တဗူးဂမ္ဘီရကျင့်စဉ်
Vol. 127 Ch. 1892
ဆူဇီမိုသည် အနည်းငယ် မချင့်မရဲဖြစ်နေပြီး လောလောဆယ်မှာ သူ၏ ကျင့်ကြံမှုကို ရပ်နားကာ ဦးချိုနဂါးနှင့် ပကတိအင်မော်တယ်သုံးယောက်တို့ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်ကြည့်လိုက်၏။
ထိုတိုက်ပွဲကို မိုးပြာနဂါးတစ်ဦးတည်းနီးပါးက ဦးဆောင်သွားခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က များစွာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။
သို့သော်လည်း အဲဒါကို ကိုယ်တိုင်တွေ့ကြုံနေရသည့် ခံစားချက်က တကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်၏။
မိုးပြာနဂါး ပြသခဲ့သည့် တိုက်ခိုက်ရေး နည်းစနစ်များနှင့် သတ်ဖြတ်ခြင်း နည်းစနစ်များစွာသည် သူ၏ စိတ်ထဲမှာ စွဲထင်လာပုံရ၏။
တကယ်တော့ မိုးပြာနဂါး၏ တိုက်ခိုက်ရေး နည်းစနစ်များကို နဂါးတစ်ကောင်၏ ခန္ဓာကိုယ်ဖြင့်သာ ထုတ်ဖော်နိုင်မည် ဖြစ်၏။
ဆူဇီမိုက မိုးပြာနဂါး၏ တိုက်ခိုက်ရေး နည်းစနစ်များကို သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ထုတ်ဖော်ချင်သည်ဆိုလျှင် သူသည် ထိုကျင့်ကြံရေး နည်းစနစ်များကို အဆက်မပြတ် ပြုပြင်မွမ်းမံ၍ ကောက်နုတ်ကာ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် သင့်လျော်မည့် တိုက်ခိုက်ရေး နည်းစနစ်များအဖြစ် တဖြည်းဖြည်းချင်း အသွင်ပြောင်းလဲယူရမည်ဖြစ်၏။
အသူရာချောက်နက်၏ ဤနေရာလွတ်ထဲမှာ ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်၊ သူ၏ လက်ချောင်းများကို ကွေးညွှတ်လိုက်၊ သူ၏ ခန္ဓာကိုယ်ကို မကြာ မကြာ တွန့်ခါလိုက် လုပ်နေ၏။ သူက လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ဝင်ရောက်သွား၏။
ဆူဇီမိုသည် အလားအလာ၊ ပါရမီနှင့် စွမ်းရည်တို့ကို နားလည်ဆင်ခြင်နေ၏။
သူ့မှာ အစတုန်းက နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်တစ်ခု ရှိခဲ့ပြီး သူက နဂါးမျိုးနွယ်၏ အလေ့အထများနှင့် ပတ်သက်၍ စိမ်းသက်နေခြင်း မရှိပေ။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ တာအိုအမွေအနှစ်ကုန်းမြေမှာ သိုင်းတာအိုကိုလည်း တည်ထောင်ခဲ့၏။
ထိုအတွေ့အကြုံများက သူ၏ အဖိုးတန်ဆုံး ကြွယ်ဝမှုများ ဖြစ်၏။
ဆူဇီမိုသည် သူ၏ ကောက်ချက်ချ ထုတ်နုတ်ခြင်းမှာ နစ်မျောသွားပြီး အချိန်စီးဆင်းမှုကိုပင် မေ့လျော့သွား၏။
အတန်ကြာပြီးနောက် ဆူဇီမိုသည် ရုတ်တရက် မူးဝေလာသည်ဟု ခံစားလိုက်ရပြီး ဉာဏ်အလင်းပွင့်သွားသော အမူအရာတစ်ခုနှင့်အတူ သူ၏ ကောက်ချက်ချ ထုတ်နုတ်နေသည့် အခြေအနေကနေ နိုးထလာခဲ့၏။
မသိလိုက် မသိဘာသာနှင့်ပင် တစ်နေ့တာက ကုန်ဆုံးသွားခဲ့၏။
ပြီးခဲ့သည့် တစ်နှစ်အတွင်း ကောက်ချက်ချ ထုတ်နုတ်နေသည့် အချိန်အတောအတွင်းမှာ သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် အားအင်ကြီးမားစွာ ကုန်ခမ်းစေခဲ့၏။
ဖန်တီးခြင်းကြာခုံ၏ အားဖြည့်ပေးမှုနှင့်ပင်လျှင် သူ၏ အမြုတေစိတ်ဝိညာဉ်သည် အဲဒါကို ခံနိုင်ရည် မရှိတော့ဘဲ အလွန်တရာ အားနည်းလာပြီး သတိလစ်မတတ် ဖြစ်ခဲ့ရ၏။
တကယ်တော့ သူသည် ပြီးခဲ့သည့် နှစ်အတွင်း ကောက်ချက်ချ ထုတ်နုတ်မှုကနေ အကျိုးအမြတ် ကြီးမားစွာ ရရှိခဲ့၏။
“ဂါး….”
ရုတ်တရက် ဆူဇီမိုက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။
လောကက အနည်းငယ် တုန်ခါသွားပြီး ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးကြီးများက နဂါးဟိန်းဟောက်သံကို ခံနိုင်ရည် မရှိဘဲ တစ်ခုပြီးတစ်ခု ကြေမွသွား၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်မှာသာ ရှိနေသေးသော်လည်း ထိုနဂါးဟိန်းဟောက်သံမှာ ပါဝင်သည့် စွမ်းအားက သူ၏ ယခင် နဂါးဖီးနစ်ဟိန်းဟောက်သံထက်ပင် ပို၍ သန်မာပြီး ပို၍ ခမ်းနားထည်ဝါနေ၏။
ဆူဇီမိုသည် မိုးပြာနဂါးနှင့် နဂါးဖီးနစ်၏ နည်းစနစ်များကနေ ထွက်ပေါ်လာသည့် ခွန်အားကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းပြီး ဤနဂါးဟိန်းသံ လျှို့ဝှက်အတတ်အဖြစ် အသွင်ပြောင်းလဲယူနိုင်ခဲ့၏။
ပြီးခဲ့သည့် တစ်နှစ်အတွင်း သူ၏ ရရှိအောင်မြင်မှုက ထိုမျှသာ မကပေ။
ရုတ်တရက် ဆူဇီမိုက တျဲယွဲ့အကြောင်းကို တွေးမိသွား၏။ အရင်တုန်းက တျဲယွဲ့ ချန်ထားပေးခဲ့သည့် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုး ဂမ္ဘီရကျင့်စဉ်သည် သူ့လိုမျိုး မော်တယ်တစ်ယောက် ကျင့်ကြံနိုင်မည့် ကျင့်ကြံရေး နည်းစနစ်တစ်ခုအဖြစ် နောက်ဆုံးမှာ ဆင့်ကဲအသွင်ပြောင်းလဲလာဖို့အတွက် သူမက မရေမတွက်နိုင်သော ကောက်ချက်ချ ထုတ်နုတ်မှုများကို ပြုလုပ်ခဲ့ရပေမည်။
တျဲယွဲ့သည် အဲဒါအပေါ် အားထုတ်မှုနှင့် စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရပေမည်။
ပြီးခဲ့သည့် နှစ်အတွင်း ဆူဇီမိုသည် ကောက်ချက်ချ ထုတ်နုတ်နေသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခဲ့၏။ သူက ကျင့်ကြံခြင်း မရှိဘဲ သူ၏ ကျင့်ကြံမှုနယ်ပယ်က လုံးဝ တိုးတက်မလာခဲ့ပေ။
သူသည် သူ၏ သိုလှောင်အိတ်ထဲကနေ အမြုတေစုဖွဲ့ဆေးလုံး အချို့ကို ထုတ်ယူပြီး ဆက်လက်ကျင့်ကြံဖို့အတွက် ပြင်ဆင်လိုက်၏။
သူ၏ စိတ်ဝိညာဉ်အသိစိတ်က သူ၏ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသောအခါ သူက ရုတ်တရက် ထောင့်တစ်နေရာမှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို တွေ့မြင်လိုက်ရ၏။
အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများမှာ ပါဝင်သော ကောင်းကင်နှင့်မြေကြီး အမြုတေချီက အလွန်တရာ သန့်စင်ပြီး ပေါကြွယ်ဝသည်။
အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး၏ တန်ဖိုးက အမြုတေစုဖွဲ့ဆေးလုံး တစ်သောင်းနှင့် ညီမျှ၏။
”ငါက အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲက စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံမှုက သေချာပေါက် ခုန်ပေါက်ပြီး တိုးလာမှာပဲ”
အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး ဆူဇီမိုက လက်ထဲမှာ သာမန်ကာလျှံကာ ချိန်ဆကာ တီးတိုးရေရွတ်လိုက်၏။
တကယ်တော့ မဟူရာအင်မော်တယ်များသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို မစုပ်ယူနိုင်ဘူးဆိုတာ သူသိထား၏။
ပထမတစ်ချက်.. မဟူရာအင်မော်တယ်နယ်ပယ်က လုံလောက်အောင် မြင့်မားခြင်း မရှိပေ။
အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်လာပြီးမှသာ ကျင့်ကြံဖို့အတွက် အသုံးချနိုင်မည်ဖြစ်၏။
ဒုတိယတစ်ချက်.. အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ အမြုတေချီက သန့်စင်သော်လည်း ၎င်းက အလွန်တရာ ပြင်းထန်အားကောင်းလေသည်။
မဟူရာအင်မော်တယ်တစ်ယောက်က ထိုအတွင်းမှာ ရှိသည့် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူမည်ဆိုလျှင် သူတို့၏ အသားနှင့် မရီးဒါန်များက အဲဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဘဲ သူတို့၏ ခန္ဓာကိုယ်များက နေရာမှာပင် ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ထိုအတွေးများက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာသော်လည်း သူက အဲဒါကို အတည်အတံ့ မှတ်ယူခြင်း မရှိပေ။
သူက အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးကို စားသုံးထားခါစဖြစ်ပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို စတင်၍ ကျင့်ကြံလိုက်၏။
ရုတ်တရက်ဆိုသလို..
ဆူဇီမိုသည် ဆတ်ခနဲ တုန်ယင်သွားပြီး ကြောင်တိကြောင်တောင် အမူအရာတစ်ခုနှင့်အတူ သူ၏ မျက်လုံးနှစ်ဖက်က ပွင့်လာခဲ့၏။
သူက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို လှည့်ပတ်လိုက်သည့် ခဏမှာပင် အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာခဲ့၏။
အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီ အမျှင်တစ်စသည် သူ၏ လက်ဖဝါးကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာခဲ့၏။
သူက ထင်ယောင်ထင်မှားဖြစ်နေမည်ကို စိုးရိမ်ပြီး ဆူဇီမိုက သူ၏ ကျင့်ကြံရေး နည်းစနစ်ကို နောက်တစ်ဖန် လှည့်ပတ်လိုက်၏။
အမြုတေစိတ်ဝိညာဉ်ကျောက်တုံးအတွင်းရှိ အမြုတေချီက တကယ်ပင် ဂနာမငြိမ် ထကြွလာခဲ့၏။
“အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူက အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်မှာသာ ရှိပြီး ပုံမှန်အခြေအနေမှာဆိုလျှင် သူသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ အမြုတေချီကို စုပ်ယူသန့်စင်နိုင်စရာ အကြောင်းမရှိပေ။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက တျဲယွဲ့ ပြောခဲ့သည့် တစ်စုံတစ်ရာကို အမှတ်ရသွား၏။
မဟူရာအမြုတေနယ်ပယ်မှာ ရှိသည့် ကျင့်ကြံသူများက အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ စွမ်းအားကို စုပ်ယူချင်သည်ဆိုလျှင် သူတို့သည် အထက်ဘုံလောက၏ တဗူးဂမ္ဘီရကျင့်စဉ်တချို့ကို ကျင့်ကြံထားရမည်ဖြစ်၏။
“ဒါဆို.. ရှေးဟောင်းမီးဖိုထဲက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က တဗူးဂမ္ဘီရကျင့်စဉ်တွေထဲက တစ်ခုဖြစ်နေမလား”
ဆူဇီမိုက တုန်လှုပ်သွားသော အမူအရာနှင့်အတူ သူ၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားသည်။
သူက အထီးကျန်ကုန်းမြေများမှာ တံခါးပိတ်ကျင့်ကြံခဲ့စဉ်က သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ အမြုတေချီကို စုပ်ယူနိုင်မလား ကြိုးစားခဲ့ဖူး၏။ သို့သော်လည်း အဲဒီမှာ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
သို့သော် ယခု သူ၏ ကျင့်ကြံမှုနယ်ပယ်က အရင်ကနှင့် အတူတူပင် ဖြစ်၏။ သူသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ စွမ်းအားကို စုပ်ယူနိုင်သည်မှာ သူက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ နောက်ထပ် အပိုင်းတစ်ပိုင်းကို ကျင့်ကြံလိုက်သောကြောင့်သာ ဖြစ်ရပေမည်။
ဒါဆို ထိုသုတ္တန်က အထက်ဘုံ၏ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု ဖြစ်နေမလား။
ထို့ကြောင့်ပင်လျှင် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ စွမ်းအားသည် အဆုံးစွန် ယင်ယန်စွမ်းအားကို ချိုးနှိမ်ပြီး နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်တို့ကို ပေါင်းစည်းပေးနိုင်ခဲ့ခြင်း ဖြစ်ပေမည်။
တျဲယွဲ့ ပြောပုံအရ တဗူးဂမ္ဘီရကျင့်စဉ်အချို့သည် ဒဏ္ဍာရီလာ အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားများနှင့် အတူယှဉ်တွဲရပ်တည်နိုင်၏။
ဆူဇီမိုသည် အဲဒါကို တွေးမိချိန်မှာ ကျေနပ်သဘောကျသွား၏။
သူက ကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို သန့်စင်နိုင်မည်ဆိုလျှင် သူသည် သူ့ရှေ့မှ အဟန့်အတားကို သေချာပေါက် ချိုးဖျက်ပြီး သူ၏ ကျင့်ကြံမှုက ခုန်ပေါက်၍ တိုးမြင့်လာပေတော့မည်။
သို့သော်လည်း ဝမ်းသာပျော်ရွှင်မှုအပြင် သူသည် စတုရန်းကြေးမီးဖိုအပေါ် စူးစမ်းလိုစိတ် ပိုတိုးလာခဲ့၏။
ဤရှေးဟောင်းမီးဖို၏ မူလဇာစ်မြစ်က ဘာဖြစ်မလဲ။ အပြင်ဘက်နံရံများပေါ်တွင် မိုးပြာနဂါးနှင့် ဟင်္သပဒါးငှက်ကို ထွင်းထုထားပြီး အတွင်းဘက် နံရံများမှာ ဗုဒ္ဓကျောင်းတော်များ၏ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကို ရေးထိုးထားသည်။
လောလောဆယ်မှာ သိချင်စိတ်ကို ခဏဘေးဖယ်ပြီး ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ သူ့လက်ထဲရှိ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးကို ဆုပ်ကိုင်၍ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို သူ၏ အစွမ်းကုန်ရှိသမျှနှင့် လှည့်ပတ်လိုက်၏။
သန့်စင်ကြွယ်ဝ၍ ပြင်းထန်အားကောင်းသော ကောင်းကင်နှင့်မြေကြီး အမြုတေချီစီးကြောင်းများက သူ၏ လက်ဖဝါးကနေတစ်ဆင့် ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် မရီးဒါန်များဆီသို့ ဖြန့်ကြက်သွား၏။
ဘန်း..
ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
ထိုစွမ်းအားက အရမ်းကို ကြောက်စရာကောင်းလွန်း၏။
ကောင်းကင်နှင့်မြေကြီး အမြုတေချီ အမျှင်များက ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှာ တုန်လှုပ်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည့်ပုံပင်။
ကံကောင်းထောက်မစွာပင် ဆူဇီမိုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်နေ၏။ အဲဒါက အခြားသော ခန္ဓာကိုယ်တစ်ခုသာဆိုလျှင် ၎င်းသည် ထိုစွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ပေါက်ကွဲထွက်သွားပေလိမ့်မည်။
တကယ်တော့ ဆူဇီမို မသိသည့် အချက်များ ရှိနေသေး၏။
အထက်ဘုံမှ အန္တိမပညာရှင်တချို့သည် တဗူးဂမ္ဘီရကျင့်စဉ်များကို ပိုင်ဆိုင်ထားပြီး သူတို့၏ အမွေခံတပည့်များကို ပြုစုပျိုးထောင်ပေးရမည်ဆိုလျှင်တောင် သူတို့သည် သူတို့၏ တပည့်ဂိုဏ်းသားများကို အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်မှာ ကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို စုပ်ယူခွင့်ပေးရဲလိမ့်မည် မဟုတ်ပေ။
စွန့်စားရမည့် အန္တရာယ်က အရမ်းကို ကြီးမားပြီး အဲဒီကနေ ရှင်သန်နိုင်မည့်သူက မရှိသလောက်နီးပါးပင်။
ဤအမွေခံတပည့်များတွင် သူတို့၏ အရွတ်များနှင့် အရိုးများကို မီးဆေးဖို့.. သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်မွမ်းမံဖို့နှင့် သူတို့၏ ခြင်ဆီများကို ရှင်းလင်းဖို့အတွက် မရေမတွက်နိုင်သော ရတနာများ၊ ဆေးလုံးများနှင့် အင်မော်တယ်ဆေးပင်များ ရှိကြလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့သည် အဆင့်ကိုး မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိလာပြီး အဆင့်ချိုးဖျက်တက်လှမ်းတော့မည့်ဆဲဆဲ အချိန်မှသာ သူတို့သည် ကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ သူတို့၏ စီနီယာများ၏ စောင့်ကြည့်မှုအောက်တွင် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ တက်လှမ်းမည်ဖြစ်၏။
ဆူဇီမိုက နာကျင်နေသော အမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်၍ အနည်းငယ် တုန်ယင်နေ၏။
အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ အမြုတေချီက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို သိပ်သည်းပြင်းထန်သော ပျက်စီးထိခိုက်မှု ဖြစ်စေ၏။
သို့သော်လည်း တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းက သူ၏ ဒဏ်ရာများကို အဆက်မပြတ် ကုသပေးနေ၏။
ထပ်တလဲလဲ ဖျက်ဆီးခံရခြင်းနှင့် ကုသခြင်းကြားမှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးထဲရှိ အမြုတေချီများအပေါ် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စုပ်ယူသန့်စင်မွမ်းမံမှုက ပြီးပြည့်စုံလုနီးပါး အာနိသင်တစ်ခုကို ရရှိလာခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အလျင်အမြန် ကြီးပြင်းလာနေ၏။
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကလည်း လေးလေးမှန်မှန် မြင့်တက်လာနေ၏။