အင်ပါယာမျိုးနွယ်စု၏ စိန်ခေါ်မှု...
Vol. 23 Ch. 332
ကျန်းချန်ရှန်း ပြောတဲ့စကားတွေက အဓိပ္ပါယ်ရှိတယ်လို့ ချန်းလီ ခံစားရသည်။သူသည် အဓိကအားဖြင့် ဤနေရာကိုရောက်လာသည်မှာ ပြသာနာ၏အတိမ်အနက်ကို စမ်းသပ်ရန်ဖြစ်သည်။
" တာအိုဘိုးဘေးက မျှော်လင့်ထားတဲ့အတိုင်း ဒီလောကရဲ့နတ်ဘုရားကိုတောင် လုံးဝဂရုမစိုက်ဘူး.... အင်မော်တယ်ဘိုးဘေးက တကယ်ကို အစွမ်းထက်တယ်...သေမျိုးကမ္ဘာနဲ့အထက်ကမ္ဘာက စစ်ပွဲမဖြစ်နိုင်ဘူးလို့ အမြဲထင်ခဲ့တာ...."
ချန်းလီက ကျန်းချန်ရှန်းကို လေးလေးစားစားကြည့်ရင်း စိတ်ထဲကနေ ထိုသို့ တွေးနေမိသည်။
အဲဒီနောက်မှာတော့ ကျန်းချန်ရှန်းက သူ့ကို ဝိညာဉ်တောင်တန်းနဲ့ အဓိက သက်ဆိုင်တဲ့ အလုပ်တချို့ စေခိုင်းခဲ့သည်။ စစ်ပွဲပြီးဆုံးပြီးနောက်၊ သဲမျိုးနွယ်စုနှင့်ကျုရုန်မျိုးနွယ်စုတို့က ထျန်းကျင်း၏ သိုင်းလောက အားကောင်းလာစေရန် အခွင့်အရေးတစ်ခု ပေးစွမ်းခဲ့သည်။ထို့ကြောင့် သိုင်းပညာရှင်များ ပိုများလာကာ ထင်ရှားပေါ်လွင်ပြီး တောင်ပေါ်သို့တက်ရန် အရည်အချင်းများ ရရှိခဲ့သည်။ ဝိညာဉ်တောင်တန်း၏စီမံခန့်ခွဲမှုမှာလည်း ရှုပ်ထွေးလာသည်။တော်ဝင်မိသားစုမှစ၍ သာမာန်ပါရမီရှင်များအထိ အဆင့်အမျိုးမျိုးသော ပါရမီရှင်များနှင့် အများအကျိူးထမ်းဆောင်ခဲ့သော အရာရှိကြီးများလည်း ဝိဉာဉ်တောင်တန်းတွင် စုဝေးလာကြသည်။ထို့ကြောင်ပ ပဋိပက္ခများ ဖြစ်ပေါ်လာမည်မှာ မလွဲမသွေပင်ဖြစ်သည်။
ကျန်းချန်ရှန်း မည်မျှပင် သန်မာသည်ဖြစ်စေ လူအများစု၏ ကိုယ်ပိုင်ဆန္ဒအားလုံးကို မထိန်းချုပ်နိုင်ပေ။
ချန်းလီက အမိန့်များကို မှတ်သားပြီးနောက် ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။
ကျန်းချန်ရှန်း ဆက်လက်လေ့ကျင့်မနေတော့ဘဲ အကန့်အသတ်မဲ့ အမြင်အာရုံကိုသုံး၍ မဟာကန္တရမင်းဆက်၏အနက်ရှိုင်းဆုံးနေရာကို ကြည့်ရှုခဲ့သည်။
သိုင်းတာအိုကမ္ဘာက အလွန်ကျယ်ပြန့်လှသည်။ လက်ရှိ ကျန်းချန်ရှန်း ပင်လျှင် သိုင်းတာအိုကမ္ဘာ တစ်ခုလုံးကို မမြင်ဖူးသေးပေ။ နှစ်စဉ်နှစ်တိုင်း သူသည် ကမ္ဘာကိုကြည့်ရင်း အချိန်ဖြုန်းနေခဲ့ဖူးသည်။ တောင်တန်းနှင့်ပင်လယ်များ၏ဂန္ထဝင်စာအုပ်နှင့်ကောင်းကင်နှင့်ကမ္ဘာမြေရတနာကြေးမုံနှင့်အတူသူ၏ကိုယ်ပွားများကိုသုံးနေသော်လည်း အကန့်သတ်မဲ့အမြင်အာရုံကို မမှီနိုင်ပေ။
မဟာကန္တရမင်းဆက်၏အနက်ရှိုင်းဆုံးဒေသရှိ မျိုးနွယ်စုများသည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။ မြေပြင်ပေါ်တွင် ထင်သာမြင်သာလမ်းလျှောက်နိုင်ကြသော သတ္တဝါအပေါင်းတို့က တောင်ကြီးကဲ့သို့ ကြီးမားကြကာ ပေ 10,000 မြင့်သော ရက်စက်ကြမ်းကြုတ်သော သားရဲများပင် ထိုသူတို့နှင့်မယှဉ်နိုင်ပေ။ သို့သော် ကောင်းကင်က ကြယ်များကို မြင်ဖူးသော ကျန်းချန်ရှန်းအတွက်တော့ ၎င်းတို့၏ကြီးမားသောအရွယ်အစားကို ဂရုစိုက်နေစရာမလိုပေ။
အမြင့်ပေတစ်သောင်းသည် လူသားများအတွက်သာ ကြီးမားပေမည်။ သူ့အရင်ဘဝတုန်းက ကမ္ဘာမြေကြီးလိုပဲ၊ ဒါဟာ ကြီးမားပုံပေါက်ပေမယ့် ကျယ်ပြောလှတဲ့ စကြာဝဠာကြီးမှာတော့ ဒါဟာ သဲတစ်မှုန်မျှသာ အရွယ်အစားရှိပေလိမ့်မည်။
ကျန်းချန်ရှန်းအနေဖြင့် အင်မော်တယ်တာအို၏ အထွတ်အထိပ်ကို တက်လှမ်းမည်ဆိုပါက စကြဝဠာရဲ့ ရှုထောင့်ကိုလက်ခံနိုင်ရပေမည်။
အနည်းဆုံးတော့ ဒါဟာ ကျန်းချန်ရှန်း ရောက်ချင်နေတဲ့ နယ်ပယ်ပင်ဖြစ်သည်။
ကမ္ဘာကြီးက သေးငယ်သွားပြီး တောင်များနှင့် မြစ်များ ပြောင်းလဲသွားကာ အဆုံးမရှိ ခမ်းနားသော ရှုခင်းများကို တရိပ်ရိပ်ဖြတ်ကျော်ခဲ့ပြီးအချိန်အတော်ကြာပြီးနောက်.....
ကျန်းချန်ရှန်း ရုတ်တရက် မျက်ခုံးပင့်လိုက်မိကာ အကန့်အသတ်မဲ့အမြင်အာရုံ ရပ်တန့်သွားသည်။
မရေမတွက်နိုင်သော တွင်းပေါက်များရှိသည့် စိမ့်အိုင်ကြီးတခုကိုမြင်နေရပြီး ၎င်းက ရေကန်ကဲ့သို့ ကြီးမားကာ မြူများ ပြည့်နှက်နေသည်။ ကြီးမားသော အင်းဆက်ပိုးကောင်များစွာ ဤနေရာတွင် ခိုအောင်းနေသည်။ ကောင်းကင်အထိမြင့်မားသော သစ်ပင်များကို တောင်များကဲ့သို့ ထူထပ်သော စပျစ်နွယ်ပင်များဖြင့် ချိတ်ဆက်ထားသည်။ ဥက္ကာခဲတစ်ခု ထိုစိမ့်မြေပေါ်သို့ ကျရောက်ခဲ့ပြီး မိုင်တစ်ရာအတွင်း၌ ကြီးမားသော ရွှံ့တွင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ကြီးမားသော ဥက္ကာခဲကြီး ကွဲအက်သွားကာ အက်ကြောင်းများ ပိုများလာလာသည်။ ထိုနေရာမှ အနက်ရောင် ဓာတ်ငွေ့များ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းနေပေတော့သည်။
ကျန်းချန်ရှန်း လမ်းတစ်လျှောက်တွင် ဥက္ကာခဲများစွာကို မြင်တွေ့ခဲ့ရသော်လည်း ယခုအကြိမ်က ဥက္ကာခဲအက်ကွဲကြောင်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
သူ့အကြည့်အောက်မှာ ဥက္ကာခဲအပိုင်းအစတွေ ပြုတ်ကျသွားကာ လုံးဝပြိုကျဖို့ အချိန်အတော်ကြာခဲ့သည်။ ဉက္ကာခဲအခွံကွာကျသွားပြီး၌ အတွင်း၌ ဖြူဖွေးနေသော လူရိပ်တခုကို မြင်လိုက်ရသည်။ ၎င်းသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ထင်ရှားစွာမြင်နေရပြီး ခန္ဓာကိုယ်အောက်ပိုင်းကတေယ့ ဥက္ကာခဲထဲတွင် မြှုပ်နေ
ဆဲဖြစ်သည်။ သူမ၏ အသားအရေက ဖြူစင်တောက်ပနေပြီး သူမ၏ အနက်ရောင် ဆံပင်များက လေထဲတွင် လွင့်ပျံနေသည်။
ကောင်းကင်ဘုံကလား.....
ကျန်းချန်ရှန်း သူမကို ဂရုတစိုက်စိုက်ကြည့်နေသည် ။ သူမရဲ့ ခန္ဓာကိုယ်က အလှတရားနဲ့ ပြည့်စုံပြီး သူမရဲ့ မျက်နှာက ပိုလို့တောင် လှပနေတယ်ဆိုတာ ဝန်ခံရပေမည်။ သူမက သူသိသမျှ အမျိုးသမီးအားလုံးထက် ပိုလှသည်။
သူမ ဥက္ကာခဲထဲမှ ဖြည်းညှင်းစွာ လွတ်မြောက်သွားပြီး သူမ၏ အနက်ရောင် ဆံပင်များက သူမ၏ လှပသော ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ သူမ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ရစ်ပတ်နေ၏။
သူမ ဘေးဘီကိုအကဲခတ်ကြည့်တော့ သူမ၏မျက်လုံးများက နီလာများကဲ့သို့ပြာလွင်နေပြီး သူမ၏အကြည့်များက အေးစက်နေသည်။သူမ တစ်စုံတစ်ခုကို ရှာနေပုံရပြီး ကျန်းချန်ရှန်းကလည်း တစ်ဖက်လူ၏ အော်ရာကို အာရုံခံမိလိုက်သည်။
သူမက သိုင်းဧကရာဇ် နယ်ပယ်ကို သေချာပေါက် ကျော်လွန်နေပေမည်။
ဒီမိန်းကလေးကရော မဟာကန္တရမင်းဆက်နတ်ဘုရားရဲ့ရန်သူပဲလား.....
ကျန်းချန်ရှန်းက ဒီအမျိုးသမီး ဖိတ်ခေါ်နိုင်တဲ့ အသန်မာဆုံး ကျွမ်းကျင်သူကို တွက်ချက်ဖို့ ကြိုးစားခဲ့ပေမယ့် စနစ်က အဖြေကို မတွက်ချက်နိုင်ခဲ့ပေဖယ တစ်နည်းဆိုရသော် ဤမိန်းကလေးက မဟာကန္တရမင်းဆက်နတ်ဘုရားမဟုတ်ပေ။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ သူမဟာ မဟာကန္တရမင်းဆက်နတ်ဘုရား၏ လက်အောက်ငယ်သားဖြစ်နိုင်ပြီး သူ့ထက်ပိုမိုအားကောင်းသောတည်ရှိမှုကို ဖိတ်ခေါ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံမှ လူများကို သတိထားရမည်။ ကျန်းချန်ရှန်း၏အကြည့်အောက်တွင် အမျိုးသမီးက လမ်းကြောင်းတစ်ခုသို့ ပျံသန်းသွားသည်။
"ထူးဆန်းလိုက်တာ၊ ဘာလို့ စိုက်ကြည့်နေတယ်လို့ ခံစားရတာလဲ....."
ကောင်းကင်ဘုံက ဆင်းသက်လာသည့် အမျိုးသမီးက ထိုသို့ ရေရွတ်လိုက်သည်။ သူမ မျက်မှောင်ကြုတ်လိုက်သည်နှသင့် သူမ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အနက်ရောင်ဆံပင်များလည်း ပိုရှည်လာပြီး ပိုထူထပ်လာသည်။
“မဟာကန္တရမင်းဆက်ရဲ့နတ်ဘုရားပြောတာ မှန်နေပုံပဲ.... ဒီလူထူးဆန်းက သေချာပေါက် မရိုးရှင်းဘူး.... ကံကောင်းထောက်မလို့ စောစောဆင်းလာခဲ့မိတာ... မဟုတ်ရင်…”
အမျိုးသမီးက ဒါကို စိတ်ထဲမှာ တွေးနေပေမယ့် အကျယ်ကြီး ထုတ်မပြောရဲပေ။ မိုင်ပေါင်းသန်းချီသောဧရိယာအတွင်း ခြိမ်းခြောက်မှု မရှိကြောင်း သူမ ခံစားမိသော်လည်း၊ အမည်မသိ ပြောင်းလဲနိုင်သော အပြောင်းအလဲများကို ရင်ဆိုင်ရာတွင် သတိထားရမည်ဖြစ်သည်။
သူမ အရှိန်မြှင့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကို သတ်ပြီး ၎င်း၏သားမွေးကို ၀တ်လုံအဖြစ် ပြောင်းလဲဝတ်ဆင်လိုက်သည်ကို ကျန်းချန်ရှန်းမြင်နေရသည်။
ကျန်းချန်ရှန်းက သူမကို ဂရုမစိုက်တော့ဘဲ အမည်မသိဧရိယာများကို ဆက်လက်စူးစမ်းလေ့လာခဲ့သည်။
ညဉ့်နက်ချိန်၌....
ကောင်းကင်ဘုံက အမျိုးသမီး မြစ်ကြီးတစ်စင်းနားတွင် ထိုင်နေသည်။လရောင်အောက်တွင် မြစ်ရေပြင်ပေါ်၌ သူမ၏အရိပ်ထင်ထပ်နေသည်။
သူမက ငန်းဥအရွယ်အစားခန့် ကျောက်စိမ်းတုံးတစ်တုံးကို ထုတ်ကာ သူမ၏ အစစ်အမှန်ချီဓာတ်အချို့ကို ယင်းထဲသို့ ထည့်လိုက်သည်။ မကြာမီတွင် ကျောက်စိမ်းတုံးမျက်နှာပြင်တောက်ပလာပြီး နတ်ဘုရားဇီဟွမ်၏ မျက်နှာကို ထင်ရှားစွာမြင်နေရသည်။
“အရှင်....ကျွန်တော်မျိုးမ သိုင်းတာအိုကမ္ဘာကြီးကို ရောက်ပါပြီ”
အရှင်ဇီဟွမ်းက..... "လူသားမျိုးနွယ်ကို ဦးစွာရှာပါ....ဒါပေမယ့် ရန်သူကို သတိမပေါ့နဲ့.... အသန်မာဆုံးလူသားကိုရှာပြီး ချဉ်းကပ်ဖို့ အကောင်းဆုံးကြိုးစားပါ...."
ကောင်းကင်ဘုံမှဆင်းသက်လာသည့် အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
အရှင်ဇီဟွမ်းက “ ယောင်လင်း... ဒီကမ္ဘာကြီးကို အထင်မသေးနဲ့...နင်ကြုံတွေ့နေရတဲ့ တည်ရှိမှုက နင့်ထက်လျော့မှာမဟုတ်ဘူး..... မဟာကန္တရမင်းဆက်နတ်ဘုရားတောင် ဘာမှလုပ်လို့မရတဲ့ သူမို့ ဒီသိုင်းတာအိုကမ္ဘာကြီးက သက်ရှိသတ္တဝါများဗွရဲ့ တိုက်ခိုက်ရေးစွမ်းအားကို အထင်မသေးနဲ့..."
ချန်ယောင်လင်းဆိုသည့် ကောင်းကင်ထက်ကဆင်းသက်လာသည့်အမျိုးသမီးက..... “စိတ်ချပါ၊ ဒီကိစ္စရဲ့ အရေးကြီးပုံကို နားလည်ပါတယ်” ဟု ပြန်ဖြေလိုက်သည်။
ချန်ယောင်လင်းက ကျောက်စိမ်းကို ညာဘက်မျက်လုံးထဲသို့ စုပ်ယူလိုက်ကာ လရောင်ကို မော့ကြည့်လိုက်သည်။ သူမဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပေ။
“လူ့လောကကနေ အထက်ကမ္ဘာထိ ခရီးလမ်းက တကယ်ဝေးတယ်.....”
နောက်ထပ် နှစ်နှစ်ကြာသွားပြီးနောက်....
အင်မော်တယ်ခေါတ်၏ ၃၅ နှစ်တွင် ထျန်းကျင်း၌ မြင့်မြတ်သောဘုရင်ငါးပါးအထိ ရှိခဲ့ပြီး ကိုယ်တော်ပိုင်ကလည်း ၎င်းတို့ထဲတွင် ပါဝင်ခဲ့သည်။
ကောင်းကင်နယ်ပယ်ရှိ သိုင်းပညာရှင်အရေအတွက်ကလည်း မျိုးနွယ်နှစ်ခုနှင့် စစ်မဖြစ်မီက အရေအတွက်ထက် များစွာကျော်လွန်သွားခဲ့သည်။ မုလင်းလော့ပင်လျှင် သိုင်းဧကရာဇ်နယ်ပယ်သို့ အဆင့်တက်ရန် စတင်ပြင်ဆင်နေပြီဖြစ်သည်။
ဆောင်းဦးရာသီ နီးကပ်လာသည်နှင့်အမျှ ထျန်းကျင်းကလည်း နောက်တစ်ကြိမ် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။ အပြင်မှာ သိုင်းပညာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့မျိုးနွယ်စုတွေရှိလာခဲ့သည်။
ကျန်းချန်ရှန်း တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ တဖက်ရန်သူက အလွန်အားကောင်းခြင်းမရှိဘဲ အသန်မာဆုံးက သိုင်းဘုရင်နယ်ပယ်တွင်သာရှိသည်။ထို့ကြောင့် သူ မလှုပ်ရှားခဲ့ပေ။ထျန်းကျင်းက ထိိုပြဿနာကို သူ့ဘာသာသူ ဖြေရှင်းခွင့်ပေးခဲ့သည်။
ရန်သူက မသန်မာပေမယ့် အလွန်ဉာဏ်ကောင်းကြပြီး တိုက်ပွဲဖြစ်ရန် ဗျူဟာကို ချမှတ်ခဲ့ပြီး ထိပ်တိုက်မတိုက်ဘဲ တွန်းလှန်ခဲ့ကြသည်။
ကျန်းချန်ရှန်းအနေဖြင့် ထျန်းကျင်း၏သိုင်းပညာရှင် အများအပြား ဆုံးရှုံးရမည်ကို မကြောက်ခဲ့ပေ။ အကယ်၍ သူတို့သေဆုံးသွားပါက ၎င်းတို့သည် နောက်ဘဝတွင် လူဝင်စားပြီး သိုင်းပညာများလေ့ကျင့်ရန် ငရဲသို့သွားရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းကျင်း၏အခြေခံအုတ်မြစ် တိုးတက်လာခဲ့ပြီး လွန်ခဲ့သောနှစ်ပေါင်းသုံးရာနှင့်မတူတော့ပေ။
ကျန်းချန်၏ပတ်ဝန်းကျင်တွင် ဆောင်းဦးပေါက်အငွေ့အသက်များနှသိးးင့် ဖုံးလွှမ်းနေပြီး သာယာဝပြောသောမြို့ပီပီ ထူးခြားသောဆွဲဆောင်မှုတစ်ခုရှိသည်။
ယခုအချိန်တွင် ကျန်းချန်က ထျန်းကျင်း၏ အချမ်းသာဆုံးမြို့ဖြစ်လာခဲ့သည်။ ဂိတ်ပေါက်အရေအတွက်ကိုတောင် ၁၆ ခုအထိ တိုးခဲ့ရသည်။ ရံဖန်ရံခါတွင် ကျန်းချန်၌ ဉာဏ်ရည်ထက်မြက်သော နိုင်ငံခြားမျိုးနွယ်စုများကို မြင်နိုင်သည်။
မွန်းတည့်ချိန်၌.....
မိုးကုပ်စက်ဝိုင်းမှ လေပြင်းများ အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်ခတ်လာသည်။ မြို့ပြင်မှလူများ မှောက်လျက်သားဖြင့် ကောင်းကင်ကိုဖြတ်သန်းသွားသော အေးစက်သောအလင်းရောင်ကို ရုတ်တရက်မြင်လိုက်ရပြီး ၎င်းက ကျန်းချန် နန်းတော်ဆီသို့ ဉီးတည်နေသည်။
အအေးဓာတ်များက နန်းတော်အနီးသို့ ရောက်ရှိလာသောအခါ ရုတ်တရက် ရပ်တန့်သွားကာ ပေရာနဲ့ချီ ရှည်လျားတဲ့ ဧရာမ အမွေးအတောင် ကြီးတစ်ခုကိုသာမြင်လိုက်ရသည်။ အမွေးအတောင်များ လေထုထဲတွင် ပျောက်ကွယ်သွားသဖြင့် ဧကရာဇ်မင်းကြီး လှုပ်ရှားလိုက်ပြီဖြစ်ကြောင်း မြို့သူမြို့သားတို့ ခန့်မှန်းခဲ့ကြသည်။သို့သော်လည်း ထိုအမွေးအတောင်၏ မူလဇစ်မြစ်ကို သိချင်နေကြသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌......
ကျန်းချန်ရှန်းက ကြီးမားသော အမွေးအတောင်များရှေ့တွင် ရပ်နေသည်။ ၎င်းအပေါ်မှာ စာလုံးတွေ ရေးထိုးထားပြီး လက်ရေးလက်သားက ထျန်းကျင်း၏ စာပေပညါရှင်များလောက်မသေသပ်ပေ။
ဒါက စိန်ခေါ်မှုစာလွှာပင်ဖြစ်သည်။
ဧကရာဇ်မျိုးနွယ်မှ ဆင်းသက်လာသူက စိန်ခေါ်စာတစ်စောင်ပေးပို့ပြီး သူ့ကို တော်ဝင်မျိုးနွယ်စု၏ မြင့်မြတ်သောတောင်တော်သို့ ဖိတ်ခေါ်ခဲ့သည်။ အကယ်၍ သူသာ အနိုင်ရခဲ့ပါက တော်ဝင်မျိုးနွယ်က သူ့အား ကြီးမားသော အခွင့်အရေးကို ပေးလိမ့်မည်။
ကျန်းချန်ရှန်း မျက်ခုံးပင့်ကာ ပြုံးလိုက်မိသည်။
မဟာကန္တရမင်းဆက်၏တော်ဝင်မျိုးနွယ်က ဤမျှ သီလပြည့်ဝမည်ဟု သူ မမျှော်လင့်ခဲ့ပေ။တဖက်လူက သူ့ကို လုပ်ကြံချင်နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါပေမယ့် ဒီလိုဆိုလျှင် ဒီအပြုအမူက ယုတ်မာလွန်းလှသည်။
စိန်ခေါ်သည့်အချိန်ကိုလည်း ငှက်မွှေးတောင်ပေါ်တွင် မှတ်တမ်းတင်ထားသည်။ စိန်ခေါ်သူက သူ့အား ဆယ်နှစ်အကြာဆုံး စောင့်ရပေလိမ့်မည်။ မသွားလျှင် အရှုံးပေးလိုက်သည်ဟု ဆိုလိုရာရောက်ပေမည်။ ထိုသို့ဖြစ်လျှင် တော်ဝင်မျိုးနွယ်စုက ထျန်းကျင်း တိုက်ခိုက်လိမ့်မည်။
ခြိမ်းခြောက်မှု!
ကျန်းချန်ရှန်း စိတ်ထဲကနေ တစ်ဖက်လူရဲ့ ခွန်အားကို တွက်ချက်လိုက်တော့ အမွှေးတိုင်အရေအတွက် ၉ ဘီလီယံခန့်ရှိသည်။ သူ့ကိုစိန်ခေါ်ရဲတာ အံ့သြစရာမရှိတော့ပေ။
သို့သော် တဖက်လူ ဖိတ်ကြားနိုင်သည့် အသန်မာဆုံး ကျွမ်းကျင်သူကတော့ သူ၏ကိုယ်ပိုင်တန်ဖိုးနှင့် နှိုင်းယှဉ်၍မရပေ။
"မင်းငါ့ကို ခြိမ်းခြောက်ချင်တာကြောင့် ငါ့ရဲ့ရှင်သန်မှုဆုလာဘ်တွေ တိုးမြင့်လာဖို့အတွက် များပြားလှတဲ့မျိုးနွယ်စုတွေ လက်တွဲခိုင်းလိုက်မယ်....."
ကျန်းချန်ရှန်း ပိုသန်မာလာသည်နှင့်အမျှ၊ သူ၏ကိုယ်ပွားများအနေဖြင့် မဟာသူတော်စင်များနှင့် ရင်ဆိုင်ရသောအခါတွင် ရှင်သန်ခြင်းဆုလာဘ်ကို စတင်နိုင်ရရှိတော့မည်မဟုတ်ပေ။ ရှင်သန်ခြင်းဆူလာဘ်ရဖို့အတွက် အနိမ့်ဆုံးစံနှုန်းက သိုင်းဧကရာဇ် ဖြစ်သည်ဟု ခန့်မှန်းခဲ့သော်လည်း သိုင်းဧကရာဇ်များကို ပေါပေါပဲပဲရှာမတွေ့နိုင်ပေ။
များပြားလှသောမျိုးနွယ်စုများ လက်တွဲပြီး ကြီးကြီးမားမား တစ်ခုခုလုပ်ရန် စောင့်ဆိုင်းခြင်းက ပိုကောင်းလိမ့်မည်။
ကျန်းချန်ရှန်း၏အကြည့်တချက်နှင့်တင် ကြီးမားသော အမွေးအအတောင်က မီးတောက်များနှင့်အတူ လျင်မြန်စွာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်လကြာပြီးနောက်.....
ထျန်းကျင်း၏သိုင်းလောကက စစ်ပွဲများကြောင့်ပို၍အခြေနေရှုပ်ထွေးလာသည်။ ထျန်းကျင်းတွင် နိုင်ငံခြားမျိုးနွယ်များ၏ လက်ချက်ဖြင့် သိုင်းပညာရှင် ပိုများလာကာ သေဆုံးခဲ့ရသည်။
ဧကရာဇ်ဘက်က ဒါတွေကို အရေးယူခြင်းမပြုခြင်းနှင့်ပတ်သက်၍ မည်သူမျှ မကျေမနပ်ဖြစ်ခဲ့ကြပေ။ အဲဒီအစား သူတို့ ရှက်ရွံ့နေကြသည်။
ထျန်းကျင်းက ဧကရာဇ်မရှိဘဲ မရှင်သန်နိုင်ဘူးလား......
ယုံကြည်သူများ၏ လှုံ့ဆော်မှုကြောင့် ကျန်းဇီယုနှင့်ကျန်းထျန်းမင်တို့အပါအဝင် ကျွမ်းကျင်သူများ ပိုများလာကာ ထျန်းကျင်းမှ ထွက်ခွာသွားကြသည်။
အိမ်ရှေ့မင်းသား ထျန်းကျင်းမှ ထွက်ခွာသွားခြင်းက အတော်လေးကို တုန်လှုပ်သွားစေခဲ့သည်။
ကျန်းချန်ရှန်းအနေဖြင့် ကျန်းဇီယု သေဆုံးသွားမည်ကို မစိုးရိမ်ပေ။ အကြောင်းမှာ သူ့ရဲ့နတ်ဘုရားအာရုံထည့်သွင်းထားသည့် ဆံပင်သုံးချောင်းစီ ကျန်းဇီယုနှင့်ကျန်းထျန်းမင်တို့တွင်ရှိနေ
သောကြောင့်ဖြစ်သည်။
အချိန်တွေကုန်လွန်ပြီး နှစ်ကုန်ပိုင်းသို့ရောက်သောအခါ
ကောင်းကင်ထက်မှဆင်းသက်လာသော ချန်ယောင်လင်းက တောင်ပေါ်လမ်းအတိုင်း လျှောက်လှမ်းလာကာ အဝေးမှမြင်နေရသော ခမ်းနားထည်ဝါသည့် ထျန်းကျင်းနှင့်ကျန်းချန်ကို ကြည့်ပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။
သူမ ထျန်းကျင်း ကိုရောက်ကတည်းက ဒဏ္ဍာရီများစွာကို ကြားခဲ့ရသည်။ ထျန်းကျင်း၏ဧကရာဇ်၏ ထူးကဲမြင့်မြတ်သော စွမ်းအားများအကြောင်း သူမကြားလိုက်ရသောအခါ တုန်လှုပ်သွားခဲ့သည်။
ဒဏ္ဍာရီတွေသာ မှန်ခဲ့ရင် အထက်ကမ္ဘာကလူတွေတောင် ထျန်းကျင်းဧကရာဇ်ရဲ့ နည်းလမ်းအချို့ကို လက်လှမ်းမီနိုင်မည်မထင်။
တစ်ဖက်တွင်မူ.....
ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲတွင်နေထိုင်သည့် ကျန်းချန်ရှန်းကလည်း သူမရောက်ရှိလာသည်ကို သတိထားမိသည်။
"မြန်လှချည်လား...?"
ကျန်းချန်ရှန်း အံ့သြသွားသည်။ ဒီအမျိုးသမီး ဆင်းသက်ခဲ့တဲ့နေရာဟာ ထျန်းကျင်းနဲ့ အလွန်ဝေးကွာလှသည်။ သူမ သိုင်းဧကရာဇ် နယ်ပယ်ကို ကျော်လွန်သွားရင်တောင် မြန်မြန်ဆန်ဆန် ရောက်လာနိုင်ဖို့မလွယ်ပေ။
သို့သော် တစ်ဖက်လူက လာဝံ့သောကြောင့် သူမ သူ့ကို တွေ့ချင်နေပေလိမ့်မည်။
ကျန်းချန်ရှန်းက ဝတ်ဖြူတော်အစောင့်တပ်များသို့ ချက်ချင်း အသံတစ်ခု ပေးပို့လိုက်သည်။
တစ်နာရီလောက်ကြာတော့....
ချန်ယောင်လင်း မြို့ထဲသို့ဝင်ရန် တန်းစီနေသော်လည်း သူမမြို့ထဲသို့ ဝင်လိုက်ချိန်တွင် ဝတ်ဖြုတော်အစောင့်များက သူမကို အသင့်စောင့်ကြိုနေသည်။
"သခင်မလေးကို ဧကရာဇ်က တွေ့ချင်နေတယ်"
ဝတ်ဖြူတော်အစောင့်များက မျက်နှာဖုံးများတပ်ထားသဖြင့် ၎င်းတို့ကို ကျား၊မ ခွဲခြားရန် မဖြစ်နိုင်ပေ။
ချန်ယောင်လင်း အံ့သြသွားသည်။ သူမ၏အတွင်းအားက ရိုးရှင်းလှသည်မဟုတ်ပေ၊ မဟာကန္တရမင်းဆက်နတ်ဘုရားပင်လျှင် သူမကို ရှာဖွေတွေ့ရှိရန် ခက်ခဲပေလိမ့်မည်။ ဤသည်မှာ အရှင်ဇီဟွမ်း သူမကို သေမျိုးကမ္ဘာသို့ လွှတ်ချရန် သတ္တိရှိခဲ့သည့် အကြောင်းရင်းဖြစ်သည်။
အသက်ပြင်းပြင်းရှူပြီး ရင်တွင်းကတုန်လှုပ်မှုကို မျိုသိပ်ထားရသည်။ သူမက ခေါင်းညိတ်ပြပြီး အစောင့်တပ်သားနောက်ကို လိုက်သွားသည်။
အနီးနားရှိ ပြည်သူများနှင့် သိုင်းပညာရှင်တို့က သူမအား စူးစူးစိုက်စိုက်ကြည့်ကာ လက်ညှိုးထိုးကုန်ကြသည်။ တစ်ချို့က သူမရဲ့ အလှကို မက်မောကြပြီး အချို့က သူမရဲ့ နောက်ကြောင်းဇစ်မြစ်ကိုသိချင်နေကြသည်။