ကျောက်တုံးပြာမျိုးနွယ်စု.... တာအိုသစ်သီးကျင့်စဉ်
Vol. 23 Ch. 331
"မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဘာထူးခြားမှာမို့လို့လဲ.... ဖြစ်လာမယ့်အရာတွေကိုရှောင်လွှဲလို့မှမရတာ.... အကျပ်အတည်းကို ကြိုသိပြီးရင် မင်းလုပ်ရမှာက လေ့ကျင့်ရေးမှာ ပိုကြိုးစားဖို့ပဲ......”
ကျန်းချန်ရှန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။ ကျန်းထျန်းမင်ရဲ့ အိမ်မက်ထဲကို သူ တစ်ခါမှ မရောက်ဖူးပေ။ ပြင်ပကမ္ဘာ၏နတ်ဆိုးမြစ် ရောက်ရှိလာလျှင် ဤနေရာတွင် သူလည်းရှိနေနိုင်မည်မဟုတ်ပေ။ သူလွတ်မြောက်နိုင်လျှင် ထျန်းကျင်းကို သူနှင့်အတူခေါ် ဆောင်လာမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ကျန်းထျန်းမင် မျှော်မှန်းနိုင်သော အနာဂတ်တွင် မရှိနေနိူင်ကြောင်း
ဆိုလိုခြင်းဖြစ်သည်။
သူသာမရှိရင် အနာဂတ်ဟာ ထင်ယောင်ထင်မှားဖြစ်နိုင်ပေမယ့် နောက်ဆုံးမှာတော့ ကံကြမ္မာက ရောက်လာလိမ့်မည်သာ.....
ကျန်းထျန်းမင် ထိုစကားကိုကြားသောအခါတွင် အဓိပ္ပါယ်ရှိတာကြောင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ကျွန်တော် သန်မာနေသရွေ့တော့ ဘာအန္တရာယ်မှ ကြောက်နေစရာမလိုဘူး.......”
"ဒါပေမယ့် မင်းနောက်ပိုင်း တခြားအရာတွေကို အိပ်မက်မက်ရင် ငါ့ကို အချိန်မီပြောပြဉီး......"
"ဟုတ်ကဲ့!"
ကျန်းထျန်းမင် ရယ်မောလိုက်မိသည်။ သူလိုလူတွေဟာ အိပ်ငိုက်နေတဲ့အချိန် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်ထဲကို ဝင်ရတာကြောင့် လက်တွေ့မှာ ဘယ်တော့မှ အိပ်မက်မမက်ဖူးပေ။
တစ်နည်းအားဖြင့် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ် တည်ရှိမှုသည် သိုင်းပညာရှင်တစ်ဦး၏ သက်တမ်းကို တိုးလာစေသည်။ ထိုအတွက် ယုံကြည်သူအားလုံးက သူ့ကို ကျေးဇူးတင်ကြသည်။
သူတို့သုံးယောက်သား ကျန်းဇီယုအကြောင်း ခေါင်းစဉ်မပြောင်းခင် ခဏလောက် စကားစမြည်ပြောဖြစ်ခဲ့ကြသည်။
ကျန်းဇီယု ကြီးပြင်းလာပြီဖြစ်သဖြင့် သူ့ကိုမျက်စိကျနေသူတွေပိုများလာချေပြီ။ကျန်းဇီယုကို လက်ထပ်ချင်ကြတဲ့ မင်းမျိုးမင်းနွယ်တွေ အများကြီးရှိသည်။
ကျန်းချန်ရှန်းက.... "မင်းကြိုက်တဲ့သူကိုတွေ့ရင် လက်ခံလိုက်ပါ....အနာဂတ် ဧကရီရာထူးအတွက် မင်း အရမ်းစိုးရိမ်နေစရာ မလိုပါဘူး..... ပြီးတော့ ငါအခုထိ တိုင်းပြည်ကို အုပ်ချုပ်နေဆဲပဲလေ...."
ကျန်းချန်ရှန်းတွင် မုလင်းလော့ဟူသော မိဖုရားတပါး သာရှိသော်လည်း ၎င်းမှာ သူ့ရဲ့ ထူးခြားသောအခြေနေ
ကြောင့်ဖြစ်သည်။ သူသည် ပြတ်သားသော စိတ်နှလုံးနှင့် ဆန္ဒနည်းပါးသော အင်မော်တယ်ကျင့်ကြံသူ
ဖြစ်သည်။ သူ့အတွက် တစ်ခုတည်းသော စွဲလမ်းမှုမှာ ကျင့်ကြံခြင်းပင် ဖြစ်သည်။ သိုင်းလောကတွင် ဇနီး သုံးယောက်နှင့် မောင်းမမိဿံ လေးပါးမရှိသူ မည်သူရှိသနည်း။ အထူးသဖြင့် ကျန်းဇီယုက အိမ်ရှေ့စံမင်းသားဖြစ်သောကြောင့် တလင်တမယားစနစ်ကျင့်သုံးနေစရာမလိုပေ။
"ကျေးဇူးတင်ပါတယ် ခမည်းတော်...."
ကျန်းဇီယုက ကျန်းထျန်းမင် သူ့ကို လှောင်ပြောင်နေတာကို နားထောင်ရင်း ပျော်ရွှင်စွာ တုံ့ပြန်လိုက်သည်။
ကျန်းထျန်းမင်က အမျိုးသမီးများကို မကြိုက်နှစ်သက်ပေ။ဒါဟာ ကျန်းထျန်းမင်၏သွေးမျိုးဆက်နှင့် ဆက်နွယ်နေနိုင်ပေမယ့် သူ့မှာ အမျိုးသမီးတွေအပေါ် အထူးတလည်တုံ့ပြန်ခြင်းမျိုးမရှိပေ။ တကယ်တော့ သူ့မျက်လုံးထဲမှာ လူသားတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေက အတူတူပင်ဖြစ်သည်။
ကျန်းချန်ရှန်းက သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်ရင်း စိတ်ကြည်နူးနေသည်။
ဒီလိုမျိုး မျိုးဆက်သစ်လူငယ်တွေနဲ့ ခဏထိုင်ပြီး စကားပြောရတာလည်း စိတ်ဓာတ်လန်းဆန်းစေသည်။
သဲမျိုးနွယ်စု နှင့် ကျူရုန်မျိုးနွယ်စုတို့၏ ရှုံးနိမ့်မှု သတင်းက မဟာကန္တရမင်းဆက် တစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ မျိုးနွယ်စုနှစ်စုမှ စေလွှတ်လိုက်သော စစ်တပ်များ လုံးလုံးလျားလျား သုတ်သင်ရှင်းလင်းခဲ့ပြီး ၎င်းတို့၏ လူအချို့သာ ကျန်ခဲ့သည်။ ဒီတိုက်ပွဲအပြီးမှာ သူတို့နဲ့ လူသားမျိုးနွယ်စုကြား လုံး၀ ရန်ငြိုးဖွဲ့ခဲ့ကြချေပြီ။ ယခု ၎င်းတို့က လူသားမျိုးနွယ်စုကို ပူးပေါင်းနှိမ်နင်းရန် အကူအညီကို ရှာဖွေနေသည်။ ၎င်းတို့၏ ဝါဒဖြန့်မှုအောက်တွင် လူသားမျိုးနွယ်စုက များပြားလှသောမျိုးနွယ်စုများအတွက် ဘေးဥပဒ်ဖြစ်စေသော အရင်းအမြစ်ဖြစ်လာခဲ့သည်။ ထို့အပြင်၊ ထျန်းကျင်း၏ဧကရာဇ်ကိုလည်း နတ်ဆိုးအဖြစ် စွပ်စွဲအပြစ်တင်နေကြသည်။
မဟာကန္တရမင်းဆက်၏ အနက်ပိုင်းတွင် အနက်ရောင် တိမ်တိုက်တွေ ကောင်းကင်ကြီးကို ဖုံးလွှမ်းနေသည်။ အောက်ခြေကတောင်တန်းများ လှိုင်းထနေပြီး သစ်တောများသည်လည်း လေနှင့်အတူ လှုပ်ခါကာ စိမ်းလန်းသော လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
တောင်များကြားတွင် ကျောက်တုံးကြီးများနှင့် စေတီပုထိုးများရှိသည်။ အမျိုးသမီးများ ရက်ကန်းခတ်စဉ် အမျိုးသားများက ထွန်ယက်စိုက်ပျိုးနေကြပြီး အချို့ကလည်း တရားထိုင်နေကြသည်။
ဒါဇင်ပေါင်းများစွာသော အမျိုးသားနှင့် အမျိုးသမီးတို့က ကျောက်သားခန်းမထဲတွင် မျက်နှာချင်းဆိုင် တန်းစီ ထိုင်နေကြသည်။၎င်းတို့ထဲတွင် ကျန်းဂျန်နှင့် လင်းဟောက်ထျန်းတို့လည်း ပါဝင်သည်။
ခေါင်းဆောင်ဖြစ်သူက ဆံပင်ဖြူနေသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိကာအားလုံးထက် ပိုသန်မာပုံရသည်။ သူ၏ စူးရှသော အကြည့်များက ခန်းမအတွင်းရှိ ပိန်လှီသော လူတစ်ယောက်ဆီကိုသာ ကျရောက်နေသည်။
"ထျန်းကျင်းကိုတိုက်ခိုက်တုန်းက သဲမျိုးနွယ်စုနဲ့ ကျူရုန်မျိုးနွယ်စုတို့ဘက်က အနည်းဆုံး သိုင်းဧကရာဇ် ဆယ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်လို့ပြောတယ်..ဒါက ကနဉီးခန့်မှန်းချက်လောက်ပဲ.. ငါကတော့ ဒီ့ထက်ပိုများနိုင်တယ်လို့ ခန့်မှန်းထားတယ်..ဒါကြောင့် မျိုးနွယ်စုနှစ်ခုက ထျန်းကျင်းကို လက်စားချေဖို့ မဝံ့မရဲဖြစ်ပြီး ထျန်းကျင်းကို အပုပ်ချတဲ့သတင်းတွေလွှင့်နေတာ...."
ပိန်ပိန်ပါးပါး အမျိုးသားတစ်ဉီးက မကြာသေးမီက ဖြစ်ပွားခဲ့သော တုန်လှုပ်ချောက်ချားဖွယ်စစ်ပွဲကြီးအကြောင်းကို အားလုံးသိအောင်ပြောပြနေသည်။ ထိုစစ်ပွဲအပြီးတွင် ထျန်းကျင်း၏ဂုဏ်သတင်းက မဟာကန္တရမင်းဆက်တစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး များပြားလှသော မျိုးနွယ်စုတိုင်း၏အာရုံကိုဆွဲဆောင်နေသည်။
သူတို့သည် မဟာကန္တရမင်းဆက်တွင် နကျန်ရစ်သော လူသားမျိုးနွယ်စုများထဲမှ တခုဖြစ်သည့် ကျောက်တုံးပြာမျိုးနွယ်စု ဖြစ်သည်။ ၎င်းတို့ ယခုအချိန်အထိ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် မရေမတွက်နိုင်သော ဆုတ်ယုတ်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ကျောက်တုံးပြာ မျိုးနွယ်စုက အရင်ကထက် အားကောင်းသည်ဟု ယူဆနိုင်သော်လည်း ၎င်းတို့သည် သဲမျိုးနွယ်စုနှင့် ကျူရုန် မျိုးနွယ်စုတို့ထက် များစွာ နိမ့်ကျနေဆဲပင်.....
ကျောက်တုံးပြာမျိုးနွယ်စုအပြင် မဟာကန္တရမင်းဆက်တွင် အခြားသော လူသားမျိုးနွယ်စုများလည်း ရှိသေးသည်။ သို့သော်လည်း ကျောက်တုံးပြာမျိုးနွယ်စုက သြဇာအရှိဆုံး မျိုးနွယ်စုတစ်ခု ဖြစ်နေပြီဖြစ်သည်။ အခြားမျိုးနွယ်စုများက သေမင်း၏တံခါးဝတွင် ရုန်းကန်နေကြပြီး အင်အားကြီးသောမျိုးနွယ်စုများ၏ သားကောင်ဖြစ်လာကြသည်။
ကျန်းဂျန် နှင့် အခြားသူများ မရောက်မီတွင် ကျောက်တုံးပြာမျိုးနွယ်စုက မိမိတို့ကိုယ်ကို လူသားများအဖြစ် အမြဲမှတ်ယူခဲ့ကြပြီး လူသားမျိုးနွယ်စု၏ ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်စုများ ဝေးကွာသော သမုဒ္ဒရာထဲတွင် ရှိနေကြောင်း ၎င်းတို့ သိရှိလာခဲ့သည်။ သို့သော် လူသားမျိုးနွယ်စု၏ သိုင်းဧကရာဇ် ကျဆုံးကြောင်းကို ၎င်းတို့ကြားသိရသောကြောင့် ယင်းကို အလေးအနက်မထားခဲ့ကြပေ။ လင်းဟောက်ထျန်းက ကျန်းချန်ရှန်း အကြောင်း ကြွားလုံးထုတ်သော်လည်း ကျောက်တုံးပြာ မျိုးနွယ်စုကတော့ ယခုအချိန်အထိ ၎င်းကို အလေးအနက်မထားသေးပေ။
သဲမျိုးနွယ်စု နှင့် ကျူရုန်မျိုးနွယ်စုတို့ မည်မျှ အင်အားကြီးမားခဲ့သနည်း။ ကျောက်တုံးပြာမျိုးနွယ်စုက ယခင်က ကျူရုန်မျိုးနွယ်စုနှင့် ကြုံတွေ့ခဲ့ရပြီး မီးနတ်ဘုရားများနှင့် ဆင်တူသော တည်ရှိမှုက ၎င်းတို့အား ကြောက်လန့်စေခဲ့သည်။
ဆံပင်ဖြူ အဘိုးကြီးက ကျန်းဂျန် နှင့် လင်းဟောက်ထျန်း ကို ကြည့်နေသည်။ သူ့နာမည်ကယန်ဒန်ဖြစ်ပြီး ကျောက်တုံးပြာ မျိုးနွယ်စု၏ အကြီးအကဲဖြစ်သည်။
"ဂျန်လေး မင်းရဲ့အဘိုးက ထျန်းကျင်းဧကရာဇ်လား" ဟုမေးလိုက်တော့တခြားသူတွေက သူ့ကို တယောက်ပြီး တယောက် ကြည့်နေကြသည်။
ကျန်းဂျန်က.... “ဟုတ်ပါတယ်.... ကျွန်တော့်အဘိုးက ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဆိုတာ သေချာတယ်.... များပြားလှတဲ့ မျိုးနွယ်စုတွေ ထျန်းကျင်းကို ကျူးကျော်တိုက်ခိုက်ရင်တောင် အဘိုးကိုယှဉ်နိုင်မှာမဟုတ်ဘူး...."
လင်းဟောက်ထျန်းကလည်း ခေါင်းညိတ်သဘောတူသည်။ သူတို့အားလုံး စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်သို့ဝင်ရောက်နိုင်ခဲ့သောကြောင့် ထျန်းကျင်းက အပြောင်းအလဲများကို သိရှိနိုင်ကြသည်။
" ကျန်းဂျန်...အစကတော့ မင်း ကြွားလုံးထုတ်နေတာလို့ ငါထင်ခဲ့တာ...."
"သဲမျိုးနွယ်စုနှင့် ကျူရုန် မျိုးနွယ်စုတို့တောင် ထျန်းကျင်းကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ဘူးပဲ....ဒါဆို ထျန်းကျင်းက ငါတို့ရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီပေးနိုင်တယ်....”
"ဒါပေမယ့် ထျန်းကျင်းက ငါတို့နဲ့ အရမ်းဝေးတယ်...သူတို့ ငါတို့ကို ဘယ်လိုကူညီနိုင်မလဲ...."
"တကယ်တော့ ထျန်းကျင်းကြောင့် ဒီလူယုတ်မာတွေအာရုံလွဲသွားကြတာ...."
“မကြာသေးမီက အာကာသထဲမှာ ဥက္ကာခဲတွေ ပိုများလာတယ်....ဒီအတိုင်းဆို ပြင်ပကမ္ဘာရဲ့နတ်ဆိုးမြစ် ရောက်လာတော့မယ်ဆိုတာ သိသာနေပြီ...ဒီလိုကပ်ဆိုးကြီးနဲ့ရင်ဆိုင်ရတော့မှာကို မဟာကန္တရမင်းဆက်ကစစ်ပွဲကိုစတင်ချင်နေသေးတယ်... တကယ်ကို ကပ်ဘေးဆိုက်တော့မှာပဲ.....”
လူတိုင်း တယောက်တပေါက်ဆွေးနွေးနေကြပြီး ၎င်းတို့အားလုံးက ကျောက်တုံးပြာ မျိုးနွယ်စု၏ ကျွမ်းကျင်သူများဖြစ်ပြီး ကျန်းဂျန် နှင့် လင်းဟောက်ထျန်းတို့တောင် ဤနေရာတွင် အညံ့ဆုံးဖြစ်သည်။
ယန်ဒန် မျက်လုံးမှိတ်လိုက်သည်။ သူဘာတွေတွေးနေလဲ ဘယ်သူမှမသိခဲ့ပေ....
ခဏအကြာတွင်.......
ယန်ဒန်က... "ဂျန်လေး... ထျန်းကျင်းကို ရှာဖွေဖို့ ဒီကလူတွေကို ခေါ်သွားပေးနိုင်မလား...ငါတို့ ထျန်းကျင်း အကြောင်း ပိုသိချင်တယ်....."
ကျန်းဂျန် ထိုစကားကိုကြားသောအခါ တခုခုပြောဖို့ပြင်နေတုန်းက လင်းဟောက်ထျန်း က ဦးဆောင်ပြီး.... "ကျွန်တော့်ကိုသွားခွင့်ပြုပါ....ကျန်းဂျန်က ဒီနေရာကနေ ခွာနိုင်မှာမဟုတ်ဘူး...."
သူပြောပြီးတာနဲ့ တခြားလူတွေ ရယ်မောနေကြသည်။ အချိန်အတော်ကြာလာပြီးနောက်၊ ကျန်းဂျန်က ကျောက်တုံးပြာ မျိုးနွယ်စု၏ အသိအမှတ်ပြုမှုကို ရရှိနေပြီဖြစ်သည်။
ကျန်းဂျန်က လင်းဟောက်ထျန်း ကိုကြည့်ပြီး တစ်ခုခုပြောချင်ပေမယ့် လင်းဟောက်ထျန်းက ခေါင်းခါပြီး စကားမပြောဖို့ ဟန့်တားလိုက်သည်။
ယန်ဒန်က စဉ်းစားပြီး..... "ကောင်းပြီ၊ ငါ ထျန်းကျင်းကို သွားဖို့ အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ရွေးလိုက်မယ်"
အချိန်တွေ ကုန်လွန်လာပြီး နေ့ရက်တွေတရက်ပြီးတရက်ကုန်ဆုံးနေဆဲပင်......
ကျန်းချန်ရှန်း နန်းတက်ပြီးသည့်တိုင် ကျန်းချန်ရှန်း၏နေ့စဉ်ဘဝက ယခင်လိုရိုးရှင်းနေဆဲဖြစ်သည်။အချိန်အများစုကို ကျင့်ကြံမှုအတွက် အာရုံစူးစိုက်ခဲ့သည်။ယခုလက်ရှိအချိန်က ထျန်းကျင်းကို တည်ထောင်ပြီးကတည်းက ညီလာခံမကျင်းပရတဲ့ အရှည်ကြာဆုံးကာလဖြစ်သည်။ သို့သော် ကျန်းချန်ရှန်း လမ်းပျောက်နေသည်ဟု မည်သူမျှမထင်ခဲ့ပေ။ညီလာခံမကျင်းပသော်လည်း ထျန်းကျင်းက ပရမ်းပတာမဖြစ်ခဲ့ပေ။ထိုအစား စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်ထဲတွင် ကျန်းချန်ရှန်းက အကျင့်ပျက်ခြစားမှုနှင့် ရာဇ၀တ်မှုများကို တိုင်ကြားသော အရာရှိများကို ဆုချီးမြှင့်မည်ဟု တစ်ချိန်က ပြောကြားခဲ့သည်။
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ် တည်ရှိမှုနှင့်အတူ၊ ၎င်းတို့၏အခြေအနေ မည်သို့ပင်ရှိစေကာမူ မည်သူမဆို သူ့အား ရာဇ၀တ်မှုများတိုင်ကြားနိုင်သည်။ ဒီလိုအခြေအနေမျိုးမှာ တာဝန်ရှိသူတွေ အားလုံး သတိထားနေကြရပေမည်။
ကျန်းချန်ရှန်းက စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်ကိုသုံး၍ သာမာန်လူများနားမလည်နိုင်သော မင်းဆက်ကို အုပ်ချုပ်နေပါသည်။ သူသည် မင်းဆက်ကို အုပ်ချုပ်ရန် စွမ်းအင်အနည်းငယ်မျှသာ မြှုပ်နှံထားသော်လည်း ကြီးမားသော ဆုလာဘ်များ ရရှိခဲ့သည်။
စိတ်ဝိဉာဉ်ကင်းလွင်
ခြင်းနယ်ပယ်တည်ရှိမှုအပြင်၊ သူ့ရဲ့ယုံကြည်သူအားလုံးရဲ့ အတွေးတွေကို ခံစားသိရှိနိုင်စေတဲ့အတွက် သူ့ရဲ့စိတ်ဝိညာဉ်ခွန်အားကလည်း အထူးတလည် အားကောင်းလာသည်။
ဤအချက်များအားလုံးကြောင့် ထျန်းကျင်းအတွက် သာယာဝပြောသောခေတ်ကို ရောက်ရှိလာခဲ့သည်။ မြင့်မြတ်သောလူတန်းစားများ ရှိနေဆဲဖြစ်သော်လည်း အောက်ခြေပိုင်းက အခြေခံ နိုင်ငံသားများအတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ကြာသွားခဲ့သည်။
အင်မော်တယ်ခေတ်၏ ၃၃ နှစ်တွင် ကျန်းချန်၌ ရာသီဥတုသာယာနေသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်းတွင်.......
ကျန်းချန်ရှန်းက လက်ရှိတွင် တရားထိုင်ပြီး လေ့ကျင့်နေပါသည်။ တာအိုကျင့်စဉ်၏ ဒသမအဆင့်သို့ ရောက်ခဲ့သည်မှာ ၃၄ နှစ်ရှိပြီဖြစ်သော်လည်း အဆင့်သစ်တစ်ခုသို့ ဝင်ရောက်လာချိန်တွင် အာရုံစူးစိုက်တတ်သည့် သဘောထားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
တာအိုသစ်သီးကျင့်စဉ်......
သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အင်မော်တယ်အဆင့်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ နောက်တစ်ခုကတော့ တာအိုသစ်သီးကျင့်စဉ်ဖြစ်သည်။
တာအိုသစ်သီးများကို အဆင့်များခွဲထားပုံရသည်။ လက်ရှိအချိန်မှာတော့ အောင်မြင်မှုတစ်ခုပြီးရင် ဘာဖြစ်မယ်ဆိုတာ မသေချာသေးပေ။
နှစ်တွေကြာလာတာနဲ့အမျှ တာအိုသစ်သီးအကြောင်း နားလည်မှု နက်ရှိုင်းလာသည်။ တာအိုသစ်သီးက သူ့ခန္ဓာကိုယ်ထဲတွင် မရှိသော်လည်း စိတ်ဝိညာဉ်ကဲ့သို့ အခြားအတိုင်းအတာတစ်ခုတွင် ရှိနေသည်။ စိတ်ဝိညာဉ်က ရုပ်ခန္ဓာတွင် တည်ရှိသော်လည်း ရုပ်ခန္ဓာ၌ ရှာဖွေရန် ခက်ခဲသည်။ အထူးသဖြင့် သူ၏ ခွန်အား ပိုမိုအားကောင်းလာပြီး သန်မာလာသည်နှင့်အမျှ တာအိုသစ်သီး၏ တည်ရှိမှုက စိတ်ဝိညာဉ်ထက် ပိုမိုနက်ရှိုင်းလာပေမည်ယေ
သူ့နားလည်မှုအရ တာအိုသစ်သီးက ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းများနှင့်ဆင်တူသည်။ ၎င်းသည် ပုံသဏ္ဍာန်မရှိ၊ အသံမရှိ၊ အရောင်မဲ့သော်လည်း အမှန်တကယ်တည်ရှိခဲ့သည်။
သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်တော့ ရွှေရောင်အလင်းတန်းတွေ လင်းလက်လာသည်။
သူသည် မတူညီသော အကွာအဝေးများ၌ရှိနေသော အသန်မာဆုံး ကျွမ်းကျင်သူများကို တွက်ဆလေ့ရှိသည်။
ကမ္ဘာပေါ်တွင် အသန်မာဆုံး ကျွမ်းကျင်သူကအမွှေးတိုင်ရေအတွက် ငါးဘီလီယံမှကိုး ဘီလီယံအတွင်း ရောက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ မဟာကန္တရမင်းဆက် အပါအဝင်ဖြစ်သည်။ သူမှလွဲ၍ ထျန်းကျင်းတွင်ရှိနေသည့် အသန်မာဆုံး ကျွမ်းကျင်သူက တုံးထျန်းတိ ဖြစ်ပြီး အသားတင် အမွှေးတိုင်အရေအတွက် သန်း 300 နီးပါးရှိသည်။
နတ်ဆိုးအဓိပတိက အမွှေးတိုင်အရေအတွက် ၆ ဘီလီယံခန့် တန်ဖိုးရှိသည်။
စနစ်ကို အသန်မာဆုံး ပညာရှင်က ဘယ်သူလဲလို့ မေးရင်၊ အမွှေးတိုင်အရေအတွက် ဘီလီယံ 200 လောက်တန်ဖိုးရှိတဲ့ မဟာကန္တရမင်းဆက်၏နတ်ဘုရားကိုသာ ညွှန်ပြလိမ့်မည်။
၎င်းကိုကြည့်ခြင်းအားဖြင့်၊ ကောင်းကင်ကသာ သူ့ကိုမဆန့်ကျင်လျှင် ကျန်းချန်ရှန်းကသာ ဤသိုင်းတာအိုကမ္ဘာတွင် ပြိုင်ဘက်ကင်းဖြစ်ပေမည်။ သို့သော် စိတ်ချလက်ချ နေလို့မရသေးပေ။
သိုင်းပညာနယ်ပယ်နှင့် စပ်လျဉ်း၍ သူသည် မဟာကန္တရမင်းဆက်၏နတ်ဘုရား နှင့် တူညီသော နယ်ပယ်ဖြစ်နိုင်သည်။ သို့သော် ထိုသူက အနည်းငယ် ပိုသန်မာနေပြီး ထိုအတွေးက သူ့ကို မလုံခြုံသလို ခံစားရစေသည်။ လုံခြုံတယ်လို့ မခံစားရခင်မှာ သူသိထားတဲ့ ရန်သူတွေထက်အများကြီး ပိုသန်မာနေရမည်။
သူ့ဘဝ ခရီးတစ်လျှောက်လုံးတွင် အင်အားကြီးမားသော ရန်သူများကို အနိုင်ယူရန် ထိုအချက်အလက်များကို အားကိုးခဲ့သည်။
ဒီလိုဖြစ်နေပြီဆိုတော့ ပညာရှင်တွေ အများကြီးရှိနေရမည်။
ကျန်းချန်ရှန်းက အခုမှ အင်မော်တယ်
တစ်ယောက်ဖြစ်လာတော့ မစွမ်းဆောင်နိုင်သော အရာများ များပြားလွန်းသဖြင့် ပန်းတိုင်နှင့် မယုံကြည်နိုင်လောက်အောင် ဝေးနေသေးသည်။
ဆက်လက် တွက်ချက်ပြီး စနစ်ကို မေးခွန်းမျိုးစုံမေးမြန်း၍ အကျပ်အတည်းတွေကို အဖြေရှာဖို့ ကြိုးစားခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည် အတွေးတစ်ခုဖြင့် ခရမ်းရောင်တိမ်တိုက် နန်းတော်တံခါးကို ဖွင့်လိုက်သည်။
ထိုအခါ ချန်းလီ လျင်မြန်စွာ ဝင်လာပြီး သူ့ရှေ့တွင် ရိုသေစွာ ဦးညွှတ်လိုက်သည်။ “လွန်ခဲ့တဲ့လတစ်ဝက်လောက်က အပြင်ဘက်မှာ ဥက္ကာခဲတစ်ခုတွေ့တယ်.... စုံစမ်းစစ်ဆေးကြည့်တော့ သိုင်းပညာဆိုင်ရာတွေ မှတ်တမ်းတင်ထားတဲ့ ကျောက်စာတစ်ခုကိုပါ တွေ့ရှိခဲ့တယ်”
ကျန်းချန်ရှန်း မျက်လုံးများကိုဖွင့်ကာ ဆက်ပြောရန် ခွင့်ပြုလိုက်သည်ယ
“အခြားမျိုးနွယ်စုတွေနဲ့ ဆွေးနွေးကြည့်တော့ ဒီလိုဥက္ကာခဲတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း မကြာခဏ ကြွေကျတာကို တွေ့ရှိခဲ့ရတယ်.... အချို့မှာ သိုင်းပညာဆိုင်ရာကျင့်စဉ်တွေ၊ လျှို့ဝှက်ကျင့်စဉ်တွေ၊ နတ်လက်နက်တွေနဲ့ ရတနာတွေ ပါဝင်ကြတယ်...ဒီကိစ္စက အရမ်းထူးဆန်းနေတယ်...ဒီလိုနည်းလမ်းမျိုးနဲ့ ဒီကမ္ဘာကြီးရဲ့နတ်ဘုရားက များပြားလှတဲ့ မျိုးနွယ်စုတွေကို ပံ့ပိုးပေးနေတယ်လို့ သံသယဝင်မိတယ်.... ဥက္ကာခဲအချို့ကို ကျွန်တော်တို့ ကောက်ယူခဲ့ပေမယ့် အများစုကို များပြားလှတဲ့ မျိုးနွယ်စုစုတွေကသာ ရှာဖွေတွေ့ရှိခဲ့ကြတယ်.... ရေရှည်မှာ ပြင်ပကမ္ဘာက အကူအညီတွေရယူတဲ့ မျိုးနွယ်စုတွေ ပိုအားကောင်းလာမှာ သေချာပါတယ်.....”
ဒီအကြောင်းပြောရင်း သူ့အမူအရာက ရုပ်ဆိုးသွားသည်။
ကျန်းချန်ရှန်းက “အဆင်ပြေပါတယ်.... ကောင်းကင်က ရတနာတွေပ ကြာရှည်မခံနိုင်ဘူး..ဒါ့အပြင် အဆုံးမဲ့ဆင်းသက်လာမှာလဲမဟုတ်ဘူး..... ကောင်းကင်နဲ့မြေပြင်ရဲ့နတ်ဘုရားက ငါတို့ရဲ့ခွန်အားကို ကြောက်ရွံ့တာကြောင့် လူသားမျိုးနွယ်စုကို နှိမ်နှင်းချင်နေတယ်....ဒါပေမယ့် လူသားမျိုးနွယ်စုလို ဒုတိယမျိုးနွယ်စုကို ဖန်တီးဖို့ သူ့အတွက် မဖြစ်နိုင်ပါဘူး....”
ဤသည်မှာ သူ၏ လေးနက်သော အတွေးများ၏ ရလဒ် ဖြစ်သည်။ မဟာကန္တရမင်းဆက်၏နတ်ဘုရားက ဤသို့ထောက်ပံ့ပေးနေသည်မှာ များပြားလှသော လူသားမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းရန်ဖြစ်သည်။