တော်ဝင်မျိုးနွယ်စု၏ကံကြမ္မာ....မောက်မာသောစကားလုံးများ
Vol. 23 Ch. 335
ဧရာမတောင်လိပ်ကြီးက ၎င်း၏ခြေသည်းလေးချောင်းကို လှုပ်ယမ်းကာ တိမ်ပင်လယ်ကို ဖြတ်သန်းနေသည်မှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတခုပင်ဖြစ်သည်။ လေပြင်းများက လိပ်ခွံပေါ်ရှိ စိမ်းပြာရောင်ဝတ်ရုံပိုင်ရှင်ကို တိုက်ခတ်နေပြီး ထိုသူက အေးစက်သော အမူအရာဖြင့် အဝေးကိုငေးကြည့်နေသည်။
သူ့အမည်မှာ တိချန်ဖြစ်ပြီး တော်ဝင်မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။
"မင်းငါ့ကို ဘယ်လိုတောင် လျစ်လျူရှုရဲတာလဲ…"
တိချန်က ထျန်းကျင်း၏ တာအိုဘိုးဘေးအကြောင်း တွေးတောနေပြီး တာအိုဘိုးဘေးက တိုက်ခိုက်ရန် တောင်းဆိုမှုကို ငြင်းပယ်လိုက်သောအခါတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာသည်။
တစ်ချိန်က တာအိုဘိုးဘေး လူသားမျိုးနွယ်ကို ကူညီချင်သည်ဟု ထင်မြင်မိသည်။ ဒီလိုအခြေအနေမျိုးမှာတောင် တာအိုဘိုးဘေးက မယဉ်ကျေးတဲ့အတွက် သူ့ကို အပြစ်မတင်ဖို့သာမျှော်လင့်ထားပေတော့......
ထိုစဉ်တိမ်ပင်လယ်ထဲမှ ရုတ်တရက် ခုန်ဆင်းကာ တိချန်ဘေးနားသို့ အမြန်ဆင်းသက်လာသည်။ ကျန်းချန်ရှန်းသာ ဒီလူကိုတွေ့ခဲ့ရင် သေချာပေါက်မှတ်မိလိမ့်မည်။ထိုသူက ပြန်လည်ရှင်သန်လာသော ရှေးဟောင်းသိုင်းဧကရာဇ်ဝူရန်ကို အနိုင်ယူရန် လင်းဟောက်ထျန်းကို တိုက်တွန်းခဲ့သော အဘိုးအိုဖြစ်သည်။
တိချန်က သူ့ကို လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်.... "စစ်ဧကရာဇ်...ခင်ဗျားကတကယ် ဆက်ဆံရခက်တယ်....."
အဘိုးအို လင်းဟောင်တန်ထံ ပေးပို့ခဲ့သော မှတ်ဉာဏ်များမှာ သူ့ ရုပ်ခန္ဓာ၏ မှတ်ဉာဏ်များ ဖြစ်သည်။သူသည် စစ်ပွဲများတွင် တိုက်ခိုက်ရာမှ စစ်ဧကရာဇ် ဖြစ်လာခဲ့သည်။ သို့သော်လည်း သူ၏ လက်ရှိအသွင်အပြင်က နောင်လာနောက်သား မျိုးဆက်များကို တုန်လှုပ်စေသော စစ်ဧကရာဇ်ဟု ယုံကြည်ရ ခက်စေသည်။
စစ်ဧကရာဇ်က ပြုံးလိုက်ပြီး... “ကောင်းတဲ့အရာတွေက နောက်ကျတတ်တယ်.... တာအိုဘိုးဘေး တစ်ယောက်တည်းနဲ့ရင်ဆိုင်ဖို့က မင်းအတွက် အရမ်းအန္တရာယ်များပြီး မင်းလည်း သေသွားနိုင်တယ်.... အဲဒီမတိုင်ခင်မှာ တော်ဝင်မျိုးနွယ်စုရဲ့ သိုင်းဧကရာဇ်အလောင်းကို ပေးပါ....အဲဒါအတွက် မင်းဘာလိုချင်လဲ ငါ့ကိုပြောလိုက်.... မင်းငါ့ကိုမပေးချင်ဘူးဆိုရင်တောင် မင်းတော်ဝင်မျိုးနွယ်စုရဲ့သားမြေးတွေအတွက် မင်းလုပ်ပေးရမှာပဲမဟုတ်လား...."
တိချန်က အေးစက်စွာ ရယ်လိုက်သည်။ သူအရမ်းစိတ်ပျက်နေပေမယ့် မလှုပ်ရှားသေးပုံရရင် သူလည်း တုံ့ဆိုင်းနေတယ်ဆိုတာ ထင်ရှားလှသည်။
သူ့အနေဖြင့် သေတရားခြင်းကို မကြောက်သော်လည်း တော်ဝင်မျိုးနွယ်စု၏ သားစဉ်မြေးဆက်များကြားတွင် တန်ခိုးအကြီးဆုံးဖြစ်သည်။ သူသေဆုံးသွားလျှင် တော်ဝင်မျိုးနွယ်စု ပြန်လည်ရင်သန်ဖို့ မျှော်လင့်ချက် နည်းပါးသွားလိမ့်မည်။
“တော်ဝင်မျိုးနွယ်စုရဲ့ သေလွန်သူတွေ ပြန်လည်ရှင်သန်လာရင် မင်း တော်ဝင်မျိုးနွယ်စုကို မင်း သူတို့ကို ဦးဆောင်နိုင်ဖို့ ငါကူညီပေးမယ်....ဒါက သူတို့ရဲ့ အတိတ်ကံကို ဖယ်ရှားဖို့ကူညီတယ်လို့လဲ ယူဆနိုင်တယ်...မင်း ဘယ်လိုထင်လဲ?"
တိချန်က ခေါင်းစဉ်ပြောင်းပြီး.... "ထျန်းကျင်းရဲ့ တာအိုဘိုးဘေးကို တကယ်အနိုင်ယူနိုင်ပါ့မလား?"
စစ်ဧကရာဇ်က ပြတ်သားစွာဖြင့်... "အနည်းဆုံးတော့၊ သူက ဒီကမ္ဘာရဲ့ပြိုင်ဘက်ကင်းပဲ... ကောင်းကင်နဲ့မြေပြင်ရဲ့နတ်ဘုရားကိုတောင် သတိပေးနိုင်တယ်ဆိုတော့ သူဘယ်လောက်သန်မာလဲတွေးကြည့်ပေါ့.....သဲမျိုးနွယ်စု၊ချင်းလျန်မျိုးနွယ်စုနဲ့ ကျူရုန်မျိုးနွယ်စုက သိုင်းဧကရာဇ်တွေ ဘယ်လောက်သေဆုံးခဲ့ရလဲ မင်းမသိသေးဘူး....
“ ဒါ့အပြင်၊ ကောင်းကင်နဲ့မြေပြင်ရဲ့နတ်ဘုရားက ပြင်ပကမ္ဘာကနတ်ဆိုးမြစ်နဲ့ဆက်စပ်နေတယ်လို့ သံသယဝင်မိတယ်... တော်ဝင်မျိုးနွယ်စုကို ဖျက်ဆီးရတဲ့ အကြောင်းရင်းက ပြင်ပကမ္ဘာရဲ့နတ်ဆိုးမြစ်ကြောင့်ပဲ... ယခုအချိန်မှာ ပြင်ပကမ္ဘာရဲ့နတ်ဆိုးမြစ် ဆင်းသက်လာတော့မှာမို့ ကောင်းကင်နဲ့မြေပြင်ရဲ့နတ်ဘုရားက ဒီကမ္ဘာကသတ္တဝါတွေ
ပေါ်ရှိ အကျိုးသက်ရောက်မှုကို ဂရုစိုက်နေမှာမဟုတ်ဘူး...အဲ့ဒီ့အစားသူက များပြားလှတဲ့မျိုးနွယ်စုတွေကို ထျန်းကျင်းရဲ့တာအိုဘိုးဘေးကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်...တော်ဝင်မျိုးနွယ်စုကနေ ဆင်းသက်လာသူတစ်ဦးအနေနဲ့ မင်းမှာ သံသယတွေ မရှိဘူးလား...."
ဒါကိုကြားတော့ တိချန် မျက်မှောင်ကြုတ်သွားခဲ့သည်။
အမှန်မှာ၊ ကောင်းကင်နှင့်မြေပြင်၏ နတ်ဘုရားတည်ရှိမှုအကြောင်းကို သူကြားသောအခါ ရယ်စရာကောင်းသည်ဟု သူခံစားခဲ့ရသည်။ ဒါကလည်း ထျန်းကျင်း ရဲ့တာအိုဘိုးဘေးကို တိုက်ခိုက်ချင်ရတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။ လူသားမျိုးနွယ်ကို ကူညီဖို့ သူတကယ်စိတ်ကူးခဲ့ဖူးသည်။
တော်ဝင်မျိုးနွယ်စုက ကောင်းကင်နှင့်မြေပြင်၏ နတ်ဘုရားကို အမြဲယုံကြည်ခဲ့သည်။ သို့သော် သူငယ်စဉ်ကပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏နတ်ဘုရား လုံးဝမရှိကြောင်း ခံစားခဲ့ရသည်။ ယခုမူကား၊ ကောင်းကင်နှင့်မြေပြင်၏ နတ်ဘုရားတည်ရှိကြောင်း နိမိတ်လက္ခဏာအားလုံးက ဖော်ပြနေသည်။ သူရှိတယ်ဆို တော်ဝင်မျိုးနွယ်စုကို ဘာကြောင့် မကာကွယ်ခဲ့သနည်း....
ရလဒ်အနေဖြင့် တိချန်က ကောင်းကင်နှင့်မြေပြင်၏နတ်ဘုရားကိုမုန်းတီးသောကြောင့် ထျန်းကျင်း၏ တာအိုဘိုးဘေးကိုကူညီချင်ခဲ့သည်။ သို့သော်လည်း တာအိုဘိုးဘေးက သူ့ကို မျက်နှာကို မပေးဘဲနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"မင်း တာအိုဘိုးဘေးကို တိုက်ခိုက်ဖို့ ဖိတ်ခေါ်တယ်... ရိုးရိုးသားသားပြောရရင် တကယ်ဆို. သူက လူသားမျိုးနွယ်ကို ကာကွယ်ဖို့ လိုအပ်တယ်လေ... ဒါ့ကြောင့် ဘယ်လိုထွက်လာလို့ရမှာလဲ"
စစ်ဧကရာဇ်က ရယ်မောလိုက်သည်။ လှောင်ပြောင်နေသော်လည်း သူ့လေသံကို ကောင်းစွာ ထိန်းချုပ်ထားသည်။
တိချန်က " တာအိုဘိုးဘေးက အင်မော်တယ်နတ်ဘုရားဖြစ်ပြီး ကိုယ်ပွားထုတ်သုံးနိုင်တယ်ဆိုတာ ကောလဟာလ မဟုတ်ဘူးလား "
စစ်ဧကရာဇ်က... “ဒါက ကောလဟာလတစ်ခုပဲလေ....နယ်ပယ်နိမ့်ကျသူတွေသာ အင်မော်တယ်နတ်ဘုရားကိုကိုးကွယ်ကြတာ...တာအိုဘိုးဘေးသာ အင်မော်တယ်နတ်ဘုရားဆို များပြားလှတဲ့ မျိုးနွယ်စုတွေက သူ့ကိုဘာလို့တိုက်ခိုက်မှာလဲ....တာအိုဘိုးဘေးနဲ့ ကောင်းကင်နဲ့မြေပြင်နတ်ဘုရားတို့ရဲ့တိုက်ပွဲကို ကျွန်ုပ်တို့ သာမန်သေမျိုး အင်အားစုတွေက ဘယ်လို ဝင်စွက်ဖက်နိုင်မှာလဲ”
တိချန် မျက်မှောင်ကြုတ်လိုက်မိသည်။
စစ်ဧကရာဇ်က သူ့ကို ဆက်ပြီး ဆွဲဆောင်ခဲ့ပြီး တိချန်ကို ပိုပိုပြီး ဒေါသထွက်စေခဲ့သည်။
ခဏအကြာတွင် တိချန် သည်းမခံနိုင်တော့ဘဲ “တော်ပြီ...ဘာမှ မကြားချင်တော့ဘူး...ကျုပ် တာအိုဘိုးဘေးနဲ့ တိုက်ခိုက်ပြီး သူ့မှာ ဘယ်လို အစွမ်းအစတွေ ရှိနေလဲ ဆိုတာကို ကြည့်ရမယ်!”
စစ်ဧကရာဇ်က “ဒါဆို မင်းရဲ့ သိုင်းဧကရာဇ်တွေရဲ့ အလောင်းတွေကရော...မင်း အသက်ရှင်ပါစေလို့ ဆုတောင်းပေးပါတယ်!"
တိချန် အော်ဟစ်လိုက်သဖြင့် စစ်ဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။
ပြန်လည်ရှင်သန်ခြင်းမျိုးနွယ်စုကို သူ့ထောင်ချောက်ထဲ ဆွဲသွင်းဖို့ ကြိုးစားနေသလား.....
စစ်ဧကရာဇ်က သက်ပြင်းချပြီး .....“ဒါဆိုရင် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်”
ထို့နောက် ခြေနှစ်လှမ်းဆုတ်ပြီး တိမ်ပင်လယ်ထဲသို့ ခုန်ဆင်းကာ ပျောက်ကွယ်သွားခဲ့သည်။
တိချန်က အဝေးကို အေးအေးဆေးဆေး ကြည့်လိုက်ပြီး "တော်ဝင်မျိုးနွယ်စုရဲ့ ကံကြမ္မာက ဖြတ်တောက်ပြီးပြီလား?"
လေးနှစ်အကြာ အင်မော်တယ်ခေတ်၏ နှစ် ၅၀တွင်....
နွေဦးပန်းများပွင့်သောနေ့တွင် ကျန်းချန်ရှန်းဆီသို့ မုလင်းလော့ လာရောက်လည်ပတ်ခဲ့သည်။
"အစ်ကိုချန်ရှန်း... နန်းတက်ပြီးကတည်းက ဘာလို့ တံခါးပိတ်ကျင့်ကြံနေတာလဲ... "
မုလင်းလော့က ကျန်းချန်ရှန်း အနားတွင်ထိုင်ကာ မေးလိုက်သည်။
ကျန်းချန်ရှန်း ဧကရာဇ်ဖြစ်လာပြီးနောက်တွင် အရာရှိများနှင့် မကြာခဏ တွေ့ဆုံပြီး ကမ္ဘာကြီးကို ကြည့်ရှုရန် အချိန်ပိုယူလိမ့်မည်ဟု သူမ ထင်ခဲ့သည်။အခုလို ဆန့်ကျင်ဘက်ဖြစ်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ အထူးသဖြင့် ကျန်းချန်ရှန်းက ဤနှစ်များတစ်လျှောက်လုံး တံခါးပိတ်ကျင့်ကြံရင်းသာ အချိန်ကုန်နေသည်။
ကျန်းချန်ရှန်းက သူ့မျက်လုံးတွေကိုမှိတ်ပြီး ... "ကျင့်ကြံမှုလမ်းကြောင်းက အဆုံးမရှိဘူး...ငါဘယ်လိုပေါ့ဆနိုင်မလဲ.... ဘာကြောင့်လဲ? မကြာသေးမီက မင်းရဲ့လေ့ကျင့်ရေးမှာ ပိတ်ဆို့မှုတွေ ကြုံရလို့လား...."
မုလင်းလော့က ခေါင်းခါပြီး.... " မဟုတ်ပါဘူး... ဖုယွဲ့မိသာစုရဲ့နတ်နိမယ် ယုယန်ရိနဲ့တွေ့တယ်... သူ ရှင့်ကို တွေ့ချင်နေပုံရတယ်...."
ယခင်က....ယုယန်ရိက ဖူယွဲ့မိသားစုကို ကိုယ်စားပြုပြီး ကျန်းချန်ရှန်းနှင့်ပူးပေါင်းချင်ခဲ့သည်။ နောက်ဆုံးတွင် သူမ.ဖူယွဲ့မိသားစုကို တကျန်းသို့ဝင်ရောက်ရန် ဆွဲခေါ်လာနိုင်ခဲ့သည်။
နောက်ပိုင်းနှစ်များတွင် ယုယန်ရိက ဖူယွဲ့မိသားစုကိုယ်စား လုံချီဘုရားကျောင်းသို့ လက်ဆောင်များ မကြာခဏ ပေးပို့လေ့ရှိသည်။ ကျန်းချန်ရှန်းကိုလည်း ချစ်ခင်ကြောင်း ဖော်ပြခဲ့ဖူးသော်လည်း သူမကို ငြင်းပယ်ခဲ့သည်။ သူ့အမြင်အရတော့ ယုယန်ရိက သူ့ခွန်အားကို သဘောကျတာကြောင့် သူ့ကိုချစ်ခင်နေခြင်းပင်....
မထင်မှတ်ဘဲ နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် ယုယန်ရိက သူ့ကို ဂရုစိုက်နေဆဲပင်......
ယခုချိန်တွင် ဖူယွဲ့မိသားစု၌ အဆင့်အတန်းနှင့် စွမ်းအားမချို့တဲ့ပေ။ သူမ သူ့ကိုဒီအကြာကြီးစောင့်ရတာမလွယ်တော့မလွယ်ပေ.....
ကျန်းချန်ရှန်း ခဏလောက်စဉ်းစားပြီး ဆံပင်တစ်ချောင်းဆွဲနှုတ်ပြီး မုလင်းလော့ကို ပေးလိုက်သည်။
“နောက်တစ်ကြိမ်သူနဲ့တွေ့ရင် ဒါလေး ပေးလိုက်ပါ....သူ့အသက်ကို ကယ်တင်နိုင်တယ်'
မုလင်းလော့က ဆံပင်ကိုယူကာ ခေါင်းညိတ်လိုက်သည်။
"ယုမိန်းကလေးက အတော်အဆင်ပြေမယ့်သူပါ...ရှင် တကယ်စဉ်းစားသင့်တယ်....ရှင်က ထျန်းကျင်းရဲ့ဧကရာဇ်ဆိုပေမယ့် မောင်းမဆောင်ထဲမှာ ကျွန်မတစ်ယောက်တည်းရှိနေရတာ ထူးဆန်းတယ်...."
သူမက အတော်လေး ပွင့်လင်းသူဖြစ်သည်။ သူမ အဖေရော အဘိုးပါ တရားဝင်ဇနီး သုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက်ရှိသည်။ဤသည်ကလည်း မုမိသားစုက ကြီးမားသောမိသားစုဖြစ်လာနိုင်သည့် အချက်ပင်......
ထို့အပြင် သူမက ကျန်းချန်ရှန်း၏မောင်းမဆောင်တွင်တစ်ဦးတည်းသော အမျိုးသမီးဖြစ်ခဲ့သောကြောင့် လူအများကြားတွင် ဝေဖန်မှုများစွာကို ခံခဲ့ရသည်။
သိုင်းပညာလောကတွင် လူတစ်ဦး၏အဆင့်အတန်းကို သိုင်းနယ်ပယ်ဖြင့် သတ်မှတ်ဖြစ်သည်။ထို့ကြောင့် ဖိုမဆက်ဆံရေးအတွက် မျှော်လင့်ချက်များစွာမရှိခဲ့ပေ။ နောက်ဆုံးတွင် သူသည် အခြားဘဝတွင် နေထိုင်နေပြီဖြစ်သည်။သေခြင်းရှင်ခြင်းကို တွေ့ကြုံပြီးနောက် အသက်ရှင်ခြင်းအတွက် ပို၍စိုးရိမ်လာခဲ့သည်။ အခုချိန်မှာ အချစ်အကြောင်းပြောဖို့ အချိန်မရှိသေးပေ။မုလင်းလော့နှင့်အတူနေဖို့သူ့မှာ အချိန်အများကြီး မရှိတာကြောင့် တခြားမိန်းမတွေထပ်ယူဖို့ ဘယ်လိုဖြစ်နိုင်မည်နည်း.....
မုလင်းလော့က "ရှင့်မှာ ကျွန်မရှိနေပြီပဲလို့ပြောမလို့မှတ်လား...."
ကျန်းချန်ရှန်း လက်ကို မြှောက်လိုက်ပြီး သူမ ခေါင်းကို ပွတ်သပ်လိုက်ကာ ပြုံးရုံသာပြုံးပြီး ဘာမှမပြောတော့ပေ။
သူတို့နှစ်ယောက် နေ့တစ်ဝက်လောက်အတူနေပြီးနောက် မုလင်းလော့ပြန်သွားခဲ့သည်။
ကျန်းဇီယု ကြီးပြင်းလာကတည်းက သူမ နန်းတော်ထဲတွင် မနေတော့ဘဲ ဝိဉာဉ်တောင်တန်းတွင် သိုင်းပညာလေ့ကျင့်ရင်း အချိန်ဖြုန်းခဲ့သည်။ ဧကရီတပါးဖြစ်သည့်အပြင် ထျန်းကျင်းတွင် ကျော်ကြားသော ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် သူမအနေဖြင့် အချိန်အကန့်အသတ်မရှိဘဲ ဝိညာဉ်တောင်တန်းပေါ်တွင် နေထိုင်နိုင်သည်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘယ်သူကမှ မကန့်ကွက်ဝံ့ပေ။
နွေဦးရာသီသစ်တွင်.... ထျန်းကျင်း၏ မြောက်ပိုင်းဒေသသ၌ များပြားလှသော မျိုးနွယ်စုများ၏ ခြေရာများကို တွေ့ရှိခဲ့သည်။ ထိုသတင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး များပြားလှသော မျိုးနွယ်စုများ ထျန်းကျင်းကို ဝိုင်းထားလိုသော သတင်းကလည်း ပျံ့နှံ့ခဲ့သည်။ ဒီသတင်းနဲ့ပတ်သတ်ပြီး ထျန်းကျင်းရဲ့ စစ်သည်တွေထိတ်လန့်ခြင်းမရှိဘဲ အဲဒီအစား သူတို့ စိတ်လှုပ်ရှားပြီး စစ်ပွဲကို စောင့်မျှော်နေကြသည်။
ဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် လူသားမျိုးနွယ်က တန်ခိုးကြီးသော ရန်သူအားလုံးကို တွန်းလှန်နိုင်သည်ဟု ယုံကြည်ကြသည်။
ကျု့ချွမ်းပြည်နယ်၏မြို့တော်၌.....
ယန်ကျန်း၊ ရှုထျန်းကျီ၊ ကျန်းဇီယု ၊ ကျန်းထျန်းမင်နှင့် အခြားသူများက ကင်းထောက်၏ အစီရင်ခံမှုကို နားထောင်ရင်း ခန်းမထဲတွင် ထိုင်ကြသည်။
ချန်ယောင်လင်းလည်း မျက်နှာဖုံးအုပ်ကာ ထိုနေရာတွင် ထိုင်နေသည်။
ကင်းထောက်စကားပြောပြီးသောအခါ၊ ရှုထျန်းကျီက သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားခိုင်းလိုက်သည်။
“လက်ရှိမှာ မျိုးနွယ်စုပေါင်း နှစ်ဆယ်ကျော်ကို တွေ့ရှိထားပြီး အရေအတွက်က တိုးလာနေတယ်...ဒီစစ်ပွဲက ထျန်းကျင်း တစ်ခုလုံးကို ဦးတည်မှာဖြစ်ပြီး တိုက်ပွဲကာလလဲကြာရှည်နိုင်တာမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပြီ....”ဟု ယန်ကျန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
တာအိုဘိုးဘေးက အလွန်အားကောင်းသော်လည်း၊ စစ်မျက်နှာ အလွန်အမင်းကျယ်ပြန့်သွားသည်နှင့် တစ်ပြိုင်နက် လူများစွာ သေရမည်မှာ သေချာသည်။ ဤတိုက်ပွဲတွင် အနိုင်ရသည် သို့မဟုတ် ရှုံးသည်နှင့် နှိုင်းယှဥ်လျှင် အသေအပျောက်ကို ပိုစိုးရိမ်သည်။
ကျန်းထျန်းမင်က...... "ဒါဆို ကျူပ် စစ်တပ်ကို ဦးဆောင်နိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"
ကျန်းဇီယု က “ကျွန်တော်လည်း ဉီးဆောင်နိုင်ပါတယ်... ဒါက ထျန်းကျင်းစစ်တပ်အတွက် လေ့ကျင့်ပြီး အသွင်ပြောင်းဖို့ အခွင့်အရေးကောင်းပဲ.. များပြားလှတဲ့မျိုးနွယ်စုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဒီကောင်တွေက စစ်မှန်တဲ့စစ်တပ်နဲ့အလားသဏ္ဍန်တူဖို့ ဝေးကွာနေသေးတယ်.... ”
ယန်ကျန်းကပြန်မဖြေဘဲ ရှုထျန်းကျီကို ကြည့်လိုက်သည်။
အသက်ကြီးနေပြီဖြစ်တဲ့ ရှုထျန်းကျီက ပြုံးလိုက်ပြီး ...."ဟုတ်ပါတယ် ငါခွင့်ပြုမှာပါ"
ဒါကိုကြားတော့ ကျန်းဇီယု နဲ့ ကျန်းထျန်းမင်တို့ချက်ချင်းပဲ ဝမ်းသာပီတိဖြစ်သွားကြသည်။
ရှုထျန်းကျီက ချန်ယောင်လင်းကို ကြည့်ပြီး "ချန်မိန်းကလေး မင်းရဲ့ နောက်ခံက သာမန်မဟုတ်ဘူး.... မဟာကန္တရမင်းဆက်အကြောင်း မင်းရဲ့နားလည်မှုက ငါတို့ထက် ပိုနက်ရှိုင်းမယ်ထင်တယ်....ထျန်းကျင်းက လူမျိုးနွယ်စုအားလုံးကို လက်အောက်ခံနိုင်မယ်လို့ မင်းထင်လား...."
ချန်ယောင်လင်းက "အမြဲတမ်း အနိုင်ရအောင် တိုက်ခိုက်မလား..."
သို့မဟုတ် မဟာကန္တရနတ်ဘုရားကို အနိုင်ယူမလား....
ဒုတိယရွေးချယ်ခွင့်ကို သူမ မပြောခဲ့ဘဲ စိတ်ထဲတွင်သိမ်းဆည်းထားလိုက်သည်။
တာအိုဘိုးဘေးက မဟာကန္တရ နတ်ဘုရားသခင်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
“ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ရမယ်ဆိုတာကိုလည်း သိပါတယ်.... အရာအားလုံးကို ဆုံးဖြတ်ပေးမယ့် စစ်ပွဲတစ်ခုကိုပဲ တိုက်ချင်တယ်”ဟုဆိုကာ ရှုထျန်းကျီက ခေါင်းယမ်းကာ ပြုံးလိုက်သည်။
မဟာကန္တရက အလွန်ကြီးမားပြီး လူမျိုးပေါင်းများစွာရှိသောကြောင့် မဖြစ်နိုင်ဟု သူတို့အများစုက ယူဆကြသည်။ ဒါကို တစ်ရှိန်ထိုး ဖြေရှင်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပေ။
ချန်ယောင်လင်းက တခြားဘာမှ မပြောတော့ပေ။ လူတိုင်းလူစုခွဲပြီးနောက် သူမ ကျန်းဇီယု နှင့် ကျန်းထျန်းမင် အား နှုတ်ဆက်ပြီး ကျန်းချန်သို့ အမြန်ပြန်သွားခဲ့သည်။
တစ်လကြာပြီးနောက်
သူမ ကျန်းချန်ရှန်းထံ သွားရောက်လည်ပတ်ရန် နန်းတော်ထဲသို့ဝင်ခဲ့ပြီး ၎င်းတို့နှစ်ဦး ဧကရာဇ်ဥယျာဉ်တွင် တွေ့ဆုံခဲ့ကြသည်။
ကျန်းချန်ရှန်းကိုပူးပေါင်းဖို့ဆွဲဆောင်ရပေဉီးမည်....
ကျန်းချန်ရှန်းက သူမစကားပြောနေသည်ကို နှောင့်ယှက်လိုက်ပြီး ....."မဟယကန္တရနတ်ဘုရားသေဆုံးသွားရင် အရှင်ဇီဟွမ်းက မဟာကန္တရသိုင်းကမ္ဘာကြီးကို သိမ်းပိုက်နိုင်မလား"ဟု မေးလိုက်သည်။
ချန်ယောင်လင်း အံ့အားသင့်သွားပြီး သူမ တခုခု လွဲချော်သွားသလားလို့တောင် တွေးနေမိသည်။
သူမက မျက်မှောင်ကြုတ်ပြီး.... “မဟာတောကန္တရနတ်ဘုရားက မူလကောင်းကင်အဓိပတိနယ်ပယ်ရောက်နေပြီ...ဒီနယ်ပယ်က မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ ပထမအဆင့်မဟုတ်ပေမယ့် သိုင်းလောကသားတွေ လက်လှမ်းမမီနိုင်တဲ့ နယ်ပယ်တစ်ခုပါ.... အံ့ဖွယ်နတ်ဘုရားနယ်ပယ်နဲ့မူလကောင်းကင်အဓိပတိနယ်ပယ်ကြားမှာ ကွာခြားချက်က သေးသေးလေးမဟုတ်ဘူး...အရင် ကျွန်မရဲ့အရှင်သခင် တိုက်ခိုက်ခဲ့တာမြင်ဖူးတယ်...အဲဒီမြင်ကွင်းက...…”
စကားလုံးများဖြင့် မဖော်ပြနိုင်သောကြောင့် သူမ ဆက်မပြောနိုင်တော့ပေ။
ကျန်းချန်ရှန်းက သက်ပြင်းချကာ ဟန်ဆောင်လိုက်ပြီး.... “မဟယကန္တရနတ်ဘုရားရဲ့ အစွမ်းသတ္တိကို မေးခွန်းထုတ်နေတာ မဟုတ်ဘူး....ဒါပေမယ့် ကျုပ် မဟာကန္တရသိုင်းကမ္ဘာကနေ မထွက်သွားချင်သလို လူသားမျိုးနွယ်ကိုလည်း မစွန့်လွှတ်နိုင်ဘူး..... ဒါကြောင့် မဟာကန္တရ နတ်ဘုရားနဲ့ တိုက်ခိုက်ဖို့ပဲရှိတော့တယ်.... သူသေပြီးရင် သူ့နေရာကိုဆက်ခံဖို့ ပညာရှင်တချို့ကို ဖိတ်ခေါ်နိုင်တယ်....အကယ်၍ အရှင်ဇီဟွမ်းသာ မဟာကန္တရသိုင်းကမ္ဘာကို လက်ခံနိုင်ရင်နောက်ပိုင်း အရှင်ဇီဟွမ်း တစ်ခုခုလိုအပ်မယ်ဆို ထျန်းကျင်းက သူမကို ပြန်လည်ပေးဆပ်ပါမှာ.....”