မုန်တိုင်းတစ်ခုအစပျိုးခြင်း
Vol. 127 Ch. 1893
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး နဂါးအသူရာချောက်နက်ကြယ်ပေါ်တွင် ကြီးမားသောအပြောင်းအလဲတစ်ရပ် ပေါ်ထွက်ခဲ့သည်မှာ နှစ်သုံးဆယ်ကြာသွားခဲ့ပြီဖြစ်၏။
အဲ့ဒါသည် နဂါးအသူရာချောက်နက်ကြယ်မှာ မကြုံစဖူးအပြောင်းအလဲတစ်ရပ်ဖြစ်ပြီး ဤနေရာမှာရှိသောသက်ရှိများအားလုံးက ကြောက်ရွံ့တုန်လှုပ်ခဲ့ကြ၏။
အသူရာချောက်နက်ထဲရှိ အပြောင်းအလဲသည် အရင်ဆုံး ကမ္ဘာမြေအင်မော်တယ်များစွာကို ဆွဲဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ကောင်းကင်အင်မော်တယ်များပေါ်ထွက်လာခဲ့၏။
နောက်ဆုံးမှာတော့ ဒဏ္ဍာရီလာ ပကတိအင်မော်တယ်ပညာရှင်များပင်လျှင် ဆင်းသက်ရောက်ရှိလာခဲ့ပြီး ပေတစ်သိန်းရှည်လျားသော ရွှေရောင်နတ်နဂါးကြီးကို ရန်စခဲ့မိ၏။
ကြယ်တာရာကောင်းကင်ထဲမှ တိုက်ပွဲသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ သက်ရှိများအားလုံးကို လွန်မင်းစွာ တုန်လှုပ်စေခဲ့ပြီး သူတို့က အဲ့ဒါကို ဘယ်တော့မှာ မေ့ပျောက်တော့မည် မဟုတ်ပေ။
ဤတိုက်ပွဲသည် နးဂါးအသူရာချောက်နက်ကြယ်ပေါ် ကြီးမားသောရိုက်ခတ်မှုတစ်ခုလည်းဖြစ်ခဲ့၏။
အသူရာချောက်နက်ထဲမှာ သေဆုံးခဲ့ရသော မဟူရာအင်မော်တယ်များက များပြားလေသည်။
နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်ပင်လျှင် ထိုချောက်နက်ထဲမှာ သေဆုံးခဲ့ရသည်ဟုဆို၏။ ယခုအချိန်ထိကို ထိုအသူရာချောက်နက်သည် နဂါးအသူရာချောက်နက်ကြယ်၏ တားမြစ်ကုန်းမြေတစ်ခုဖြစ်လာခဲ့ပြီး မည်သူကမှ ထိုနေရာသို့ ခြေမချရဲကြတော့ပေ။
ကြီးမားသည့်တိုက်ပွဲအပြီး၌ များလှစွာသော ကမ္ဘာမြေနှင့်ကောင်းကင်အင်မော်တယ်များကလည်း ပြန်ထွက်ခွာသွားကြပြီဖြစ်၏။
သို့သော်လည်း နဂါးအသူရာချောက်နက်မြို့တော်မှ ကျင့်ကြံသူများနှင့်သက်ရှိများစွာက ယခုအချိန်ထိ ထိုနေရာသို့ မဆင်မခြင်သွားလာရဲခြင်း မရှိသေးပေ။
အဖွဲ့အစည်းကြီးရှစ်ခုဖြစ်စေ.... မဟာဓားပြလေးဖွဲ့ဖြစ်စေ သူတို့အားလုံးသည် ကပ်ဘေးတစ်ခုကျရောက်လာမည်ကို စိုးရိမ်၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြ၏။
ယခု... နှစ်သုံးဆယ်ကြာပြီးမှသာ နဂါးအသူရာချောက်နက်ကြယ်က တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာ၏။
ကျင့်ကြံသူများကြား တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများစွာကလည်း ပြန်လည်ပေါ်ထွက်လာပြီး အဖွဲ့အစည်းတချို့က လှုပ်ရှားမှုများ ပြန်လည်စတင်လာကြပြီဖြစ်၏။
. . . . .
တောင်ကြောရိုးတစ်ခုမှာ ရှေးကျသောသစ်ပင်များက စိမ်းလန်းစိုပြေစွာဖြင့် မားမားမတ်မတ်ရပ်တည်နေကြ၏။
ညအမှောင်၏ လွှမ်းခြုံမှုအောက်မှာ တောအုပ်သည် အစိမ်းဖျော့ဖျော့အလင်းတစ်ခုဖြင့် တောက်ပနေ၏။
၎င်းက အလွန်တရာကြောက်စရာကောင်းပြီး လေထုက ကြမ်းကြုတ်ခက်ထန်သောအော်ရာတစ်ခုနှင့် ပြည့်နှက်နေ၏။
“လေမီးတောက်... မင်းငါ့ကို ဘာလို့လာရှာတာလဲ”
ရုတ်တရက်အပေါ်ကနေ အသံတစ်သံထွက်ပေါ်လာ၏။
ရှေးဟောင်းသစ်ပင်တစ်ပင်၏ ထိပ်ဖျားရှိ သစ်ကိုင်းတစ်ခုပေါ်မှာ လူတစ်ယောက်က မတ်တတ်ရပ်နေ၏။
တောအုပ်၏ အနက်ပိုင်းထဲမှာ ကြီးမားသောအရိပ်တစ်ခုက တဖြည်းဖြည်းလျှောက်လှမ်းထွက်လာ၏။ အဲ့ဒါက ပေပေါင်းများစွာမြင့်မားသော ကြေးခွံနက်မိစ္ဆာဝံပုလွေတစ်ကောင်ဖြစ်၏။
ကြေးခွံနက်မိစ္ဆာဝံပုလွေ၏ ကျောပေါ်မှာ ကျင့်ကြံသူတစ်ယောက်က ထိုင်နေ၏။ အဲ့ဒါက နတ်ဆိုးဝုံပလွေတပ်ဖွဲ့၏ ပထမခေါင်းဆောင်... လေမီးတောက်ဖြစ်၏။
“စန်းယာ... လွန်ခဲ့တဲ့နှစ်လေးဆယ်တုန်းက သွေးသူရိယတောင်ကြားဖျက်ဆီးခံခဲ့ရတာ မင်းမေ့သွားပြီလား”
လေမီးတောက်က မေးလိုက်၏။
စန်းယာသည် သိမ်းငှက်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ တာအိုဘွဲ့ဖြစ်၏။
“ဟားဟား...”
စန်းယာက ရှေးဟောင်းသစ်ပင်ပေါ်မှာ မတ်တတ်ရပ်၍ ရယ်မောလိုက်၏။
“ဒီနှစ်တွေထဲမှာ မင်းတို့တွေက သွေးသူရိယတောင်ကြားနဲ့ အရမ်းကိုရင်းနှီးပြီးတော့ အလုပ်တွဲလုပ်ခဲ့ကြတာပဲ... ငါတို့သိမ်းငှက်ဂိုဏ်းကတော့ သွေးသူရိယတောင်ကြားနဲ့ ဘာမှမပတ်သက်ဘူး”
လေမီးတောက်က ပြောလိုက်၏။
“မင်းပြောတာမှန်တယ်... ဒါပေမဲ့ အရင်တုန်းက ကောင်းကင်ထောက်တိုင်ရဲတိုက်... လေတိမ်ဂိုဏ်းနဲ့ ဂုဏ်သိက္ခာစံအိမ်တို့ကို ဖျက်ဆီးခဲ့တုန်းက မင်းရောငါရော... အများကြီး ကူညီပေးခဲ့တယ်ဆိုတာကို မမေ့လိုက်နဲ့”
“အခု.... နှင်းလေတောင်ကြောရိုးရဲ့ ပိုင်နက်အရှင်က အဲ့ဒီတုန်းက အဖွဲ့အစည်းကြီးသုံးခုရဲ့ ရှင်သန်ကျန်ရစ်သူတစ်ယောက်ပဲ”
စန်းယာက အသံတိတ်သွား၏။
လေမီးတောက်က ဆက်ပြောလိုက်၏။
“အခုဆို.... နှင်းလေတောင်ကြောရိုးက သွေးသူရိယတောင်ကြားကို ဖျက်ဆီးဝါးမျိုပြီးတဲ့နောက် သူတို့ရဲ့ခွန်အားနဲ့ နာမည်ဂုဏ်သတင်းက အဆက်မပြတ်မြင့်တက်လာနေပြီ”
“နှင်းလေတောင်ကြောရိုးက ဒီထက်ပိုပြီး ကြီးထွားလာမယ်ဆိုရင် အရင်တုန်းက အဲ့ဒီရှင်သန်ကျန်ရစ်သူတွေက ငါတို့ကိုအလွတ်ပေးမယ်လို့ မင်းထင်လို့လား”
“ဟမ့်...”
စန်းယာကအေးစက်စွာ နှာတစ်ချက်မှုလိုက်၏။
“နှင်းလေတောင်ကြောရိုးက ဒီနေ့ဒီအချိန်မှာ နာမည်ကြီးလာတယ်ဆိုတာ... အဲ့ဒါက ရုတ်တရက်ပေါ်ထွက်လာတဲ့ ဆူဇီမိုဆိုတဲ့လူကြောင့်ပဲ”
“အခု... ဆူဇီမိုက အဲ့ဒီအသူရာချောက်နက်ထဲမှာ သေဆုံးသွားတာ နှစ်သုံးဆယ်ကြာသွားပြီ... နှင်းလေတောင်ကြောရိုးက ဘာများလုပ်နိုင်မှာလဲ”
လေမီးတောက်က ပြောလိုက်၏
“ငါ့အထင်တော့... နောက်ပိုင်းပြဿနာတွေကြီးထွားမလာအောင် နှင်းလေတောင်ကြောရိုးကို တတ်နိုင်သမျှမြန်မြန် ချေမှုန်းပစ်တာအကောင်းဆုံးပဲ... နောက်ပြီး နှင်းလေတောင်ကြောရိုးက သွေးသူရိယတောင်ကြားကို ဖျက်ဆီးပြီးတဲ့နောက် ကျင့်ကြံရေးအရင်းအမြစ်အတော်များများကို စုဆောင်းနိုင်ခဲ့တယ်”
“နှင်းလေတောင်ကြောရိုးကို ချေမှုန်းဖျက်ဆီးပြီးရင် ငါတို့က အဲ့ဒီကျင့်ကြံရေးအရင်းအမြစ်တွေကို အညီအမျှခွဲဝေယူလို့ရတယ်... အဲ့ဒါက ငါတို့တပ်ဖွဲ့နှစ်ဖွဲ့အတွက် နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံဖို့လုံလောက်တယ်... ငါတို့ရဲ့ခွန်အားကလည်း သိသိသာသာတိုးလာလိမ့်မယ်”
တောအုပ်ထဲကနေ နောက်ထပ်လူတစ်ယောက်က လျှောက်လှမ်းထွက်လာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့တပ်ဖွဲ့နှစ်ဖွဲ့က ပူးပေါင်းလိုက်တာနဲ့ ငါတို့က နှင်းလေတောင်ကြောရိုးကို ပြားကပ်သွားအောင် လုပ်လို့ရတယ်”
ထိုစကားကိုပြောလိုက်သောသူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်၏။
“အို... မင်းက အဆင့်-၈ မဟူရာအမြုတေနယ်ပယ်ထိ ရောက်လာခဲ့ပြီပဲ”
စန်းယာက ဒုတိယခေါင်းဆောင်ကို စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ရှုပြီး အနည်းငယ်အံ့အားသင့်သွား၏။
“ဂိုဏ်းချုပ်စန်းယာ... ခင်ဗျားက အမြင်အာရုံစူးရှသားပဲ”
ဒုတိယခေါင်းဆောင်က ညင်သာစွာပြုံးလိုက်၏။
“ဆူဇီမိုက အခုသေသွားပြီဆိုတဲ့အချက်ကို အသာထား သူအသက်ရှင်နေသေးတယ်ဆိုရင်တောင် ခင်ဗျားရဲ လက်ထောက်ဂိုဏ်းချုပ်အပါအဝင် ကျုပ်တို့အဆင့်၈-မဟူရာအင်မော်တယ်လေးယောက်က သူ့ကိုကောင်းကောင်းသတ်ဖြတ်နိုင်တယ်”
စန်းယာက နှုတ်ခမ်းစူ၍ ယုံကြည်ခိုင်မာစွာဖြင့် ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဖြစ်ရပ်မှာ ကမ္ဘာမြေအင်မော်တယ်တွေနဲ့ ကောင်းကင်အင်မော်တယ်တွေတောင် ချမ်းသာရာမရခဲ့ဘူး... သူ့လိုမျိုး အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ကတော့ သေချာပေါက် သေသွားလောက်ပြီ”
“သူအသက်ရှင်နေသေးတယ်ဆိုမှသာ အဲ့ဒါက ထူးဆန်းနေလိမ့်မယ်”
လေမီးတောက်က မေးလိုက်၏။
“အဲ့လိုဆိုရင်... မင်းသဘောတူလိုက်ပြီလား ညီကိုစန်းယာ”
စန်းယာက ခဏမျှစဥ်းစားတွေးတောပြီးနောက် ခေါင်းညိတ်လိုက်၏။
“ကိစ္စမရှိဘူး... နောက်ဆယ်ရက်နေရင် ငါတို့တပ်ဖွဲ့နှစ်ဖွဲ့က အတူပူးပေါင်းပြီးတော့ နှင်းလေတောင်ကြောရိုးကို ဖျက်ဆီးချေမှုန်းမယ်”
“ကောင်းပြီလေ”
လေမီးတောက်က ရယ်မောလိုက်၏။
........
နှင်းလေတောင်ကြောရိုးတွင်...။
အထက်ဘုံမှ ကျင့်ကြံသူများအတွက် နှစ်သုံးဆယ်ဆိုသည်မှာ တစ်ခဏသာဖြစ်၏။
ဤနှစ်များအတွင်း နှင်းလေတောင်ကြောရိုးမှ လူအရေအတွက်က အဆက်မပြတ်တိုးလာပြီး သူတို့၏ ခွန်အားက ခပ်မှန်မှန်မြင့်တက်လာနေသော်လည်း နှင်းလေတောင်ကြောရိုးမှ လူတိုင်း၏ ကျင့်ကြံမှုနယ်ပယ်က သိသိသာသာပြောင်းလဲသွားခြင်း မရှိပေ။
နှင်းလေတောင်ကြောရိုး၏ ပိုင်နက်အရှင် ယွဲ့ဟောက်က အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်နေသေး၏။
အကြီးမားဆုံး အပြောင်းအလဲမှာ ယွဲ့ဟောက်နှင့် ရှချင်းယင်က လက်ထပ်လိုက်ကြပြီဖြစ်ပြီး တာအိုလက်တွဲဖော်များဖြစ်လာကြ၏။
လွန်ခဲ့သည့်နှစ်လေးဆယ်က သွေးသူရိယတောင်ကြားကို ဖျက်ဆီးပြီးနောက် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်စိကျ၍ ခံစားချက်များရှိလာခဲ့၏။
သူတို့က ယခုတာအိုလက်တွဲဖော်များဖြစ်လာသည်မှာ သဘာဝကျလေသည်။
ခန်းမ၏ အပြင်ဘက်တွင် လေသံနှင့် နှင်းသံက အော်မြည်နေ၏။
ယွဲ့ဟောက်၏ အမူအရာကတည်ငြိမ်နေပြီး ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ကာ စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စနှင့်အတူ အပြင်ဘက်ရှိနှင်းများကို တိတ်တဆိတ်ငေးကြည့်နေ၏။
ပေါ့ပါးသောခြေသံက သူ့နောက်ဘက်ကနေ ထွက်ပေါ်လာ၏။
“ယောက်ျား... ရှင်ဘာကိုစိုးရိမ်နေတာလဲ”
ယွဲ့ဟောက်က အခက်တွေ့နေပုံရသည်ကို ရှချင်းယင်က ပြောနိုင်ပြီး သူ့ဘေးနားသို့ ရောက်ရှိလာကာ ညင်သာစွာ ပြောလိုက်၏။
ယွဲ့ဟောက်က ရှချင်းယင်ကို လှည့်၍ပြုံးပြလိုက်ပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။
“ရှင်က... တာအိုရောင်းရင်ဆူကို စိုးရိမ်နေတာလား”
ရှချင်းယင်က ထပ်မံ၍မေးပြီး သက်ပြင်းချလိုက်၏။
“ဒီလောက်ထိကြာပြီးတာတောင် တာအိုရောင်းရင်းဆူဆီကနေ ဘာသတင်းမှ ရောက်မလာဘူး... သူကတော့ သွားရှာပြီထင်တယ်”
“ညီကိုဆူက ငါ့ရဲ့အသက်သခင်ကျေးဇူးရှင်ပဲ... အရင်တုန်းက ငါသူ့ကိုရအောင်တားခဲ့သင့်တယ်... သူတစ်ယောက်တည်း စွန့်စားသွားလာမှာကို ငါခွင့်မပြုခဲ့သင့်ဘူး”
ယွဲ့ဟောက်က သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
“အဲ့ဒါရှင့်အမှားမဟုတ်ဘူး... တာအိုရောင်းရင်းဆူရဲ့ စိတ်နေစရိုက်အရဆို သူသွားချင်တယ်ဆိုရင် ဘယ်သူက သူ့ကိုတားနိုင်မှာလဲ”
ရှချင်းယင်က နှစ်သိမ့်ပေးလိုက်၏။
ယွဲ့ဟောက်ကပြောလိုက်၏။
“ဒီနှစ်တွေထဲမှာ နှင်းလေတောင်ကြောရိုးက ခပ်မှန်မှန်တိုးတက်လာပြီး ငါတို့ရဲ့ခွန်အားက အဆက်မပြတ်မြင့်တက်လာနေတယ်ဆိုပေမယ့် အဲ့ဒီမှာ ကြီးမားတဲ့အန္တရာယ်တစ်ခုအမြဲတမ်းရှိနေတယ်”
“နှင်းလေတောင်ကြောရိုးက သွေးသူရိယတောင်ကြားကို ဖျက်ဆီးပြီးတဲ့နောက် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ခြေကုပ်တစ်ခုရယူလာနိုင်ပြီး ပြီးခဲ့တဲ့နှစ်တွေထဲ ငါတို့ကို ဘယ်သူကမှ စိန်မခေါ်ကြဘူးဆိုတာ ညီကိုဆူရဲ့ ကျော်ကြားလှတဲ့ နာမည်ဂုဏ်သတင်းကြောင့်ပဲ”
“ညီကိုဆူရဲ့ကံကြမ္မာက ဘာမှန်းမသိရဘူး... နှင်းလေတောင်ကြောရိုးမှာက အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်လိုမျိး ထိပ်တန်းပညာရှင်တစ်ဦးလိုအပ်နေတယ်... မဖိတ်ခေါ်တဲ့ပြဿနာတွေ ရောက်လာတော့မှာကိုငါစိုးရိမ်တယ်”
ရှချင်းယင်က ပြုံးလိုက်၏။
“နှင်းလေတောင်ကြောရိုးမှာ ရှင်ရှိတာပဲ... ရှင်က ကြိုးကြိုးစားစားကျင့်ကြံပြီး အဆင့်-၈ မဟူရာအမြုတေနယ်ပယ်ကိုရောက်အောင် တတ်နိုင်သမျှမြန်မြန် ကြိုးစားပေါ့”
“ငါ့ရဲ့လက်ရှိကျင့်ကြံမှုအရဆို ငါကလုံလောက်တဲ့အရင်းအမြစ်တွေရှိမယ်ဆိုရင်တောင် အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ အနည်းဆုံးနှစ်တစ်ထောင်လောက်ကြာဦးမယ်”
နှင်းလေတောင်ကြောရိုးက အဲ့ဒီအချိန်ထိ တောင့်မခံနိုင်မှာကို ငါစိုးရိမ်မိတယ်”
“အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ရှချင်းယင်က ပြုံးပြလိုက်၏။
“ကျွန်မတို့က မကြာသေးခင်ကမှ ကျွန်မတို့ရဲ့အဖွဲ့အစည်းကို ပြန်တည်ဆောက်ထားတာပဲ... ကျွန်မတို့မှာ အဖွဲ့အစည်းကြီးတွေနဲလည်း ရန်ငြိုးရန်စမရှိဘူး... သူတို့က နှင်းလေတောင်ကြောရိုးကို အကြောင်းအရင်းမရှိဘဲ တိုက်ခိုက်လာလိမ့်မယ်လို့တော့ ကျွန်မမထင်ဘူး”
ယွဲ့ဟောက်က အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်ပြီး တိုးတိတ်စွာပြောလိုက်၏။
“ငါစိုးရိမ်နေတာက အဲ့ဒီအဖွဲ့အစည်းကြီးတွေ မဟုတ်ဘူး... ဟိုဓားပြအဖွဲ့နှစ်ဖွဲ့ပဲ”