← Chapters

ကောင်းကင်မြစ်ကို နားလည်ခြင်း.... ကျန်းချန်ရှန်း၏ ရဲစွမ်းသတ္တိ.....

Vol. 23 Ch. 334

ကောင်းကင်မြစ်ကို နားလည်ခြင်း.... ကျန်းချန်ရှန်း၏ ရဲစွမ်းသတ္တိ.....

Vol. 23 Ch. 334

ခရမ်းရောင်တိမ်တိုက်နန်းတော်တွင်နေထိုင်​သော ကျန်းချန်ရှန်းက ချန်ယောင်လင်းနှင့် အရှင်ဇီဟွမ်းတို့၏ ပြောဆိုမှုကို ကြားလိုက်ရသည်။ ဖြစ်စဉ်ကို ကြားသိရပြီးနောက် နတ်ဘုရားအာရုံကို ချက်ချင်းရုတ်သိမ်းလိုက်ကာ ထိုအကြောင်းကို အရှင်ဇီဟွမ်း သိရန် မမျှော်လင့်ခဲ့ပေ။

သိုင်းနတ်ဆိုးဒီရေ?

သူတို့၏လေသံအရ နတ်ဆိုးများ၏ဝိသေသလက္ခဏာက အလွန်ထူးခြားသည်ဟု ထင်ရသည်။ သူတို့၏စကားများက နတ်ဆိုးများသည် အထက်ကမ္ဘာကိုပင် သည်းမခံနိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

ကျန်းချန်ရှန်း ၏သားစဉ်မြေးဆက်များထဲမှ တစ်ဦးဖြစ်သော ကျန်းယဲ့က နတ်ဆိုးမျိုးနွယ်နှင့် သက်ဆိုင်ကြောင်း သတိရမိသည်။ နတ်ဆိုးတွေကလည်း ကျန်းယဲ့ကို ထျန်းကျင်းနဲ့ဝေးရာဆီ ဆွဲထုတ်ချင်နေကြသည်။

သေချာစဉ်းစားပြီးနောက် ကျန်းယဲ့က ထျန်းကျင်း တွင်နေရန်ရွေးချယ်ခဲ့ပြီး အခြေအနေကို ကျန်းချန်ရှန်းအား ပြောပြခဲ့သည်။

"သိုင်းနတ်ဆိုးဒီရေ..... နတ်ဆိုးတွေ ဘာတွေကြံစည်နေတာလဲ...."

ကျန်းချန်ရှန်း မော့ကြည့်လိုက်တော့ အနက်ရောင် တိမ်တိုက်တွေ ကောင်းကင်မှာ လွန့်လူးနေဆဲပင်...

သိုင်းနတ်ဆိုးဒီရေက ထျန်းကျင်းကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း ဂရုတစိုက်လေ့လာပြီး အတည်ပြုနိုင်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်မှ တစ်စုံတစ်ယောက်အဆင့်တက်နေသည်

ဟု သူထင်မှတ်ခဲ့သည်၊ ထို့ကြောင့် အဆင့်တကက်ခြင်းက ကြီးမားသော ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်စေခဲ့သည်။

နတ်ဆိုးမျိုးနွယ်၏ အသန်မာဆုံး ကျွမ်းကျင်သူက အမွှေးတိုင်အရေအတွက် ၇ ဘီလီယံ တန်ကြေးရှိကြောင်း သူ့စိတ်ထဲတွင် တွက်ချက်ခဲ့သည်။ထိုသူသည် ကောင်းကင်နှင့်​မြေပြင်ဧကရာဇ်နယ်ပယ်၏ အဆင့်ခုနစတွင်ရှိပြီး အလွန်အားကောင်းသော်လည်း မဟာကန္တရ၏အထွတ်အထိပ်သန်မာသူများနှင့် ဝေးကွာနေဆဲပင်....

ကျန်းချန်ရှန်းအနေဖြင့် လောလောဆယ် နတ်ဆိုးများကို မထိချင်သောကြောင့် မျက်လုံးမှိတ်ကာ ဆက်လက်ကျင့်ကြံခဲ့သည်။

သိုင်းနတ်ဆိုးဒီရေ ပျောက်ကွယ်မသွားမီ နာရီပေါင်းများစွာ ကြာခဲ့သည်။ ဤကိစ္စအတွက် ထျန်းကျင်းထံမှ တုံ့ပြန်မှုများစွာကို မဖြစ်ပေါ်စေခဲ့ပေ။

အချိန်တွေ ဆက်လက်ကုန်ဆုံးသွားပြန်သည်........

​သိုင်းနတ်ဆိုးဒီရေပေါ်လာပြီးကတည်းက ချန်ယောင်လင်းကို ​နောက်​တစ်​​ခေါက်​ မမြင်​​ရတော့ပေ။ ဒီလိုအခြေအနေမျိုးမှာ သူ့ကို ဆွဲဆောင်ဖို့ အလျင်လိုတော့မှာ မဟုတ်ဘဲ ယခုအချိန်တွင် နတ်ဆိုးများကို စုံစမ်းရန် တာဝန်ပေးအပ်ခံထားရပြိး ထိုတာဝန်အတွက် သူမ မဟာကန္တရသိုင်းတာအိုကမ္ဘာတွင် အချိန်အတော်ကြာနေထိုင်ရန် ပြင်ဆင်နေခဲ့သည်။

လေးနှစ်ကြာပြီးနောက် အင်မော်တယ်ခေတ်၏ နှစ် ၄၀ တွင်.....

ထျန်းကျင်းသည် နောက်ဆုံးတွင် ၎င်းတို့ကို တိုက်ခိုက်ဝံ့သည် မျိုးနွယ်စုများကို ခုခံကာကွယ်ခဲ့သည်။ ဒီတစ်ခါတော့ တိုင်းသူပြည်သားများက ဒီပြဿနာကို ဖြေရှင်းဖို့ သူတို့ကိုယ်သူတို့ အားကိုးခဲ့ကြကာ ကျန်းချန်ရှန်းကလည်း မလှုပ်ရှားဘဲ သူ့လုပ်ရပ်မှန်ကြောင်း သက်သေပြခဲ့သည်။ လူသားမျိုးနွယ်က အံ့ဖွယ်ရာများနှင့် ပြည့်နှက်နေသော လူမျိုးစုဖြစ်သည်။ သူတို့စိတ်အားထက်သန်လေလေ၊ ပြင်းထန်သောခွန်အားဖြင့် ပေါက်ကွဲလွယ်လေလေဖြစ်သည်။ ဤရှည်လျားသောတိုက်ပွဲတွင် သိုင်းပညာရှင်အများအပြား ၎င်းတို့၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်ခဲ့ကြသည်။

အမှန်ပင်၊ အရေးကြီးဆုံးအကြောင်းရင်းမှာ ရန်သူနှင့် ထျန်းကျင်းကြား ကွာဟချက် မကြီးမားသောကြောင့် ဖြစ်သည်။ အကယ်၍ သိုင်းဘုရင်နယ်ပယ်ထက်ကျော်လွန်သော ကျွမ်းကျင်သူတစ်ယောက် ပေါ်လာပါက ကျန်းချန်ရှန်းလှုပ်ရှားရပေလိမ့်မည်။

တနေ့သ၌.....

ကျန်းချန်ရှန်းရဲ့ စိတ်တွေ တဖန် လွင့်မျောသွားပြီး သူ့အသိစိတ်က မဟာကန္တရ နယ်မြေအပြင်ဘက်ကို ရောက်ရှိသွားခဲ့သည်။

တာအိုကျင့်စဉ်၏ ဒသာမအဆင့်ကို ရောက်ကတည်းက သူ ဒါကို လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်းတွင် တာအိုသဘောတရားအပေါ်နားလည်မှု တိုးတက်စေပြီး ကျယ်ပြောလှသော ဟင်းလင်းပြင်ကနေ မဟာကန္တရနယ်မြေကို စတင်ကြည့်ရှုလေ့လာခဲ့သည်။

သူ့အသိစိတ်က လေဟာနယ်ထဲကနေ အောက်ကိုငုံ့ကြည့်လိုက်သည်။ မဟာကန္တရက အလွန်သေးငယ်သော်လည်း မဟာကန္တရတစ်ခုလုံးကို သူ၏စိတ်ဝိညာဉ်အာရုံဖြင့် မဖုံးလွှမ်းနိုင်ခဲ့ပေ။ မဟာကန္တရ၌ မည်သည့်နေရာသို့မဆို သွားနိုင်သော်လည်း၊ မဟာကန္တရတစ်ခုလုံးကို သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ဖုံးအုပ်ထားရန် ဝေးနေသေးသည်။

မဟာကန္တရက အလွန်ကျယ်ပြောလှသဖြင့် ၎င်းသည် သူ၏ယခင်ဘဝက ကမ္ဘာမြေနှင့် မယှဉ်နိုင်တော့ပေ။ မဟာကန္တရမှာ နေအဖွဲ့အစည်းကို ထားရှိမယ်ဆိုရင်တောင် သေးငယ်နေပေလိမ့်မည်။ သို့သော် ဤသည်မှာ ကျန်းချန်ရှန်း ၏ခံစားချက်တစ်ခုသာဖြစ်သည်။ မတူညီသော လောကအမြင်များကို ထင်မြင်ယူဆချက်များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

ကျန်းချန်ရှန်း ကောင်းကင်အကာအရံကို ဖြတ်ကျော်သွားသောအခါတွင် အထက်သို့​တက်လှမ်းနေသကဲ့သို့ ထင်ထင်ရှားရှား ခံစားလိုက်ရသည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းများကို ပိုမိုနက်ရှိုင်းစွာနားလည်သဘောပေါက်ချင်သောကြောင့် ပြင်ပကမ္ဘာသို့ ချက်ချင်းမသွားရောက်ချင်သေးပေ။

မျှော်ကြည့်လိုက်တော့ ကြီးမားသော ခရုပတ်သဏ္ဍာန်မြစ်တစ်စင်း အထက်တွင် တွဲလောင်းကျနေသေးသည်ကို မြင်လိုက်ရသည်။ မြစ်ထဲမှာ ကြယ်တွေ စီးဆင်းပြီး စကြာဝဠာရဲ့ ထိပ်က တိမ်မည်းတွေထဲ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်မြစ်.......

သူမြင်ရသော်လည်း ကောင်းကင်မြစ်နှင့် မည်မျှဝေးသည်မသိနိူင်ပေ။

ဒီတစ်ကြိမ်မှာတော့ ကျန်းချန်ရှန်း ​​ကောင်းကင်မြစ်ကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့သည်။

သူ့အသိစိတ် လျင်မြန်စွာ ပျံ့လွင့်သွားပြိး သူ့စိတ်အခြေအနေအရ သူ့အရှိန်က သူ့ခန္ဓာကိုယ်ထက် ပိုမြန်နေသည်။ ကောင်းကင်မြစ်နှင့် နီးကပ်လာသည်နှင့်အမျှ ကောင်းကင်မြစ်မှ သယ်ဆောင်လာသော တုန်ခါမှုများသည် ပိုမိုအားကောင်းလာသည်။သေချာကြည့်လျှင် ကောင်းကင်မြစ်အတွင်းရှိ ကြယ်များက မဟာကန္တရထက်သေးငယ်မည်မဟုတ်ပေ။

ခဏအကြာတွင်.... ကောင်းကင်မြစ်နှင့် နီးကပ်လာသည်နှင့်အမျှ နဂါးတစ်ကောင် ပတ်ထားသော ကြယ်တစ်ပွင့်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ၎င်းသည် လေစီးကြောင်းပုံသဏ္ဍာန်ရှိသော နဂါးဖြစ်ပြီး ၎င်း၏ ကိုယ်လုံးကိုယ်ပေါက်သည် ပိုင်လုံနှင့် အလွန်ဆင်တူသည်။ သို့သော်၊ ၎င်း၏ကိုယ်ခန္ဓာက ပိုရှည်လျားပြီး ကြယ်ကို လှည့်ပတ်လိုက်သည်နှင့်အမျှ ၎င်း၏ကျောရိုးက တောင်ကြီးတစ်ခုကဲ့သို့ လှိုင်းထနေကာ ကြီးကျယ်ခမ်းနားလှသည်။

ကျန်းချန်ရှန်း ဤနဂါးကို စိတ်ဝင်စားနေမိတော့သည်။ ၎င်းက နဂါးအစစ်မဟုတ်သော်လည်း စွမ်းအားတစ်မျိုးမျိုးဖြင့် ဖွဲ့စည်းထားပုံရသည်။

သူ့အကြည့်တွေ နဂါးကြီး လှည့်ပတ်နေတဲ့ ကြယ်ပေါ်ကို ရောက်သွားပြီး သူ့စိတ်ဝိဥာဉ်က အဲဒီထဲကို စူးစမ်းနေသည်။

ခဏကြာတော့ သူ အံ့သြသွားသည်။

အတွင်းကမ္ဘာက အပြင်ကမြင်နေရတာထက် ပိုကျယ်ပြောလှပြီး မဟာကန္တရထက်ကြီးမားသောနယ်မြေတခုနှင့် ရင်ဆိုင်ရသလို ခံစားလိုက်ရသည်။

၎င်းကမဟာကန္တရနှင့်မတူဘဲ ထိုကမ္ဘာကြီးကို လူသားများက လွှမ်းမိုးထားသည်။ အင်ပါယာများစွာနှင့် စစ်ပွဲများအဆက်မပြတ်ဖြစ်ပွားနေပြီး အစွမ်းထက်သော အော်ရာအချို့ကိုလဲ အာရုံခံမိခဲ့သည်။

၎င်းတို့က သိုင်းဧကရာဇ်နယ်ပယ်ထက်သာလွန်သော သတ္တဝါများဖြစ်သည်။

ချန်ယောင်လင်းနှင့် ဆွေးနွေးခဲ့သော စကားအရ၊ ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်မြေအထက်တွင် အံ့မခန်းနတ်ဘုရားနယ်ပယ်ရှိပြီး ၎င်း၏အထင်တွင် ကောင်းကင်မူလ သိုင်းနယ်ပယ် ဖြစ်သည်။ ချန်ယောင်လင်းက ကျန်းချန်ရှန်းကို အံမခန်းနတ်ဘုရားနယ်ပယ်တွင်ရှိနေသည်ဟု ခန့်မှန်းထားပြီး ကောင်းကင်မူလ သိုင်းနယ်ပယ်စွမ်းအားပိုင်ဆိုင်ထားသည်ဟုထင်နေရှာသည်။

မဟာကန္တရသိုင်းတာအိုကမ္ဘာတွင် ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်ပယ်က အထွတ်အထိပ် စွမ်းအားအဖြစ် သတ်မှတ်ခံရပြီး ကျန်းချန်ရှန်း လက်ရှိစူးစမ်းနေသောကမ္ဘာ၌ကောင်းကင်မူလ သိုင်းနယ်ပယ်က အထွတ်အထိပ်အဖြစ် ရှိနေသည်။

ဒါဟာလည်း မဟာကန္တရ၌ရှိသော သတ္တဝါတို့၏ အရည်အချင်းချို့တဲ့နေခြင်းကြောင့်မဟုတ်ဘဲ မထင်ဘဲ မဟာကန္တရနတ်ဘုရား ကောင်းစွာ မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်ပေမည်။ လူသားတွေကို နှိမ်နှင်းတဲ့အခါ သူ့ကိုချိန်းခြောက်နိုင်မည့်သူမျိုး မဟာကန္တရထဲမှာ မွေးဖွားလာခြင်းကို မည်သို့ခွင့်ပြုနိုင်မည်နည်း။ မဟာကန္တရနတ်ဘုရားရှိလျှင်တောင် ဤကမ္ဘာကို အုပ်ချုပ်ရန် နောက်ထပ်နတ်ဘုရားတပါးပေါ်ထွန်းလာပေမည်။ထိုနတ်ဘုရားကသာ မဟာကန္တရသိုင်းတာအိုကမ္ဘာကို ဖိနှိပ်ချင်နေသရွေ့ သတိထားရန်မှတပါး ရွေးချယ်စရာမရှိပေ။

ထိုအခြေအနေမျိုးတွင် ကျန်းချန်ရှန်းသာ မဟာကန္တရသိုင်းတာအိုကမ္ဘာတွင် အာဏာရလာပါက လူသားမျိုးနွယ်ကို ကယ်တင်နိုင်မည်ဖြစ်သည်။

သူသာမရှိရင် ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဆေးဖက်ဝင်ဆေးလုံးအဖြစ် သန့်စင်ခဲရပေမည်။

ကျန်းချန်ရှန်း ထိုကမ္ဘာကြီးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။

ဒီလူတွေအပြင်ကမ္ဘာအကြောင်းသိကြရဲ့လား.... ကောင်းကင်နှင့်မြေပြင်ကို ဖန်ဆင်းခဲ့တဲ့နတ်ဘုရားက သူတို့ကို ဆေးဖက်ဝင်ဆေးလုံးအဖြစ် သန့်စင်မှာကိုရော သိကြရဲ့လား....

မဟာကန္တရနတ်ဘုရား၏ လုပ်ရပ်များက လက်ရှိနှင့် ယခင်မျိုးဆက်များအတွက် အန္တရာယ်ခဲ့မရှိပေ။ နောက်ဆုံးတော့ သူကိုယ်တိုင် အရေးယူတာမျိုး မရှိသေးပေ။ သူတို့ရဲ့ ခွန်အားတွေကြားက ကြီးမားတဲ့ ကွာဟချက်က လူတိုင်းကို ရေတွင်းအောက်ခြေက ဖားတွေအဖြစ် ပြောင်းလဲပေးနိုင်လောက်အောင်ပင်....

ကျန်းချန်ရှန်း ရုတ်​တရက်​​တွေးလိုက်​သည်​၊ သူသည်လည်း ကန့်​သတ်​ခံထားတဲ့ ဖားတစ်​​ယောက်​မဟုတ်​ပေလော....

အင်မော်တယ်တာအိုကို ဘယ်လို စွမ်းအားမျိုး ကန့်သတ်ထားတာလဲ....

မဟာရွှမ်းဟန်ကမ္ဘာရဲ့အပြင်ဘက်မှာ ဘယ်လို မြင်ကွင်းမျိုးရှိနေမလဲ...

သူ၏ စိတ်ကူးဥာဏ်က သူ့ကိုယ်ပိုင် နားလည်မှုပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်နိုင်သော်လည်း တိကျသေချာသည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့်၊ သူ၏ယခင်ဘဝက ကမ္ဘာမြေမှလူသားများက စကြဝဠာအပြင်ဘက်ရှိအခြေအနေကို စိတ်ကူးမယဉ်နိုင်ကြပေ။ တတ်နိုင်လျှင်ပင် အရာတစ်ခုကို စိတ်ကူးကြည့်ရန် မိမိတို့၏ကိုယ်ပိုင်ဥာဏ်ကို အားကိုးရပေမည်။

ကျန်းချန်ရှန်း တဖြည်းဖြည်း ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။

နောက်ထပ် ခြောက်နှစ်ကြာပြီးနောက် အင်မော်တယ်ခေတ်၏ 46 နှစ်သို့ရောက်ရှိလာသည်။

ကျန်းချန်ရှန်း နားလည်ဆင်ခြင်

နေဆဲဖြစ်သည်။ ခရမ်းရောင်တိမ်တိုက်နန်းတော်အပြင်ဘက်တွင် မည်သူက သူ့ကိုခေါ်သည်ဖြစ်စေ လျစ်လျူရှုထားသည်။ ထို့ကြောင့် ချန်ယောင်လင်းက နတ်ဆိုးများကို စုံစမ်းရန် ထွက်ခွာရန်မှတပါး ရွေးချယ်စရာမရှိပေ။

တနေ့သ၌...

ကျန်းချန်ရှန်းမျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ့မျက်လုံးများက တမူထူးစွာ တလက်လက်တောက်ပနေသည်။ တောင်တန်းများနှင့် ပင်လယ်တို့ကို သူ့မျက်ဝန်းအိမ်ထဲတွင် မြင်တွေ့နိုင်သည်။

သူ့ခန္ဓာကိုယ်ရှိ တာအို အသီးများ အရှိန်အဟုန်ဖြင့် လည်ပတ်နေဆဲဖြစ်ပြီး အကန့်အသတ်မရှိသော မှော်စွမ်းအားကို ထုတ်လုပ်ပေးနေကြသည်။ တံခါးပိတိကျင့်ကြံရာကနေ ကြီးမားသောရိတ်သိမ်းမှုအဖြစ် မှော်စွမ်းအား တိုးလာကြောင်း သဘောပေါက်ခဲ့သည်။

သူအရင်က အခုလိုမျိုး လှည့်ပတ်မကြည့်ဖူးပေမယ့် ကောင်းကင်မြစ်ကို ချဉ်းကပ်ပြီးနောက် တခြားကမ္ဘာတွေကို မကြည့်ဖြစ်ခဲ့ပေ။

ဤတစ်ကြိမ် တာအိုသဘောတရားကို နားလည်ပြီးနောက်၊ ကမ္ဘာကြီး၏ စည်းမျဥ်းစည်းကမ်းများ အပေါ် အမြင်များပိုမိုရှင်းလင်းလာသည်။ ဥပမာအားဖြင့်၊ ထျန်းကျင်းတွင် ကမ္ဘာပေါ်တွင် မမြင်နိုင်သော စည်းမျဉ်းများစွာရှိသည်။ လူ့ကမ္ဘာကြီးက သာမန်ဟု ထင်ရသော်လည်း တကယ်တော့ မရေမတွက်နိုင်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သာမာန်လူများပင်လျှင် ကံကြမ္မာ၊ ကံတရား၊ယင်နှင့်ယန်၊ အချိန်နှင့် အာကာသစည်းမျဉ်းများဖြင့် ရစ်ပတ်ထားသည်။ ၎င်းသည် လူသားတို့၏ အပြုအမူနှင့် အတွေးများကို ချည်နှောင်ထားသည့် မရေမတွက်နိုင်သော ကြိုးများနှင့် ဆင်တူသည်။

ကျန်းချန်ရှန်း သူ၏ယုံကြည်သူများ၏ အတွေးအမြင်များကို စတင်အာရုံခံပြီးနောက် ထျန်းကျင်းက ပြောင်းလဲမှုများကို နားလည်လာသည်။

ကျန်းချန်ရှန်း လူရှေ့သူရှေ့တွင် မပေါ်သေးသော်လည်း ထျန်းကျင်းကတော့ ကောင်းမွန်စွာလည်ပတ်နေဆဲဖြစ်သည်။

ထျန်းကျင်းက ယခုအချိန်အထိ မည်သည့်ဒုက္ခမှ မကြုံခဲ့ရပေ။

ဝန်ကြီးချုပ် သုံးဦး၏ အုပ်ချုပ်မှုက အတော်လေး ကောင်းမွန်သော်လည်း မကြာသေးမီက ၎င်းတို့၏ စိတ်နှလုံးသားများ ရှုပ်ထွေးနေခဲ့သည်။

ကျန်းချန်ရှန်း သူတို့ဆီ အသံလွှင့်ပြီး ဆင့်ခေါ်လိုက်တော့ အမွှေးတိုင် တတိုင်ထွန်းစာအချိန်အတွင်း ဝန်ကြီးသုံးဉီးရောက်ရှိလာကြသည်။

“အရှင်မင်းမြတ်...တော်ဝင်မျိူးနွယ်က ဆင်းသက်လာသူတစ်ဦး မဟာကန္တရမှာ ပေါ်ထွက်လာတယ်... ထိုသူက ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းနိုင်တဲ့ ပညာရှင်ပါ... သူက ထျန်းကျင်းကို ဝိုင်းရံထားဖို့ နိုင်ငံရပ်ခြားကလူမျိုးစု အများအပြားကို စုဆောင်းနေပါတယ်...ကျွန်တော်မျိုးတို့ ဒီကိစ္စကိုလျှောက်တင်ဖို့ အရှင့်ကိုစောင့်ဆိုင်းနေတာပါ....."

ချန်းလီက ပထမဆုံးစကားပြောသူဖြစ်ပြီး စိုးရိမ်ပူပန်နေပုံရသည်။

သူတို့ မိတ်ဖွဲ့ခဲ့သော နိုင်ငံရပ်ခြားမျိုးနွယ်စုများအားလုံးက ကျန်းချန်ရှန်း အကြောင်း ပိုမိုသိရှိလိုကြပြီး ဤအခက်အခဲကို ကျော်လွှားရန် သူ့တွင် ယုံကြည်မှုရှိမရှိကို သိချင်ကြသည်။ယုံကြည်ချက် မရှိလျှင် သူတို့၏ မျိုးနွယ်စုများကို သေတွင်းထဲသို့ ဆွဲသွင်းနိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်အတွက် သူတို့ တိုက်ခိုက်ပေးဖို့မလိုပေ။

ချန်းလီ ဤကိစ္စကိုလျှောက်တင်ရန် အချိန်အတော်ကြာ နှောင့်နှေးခဲ့ပြီနောက် နောက်ထပ် မနှောင့်နှေးစေလိုတော့ပေ။

ကျန်းချန်ရှန်းက.... "ငါဒီအကြောင်းသိပြီးပြီ.....နောင်မှာ ဘယ်လူမျိုးစုက မင်းကို တောင်းပါစေ စိတ်မပူဖို့ သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ... ငါဒီမှာရှိနေသရွေ့ ရန်သူက များပြားလှတဲ့ မျိုးနွယ်စုတွေပဲ ဖြစ်နေပါစေ ကြောက်နေစရာ မလိုဘူး.... လာသမျှအကုန်သတ်ပစ်မယ်”

ချန်းလီ၊ ယန်ချယ်နှင့် ကိုယ်တော်ပိုင် တို့ ထိုသို့ကြားသိရသည့်အတွက် ဝမ်းသာကြသည်။ သူတို့ကြားချင်ခဲ့တာလဲ ဒီစကားပင်......

တကယ်တော့ သူတို့ ကျန်းချန်ရှန်းရဲ့ ခွန်အားကို ယုံကြည်ခဲ့ကြသော်လည်း သူတို့၏ မြင့်မားသောရာထူးများကြောင့် အရာများကိုလုပ်ဆောင်ရန် ၎င်းတို့၏ယုံကြည်ချက်များကိုသာ အားကိုးနိုင်ကြသည်။ ကျန်းချန်ရှန်းကသာ ထိုကဲ့သို့ ရဲစွမ်းသတ္တိကို ပြနိုင်လျှင် သူတို့ ပို၍ သက်တောင့်သက်သာ ရှိလိမ့်မည် ။

ယန်ချယ်က ထျန်းကျင်း၏စစ်တပ်အခြေအနေကို သတင်းပို့ခဲ့သည်။ နှစ်များစွာကြာပြီးနောက်၊ ထျန်းကျင်းစစ်တပ်၏ အင်အားသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာသည်။ စစ်သည်များနှင့် ဗိုလ်ချုပ်အရေအတွက် နှစ်ဘီလီယံကျော်ရှိပြီး ထောက်ပံ့ပို့ဆောင်ရေးတပ်က အဆများစွာပိုကြီးမားသည်။ ဤသည်မှာ စစ်တပ်သာဖြစ်သည်။ထျန်းကျင်း၏ သိုင်းလောကသည်လည်း အားကောင်းလှသည်။ ကောင်းစွာအသုံးပြုပါက၊ အကျပ်အတည်းကာလတွင် ထျန်းကျင်း မှပြသနိူင်သောခွန်အားက ပို၍ပင်အားကောင်းလာမည်ဖြစ်သည်။

ကိုယ်တော်ပိုင်ကကံတရားအကြောင်း တင်ပြခဲ့သည်။ ကျန်းချန်ရှန်းရဲ့ ကံကြမ္မာက သိုင်းလောက၏ကံကြမ္မာနှင့် မတူပေမယ့် အဆုံးမှာတော့ ကံကောင်းနေဆဲပင်.... ကံကြမ္မာဌာနက ကျန်းချန်ရှန်း၏ကံတရားအကြောင်းရင်းနှီးပြီးသားဖြစ်သည်။ ကံကြမ္မာက ရာသီဥတု၊ မြေငလျင် စတာတွေကို ချိန်ညှိနိုင်ပြီး စစ်ပွဲများတွင်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် ကံကြမ္မာဌာနက အလွန်အသုံးဝင်ပြီး ဌာနခုနစ်ခုအနက်မှ အရေးအကြီးဆုံးဖြစ်လာခဲ့သည်။ မင်းဆက်ကံမကောင်းရင် တခြားဌာနခြောက်ခုမှာလည်း ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့ရလိမ့်မည်။

သူတို့ သုံးယောက် မပြန်ခင် သတင်းပို့စရာရှိသည်များကို သတင်းပို့ခဲ့ကြသည်။

ကျန်းချန်ရှန်းက ချန်ယောင်လင်းကို စတင်ရှာဖွေခဲ့သည်။ အရင်တွေ့ဆုံစဉ်က သူမ၏ လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်ရန် လူဝင်စားခြင်း အမှတ်အသားကို လျှို့ဝှက်စွာ ခတ်နှိပ်ခဲ့သည်။ သူမ ထျန်းကျင်းမှ ထွက်ခွာခဲ့ပြီး လက်ရှိတွင် ကျန်းဇီယု၊ကျန်းထျန်းမင်တို့နှင့်အတူရှိနေသည်။

သူမက ကျန်းဇီယုတို့ကို သူမဘက်ပါအောင်ဆွဲခေါ်နေခြင်းဖြစ်သည်။

ကျန်းချန်ရှန်း သူတို့ပြောနေတာကို ကြားတော့ မရယ်ဘဲမနေနိုင်တော့ပေ။ သူ့သားစဉ်မြေးဆက်တွေကို ဖမ်းစားဖို့ သိပ်မလွယ်ဘူး........

အရှင်ဇီဟွမ်းက ကျန်းဇီယု နှင့်ကျန်းထျန်းမင်တို့၏အရည်အချင်းများကို အလွန်စိတ်ဝင်စားပြီး အထက်ကမ္ဘာသို့တက်လှမ်းလာပြီး သူမကို ရှာဖွေနိုင်သည်ဟု ကတိပေးခဲ့သည်။

အထက်ကမ္ဘာ၏အံ့ဖွယ်များကို ပြောပြနေသော ချန်ယောင်လင်း၏စကားကို နားထောင်ရင်း၊ ကျန်းဇီယု နှင့်ကျန်းထျန်းမင်တို့ အမှန်တကယ်ပင် စိတ်ခံစားမှုများ လွှမ်းခြုံသွားခဲ့သည်။ သိုင်းဧကရာဇ် နယ်ပယ်အထက်တွင် ပိုမိုကျယ်ပြန့်သောကမ္ဘာကြီးတစ်ခု ရှိနေကြောင်း သိရှိခဲ့ကြရသည်။ အများအားဖြင့် စိတ်ကြီးဝင်နေသော ကျန်းထျန်းမင်ပင် သိုင်းပညာကို လေ့ကျင့်လိုစိတ်ဖြင့် တောက်လောင်ခဲ့ပြီး ပိုမိုမြင့်မားသောနယ်ပယ်ကို ပစ်မှတ်ထားလာခဲ့သည်။

ကျန်းချန်ရှန်း သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆက်လက် လေ့ကျင့်ခဲ့ပြန်သည်။

မုလင်းလော့ ၊ပိုင်ချီနှင့် ကျန်သူများအားလုံးသည် သိုင်းပညာ လေ့ကျင့်နေကြသောကြောင့် ၎င်းတို့ကို ဂရုစိုက်စရာမလိုပေ။

တစ်ဖက်တွင်........

ကျယ်ပြောလှသော မြေပြင်ပေါ်တွင် တောင်လိပ်ကြီးတစ်ကောင် မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ ပျံသန်းသွားနေပြီး အောက်ဘက်က တောင်တန်းတွေက သူ့အခွံပေါ်က တောင်တန်းတွေလောက် မကြီးမားပေ။ထိုလိပ်ကြီးက ဖြည်းညှင်းစွာ ပျံသန်းနေပုံရပေမယ့် တကယ်တော့ အရမ်းမြန်လွန်းလှသည်။

လိပ်ခွံပေါ်က အမြင့်ဆုံးတောင်ထွတ်ပေါ်တွင်လူတစ်ယောက်ရပ်နေပြီး အဝေးကို လှမ်းကြည့်နေသည်။

သူ၏ အပေါ်ပိုင်းက လူနှင့်တူသော်လည်း သူ၏အောက်ပိုင်းက မြွေအမြီးနှင့်တူသည်။ သူသည် အနက်ရောင် အမွေးအတောင်၀တ်စုံကို ၀တ်ထားပြီး သူ၏ စိမ်းပြာရောင် ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံနေသည်။ အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ဒီဆံပင်ရှည်တွေက တကယ်တော့ ကြောက်စရာကောင်းလှသည့် စိမ်းပြာရောင်ပိုးကောင်တွေဆိုတာ သိနိုင်ပေမည်။

All Chapters