်းကိုယ်ယုံကြည်စွာ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ဖုန့်ယွင်တစ်ယောက် မျောက်ဝံ၏အလောင်းကိုသယ်ထမ်းကာ ပြန်လာသောအခါတွင် အားလုံးလည်းအံ့သြဘနန်းဖြစ်သွားရတော့၏။

သူ့စွမ်းဆောင်မှုကြောင့် ရွာသားများအားလုံးငြိမ်းချမ်းစွာနေထိုင်ရပြီး သူ့ကိုလည်း လူစွမ်းကောင်းကဲ့သို့ မှတ်ယူချီးမွမ်းလာကြလေတော့သည်။ သေချာပေါက် ကောင်းချီးသတင်းများဟာလည်း အင်ပါယာတစ်လွှား ပျံ့နှံ့သွားလျက်ပေါ့။

ဖုန့်ချန်းကတော့ သတင်းများကိုကြားအပြီး မနေနိုင်စွာပြုံးလိုက်မိသည်။

"ယွင်အာကတော့ တကယ့်အဓိကဇာတ်ကောင်ပါပဲ" သူခပ်မြူးမြူးရေရွတ်လိုက်သည်။

ထိုသတင်းများကိုနားထောင်ပြီး ဖုန့်ယွင်အားဇာတ်လိုက်ဟုသိမြင်ထားသော ဖုန့်ချန်း၏အထင်မှာ ပိုလို့ခိုင်မာသွားရ၏။ ဖုန့်ယွင်မှာအမှန်တကယ်ကို ပြဿနာများအားဆွဲခေါ်နိုင်စွမ်းရှိသူပင်။ အစောကဖြစ်ခဲ့သမျှရန်ပွဲများအတွက်တော့ ဖုန့်ချန်းသူ့ကိုအပြစ်မတင်လိုပါချေ။ ဇာတ်လိုက်ဆိုသည်မှာ ပြဿနာများဖြင့်အမြဲတမ်းကြုံတွေ့နေရသော်ငြား အပြန်အလှန်အနေဖြင့် အကျိုးအမြတ်ကြီးကြီးရလေ့ရှိသည့်ပုဂ္ဂိုလ်မျိုးပါပေ။

မုန်တိုင်းတောင်ကြားမှာ သူချေမှုန်းခဲ့သောဓားပြအုပ်အကြောင်းပြန်တွေးရင်း ထိုအဖြစ်ကတော့ လူမသိသူမသိနစ်မြုပ်သွားသည့်အကြောင်း ဖုန့်ချန်းတွေးနေမိသည်။ သူနာမည်ကြီးကျော်ကြားမှုကိုမလိုချင်ပါ။ သို့သော် ဖုန့်ယွင်လုပ်သမျှက အများကြားတွင် မီးမောင်းထိုးခံရသကဲ့သို့ အမြဲထင်ရှားနေတတ်တာကိုတော့ သူသတိပြုမိသည်။

(ဒီအပိုင်းက ဇာတ်လိုက်ကို အရည်အချင်းထက်အောင်သွေးပေးနေတဲ့အပိုင်းပဲဖြစ်ရမယ်။ ကံကောင်းရင် မိန်းမလှလေးတွေကိုတောင် ကယ်တင်မိဦးမယ်ထင်တယ်။ သောက်ကျိုးနည်းဝတ္ထုနဲ့ သောက်ကျိုးနည်းဇာတ်လိုက်ပဲဟေ့)

ဖုန့်ယွင်၏အောင်မြင်မှုသတင်းများကိုကြားအပြီး ဖုန့်ချန်းထိုသို့တွေးလိုက်မိလေသည်။

All Chapters