သိုင်းနတ်ဘုရားနယ်ပယ်...သိုင်းနတ်ဆိုးဒီရေ
Vol. 23 Ch. 333
ဝတ်ဖြူတော်အစောင့်တပ်သား ဦးဆောင်ပြီး ချန်ယောင်လင်းတစ်ယောက် နန်းတော်ရှိ အင်ပါယာဥယျာဉ်ထဲသို့ ရောက်ရှိခဲ့သည်။
ထိုအချိန်တွင် ဝတ်ဖြူတော်အစောင့်တပ်သားက သူ့ကိုထားခဲ့ကာ လှည့်ထွက်သွားသည်။ ချန်ယောင်လင်း ရှေ့ကို ဆက်လျှောက်သွားတော့ နားနေဆောင်မှာလူတစ်ယောက်ရှိနေသည်ကိုမြင်ခဲ့ရသည်။
ကျန်းချန်ရှန်းက ကမ္ဘာပြင်ပမှလူများနှင့်ရင်ဆိုင်ရသော်လည်း ခရမ်းရောင်တိမ်တိုက်နန်းတော်တွင် ၎င်းတို့နှင့်မတွေ့ဆုံဘဲ တုနှိုင်းမဲ့ယန်အလင်းတန်းကိုလည်း မသုံးခဲ့ဘဲ ဟန်ဆောင်မှုကို လျှော့ချရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ထိုသို့လုပ်ရခြင်းမှာ အထက်နယ်ပယ်မှ အားကောင်းသည့် ကျွမ်းကျင်သူများ၏ ပစ်မှတ်ထားခြင်းကို ရှောင်ရှားရန် သူ၏ ခွန်အားကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားရန် ဖြစ်သည်။
မဟာကန္တရမင်းဆက်နတ်ဘုရားက သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်သည်ဟု ထင်ယောင်ထင်မှား ဖန်တီးခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်၊ သို့သော် သူ အပြင်မထွက်ရဲပေ။ စင်စစ်သော်ကား မြေပြင်ပေါ်၌၊ မဟာကန္တရမင်းဆက်နတ်ဘုရား မည်မျှ တန်ခိုးကြီးသနည်း၊ သူ့အထက်၌ ကျွမ်းကျင်သူ မည်မျှ ရှိမည်ကိုမသိနိုင်ပေ။
ချန်ယောင်လင်း နားနေဆောင်ထဲသို့ လျှောက်သွားပြီး ကျန်းချန်ရှန်းကိုဉီးညွှတ်အရိုအသေပြုလိုက်သည်။
"မဂ်လာပါ စီနီယာ...ချန်ယောင်လင်းနှုတ်ဆက်ပါတယ်...."
သူမက အနက်ရောင်အဝတ်အစားကိုခရီးသွားတစ်ယောက်လို ဝတ်ဆင်ထားသည်။ သူမ ကျန်းချန်ရှန်းကို သေချာမကြည့်ဝံ့ပေ။
ကျန်းချန်ရှန်းက.... “ထိုင်ပါ....မင်းရဲ့အော်ရာက သိုင်းပညာရှင်နဲ့ မတူဘူးဆိုတာ ငါသိတယ်.... မင်းဘယ်ကလာသလဲ မေးလို့ရမလား"
ချန်ယောင်လင်း ထိုင်ပြီး မော့ကြည့်လိုက််ကာ.... "ကျွန်မက ကောင်းကင်ကလာတာ....."
ကျန်းချန်ရှန်၏ ရုပ်ရည်ကြောင့်
သူမ တိတ်တဆိတ် အံ့သြသွားသည်။ ဤလူသားက တကယ်ကို ကြည့်ကောင်းကာ အထက်ကမ္ဘာမှာတောင် သူ့ကို ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ပေ။
အဓိကအားဖြင့်တော့ သူ့ရဲ့ စိတ်နေစိတ်ထားက သူမကို ဖော်ပြမရတဲ့ ခံစားချက်မျိုးပေးစွမ်းနေသည်။
ကျန်းချန်ရှန်း၏ရုပ်ရည်သွင်ပြင်နှင့် စိတ်နေစိတ်ထားကြောင့် သူမ အံ့အားသင့်သွားသော်လည်း တဖက်လူက ချက်ချင်းတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် သတိမပြတ်ရဲပေ။
ကျန်းချန်ရှန်းကလည်း တဖက်လူ ဒီလောက်ရိုးသားမယ်လို့ထင်မထားပေ။
"မိန်းကလေး... မင်းဒီကို ဘာလို့ရောက်နေတာလဲ"
ချန်ယောင်လင်းက သူ့ကိုကြည့်ပြီး .....
"ဒီကမ္ဘာကို မဟာကန္တရသိုင်းကမ္ဘာလို့ခေါ်တယ်....ဒီသိုင်းလောကကို ဖန်ဆင်းခဲ့တဲ့ မဟာကန္တရနတ်ဘုရားက စီနီယာတွေနဲ့ လူသားမျိုးနွယ်အပေါ် သူ့အမြင်ကို သတ်မှတ်ထားပြီးသား....သိပ်မကြာခင်မှာပဲ လူသားမျိုးနွယ်တွေနဲ့စီနီယာတွေကိုသတ်ဖို့ ကိုယ်တိုင်ကိုယ်ကျရောက် လာလိမ့်မယ်.....”
ကျန်းချန်ရှန်းက မျက်မှောင်ကြုတ်ကာ ဟန်ဆောင်လိုက်ပြီး.... “သူ ဘာကြောင့် လူသားမျိုးနွယ်ကို သတ်မှာလဲ”
"ဘာလို့လဲဆိုတော့ သူက ဒီသိုင်းလောကထဲက သတ္တဝါတွေကို ဆေးဖက်ဝင်ဆေးလုံးအဖြစ် သန့်စင်စေချင်လို့ပဲ.... ဒါပေမယ့် သူကိုယ်တိုင်က လူသားတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ဆေးဖက်ဝင်ဆေးလုံးတွေရဲ့ အခြေခံအဖြစ် လူသားတွေကိုအသုံးပြုမယ်ဆို ပြဿနာတွေကို ဆွဲဆောင်နေသလိုဖြစ်လိမ့်မယ်...ဒါကြောင့် သူက လူသားများတွေကို သုတ်သင်ရှင်းလင်းဖို့ များပြားလှတဲ့ မျိုးနွယ်စုတွေကိုလက်ငှားချင်နေတာ...."
ထိုစကားများကိုပြောနေချိန် ချန်ယောင်လင်း၏အမူအရာ ငြိမ်သက်သွားသော်လည်း သူမ၏ ရင်တွင်း၌ အေးမြသွားခဲ့သည်။
ကျန်းချန်ရှန်း မျက်မှောင်ကြုံကာ နတ်ဆိုးများ၏ ကောင်းကင်နှင့်မြေပြင်မီးပြင်းဖို၀င်္ကပါအကြောင်းတွေးလိုက်မိသည်။
"လူသားတွေ? ကောင်းကင်မှာ လူသားတွေ ရှိလား"
ကျန်းချန်ရှန်းက စိတ်ဝင်တစား မေးလိုက်သည်။ဤကမ္ဘာ၌ သိုင်းတာအို၏ စည်းမျဉ်းများအောက်တွင်သာ လူသားများ ရှိနေသည်ဟု ယခင်က ထင်ခဲ့ဖူးသည်။
ချန်ယောင်လင်းက “ရှိတယ်.... လူသားမျိုးနွယ်တွေက မူလမျိုးနွယ်စုပါ...ကမ္ဘာသုံးထောင်မှာ လူသားတွေရှိပေမယ့် အမွေအနှစ်နဲ့ အတွေ့အကြုံတွေကြောင့် လူသားတွေ ရှားပါးလာကြပြီ...ဒါ့အပြင် အချို့သော သိုင်းတာအိုကမ္ဘာတွေမှာ လူသားမျိုးနွယ် သူတို့ကို ခြိမ်းခြောက်လာမှာစိုးတာကြောင့် သိုင်းတာအိုကမ္ဘာရဲ့အရှင်သခင်တွေက လူသားများကို ကမ္ဘာရဲ့ အုပ်စိုးရှင်သူတွေဖြစ်ခွင့်မပေးကြဘူး.... မဟာကန္တရသိုင်းကမ္ဘာမှာလဲ ဒီအတိုင်းပဲ... ကျွန်မသိရသလောက်ဆို လွန်ခဲ့တဲ့နှစ်ပေါင်းသန်းပေါင်းများစွာအတွင်းမှာ မဟာကန္တရမင်းဆက်မှာ လူသားအုပ်စိုးသူ မျိုးဆက်ငါးခုထက်မနည်း ပေါ်လာခဲ့ဖူးတယ်....သူတို့အားလုံးက မဟာကန္တရမင်းဆက်နတ်ဘုရားရဲ့ အခွင့်အာဏာကို စိန်ခေါ်ဖို့ ကြိုးစားကြပေမယ့် အားလုံး မအောင်မြင်ခဲ့ကြဘူး....'
ရှင်သန်မှုစနစ်၏ တည်ရှိမှုက အင်မော်တယ်ကျင့်ကြံသူများ တစ်ချိန်က ရှိခဲ့ဖူးသည်ဟု ဆိုလိုသည်။ သူရရှိသော ပညာရပ်များ၊မှော်အစွမ်းများနှင့်နတ်ဘုရားစွမ်းရည်များသည် မ အဓိကအားဖြင့် လူသားများ၏သွေးကြော
အပေါ် အခြေခံသည်။ ထို့ကြောင့် လူသားများ အလွန်ချမ်းသာသောခေတ်သို့ ဖွံ့ဖြိုးတိုးတက်လာခြင်းက သာမန်ပင်ဖြစ်သည်။
ကျန်းချန်ရှန်းက "....အထက်ကမ္ဘာက ဘယ်လိုကမ္ဘာမျိုးလဲလို့ မေးလို့ရမလား"
ချန်ယောင်လင်းက.... “အထက်ကမ္ဘာကို
ကမ္ဘာသုံးထောင်ပါရှိတဲ့ မဟာရွှမ်းဟန်ကမ္ဘာလို့ခေါ်တယ်...မဟာကန္တရသိုင်းတာအိုကမ္ဘာက ကမ္ဘာသုံးထောင်ထဲက တစ်ခုပါပဲ.... သိုင်းတာအိုကမ္ဘာကိုဖန်တီးသူတိုင်း နတ်ဘုရားဖြစ်လာနိုင်တယ်.... နတ်ဘုရားတပါးစီက ကမ္ဘာတစ်ခုစီကို ထိန်းချုပ်နိုင်ပေမယ့် ကမ္ဘာသုံးထောင်ရဲ့ စည်းမျဉ်းတွေကိုတော့ နတ်ဘုရားသိုင်းနယ်ပယ်က ထိန်းချုပ်ထားတယ်..... ထိန်းချုပ်မှုပိုင်းအရဆို မဟာကန္တရမင်းဆက်ရနတ်ဘုရားက သူ့ရဲ့ကမ္ဘာကို အနည်းငယ်သာ ချုပ်ကိုင်ထားနိုင်တယ်...ဒါကြောင့်မို့ စီနီယာနဲ့ရင်ဆိုင်ဖို့ ဆင်းလာလို့မရတာ..."
“အထက်ကမ္ဘာဆိုတာ ဘယ်လိုကမ္ဘာမျိုးလဲဆိုတာ စီနီယာ အထက်ကိုတက်လှမ်းနိုင်တဲ့အခါ သိလိမ့်မယ်....အထက်ကမ္ဘာမှာ အကန့်အသတ်မရှိ ကျွမ်းကျင်သူတွေနဲ့ ပြည့်နှက်နေတယ်....ကမ္ဘာသုံးထောင်မှာ လှည့်လည်သွားလာနိုင်သူများက သိုင်းလောကကို ကျော်လွန်နိုင်တဲ့သူတွေပဲဖြစ်ကြတယ်...."
ကျန်းချန်ရှန်းက ချန်ယောင်လင်းပြောသမျှကိုဂရုတစိုက် နားထောင်နေ၏။
သူဒီလို မှန်းဆထားတာ ကြာပြီဖြစ်သည်။ သူ့ရဲ့ မှန်းဆချက်အတွက် အထောက်အထားများစွာလည်း ရှိခဲ့သည်။ လူသားတို့၏ ဘာသာစကားက လူမျိုးစုအားလုံး၏ ဘာသာစကားနှင့် အတူတူပင်ဖြစ်ရာ မဟာကန္တရမင်းဆက်ကြီးကို ထိန်းချုပ်ရန် ပိုမိုအားကောင်းသော စွမ်းအားရှိကြောင်း ဆိုလိုသည်။ သို့သော် ပြင်ပကမ္ဘာက သူမှန်းဆထားသည့်အတိုင်း တိတ်ဆိတ်နေမည်ဟု မမျှော်လင့်ထားပေ။ သူအဆင့်မတက်ခင်
စိတ်ဝိဉာဉ်ဖြင့်လှည့်လည်ကြည့်ခဲ့သော ပြင်ပကမ္ဘာဟာ မဟာကန္တရသိုင်းတာအိုကမ္ဘာ၏ အထက်မှာသာ ရှိနိုင်ပြီး မဟာရွှမ်းဟန်ကမ္ဘာကြီးလည်း မပါဝင်သေးပေ။
“အမှန်တိုင်းပြောရရင် ကျွန်မက အရှင်ဇီဟွမ်းလို့ ခေါ်တဲ့ တခြားနတ်ဘုရားအတွက် အလုပ်လုပ်ပေးနေတာပါ....အရှင်ဇီဟွမ်းက မဟာကန္တရနတ်ဘုရားနဲ့မတူပါဘူး....အရှင်ဇီဟွမ်းက သိုင်းလောကကို အုပ်စိုးတဲ့သူမဟုတ်ဘဲ ကောင်းကင်မြစ်ကိုအုပ်စိုးတဲ့သူပါ.... ကောင်းကင်မြစ်က ရာနှင့်ချီတဲ့ သိုင်းကမ္ဘာတွေကို အကာအကွယ်ပေးပြီး ထိန်းသိမ်းပေးထားတယ် မဟာကန္တရနတ်ဘုရားက အရှင်ဇီဟွမ်းရဲ့ ကောင်းကင်မြစ်ကို ကြိုဖွင့်ပြီး အောက်ကမ္ဘာက ရှင့်ကို အမြန်ဆုံး ကိုင်တွယ်စေချင်တယ်...ဒါပေမယ့် ကျွန်မသခင်က မဟာကန္တရနတ်ဘုရားရဲ့လုပ်ရပ်ကို မနှစ်မြို့တာကြောင့် စီနီယာနဲ့ပူးပေါင်းချင်နေပါတယ်..... "
ချန်ယောင်လင်း၏ သဘောထားက အထက်ကမ္ဘာမှ တစ်စုံတစ်ယောက်၏ မောက်မာမှုမျိုး မရှိဘဲ အလွန်နိမ့်ကျသည်။ ယင်းကြောင့် ကျန်းချန်ရှန်းက သူမနှင့် အရှင်ဇီဟွမ်းတို့ကို အနည်းငယ် အထင်ကြီးမိခဲ့သည်။
ကျန်းချန်ရှန်းက ...."မင်းရဲ့သခင်က မဟာကန္တရနတ်ဘုရားရဲ့တောင်းဆိုချက်ကို
သဘောတူခဲ့တာလား...?"
ချန်ယောင်လင်းက... "ဟုတ်ကဲ့...."
သူတို့ မျက်လုံးချင်းဆုံသွားသော်လည်း ချန်ယောင်လင်း ငြိမ်သက်နေခဲ့သည်။
“အဲဒါကလည်း မဟာကန္တရနတ်ဘုရားက ကိုယ်တိုင်လာတောင်းဆိုတာကြောင့် သူ့ကို တိုက်ရိုက်ငြင်းပယ်ဖို့ မသင့်တော်လို့ပါ...ဒါပေမယ့် အရှင်ဇီဟွမ်းက စီနီယာနဲ့ပူးပေါင်းဖို့ဆန္ဒရှိနေပါတယ်....စီနီယာ ကျွန်မနဲ့အတူ အထက်ကိုတက်လှမ်းပြီး ကျွန်မသခင်ရဲ့အရိပ်မှာခိုလှုံမယ်ဆို မဟာကန္တနတ်ဘုရား ဘယ်လိုမှရှာတွေ့နိုင်မှာမဟုတ်ဘူး...ကျွန်မသခင်က စီနီယာကို ကောင်းကောင်းဆက်ဆံမှာပါ...."
အထက်ကိုတက်လှမ်းဖို့လား....လုံးဝမဖြစ်နိုင်ဘူး....!
ကျန်းချန်ရှန်းက ဟန်ဆောင်စဉ်းစားနေပေမယ့် တကယ်တော့ အရှင်ဇီဟွမ်းရဲ့ တကယ့်စိတ်ရင်းကို တွေးဆနေခြင်းပင်....
“လူသားမျိုးနွယ်ကိုပါ ငါနဲ့အတူခေါ်လာလို့ရမလား..”
ချန်ယောင်လင်း အံ့သြသွားကာ ပထမစိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့သည်။
“မနောက်ပါနဲ့စီနီယာ.... နတ်ဘုရားသိုင်းနယ်ပယ်ကို သေမျိုးလူသားတွေ ခိုးသွင်းလို့ မရဘူးလို့ အမိန့်ထုတ်ထားတယ်...
နယ်ပယ် အထွတ်အထိပ်ရောက်ပြီးသူတွေသာတက်လှမ်းခွင့်ရှိတယ်...ဒါ့အပြင် စီနီယာ လူသားမျိုးနွယ်စုကို အတူခေါ်လာမယ်ဆို မဟာရွှမ်းဟန်ကမ္ဘာထဲက ရွှမ်းဟန်ချီတွေက သူတို့ကို အသေသတ်ဖို့ လုံလောက်တယ်....သိုင်းဧကရာဇ် နယ်ပယ်အောက်က ဘယ်သူမှ မဟာရွှမ်းဟန်ကမ္ဘာမှာမရှင်သန်နိုင်ဘူး...."
" သိုင်းဧကရာဇ်နယ်ပယ်တွေပဲလား....ဒါဆိုဘာလို့လဲ…”
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သော်လည်း သူစကားမဆုံးခင်မှာ အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။
ချန်ယောင်လင်းက “မဟာကန္တရနတ်ဘုရားကြောင့်ပါ...သူအဆင့်မတက်နိုင်တော့ဘူးဆိုတာ သိပြီးကတည်းက အစွန်းရောက်သွားခဲ့တယ်.... မဟာကန္တရမင်းဆက်က သက်ရှိသတ္တဝါအားလုံးကိုဆေးလုံးအဖြစ် သန့်စင်ဖို့ သူ့အကြံအစည်က လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းက သန္ဓေတည်နေခဲ့တာ.... အရင်တုန်းကတော့လည်း အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တုန်းက နတ်ဘုရားသိုင်းနယ်ပယ်က ဝင်တားဆီးခဲ့ရတယ်..... အရင်အချိန်က သူ့ရဲ့ ပံ့ပိုးကူညီမှုကြောင့်သာ မဟုတ်ရင် ဖယ်ထုတ်ခံရတာ ဒါမှမဟုတ် နှင်ထုတ်ခံရလောက်ပြီ...."
နတ်ဘုရားသိုင်းနယ်ပယ်.....
၎င်းကိုကြည့်ခြင်းအားဖြင့်၊ နတ်ဘုရားသိုင်းနယ်ပယ်သည် မဟာရွှမ်းဟန်ကမ္ဘာ၏တော်ဝင်တရားရုံးနှင့် တူညီပြီး မဟာကန္တရနတ်ဘုရားက ၎င်းလက်အောက်ရှိ အရာရှိတစ်ဦးမျှသာဖြစ်သည်။
သူသည် အရာရှိဖြစ်ခဲ့သောကြောင့်၊ နတ်ဘုရားသိုင်းနယ်ပယ်တွင် များစွာသော ဆက်သွယ်များ ရှိလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း လူသားများ မည်သည့်နေရာတွင်ရှိပါစေ၊ ဆက်ဆံရေးက အရေးကြီးသောအရာတစ်ခုဖြစ်သည်။
ကျန်းချန်ရှန်း နောက်ထပ်မေးခွန်းအချို့ကို မေးခဲ့ပြီး ချန်ယောင်လင်းကလည်း သူမသိသမျှကို ပြောပြခဲ့ပြီး ကျန်းချန်ရှန်း သူမ၏သဘောထားကို ကျေနပ်နေခဲ့သည်။
အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် ကျန်းချန်ရှန်းက ချန်ယောင်လင်း ကို ကျန်းချန်တွင်ဆက်လက်နေထိုင်ရန် တောင်းဆိုခဲ့သည်။ ချန်ယောင်လင်းက ဖိတ်ကြားချက်ကို သဘောတူခဲ့သည်။ သူမ အလျင်လိုနေစရာမလိုဘဲ ကျန်းချန်ရှန်းကို ဆွဲဆောင်ရန် အချိန်ယူရမည်ကို သူမ နားလည်သည်။
အရှင်ဇီဟွမ်းက မဟာကန္တရနတ်ဘုရားကို ကြောက်နေပြီ ဖြစ်သောကြောင့် သူမ သူ့ကို အကာအကွယ် မပေးနိုင်တော့ပေ။ ထို့အပြင်၊ သူသည် အင်မော်တယ်ကျင့်ကြံသူလည်းဖြစ်ပြီး ရှာဖွေတွေ့ရှိသည်နှင့် တပြိုင်နက် သိုင်းနတ်ဘုရားနယ်ပယ်က သူ၏ရန်သူဖြစ်လာမည်ဖြစ်သည်။
ကျန်းချန်ရှန်းက ချန်ယောင်လင်းကို ဆက်လက်နေထိုင်ရန် တောင်းဆိုရခြင်းမှာ ထျန်းကျင်းကို စောင့်ကြည့်လေ့လာခွင့်ပေးဖို့နှင့် သူ့ကို သိုင်းပညာရှင်တစ်ယောင်အဖြစ်အထင်မှားသွားစေဖို့ဖြစ်သည်။
“တကယ် မငြိမ်းချမ်းသေးဘူး... နည်းလမ်းတစ်ခုတော့ စဉ်းစားရဉီးမယ်... ”
ကျန်းချန်ရှန်း၏အမြင်တွင်၊ မဟာကန္တရနတ်ဘုရားက သေလူဖြစ်နေပြီဖြစ်သည်။ ဂရုပြုရမည့်အချက်မှာ မဟာကန္တရနတ်ဘုရားကို သတ်ခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။
မဟာကန္တရနတ်ဘုရားကို သတ်ပြီးရင် သူ့နေရာမှာ အစားထိုးမယ့်သူ ရှိမှာ သေချာသည်။ ဆန့်ကျင်မည့်သူတွေ ဆက်ရှိနေရင်...
ကျန်းချန်ရှန်းက ချန်ယောင်လင်း ၏နောက်ကွယ်မှအရှင်ဇီဟွမ်းအကြောင်းကိုလည်း တွေးနေသည်။
အရှင်ဇီဟွမ်းကို ချုပ်ကိုင်ရန် နည်းလမ်းရှာရတော့မည်.......
သူ၏အုပ်ချုပ်မှုအောက်တွင်ပင် ထျန်းကျင်း အချိန်တိုအတွင်း ကြီးထွားသန်မာလာဖို့ မဖြစ်နိုင်ပေ။ ထျန်းကျင်းနှင့် မဟာကန္တရပေါင်းစည်းလိုက်သောအခါတွင် ကျန်းချန်ရှန်း နယ်ပယ်များစွာကို ဖြတ်ကျော်သွားပေလိမ့်မည်။ ထိုအချိန်တွင်၊ သိုင်းနတ်ဘုရားနယ်ပယ်ကို ကြောက်စရာမလိုတော့ပေ။
“ရှင်သန်မှုစနစ်က ငါ့ရဲ့ကျင့်ကြံမှုကို သိုင်းပညာအဖြစ် ပြောင်းလဲမလားလို့ အကြိမ်တိုင်းမေးမြန်းနေတာ အံ့သြစရာမဟုတ်တော့ဘူး...ဒီကိစ္စက တကယ်နက်နဲတယ်..."
ကျန်းချန်ရှန်းက ကျင့်ကြံနေသမျှ ကာလပတ်လုံး သန်မာသောရန်သူများကို အမြဲရင်ဆိုင်ရမည်ဟု တိတ်တဆိတ်တွေးခဲ့သည်။
သို့သော် မကျင့်ကြံပါက ပို၍ပင် ဒုက္ခဖြစ်လိမ့်မည်။ သူသေသွားတာကြာပြီလည်း ဖြစ်ကောင်းဖြစ်နိုင်သည်.... အနည်းဆုံးတော့ နတ်ဆိုးကပ်ဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ကျင့်ကြံခြင်းကို စွန့်လွှတ်လျှင်လည်း နတ်ဘုရားများ၏ ကပ်ဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သူတပါး၏လမ်းကို လျှောက်လှမ်းနေလျှင် သူတပါးကို ကျော်တက်ရန် ခဲယဉ်းသည်။ သိုင်းတာအိုကတော့ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည်မဟုတ်လော.....
ကျန်းချန်ရှန်းဒါတွေကိုကြိုတင်တွေးတောထားပြီးသားပင်.... အကယ်၍ သူသာအထက်သို့မတက်လှမ်းလျှင် အရှင်ဇီဟွမ်းက မဟာကန္တရနတ်ဘုရားကို သိုင်းလောကကို အုပ်စိုးခွင့် ပေးလိမ့်မည်။
ဝတ်ဖြူတော်အစောင့်တပ်၏ စီစဉ်မှုအောက်တွင် ချန်ယောင်လင်း ကျန်းချန်၌နေထိုငိခဲ့သည်။ သူမ ကျန်းချန်အနီးတဝိုက်တွင် နေ့တိုင်းလျှောက်သွားကာ ထျန်းကျင်းအတွက် ပို၍သနားစိတ်ဝင်လာသည်။
ထျန်းကျင်းရှိ လူသားများသည် ကွဲလွဲချက်များမဟုတ်ပေ။ သူတို့အားလုံးက စစ်မှန်သော သိုင်းပညာရှိများဖြစ်ကြသည်။ သူမ၏အမြင်တွင်၊ မဟာကန္တရနတ်ဘုရားကသာ မနာလိုဖြစ်နေခြင်းပင်.....
အရှင်ဇီဟွမ်းက မဟာကန္တရနတ်ဘုရား၏ ပြောပြချက်အပြင် မဟာကန္တရမင်းဆက်၏ သိုင်းလောက၌ ကြီးကျယ်ခမ်းနားသော သူရဲကောင်းများစွာကို တွေ့မြင်ခဲ့ပြီးပြီဟု တစ်ချိန်က ပြောခဲ့ဖူးသည်။
အချို့သော စုံစမ်းစစ်ဆေးမှုအပြီးတွင် ထျန်းကျင်း၌ တောက်ပသောကြယ်နှစ်စင်းရှိကြောင်း သူမသေချာသိရှိခဲ့သည်။
ကျန်းထျန်းမင်နှင့် အိမ်ရှေ့မင်းသားကျန်းဇီယု......
ကျန်းချန်ရှန်းကိုတော့ ကျွမ်းကျင်သူတစ်ယောက်လို့ မှတ်ယူထားပြီး သူ့ရဲ့ အရည်အချင်းက ပိုကြောက်စရာကောင်းသည်။
အတိအကျပြောရရင် ကျန်းချန်ရှန်းက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အရည်အချင်းကြောင့် မဟာကန္တရနတ်ဘုရား သူ့ကို ကြိုတင်ပြီး ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
အနှစ် ၃၀၀ သည် လူသားများအတွက် ရှည်လျားသော်လည်း ချန်ယောင်လင်းတို့လို အထက်ကမ္ဘာမှ လူများအတွက် မကြာလှပေ။ အနှစ် ၃၀၀ ဆိုမထားနှင့် အနှစ် ၁၀၀၀ ဒါမှမဟုတ် နှစ် ၁၀၀၀၀ ဟာ တံခါးပိတ်ကျင့်ကြံရင်း လျင်မြန်စွာကုန်ဆုံးသွားပေလိမ့်မည်။
လတိုင်း၊ ကျန်းချန်ရှန်းက ချန်ယောင်လင်းနှင့် စကားစမြည်ပြောရန် တစ်ရက်တာ အချိန်ပေးခဲ့သည်။
ချန်ယောင်လင်းက ကျန်းချန်ရှန်းကို ဆွဲဆောင်ရန် ကြိုးစားသော်လည်း ကျန်းချန်ရှန်းက သူမအား တုံ့ဆိုင်းစွာဖြင့် ငြင်းပယ်ခဲ့သည်။
တစ်နှစ်ခွဲအကြာ... အင်မော်တယ်ခေတ်၏ ၃၆ နှစ်၊ နွေရာသီကာလတွင်....
စကားစမြည်ပြောဆိုခြင်းများစွာကြောင့် မဟာရွှမ်းဟန်ကမ္ဘာကြီးအပေါ် ကျန်းချန်ရှန်း၏နားလည်မှု နက်နဲလာသည်။ မဟာရွှမ်းဟန်ကမ္ဘာ၏ သိုင်းပညာလမ်းကြောင်း ထွန်းကားလာကာ မျိုးနွယ်စုအားလုံးသည် သိုင်းပညာကို ကျင့်သုံးကြသည်။ သူတို့၏ ယဉ်ကျေးမှုသည်လည်း အထွတ်အထိပ်သို့ ရောက်နေပြီး ဖုန်းဆိုးနယ်မြေမဟုတ်တော့ပေ။
တနေ့သ၌....
ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုကို အာရုံခံမိပြီး မျက်လုံး ဖွင့်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် မိုးကုပ်စက်ဝိုင်းမှ တဟုန်ထိုး လွင့်မျောလာသေယ မိုးတိမ်တောင်များ ရှီပြည်နယ်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားကာ မရေမတွက်နိုင်သော နိုင်ငံသားများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ မိုးရွာတော့မယ်လို့ လူအများက ထင်မှတ်မှားပြီး လှမ်းထားသည့် အဝတ်အစားတွေတောင် ရုတ်သိမ်းနေကြသည်။
ကျန်းချန်ရှိ အိမ်ကြီးတအိမ်တွင်......
ချန်ယောင်လင်း အခန်းထဲမှ ထွက်လာပြီး အံ့သြသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ဒါက သိုင်းနတ်ဆိုးဒီရေလား.... ဒီကမ္ဘာမှာ နတ်ဆိုးတွေ တကယ်ရှိတာပေါ့....…”
ချန်ယောင်လင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပြီး ချက်ချင်းပင် သူ့အခန်းထဲသို့ ပြန်ဝင်သွားကာ ကျောက်စိမ်းတုံးကို ထပ်မံထုတ်ယူ၍ အရှင်ဇီဟွမ်းထံ ဆက်သွယ်ခဲ့သည်။
မကြာခင်မှာပဲ အရှင်ဇီဟွမ်းရဲ့ မျက်နှာ ကျောက်စိမ်းတုံးပေါ်မှာ ပေါ်လာသည်။
"ဘာလို့လဲ? တက်လှမ်းဖို့ သဘောတူလိုက်ပြီလား...."
အရှင်ဇီဟွမ်က မျှော်မှန်းချက်ဖြင့် မေးသော်လည်း ချန်ယောင်လင်းက အသက်ပြင်းပြင်းရှူပြီး ....“သူ တုံ့ဆိုင်းနေတုန်းပဲ....အဲ့အစား အခြားအရာတခုတင်ပြမလို့ပါ.... မဟာကန္တရသိုင်းကမ္ဘာမှာ နတ်ဆိုးတွေရှိတယ်....အခုလေးတင် သိုင်းနတ်ဆိုးဒီရေထွက်ပေါ်လာတယ်.... တစ်နည်းပြောရမယ်ဆို ဒီနတ်ဆိုးတွေက အမြစ်တွယ်နေပြီ..... အရှင်...ဒီအကြောင်းတွေကို သိုင်းနတ်ဘုရားနယ်ပယ်ဆီတင်ပြရမယ်...."
အရှင်ဇီဟွမ်း ထိုစကားကိုကြားသောအခါ သူမလည်း မျက်မှောင်ကြုတ်သွားလေသည်။
“နတ်ဆိုးမျိုးနွယ်စု… ဖြစ်နိုင်ပါ့မလား… ရှင် ကောင်းကင်နဲ့မြေပြင်မီးပြင်းဖိုကို စွဲလန်းနေတာ မထူးဆန်းတော့ဘူး …”
အရှင်ဇီဟွမ်း ထိုသို့ရေရွတ်လိုက်သည်။ ထို့နောက် သူမ ချန်ယောင်လင်းကိုကြည့်ကာ "နင် ဒီသိုင်းကမ္ဘာကြီးမှာ နေနိုင်တယ်....မလှုပ်ရှားနဲ့ဉီးလှုပ်ရှားပြီးတာနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတရားတွေက နင့်ကို နှင်ထုတ်လိမ့်မယ်....”