ဝင်္ကပါ
Vol. 127 Ch. 1895
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင် လေမီးတောက်က သရော်တော်တော်အမူအရာတစ်ခုရှိနေပြီး အရပ်အမောင်းအမြင့်မားဆုံး ကြေးခွံနက်မိစ္ဆာဝံပုလွေကို စီးနင်းကာ တပ်သားများ၏ ရှေ့သို့ ခုန်တက်လိုက်၏။
ကြေးခွံနက်မိစ္ဆာဝံပုလွေသည် အရွယ်အစားအားဖြင့် ငွေဘီလူးကိုပင် ယှဥ်နိုင်လုနီးပါးဖြစ်၏။
အဲ့ဒါသည် ကြေးခွံနက်မိစ္ဆာဝံပုလွေများ၏ စံပြဝံပုလွေဖြစ်၏။
ငွေဘီလူးက ကောင်းမွန်သောအခြေအနေမှာရှိနေမည်ဆိုလျှင် စံပြဝုံပလွေက သူ့ကိုလိုက်မီချင်မှ လိုက်မီပေလိမ့်မည်။
သို့သော် ယခုအခါ ငွေဘီလူးက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူ၏ ခွန်အားက ဆုတ်ယုတ်နေ၏။ သိပ်မကြာခင် စံပြဝံပုလွေက သူ့ကို လိုက်မီလာခဲ့၏။
“ဝူး...”
ဝံပုလွေက အော်ဟစ်လိုက်ပြီး ကြမ်းကြုတ်ခက်ထန်စွာဖြင့် ရှေ့သို့ခုန်တက်ကာ ငွေဘီလူး၏ လည်ပင်းကို ကိုက်ချလိုက်၏။
သူ့နောက်ဘက်မှ တိုက်ခတ်လာသည့် ဆိုယုတ်လေပြင်းကို အာရုံခံမိသွားပြီး ငွေဘီလူးက လှည့်ကြည့်ခြင်းမရှိဘဲ စံပြဝံပုလွေကို လက်ပြန်ပစ်ထိုးလိုက်၏။
ဘန်း...
ငွေဘီလူး၏ လက်သီးက ဧရာမတူတစ်လက်ကဲ့သို့ဖြစ်ပြီး စံပြဝံပုလွေ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။
ထိုတိုက်ခိုက်မှုက အခြားသော သားရဲတောကောင်များ၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားမည်ဆိုလျှင် သူတို့၏ ဦးနှောက်ရည်များက စုတ်ပြဲ၍ နေရာမှာပင် သေဆုံးသွားပေလိမ့်မည်။
သို့သော်လည်း ဝံပုလွေများ၏ ဦးခေါင်းခွံက အမာကြောဆုံးဖြစ်၏။
ကြေးခွံနက်မိစ္ဆာဝံပုလွေများ၏ ဦးခေါင်းပေါ်တွင် အနက်ရောင်ကြေးခွံတစ်လွှာရှိပြီး သူတို့ကပို၍ပင် မာကြောခက်ထန်ကြသည်။
ငွေဘီလူး၏ လက်သီးက ကြေးခွံနက်မိစ္ဆာဝံပုလွေကို မူးဝေသွားစေရုံသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိစေခြင်း မရှိပေ။
“ကောင်စုတ်... မင်းသေချင်နေပြီပဲ”
လေမီးတောက်၏ အမူအရာက သုန်မှုန်သွားပြီး သူ့လက်ထဲရှိ ဆေဘာကိုကိုင်မြှောက်ကာ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ဆေဘာအလင်းက လေထုကိုဆုတ်ဖြဲ၍ ချက်ချင်းပင် ဆင်းသက်လာခဲ့၏။
ယွဲ့ဟောက်၊ ရှန်ဖေးနှင့် ကူဝမ်ကျွင်းတို့က တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ပြီး သူတို့၏ ဓမ္မရတနာများကို ဆင့်ခေါ်ထုတ်လိုက်၏။
သို့သော်လည်း လေမီးတောက်၏ ဆေဘာအလင်းဖြင့်ထိခတ်ချိန်မှာ သူတို့က လွင့်စင်ထွက်သွား၏။
သူတို့ကြားမှာ ကျင့်ကြံမှုအဆင့်တစ်ဆင့်သာကွာဟသော်လည်း ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။
“သတိထား”
ယွဲ့ဟောက်က အော်ဟစ်သတိပေးလိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။
ဆေဘာအလင်းက ယွဲ့ဟောက်နှင့် အခြားသူများ၏ ဓမ္မရတနာများကိုဆုတ်ဖြဲ၍ ခဏမျှရပ်တန့်ပြီးနောက် ငွေဘီလူး၏ ကျောပြင်ပေါ်သို့ ကျဆင်းသွား၏။
ဗြစ်...
လတ်ဆတ်သောသွေးများက ဖိတ်စင်ပြန့်ကျဲသွားပြီး ငွေရောင်အလင်းက ဖြာထွက်လာ၏။
ဒဏ်ရာက အရမ်းကိုကြီးမားနက်ရှိုင်းပြီး ငွေဘီလူး၏ ကျောတွင် အရိုးများကိုပင် တွေ့မြင်လာရ၏။ သူ၏ ဘယ်ဘက်ပခုံးကနေ ညာဘက်ခါးထိ ထောင့်ဖြတ် လှီးဖြတ်ခံလိုက်ရပြီး အဲ့ဒါက သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်ကျလုနီးပါးဖြစ်စေ၏။
ငွေဘီလူး၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏ ခြေထောက်များက ခွေယိုင်ကာ မြေပြင်ပေါ်မှာ ဒူးထောက်ကျလုနီးပါးဖြစ်သွားရ၏။
သူ့ကျောပေါ်ရှိဒဏ်ရာကနေ သွေးများက ယိုဆင်းလာပြီး စံပြဝုံပလွေနှင့် လေမီးတောက်၏ မျက်နှာများပေါ်သို့ ဖိတ်စင်ကျကာ ထိုလူနှင့် ဝံပုလွေကို ခဏမျှရပ်တန့်သွားစေ၏။
ငွေဘီလူးက နာကျင်စွာအော်ဟစ်ပြီး အခွင့်အလမ်းကိုချိန်ဆကာ ယွဲ့ဟောက်နှင့်အခြားနှစ်ယောက်ကို သယ်ဆောင်၍ ရှေ့သို့ပြေးတက်လိုက်၏။
နှင်းလေတောင်ကြောရိုးက သူတို့၏ ရှေ့တည့်တည့်မှာဖြစ်၏။
“ဂီး...”
ရုတ်တရက်ဆိုသလို...။
လေထဲကနေ စူးစူးရှရှ အော်သံတစ်သံထွက်ပေါ်လာ၏။
အဲ့ဒီနောက် ကြီးမားသောအရိပ်တစ်ခုက အုပ်မိုးကျဆင်လာပြီး ကြယ်ရောင်ကိုပိတ်ဆို့ကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။
ယွဲ့ဟောက်နှင့်အခြားနှစ်ယောက်က အလိုလိုမော့ကြည့်လိုက်ကြ၏။
လေထဲတွင်... ဧရာမသိမ်းငှက်တစ်ကောင်က ၎င်း၏ တောင်ပံများကိုခတ်ပြီး ငွေဘီလူးထံသို့ ထိုးဆင်းလာ၏။
သိမ်းငှက်၏ ကျောပေါ်မှာ လူတစ်ယောက်က ထိုင်နေ၏။
အဲ့ဒါက သိမ်းငှက်ဂိုဏ်း၏ ဂိုဏ်းချုပ် စန်းယာဖြစ်၏။
“မင်းတို့ရှင်သန်ကျန်ရစ်သူတွေက သေသွားသင့်တာကြာပြီ”
စန်းယာက လှောင်ရယ်လိုက်၏။
သိမ်းငှက်၏ အကြည့်က ထက်ရှပြီး အေးစက်စက်အလင်းတစ်ခုဖြင့် တောက်ပနေ၏။ ကြောက်စရာကောင်းလောက်အောင် ထက်ရှသည့် လက်သည်းတစ်စုံက ၎င်း၏ ဝမ်းဗိုက်အောက်မှာ ဆန့်တန်းထွက်ပေါ်လာပြီး ငွေဘီလူးကို သိပ်သည်းပြင်းထန်သော ခွန်အားနှင့်အတူ ကုတ်ဆွဲချလိုက်၏။
“မင်းတို့တွေအရင်သွားနှင့်ကြတော့”
ယွဲ့ဟောက်က အသံပြင်းပြင်းတစ်ချက်ရှိုက်ပြီး ငွေဘီလူးပေါ်ကနေ ခုန်ဆင်းလိုက်၏။ သူက အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ဆင့်ခေါ်ထုတ်ကာ သိမ်းငှက်ထံသို့ ထိုးညွှန်လိုက်၏။
“ငြိမ်သက်စမ်း”
သာမန်နတ်ဘုရားစွမ်းအား...ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်။
“ဘာမဟုတ်တဲ့လှည့်ကွက်နဲ့များ”
စန်းယာက လှောင်ရယ်လိုက်ပြီး သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းကာ ပြင်းထန်ကြမ်းတမ်းသော လေပြင်းတစ်ချက်ကို ဖန်တီးလိုက်၏။
သာမန်နတ်ဘုရားစွမ်းအား...လေထိန်းချုပ်ခြင်း...။
ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်က ဆင်းသက်လာသည့်ခဏမှာပင် ၎င်းသည် လေပြင်း၏ ရိုက်ခတ်မှုဖြင့် ပျက်ပြယ်သွားပြီး သိမ်းငှက်အပေါ် လုံးဝသက်ရောက်စေခြင်း မရှိပေ။
သိမ်းငှက်က အလွန်တရာမြန်ဆန်ပြီး ၎င်း၏ လက်သည်းများက ယွဲ့ဟောက်၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကုတ်ဆွဲချလိုက်၏။
ဖောက်....
ယွဲ့ဟောက်က ကြိုးစား၍ ရှောင်တိမ်းလိုက်သော်လည်း သူ၏ ဝမ်းဗိုက်က ထက်ရှသောလက်သည်းတစ်ဖက်ဖြင့် ထိုးဖောက်ခြင်းခံလိုက်ရဆဲ ဖြစ်၏။
ချက်ချင်းပင် သွေးများကပန်းထွက်လာခဲ့၏။
“ယောက်ျား...”
နာကျင်စူးရှသောအော်သံတစ်သံက နှင်းလေတောင်ကြောရိုးဘက်ကနေ ထွက်ပေါ်လာ၏။
ယွဲ့ဟောက်က အတတ်နိုင်ဆုံး ကြိုးစား၍လှည့်ကြည့်ပြီး အော်ပြောလိုက်၏။
“ငါ့ကိုအရေးမလုပ်နဲ့... ဝင်္ကပါကို အသက်သွင်းလိုက်တော့”
“ဝင်္ကပါလား”
လေထဲတွင် စန်းယာက အနည်းငယ်မှင်တက်သွား၏။
ထိုစဥ်မှာပင် ဧရာမလက်ဖဝါးတစ်ဖက်က ရောက်ရှိလာပြီး သိမ်းငှက်၏ ထက်ရှသောလက်သည်းချက်များကနေ ယွဲ့ဟောက်ကို အတင်းဝင်ရောက်ကယ်တင်လိုက်၏။
သူ၏ ဘယ်ဖက်ပခုံးက သိမ်းငှက်၏ ထက်ရှသောလက်သည်းများဖြင့် ဆုတ်ဖြဲခြင်းခံလိုက်ရ၏။
ငွေဘီးလူးသည် ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်ကို ကာကွယ်ပြီး နှင်းလေတောင်ကြောရိုးရှိရာဘက်သို့ ဆက်လက်ပြေးလွှားလိုက်၏။
နောက်ဆုံးမှာတော့...။
ငွေဘီလူးသည် ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်ကို နှင်းလေတောင်ကြောရိုးဘက်သို့ ပြန်ပို့ပြီး သွေးအိုင်ထဲသို့ လဲကျသွား၏။
သူ၏ နောက်ဘက်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ စစ်တပ်တစ်တပ်ရှိလေသည်။ သူတို့က သိပ်သည်းများပြားလွန်းပြီး ကျိုင်းကောင်အုပ်များကဲ့သို့ သိပ်သည်းများပြားသော အော်ရာတစ်ခုနှင့်အတူ အပြင်းအထန် ချီတက်လာကြ၏။
သူတို့က အယောက်တစ်သိန်းရှိသည်။
လေထဲမှာ လှည့်ပတ်သွားလာနေသော သိမ်းငှက်များကလည်း ရာနှင့်ချီရှိ၏။
အဲ့ဒါသည် သိမ်းငှက်ဂိုဏ်း၏ အထူးတပ်ဖွဲ့ဖြစ်လေသည်။
သူတို့က အရေအတွက် ရာချီသာရှိသော်လည်း သူတို့သည် သူတို့၏ သိမ်းငှက်များနှင့်အတူ လေထဲမှာ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေ၏။
နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများစွာသည် ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။
နှင်းလေတောင်ကြောရိုးသည် ဤနှစ်များအတွင်း လျင်မြန်စွာကြီးထွားလာသော်လည်း သူတို့၏ ပိုင်နက်နယ်မြေမှာ အစောင့်တပ်သားနှစ်သောင်းထက်ပိုမရှိပေ။
နှင်းလေတောင်ကြောရိုး၏ အစောင့်တပ်သားများက မဟာဓားပြနှစ်ဖွဲ့၏ အယောက်တစ်သိန်းပါ သန်မာသည့်စစ်တပ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
တကယ်ဆို... နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူအချို့သည် ကြောက်ရွံ့မှုဖြင့် ရှေ့သို့ပြေးထွက်ပြီး သနားညှာတာဖို့အတွက် တောင်းပန်နေကြပြီဖြစ်၏။
“မင်းတို့တွေရူးသွားကြပြီလား”
သွမ့်ထျန်လန်က အော်ဟစ်ကျိန်ဆဲလိုက်၏။
“ငါတို့ရင်ဆိုင်နေရတာက လူတွေကို ယင်ကောင်သတ်သလိုသတ်နေတဲ့ ဓားပြတွေပဲ... မင်းတို့က အခုချိန်မှာ သးနားညှာတာပေးဖို့ တောင်းပန်မယ်ဆိုရင်တောင် မင်းတို့က သေချာပေါက်သေရမှာပဲ”
သူ၏ စကားသံက ဆူညံပွက်လောရိုက်နေသော အသံများကြားမှာ နစ်မြုပ်သွား၏။
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်မှာ သူတို့၏ ဣန္ဒြေကိုထိန်းသိမ်းထားနိုင်သောသူက များစွာမရှိပေ။
“သခင်မ... ကျုပ်တို့က သူတို့ကို တားရမယ်... မဟုတ်ရင် နှင်းလေတောင်ကြောရိုးရဲ့စိတ်ဓာတ်က ထိုးဆင်းသွားပြီးတော့ မတိုက်ခိုက်ရသေးဘဲ လဲပြိုကျသွားလိမ့်မယ်”
ကျင့်ကြံသူတစ်ယောက်က မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။
“သူတို့ကို မတားနဲ့”
ရှချင်းယင်၏ အမူအရာက ပျက်ယွင်းနေသော်လည်း သူမက အသနားခံတောင်းပန်ဖို့အတွက် ပြေးထွက်သွားကြသော နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
သွမ့်ထျန်လန်ပြောသည့်အတိုင်းပင် ထွက်ပြေးသွားသော နှင်းလေတောင်ကြောရိုး ကျင့်ကြံသူများက အရင်ဆုံး သေဆုံးရမည်ဖြစ်၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ စစ်သည်တစ်သိန်းက သူတို့ကိုလျစ်လျူရှုပြီး နင်းချေဖြတ်ကျော်ကာ ထိုကျင့်ကြံသူများကို အသားပျော့ဖတ်များ ဖြစ်သွားစေ၏။
ငွေဘီလူး၊ ယွဲ့ဟောက်နှင့် အခြားသူများက နှင်းလေတောင်ကြောရိုးသို့ ပြန်လည်ရောက်ရှိလာသောအခါ ရှချင်းယင်သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားလိုက်၏။ အမြုတေချီက သူမ၏ လက်ချောင်းထိပ်များကနေ ပစ်လွင့်ထွက်ပေါ်လာပြီး မြေကြီးထဲသို့ ဝင်ရောက်သွား၏။
“အသက်ဝင်စမ်း”
ရှချင်းယင်က အော်ငေါက်လိုက်၏။
ဝှစ်....
ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သောအရောင်အဝါတစ်ခုက နေရာတစ်ခွင်လင်းလက်လာပြီး နှင်းလေတောင်ကြောရိုး၏ အပြင်ဘက်အစပ်တစ်လျှောက် တလျှပ်လျှပ်ထနေသော အကာအရံအလွှာတစ်ခုက အလျင်အမြန်ဖြစ်ပေါ်လာ၏။
အကာအရံအလွှာသည် နှင်းလေတောင်ကြောရိုးနှင့် အပြင်ဘက်ရှိ စစ်သည်တစ်သိန်းကို ပိုင်းခွဲခြားလိုက်၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ စစ်သည်တစ်သိန်းက ရန်လိုခက်ထန်နေပြီး သူတို့၏ အရှိန်အဟုန်ကို လုံးဝမရပ်တန့်နိုင်ကြပေ။ သူတို့ရှေ့မှာ အကာအရံအလွှာတစ်ခုရှိနေသည်ကို မပြောနှင့် သူတို့ရှေ့မှာ ဓားတောင်တစ်တောင်နှင့် မီးပင်လယ်တစ်ခုရှိနေမည်ဆိုလျှင်တောင် သူတို့က ဖြတ်ကျော်ကြမည်ဖြစ်၏။
ဘုန်း.... ဘုန်း.... ဘုန်း...
စစ်သည်တစ်သိန်းက ရှေ့သို့ပြေးဝင်လာပြီး ကျယ်လောင်သောမြည်သံများ ထွက်ပေါ်လာ၏။
အကာအရံအလွှာပေါ်မှာ ရေလှိုင်းဂယက်များကဲ့သို့ လှိုင်းများပေါ်ထွက်လာပြီး အဆက်မပြတ်တုန်ခါလာခဲ့၏။
နှင်းလေတောင်ကြောရိုး၏ ကျင့်ကြံသူများစွာက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြလေသည်။
သို့သော်လည်း နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်းမှ စစ်သည်တစ်သိန်းတွင် မည်သူကမှ ထိုအကာအရံအလွှာကို ဖြတ်ကျော်နိုင်ခြင်းမရှိသည်ကို သူတို့က တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ကြ၏
အကာအရံအလွှာ၏ အပြင်ဘက်တွင် ကျင့်ကြံသူပေါင်းမြောက်များစွာသည် မြေပြင်ပေါ်ကို လဲကျသွားပြီး နောက်ကနေ ချီတက်လာသော တပ်သားများ၏ နင်းချေခြင်းကို ခံလိုက်ရ၏။
ရှေ့မှာရှိသောတပ်သားများက ရှေ့သို့ဆက်လက်၍ မတက်လှမ်းနိုင်ကြတော့ပေ။
နောက်မှာရှိသော တပ်သားများက အဲ့ဒါကို မသိဘဲ ရှေ့သို့အတင်းချီတက်လာကြ၏။
သန်မာသော စစ်သည်တစ်သိန်းက အကုန်ဖရိုဖရဲဖြစ်သွား၏။
ထိုတစ်ချက်ပစ်တိုက်မှုမှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် သိမ်းငှက်ဂိုဏ်း၏ ကျင့်ကြံသူများစွာက သူတို့အချင်းချင်းနင်းချေခံရပြီး သေဆုံးကုန်ကြ၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင် လေမီးတောက်ပင်လျှင် သူ့နောက်မှာချီတက်လာသော စစ်သည်များကြားမှာ နင်ချေသတ်ဖြတ်ခံရလုနီးပါးဖြစ်သွားခဲ့၏။