← Chapters

တောင်ပိုင်းမင်းလီမီး

Vol. 127 Ch. 1891

တောင်ပိုင်းမင်းလီမီး

Vol. 127 Ch. 1891

ဆူဇီမိုသည် အသူရာချောက်နက်ထဲရှိပြန်လည်ရောက်ရှိလာသောအခါ သူက ခဏမျှ မှင်တက်သွား၏။ သူသည် သူ့ရှေ့မှာရှိသော မြင်ကွင်းကိုကြည့်ပြီး အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွား၏။

အစက ဤနေရာမှာရှိနေခဲ့သော ဧရာမဦးချိုနဂါးအလောင်းသည် ကြီးမားစွာပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ရွှေရောင်ကြေးခွံများကကွာကျသွားပြီး ၎င်း၏ အသားများက အလျင်အမြန်ညှိုးခြောက်ကာ စတင်၍ ပုပ်သိုးဆွေးရိလာ၏။

သိပ်မကြာခင် ဦးချိုနဂါးအလောင်းသည် စကာပေါက်ဖြစ်သွားပြီး စောစောက ပကတိအင်မော်တယ်သုံးယောက်နှင့်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာလို တူညီသော ခမ်းနားထည်ဝါမှု မရှိတော့ပေ။

“အာ့....”

ဆူဇီမိုက ညင်သာစွာသက်ပြင်းချ၍ ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်သွား၏။

သူ့ရှေ့မှဦးချိုနဂါးကဲ့သို့ အလွန်တရာသန်မာသော တစ်စုံတစ်ယောက်ပင်လျှင် အချိန်၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိပေ။

ဤဦးချိုနဂါးသည် အစက ဤနေရာရှိ တောင်ကြောရိုးများအောက်မှာ ချိပ်ပိတ်ခံထားရပြီး နေ့အလင်းရောင်နှင့် ထိတွေ့ရခြင်း မရှိပေ။ ပြင်ပတစ်စုံတစ်ရာ၏ ဟန့်တားနှောင့်ယှက်မှုမရှိဘဲ ၎င်း၏ အလောင်းက အကောင်းတိုင်းကျန်ရှိနေခဲ့၏။

အသူရာချောက်နက်ထဲမှာ ရှေးကျသောအလောင်းပေါင်းများစွာရှိလေသည်။

သူတို့က အပေါ်ယံမှာရှိလျှင် အကောင်းတိုင်းရှိနေသည့်ပုံပေါ်သော်လည်း ပြင်ပအားတစ်စုံတစ်ရာက ညင်သာစွာထိတွေ့လိုက်သည်နှင့် ထိုအလောင်းများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားမည်ဖြစ်၏။

ဤဦးချိုနဂါးသည် ဤနေရာကနေထွက်ခွာပြီးနောက် ၎င်း၏ နောက်ဆုံးလက်ကျန်ခွန်အားနှင့်အတူ ပကတိအင်မော်တယ်သုံးယောက်နှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည်ကပင် တကယ့်ကိုအံ့မခန်းဖြစ်နေခဲ့လေပြီ။

နှစ်နာရီခန့်ကြာပြီးနောက် ဦးချိုနဂါးသည် ကီလိုမီတာထောင်ချီဆန့်တန်းထားသော ရွှေရောင်ဖျော့ဖျော့အရိုးစုတစ်ခုကလွဲလျှင် ဘာမှမကျန်ရှိတော့ပေ။

ဆူဇီမိုက ဦးချိုနဂါးအလောင်းကို ဦးညွှတ်လိုက်၏။

ဤဦးချိုနဂါးကြောင့်သာ မဟုတ်လျှင် သူသည် ပကတိအင်မော်တယ်သုံးယောက်ကို အနိုင်ရရှိခဲ့လိမ့်မည်မဟုတ်ဘဲ သူ၏ တာအိုနှလုံးသားထဲရှိ ထိခိုက်ဒဏ်ရာများကလည်း အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းသွားလိမ့်မည် မဟုတ်ပေ။

ဤနေရာလွတ်ကြောင့်မဟုတ်လျှင် သူက ယခုအချိန်မှာ အသက်ရှင်နိုင်ချင်မှတောင် ရှင်နိုင်ပေလိမ့်မည်။

ခဏမျှငြိမ်သက်ပြီးနောက် ဆူဇီမိုက ရုတ်တရက်တစ်စုံတစ်ရာကို အမှတ်ရသွား၏။

ဤဦးချိုနဂါး၏ သန်မာပုံအရ ၎င်းက ရတနာများစွာကို ချန်ထားရစ်ခဲ့ပေလိမ့်မည်။

သူ့ရှေ့မှာရှိသော နေရာလွတ်ကို ဤဦးချိုနဂါးက ဖန်တီးခဲ့ခြင်းဖြစ်ပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင် ဤနေရာလွတ်ထဲမှာ ဦးချိုနဂါးချန်ထားရစ်ခဲ့သော တခြားရတနာများရှိနေနိုင်၏။

ထိုသို့အတွေးဖြင့် ဆူဇီမိုက စိတ်လှုပ်ရှားသွားပြီး နေရာလွတ်၏ အနက်ပိုင်းထဲသို့ လျှောက်လှမ်းလာ၏။

နေ့တစ်ဝက်နီးပါး လျှောက်လှမ်းပြီးနောက် များပြားလှစွာသော ရွှေရောင်နန်းတော်အဆောက်အအုံများက ရှေးကျ၍ ခမ်းနားထည်ဝါစွာဖြင့် သူ့ရှေ့မှာ ပေါ်ထွက်လာ၏။

နန်းတော်အဆောက်အအုံများသည်လည်း အချိန်၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ ယိုယွင်းပျက်စီးကာ အပျက်အစီးပုံဘဝသို့ ကျ​ရောက်နေပြီဖြစ်၏။

သို့သော်လည်း ဆူဇီမိုက စစ်ဆေးကြည့်ရှုဖို့အတွက် ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် သူက ရှေ့ကနေ သိပ်သည်းပြင်းထန်သော ခုခံမှုတစ်ခုကို ခံစားလိုက်ရ၏။

သူက မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သူက ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။

သူသည် စစ်ဆေးကြည့်ရှုဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုပင် အသုံးမပြုနိုင်ပေ။

“ထူးဆန်းတယ်”

ဆူဇီမိုက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

“ဒီနေရာလွတ်ထဲမှာ ကျင့်ကြံမှုအဆင့်ကန့်သတ်ချက်တစ်ခုများ ရှိနေသလား”

သူသည် ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရပြီးနောက် အဲ့ဒါကို ယာယီအားဖြင့် လက်လျှော့လိုက်၏။

သူ၏ အသိစိတ်ထဲမှာ စတုရန်းကြေးမီးဖိုသည် နတ်ဘုရားမိစ္ဆာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်၏ စွမ်းအားကို စုပ်ယူသန့်စင်နေဆဲ ဖြစ်၏။

အသူရာချောက်နက်ထဲမှာ ပြန့်ကျဲနေသော စိတ်ဝိညာဥ်ရတနာများစွာကို ဝါးမျိုပြီးနောက် မီးဖို၏ ဒုတိယမြောက်နံရံမှာ တစ်ဝက်က ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်၏။

ဤနှုန်းထားတိုင်းဆိုပါက နတ်ဘုရားမိစ္ဆာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်တစ်ခုလုံးကို စုပ်ယူသန့်စင်ပြီးနောက် မီးဖို၏ ဒုတိယမြောက်နံရံကို ပြန်လည်ပြုပြင်နိုင်ဖို့ အခွင့်များသည်။

တစ်ချိန်တည်းမှာပင် မီးဖို၏ ဒုတိယမြောက်နံရံပေါ်မှာ အသက်ဓာတ်အားအငွေ့အသက်တစ်ခုက ပေါ်ထွက်လာ၏။

ဤအခြေအနေသည် မီးဖို၏ ပထမနံရံပေါ်မှာ မိုးပြာနဂါးနိုးထလာခဲ့စဥ်ကနှင့် ဆင်​တူနေသည်။ သို့သော်လည်း ထိုသက်ရှိနှစ်မျိုး၏ အော်ရာများက လုံးဝကို ဆန့်ကျင်ကွဲလွဲနေ၏။

အတိအကျဆိုရလျှင် မီးဖို၏ ဒုတိယမြောက်နံရံပေါ်ရှိ အသက်ဓာတ်အားက တစ်မူထူးခြားသော အပူလှိုင်းတစ်ခုကို သယ်ဆောင်ထား၏။

ဆူဇီမိုက ကျင့်ကြံဖို့အတွက် ဤနေရာလွတ်မှာပါဝင်သော ကောင်းကင်နှင့်မြေကြီး အမြုတေချီသည် နဂါးအသူရာချောက်နက်ကြယ်ထက် ပို၍အားမနည်းပေ။

ဒါအပြင် ဤနေရာမှာကျင့်ကြံရသည်မှာ မည်သည့်အန္တရာယ်မှ မရှိပေ။

ပကတိအင်မော်တယ်သုံးပါးပင်လျှင် ဤနေရာလွတ်၏ တည်ရှိမှုကို ရှာမတွေ့နိုင်ခဲ့ပေ။

ဤနေရာက ကျင့်ကြံဖို့အတွက် ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက အစိမ်းရောင်ကျောက်တုံးတစ်တုံးရှာဖွေပြီး တင်ပျဥ်ခွေထိုင်ချလိုက်၏။

သူက အမြုတေစုဖွဲ့ဆေးလုံးများကို စတင်စားသုံးလိုက်ပြီး စတုရန်းကြေးမီးဖိုကို စောင့်ဆိုင်းရင်း ကျင့်ကြံနေလိုက်၏။

တစ်နှစ်ကြာပြီးနောက် သူ၏ အသိစိတ်ထဲမှာ စတုရန်းကြေးမီးဖိုက ညင်သာစွာတုန်ခါသွားပြီး ဆူဇီမိုက ကျင့်ကြံရာကနေ နိုးထလာခဲ့၏။ သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး စတုရန်းကြေးမီးဖိုကိုထုတ်ကာ အာရုံစိုက်၍ ကြည့်လိုက်၏။

စတုရန်းကြေးမီးဖို၏ ဒုတိယမြောက်နံရံက ပြီးပြည့်စုံစွာကောင်းမွန်သွားခဲ့လေပြီ။

အတွင်းဘက်နံရံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သက္ကတဘာသာစကားလုံးများကို အမှန်တကယ်ပင်မှတ်တမ်းတင်ထားပြီး အဲ့ဒါက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ ယခင်အပိုဒ်နှင့် လိုက်ဖက်ညီစွာ ဆက်စပ်နေ၏။

ဆူဇီမိုက အတွင်းဘက်နံရံပေါ်မှ စကားလုံးများကို ကြည့်လိုက်သည်။ ထိုသက္ကတစကားလုံးများက ရွှေရောင်အလင်းတန်းအသွင် ပြောင်းလဲပြီး သူ၏ နှာရောင်ထဲသို့ ဝင်ရောက်လာခဲ့၏။

ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်မှ သက္ကတဘာသာစကားတစ်လုံးချင်းစီတွင် အဆုံးမဲ့နိယာမနှင့် အသိဉာဏ်တို့ ပါဝင်နေ၏။

မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုသည် သူ၏ နားလည်ဆင်ခြင်မှုမှာ နစ်မျောသွားခဲ့၏။

သူတစ်ဖန်ပြန်လည်နိုးထလာသောအခါ နောက်တစ်နှစ်ကုန်ဆုံးသွားခဲ့လေပြီ။

ဆူဇီမိုက သက်ပြင်းရှည်တစ်ချက်ချလိုက်၏။

သူသည် အင်ကြင်းသစ်ရွက်ကို တစ်ခါက စုပ်ယူသန့်စင်ခဲ့ပြီး ဗုဒ္ဓဝါဒအပေါ်နက်ရှိုင်းသော အောင်မြင်ထွန်းပေါက်မှုနှင့်အတူ အလွန်တရာ အားကောင်းသော ထိုးထွင်းသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်လာခဲ့၏။ ထိုသို့ဆိုလျှင်တောင် တစ်နှစ်မှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ သက္ကတဘာသာစကားတစ်ဝက်ကိုသာ နားလည်ဆင်ခြင်နိုင်ခဲ့၏။

သူသည် ဤဗုဒ္ဓသုတ္တန်၏ နောက်ခံဇာစ်မြစ်ကို မသိရသေးပေ။

ဆူဇီမို၏ အကြည့်က စတုရန်းကြေးမီးဖို၏ အပြင်ဘက်နံရံပေါ်သို့ ရောက်ရှိသွား၏။

ပြန်လည်ကောင်းမွန်လာသော အပြင်ဘက်နံရံပေါ်တွင် ပုံသဏ္ဌာန်တစ်ခုကိုအမှန်တကယ်ပင် ထွင်းထုထား၏။

ထိုပုံသဏ္ဌာန်သည် မီးတောက်များဖြင့် လောင်ကျွမ်းနေသော မီးတောက်နီရောင်ငှက်တစ်ကောင်၏ ပုံစံဖြစ်၏။ ၎င်းက နတ်ဖီးနစ်နှင့်ဆင်တူသော်လည်း ၎င်းထုတ်ဖော်ထားသည့်အော်ရာက ပို၍ပင်ကြောက်စရာကောင်းနေ၏။

ပထမနံရံပေါ်တွင် ထွင်းထုထားသည်က အထွတ်အမြတ်တောကောင်လေးကောင်ထဲမှ တစ်ကောင်ဖြစ်သော မိုးပြာနဂါးဖြစ်နေသည့်အတွက် ဒုတိယမြောက်နံရံပေါ်ရှိ မီးတောက်နီရောင်ငှက်က နောက်ထပ်အထွတ်အမြတ်တောကောင် ဟင်္သပဒါးငှက် ဖြစ်ဖို့များလေသည်။

ရုတ်တရက်ဆိုသလို...။

မီးဖို၏ နံရံပေါ်ရှိ ဟင်္သပဒါးငှက်က ၎င်း၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး မီးတောက်နှစ်ခုက ဆူဇီမို၏ မျက်လုံးထဲသို့ ပစ်လွင့်လာခဲ့၏။

ချက်ချင်းပင် ဆူဇီမို၏ စိတ်ထဲမှာ လျှို့ဝှက်အတတ်တစ်ခုပေါ်ထွက်လာပြီး သူက အလိုလိုရွတ်ဆိုလိုက်၏။

“တောင်ပိုင်းမင်းလီမီး..”

(‘မင်းလီ’သည် ‘ဉာဏ်ပညာအလင်းဖြင့် ထွန်းလင်းတောက်ပခြင်း’ဟု အဓိပ္ပါယ်ရပါသည်။)

ဟင်္သပဒါးငှက်၏ မီးတောက်များက နတ်ဖီးနစ်နှင့် တဗူးဖုန့်ဟွမ်၏ မီးတောက်များထက်ပင် များစွာပိုမိုသန်မာနေ၏။

ဆူဇီမိုသည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်ကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း သူက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် သူ၏ နဂါးဖီးနစ်မျိုးဆက်သွေးကို ဆုံးရှုံးခဲ့ရ၏။ သူက နဂါးဖီးနစ်မီးတောက်များကိုလည်း ဆုံးရှုံးခဲ့ရပြီဟု အဓိပ္ပါယ်ရသည်။

သို့သော် ယခု... သူသည် နဂါးဖီးနစ်မီးတောက်များထက်ပင် ပို၍ကြောက်စရာကောင်းသော တောင်ပိုင်းမင်းလီမီးကို ရရှိလာခဲ့ပြီဖြစ်၏။

ဆူဇီမိုက ကျေနပ်နှစ်ခြိုက်သွား၏။

သူက ဆက်လက်ကျင့်ကြံခဲ့၏။ သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံဖို့အတွက် အမြုတေစုဖွဲ့ဆေးလုံးများကို စားသုံးပြီး တောင်ပိုင်းမင်းလီမီးလျှို့ဝှက်အတတ်ကိုပါ ဆက်လက်၍ နားလည်ဆင်ခြင်ခဲ့၏။

မသိလိုက်မသိဘာသာနှင့်ပင် သူသည် ဤအသူရာချောက်နက်ထဲသို့ ရောက်ရှိနေခဲ့သည်မှာ နှစ်နှစ်ဆယ်တိတိ ကြာသွားခဲ့လေပြီ။ အောင်ပွဲခံဖို့ထိုက်တန်သည့်အရာမှာ သူသည် ပြီးခဲ့သည့်နှစ်နှစ်ဆယ်အတွင်း ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ ထက်ဝက်ကျော်ကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီး တောင်ပိုင်းမင်းလီမီးလျှို့ဝှက်အတတ်ကိုလည်းအောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်းပင်ဖြစ်၏။

သို့သော်လည်း ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က ဖြည်းဖြည်းချင်းသာ တိုးတက်လာခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သန်မာသော်လည်း ၎င်းကြီးပြင်းဖို့အတွက်လိုအပ်သည့် ကောင်းကင်နှင့်မြေကြီးအမြုတေချီက အခြားသောသာမန်ကျင့်ကြံသူများလိုအပ်သည်ထက် များစွာပိုမိုလွန်ကဲနေ၏။

နှစ်နှစ်ဆယ်မှာ ဆူဇီမိုသည် အမြုတေစုဖွဲ့ဆေးလုံး နှစ်သန်းနီးပါးကို စားသုံးခဲ့၏။

သို့သော်လည်း သူသည် တစ်ဆို့မှုအဟန့်အတားတစ်ခုနှင့် ကြုံတွေ့နေရသည့်အလား သူ၏ ကျင့်ကြံမှုက များစွာတိုးတက်မလာခဲ့ပေ။

“ငါက အဆင့်-၆ မဟူရာအမြုတေနယ်ပယ်မှာပဲ ရှိနေသေးတယ်... ကမ္ဘာမြေအမြုတေနယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့အတွက် အဆင့်သေးသုံးဆင့်ပဲဆိုပေမယ့် အဲ့ဒါက ရောက်ရှိဖို့အတွက် အရမ်းကိုဝေးကွာလွန်းသေးတဲ့ပုံပဲ”

ဆူဇီမိုက ကြိတ်၍သက်ပြင်းချလိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဆူဇီမိုအတွက် အကျိုးကျေးဇူးများစွာကို ဆောင်ကြဥ်းပေးခဲ့၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းသည် သူ၏ ကြီးပြင်းမှုကိုကန့်သတ်ထား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ကြီးပြင်းလာဖို့အတွက် အခြေအနေများက အလွန်တရာတင်းကျပ်ပြီး လိုအပ်သောကောင်းကင်နှင့်မြေကြီး အမြုတေချီကလည်း သာမန်ကျင့်ကြံသူများ စဥ်းစားနိုင်သည်ထက်များစွာကျော်လွန်နေ၏။

တကယ်တော့... သူက အမြုတေစုဖွဲ့ဆေးလုံးများကိုစားသုံးပြီး ဆက်လက်ကျင့်ကြံမည်ဆိုလျှင် ဆူဇီမိုသည် အဆင့်-၇ မဟူရာအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုရှိနေဆဲဖြစ်၏။

သို့သော်လည်း အဲ့ဒါက နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ ကြာကောင်းကြာသွားနိုင်၏။

နဂါးအသူရာချောက်နက်ကြယ်မှ ကျင့်ကြံသူများအတွက် နှစ်တစ်ထောင်မှာ သူတို့က အဆင့်သေးတစ်ဆင့်ကို ချိုးဖျက်တက်လှမ်းနိုင်မည်ဆိုလျှင် အဲ့ဒါကအလွန်တရာမြန်ဆန်နေခဲ့ပြီဖြစ်၏။

သို့သော်လည်း ဆူဇီမိုက ဤမျှအထိ စောင့်ဆိုင်းဖို့ စိတ်ရှည်ခြင်း မရှိပေ။

သူသည် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာပြီး တျဲယွဲ့နှင့် အမြန်ဆုံး တွေ့ဆုံနိုင်ဖို့အတွက် သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်ချင်နေ၏။

All Chapters