← Chapters

မြှားချက်က စွမ်းရဲ့လား.....

Vol. 23 Ch. 336

မြှားချက်က စွမ်းရဲ့လား.....

Vol. 23 Ch. 336

ကျန်းချန်ရှန်း စကားကို နားထောင်ပြီးနောက် ချန်ယောင်လင်းက..... "ဒါတွေအားလုံးရဲ့ အဓိကအချက်က ရှင်အနိုင်ရဖို့ပဲ"

ကျန်းချန်ရှန်းက မာနကြီးလွန်းသည်ဟု သူမခံစားမိသော်လည်းနားလည်နိုင်သည်။ နောက်ဆုံးတွင်၊ မဟာကန္တရသိုင်းကမ္ဘာတွင် ကျန်းချန်ရှန်းက အမှန်တကယ်တုနှိုင်းမဲ့သည့်အပြင် တန်းတူပြိုင်ဘက်ကို တစ်ခါမျှမကြုံဖူးပေ။ သူမသာဆိုရင်လဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမည်သာ......

"ကျူပ် အကောင်းဆုံးကြိုးစားပါ့မယ်.... အရှင်ဇီဟွမ်းဘက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်....တကယ်တော့ နတ်ဘုရားတပါးသေဆုံးခြင်းက ဧကန်မုချ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်.... ကျူပ်တို့ ဒါကို အလျင်စလို မဖြေရှင်းနိုင်ဘူး”

ကျန်းချန်ရှန်းက ချန်ယောင်လင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

ချန်ယောင်လင်းက အရှင်ဇီဟွမ်း၏ ညွှန်ကြားချက်ကို တွေးမိလိုက်သောအခါတွင် သူမ၏ စိတ်ခံစားမှုကို ထိန်းထားကာ ခေါင်းညိတ်သဘောတူလိုက်သည်။

ချန်ယောင်လင်း မပြန်ခင်မှာ သူတို့နှစ်ယောက် အတော်ကြာအောင်စကားပြောဖြစ်ခဲ့ကြသည်။

ကျန်းချန်ရှန်းက လေ့ကျင့်မှုမပြုလုပ်ဘဲ ရှားရှားပါးပါးအနားယူကာ တော်ဝင်ဥယျာဉ်ထဲတွင် လက်ဖက်ရည်သောက်ခဲ့သည်။

"ဝန်းရံတိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်ကျွမ်းကျင်သူကို ငါသုံးရမှာလဲ...' ကျန်းချန်ရှန်း လက်ဖက်ရည်ပူပူကို မှုတ်သောက်ရင်း တွေးလိုက်မိသည်။

တစ်ဖက်တွင်မူ....

ချန်ယောင်လင်း အိမ်သို့ အမြန်ပြန်လာခဲ့သည်။ ထို့နောက် သူမ ကျောက်စိမ်းတုံးတစ်တုံးကို ထုတ်ယူကာ ကျန်းချန်ရှန်း၏ တောင်းဆိုချက်ကို သတင်းပို့ရန် အရှင်ဇီဟွမ်းဆီ ဆက်သွယ်ခဲ့သည်။

အရှင်ဇီဟွမ်း ထိုစကားကိုကြားပြီးနောက် ငြိမ်သက်သွားခဲ့သည်။

ထင်ရှားသည်မှာ၊ ကျန်းချန်ရှန်းက မဟာကန္တရနတ်ဘုရားကို ရင်ဆိုင်နိုင်မည်ဟု သူမ မယုံခဲ့ပေ။ သို့သော် တဖက်လူက အထက်ကမ္ဘာသို့ တက်လာရန်သဘောတူဖို့ ဆန္ဒမရှိသောကြောင့် ထိုသူ မလုပ်နိုင်သောအရာမရှိပေ။

“အဲ့ဒါဆိုရင် ပြင်ဆင်မှုတွေ လုပ်ရမယ်..... သူသေရင် မဟာကန္တရနတ်ဘုရားရဲ့ အသက်ရှည်ဆေးကို ငါရမယ်..... သူသာအနိုင်ရရင် မဟာကန္တရသိုင်းကမ္ဘာကြီးကို သိမ်းပိုက်ဖို့ငါ့အတွက်အကျိုးရှိလိမ့်မယ်” ဟု အရှင်ဇီဟွမ်းက ဖြည်းညှင်းစွာပြောလိုက်သည်။

ချန်ယောင်လင်းက “မဟာကန္တရနတ်ဘုရားရဲ့အမိန့်တော်က အလွန်ထိရောက်ဆဲပဲ...များပြားလှတဲ့ မျိုးနွယ်စုတွေကို စုစည်းထားပြီး၊ ထျန်းကျင်းကိုတိုက်ခိုက်ပေမယ့် ထပ်ခါတလဲလဲ ကျဆုံးနေကြတယ်..... အကယ်၍ များပြားလှတဲ့ မျိုးနွယ်စုတွေက သူတို့ ရိုသေလေးစားရတဲ့နတ်ဘုရားက သူတို့ကို အသက်ရှည်ဆေးအဖြစ် သန့်စင်ချင်တာကိုသိရင် သူတို့်ဘယ်လိုတွေးကြမလဲ ကျွန်မ အံ့သြမိတယ်...... ”

အရှင်ဇီဟွမ်းက ...."ဟုတ်တယ်.... သူတို့ ယုံကြမှာမဟုတ်ဘူး....."

ချန်ယောင်လင်း သက်ပြင်းချလိုက်သည်။

ဤသည်မှာ သူမ အောက်ကမ္ဘာသို့ ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်သည်။ ထျန်းကျင်းတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် အောက်ကမ္ဘာရှိ သတ္တဝါများ၏ လောကအမြင်ကိုလည်း အသိအမှတ်ပြုခဲ့သည်။

သိုင်းလောကရှိ သက်ရှိသတ္တဝါများ၏ ရှုထောင့်မှကြည့်လျှင် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းပေးသောနတ်ဘုရားက ၎င်းတို့အား ဆေးလုံးအဖြစ် သန့်စင်လိမ့်မည်ဟု မည်သူက တွေးထင်မည်နည်း။

များပြားလှသော မျိုးနွယ်စုများ၏ ဝိုင်းရံခံထားရသော လူသားများနည်းတူ ၎င်းတို့ကို စီမံအုပ်ချုပ်သူကလည်း လူသားဖြစ်သည်ကို မည်သို့မျှော်လင့်နိုင်မည်နည်း။

ကြင်နာမှုပြန်ဆပ်ရန် အမိန့်ကိုနာခံသော များပြားလှသော လူမျိုးများခင်မျာ လူသားများကဲ့သို့ ကံကြမ္မာနှင့်အဆုံးသတ်ရမည်ကို မည်သို့သိနိုင်မည်နည်း။

လအတန်ကြာသည်အထိ ကျန်းချန်ရှန်း တာအိုသဘောတရားကို နားလည်ဆင်ခြင်ခြင်းမရှိပေ။ကျင့်ကြံရာ၌ သူ့ကိုယ်သူ လွန်လွန်ကဲကဲ မလုပ်မိအောင် သတိထားရပေမည်။ထို့ကြောင့် ကျင့်ကြံမည့်အစား များပြားလှသော လူမျိုးများနှင့် လူသားမျိုးနွယ်ကြား ဒုတိယစစ်ပွဲကို စောင့်ဆိုင်းနေခဲ့သည်။

ထျန်းကျင်း အနီးသို့ ရောက်ရှိလာသော မတူညီသော မျိုးနွယ်ပေါင်း 25 ခုကျော်၏ အော်ရာများကို ကျန်းချန်ရှန်း အာရုံခံမိခဲ့သည်။ ဟိုးအဝေးကနေ ချဉ်းကပ်လာကြသော်လည်းကမူးရှူးထိုးမလုပ်ခဲ့ကြဘူး။ ယင်းအစား အစီအစဉ်အတိုင်း ဖြန့်ကျက်ကာ ထျန်းကျင်းတစ်ခုလုံးကို ဝန်းရံလိုသော ပိုက်ကွန်ကြီးတစ်ခု ဖွဲ့လိုက်သည်။

နည်းဗျူဟာအတော်ကောင်းသည်ဟု ဆိုရပေမည်...

ဤကဲ့သို့ ပြန့်ကျဲနေသော သူတို့ကြောင့် ကျန်းချန်ရှန်း တစ်ယောက်တည်း ရန်သူအားလုံးကို ရင်ဆိုင်ရန် ခက်ခဲမည်ဟု ယူဆကြပေလိမ့်မည်။

ကံမကောင်းစွာပဲ၊ ကျန်းချန်ရှန်းက မီးကို အလွယ်တကူ ငြိမ်းသတ်နိုင်ခဲ့သည်။

စစ်မြေပြင်က ဘယ်လောက်ပဲ ရှည်လျားနေပါစေ ကျန်းချန်ရှန်းအတွက် မှုစရာမလိုပေ။

ကျန်းချန်ရှန်းက အခြေအနေကို စောင့်ကြည့်ရန် နတ်ဘုရားအာရုံကို အသုံးပြုပြီးနောက် မည်သို့ဖြေရှင်းရမည်ကို တွေးတောနေခဲ့သည်။

စစ်ပွဲမစတင်မီ အချိန်အနည်းငယ်စောင့်ရမည်ဟု ခန့်မှန်းထားသည်။သဲမျိုးနွယ်စုနှင့်ချင်းလျန်မျိုးနွယ်စုတို့၏ ကျရှုံးမှုက ကျန်းချန်ရှန်းကို သတိကြီးကြီးထားပြီး အလျင်စလိုမပြုလုပ်မိအောင် သတိပေးနေသည်။

တစ်ချိန်တည်းမှာပင် ယန်ချယ်က မြောက်ဘက်သို့ ပြည်နယ်အသီးသီးမှ တပ်များကို စေလွှတ်ခဲ့သည်။ သတိမမူဘဲ ကမ်းရိုးတန်းပြည်နယ်များကို ပြည်ပမှ ကျူးကျော်ဝင်ရောက်လာမှုမှ ကာကွယ်ရန် ကမ်းရိုးတန်းပြည်နယ်များကို သတိပြုရန် အမိန့်ပေးခဲ့သည်။

ခဏလောက်တော့ ထျန်းကျင်း တစ်ခုလုံး ပြင်ဆင်မှုကြောင့် အလုပ်များခဲ့ကြသည်။ ဝတ်ပြုသူများ၏ လွှမ်းမိုးမှုအောက်တွင်၊ ထျန်းကျင်းအတွက် တိုက်ပွဲဝင်ပြီး သိုင်းရှင်တစ်ယောက်ဖြစ်လာရခြင်းက ဂုဏ်ယူစရာဖြစ်လာသည်။

ကျန်းချန်ရှန်းက ငရဲဘုံ၏တည်ရှိမှုကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ နောင်ဘဝဆိုသော မရေရာသည့် ကတိကိုလည်း မပေးချင်ပေ။ သူတို့ စစ်မြေပြင်တွင် သေရမည်ဆိုလျှင်ပင် ၎င်းတို့၏ အကုသိုလ်ကံတရား ကြီးလေးနေသရွေ့ ငရဲ၌ ဆင်းရဲဒုက္ခခံနေကြရမည်သာ.....

အမွှေးတိုင်အရေအတွက်က သူ့အတွက် တကယ်အထောက်အကူဖြစ်ပေမဲ့ သူ့နောက်လိုက်တွေအတွက်တော့ အများကြီး ပေးစရာမလိုပေ။ ယုံကြည်ခြင်းဆိုသည်မှာ နှလုံးသားထဲမှ ထင်မြင်ယူဆချက်တစ်ခုသာ ဖြစ်သည်။သူတို့အမြင်အရတော့ သူတို့ဘာတွေ ပေးဆပ်ခဲ့တယ်ဆိုတာ မသိကြဘဲ တာအိုဘိုးဘေးက သူတို့ကို ကျေးဇူးပြုတယ်လို့ပဲ ခံစားနေကြရသည်။ စိတ်ဝိညာဉ်ကင်းလွတ်ခြင်းနယ်ပယ် ရောက်နေသူများအတွက် ပံ့ပိုးပေးထားသော သိုင်းကျမ်းများက သူတို့ကို ကျေးဇူးတင်ရန် လုံလောက်ပါသည်။

ထို့အပြင် ထျန်းကျင်း၏စစ်သားများသည် သူ့အတွက်သာမက ၎င်းတို့၏အိမ်သားများအတွက်ပါ တိုက်ပွဲဝင်ခဲ့ကြသည်။

နောက်ထပ်နှစ်သစ်ရောက်လာခဲ့ပြန်ပြီ....

အင်မော်တယ်ခေတ်၏ ၅၁ နှစ်... မတ်လတွင် စစ်ပွဲတစ်ခု ဖြစ်ပွားတော့မည်။

ကျန်းချန်ရှန်းက ခရမ်းရောင်တိမ်တိုက် နန်းတော်ခေါင်မိုးပေါ်တွင် ထိုက်ယန်ရှန့်ကုန်းကို လက်ထဲတွင်ကိုင်ကာ ရပ်နေသည်။ သူကိုယ်တိုင်နောက်ဆုံးလှုပ်ရှားခဲ့တာ ၃၁ နှစ်ရှိပြီ။ နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့ခြင်းက ကိုယ်ပွားတစ်ခုနဲ့ဆိုပေမယ့် ကျေနပ်စရာအတွေ့အကြုံရခဲ့သည်။

အဆင့်တက်ပြီးကတည်းက ကျန်းချန်ရှန်းဟာ ​​သူ့ရဲ့ အင်အားအပြည့်နဲ့ တိုက်ပွဲမ၀င်ခဲ့ပေဖယ အတိအကျပြောရလျှင် မဟာယာနနဂါးမျှော်စင် အကျပ်အတည်းမှ လွတ်မြောက်ပြီးကတည်းက သူ၏ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ပေ။

မြို့တော်ရှိ အိမ်ရာတစ်ခုအတွင်းတွင်.....

ချန်ယောင်လင်း တစ်ခုခုကို ခံစားလိုက်ရပုံဖြင့် အိမ်ခေါင်မိုးပေါ်သို့ လျှပ်တပြက်ပျံတက်သွားခဲ့သည်။ မူလက သူမ အဝေးကို မျှော်ကြည့်ချင်သော်လည်း ခရမ်းရောင်တိမ်တိုက် နန်းတော်ခေါင်မိုးပေါ်တွင် ကျန်းချန်ရှန်းကိုတွေ့သောအခါ ချက်ချင်းရပ်လိုက်သည်။

"သူလည်း အာရုံခံမိလိုက်တာလား...? ဒါ ပုံမှန်ပါပဲ......သူ့နယ်ပယ်ကိုတောင် မမြင်နိုင်ဘူးဆိုတော့ ငါ့ထက် သန်မာရမယ်.... ဒါပေမယ့် သူဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ”

ချန်ယောင်လင်း လေထဲတွင် ပျံဝဲနေပြီး ကျန်းချန်ရှန်းကို စူးစမ်းလိုစိတ်ဖြင့် အဝေးမှ ကြည့်လိုက်သည်။

ကျန်းချန်ရှန်း၏ မောက်မာသော စကားလုံးများကို မမေ့နိုင်သေးပေ။ ကျန်းချန်ရှန်း အခုလိုပေါ်လာတော့ မဟာကန္တရ နတ်ဘုရားကို သတ်မည်ဟု ပြောခဲ့သောစကားသံများကို ကြားယောင်လာမိသည်။

ယခုတွင် မျိုးနွယ်စုများစွာက ထျန်းကျင်း ကို ဝိုင်းရံထားသောကြောင့် ဤအကျပ်အတည်းကို သူမည်ကဲ့သို့ ဖြေရှင်းပြီး ထျန်းကျင်းကို ကယ်တင်နိုင်မည်နည်း။

ကျူချင်းပြည်နယ်၏မြို့ရိုးပေါ်၌....

ရှုထျန်းကျိက မိုးကုတ်စက်ဝိုင်း၏အဆုံးမှ ဆင်းသက်လာသော သန်မာသူများကို ကြည့်နေသည်။ ဒီလိုမြင်ကွင်းမျိုးကို သူမြင်ဖူးတာ ဒါတတိယအကြိမ်ဖြစ်တာကြောင့် ထိတ်လန့်မနေတော့ပေ။အဲ့အသား တခြားစစ်မျက်နှာစာက တပ်တွေကိုသာ စိတ်ပူနေသည်။

မိုင်ပေါင်းသန်းချီဝေးရာ၌.....

ကျန်းထျန်းမင်က ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရပ်နေပြီး သူ့နောက်က တောင်တန်းပေါ်တွင် ထျန်းကျင်းစစ်သည်များဖြင့် ပြည့်နေသည်။ အချို့မှာ တရားထိုင်ကြပြီး အချို့က လေထဲတွင် ကင်းလှည့်နေကြသည်။

“ညီအစ်ကိုတို့၊ စစ်ပြင်ကြလော့”

ကျန်းထျန်းမင် ဆော်သြလိုက်သည်နှင့် ထျန်းကျင်း စစ်သည်တွေအားလုံး မတ်တပ်ရပ်လိုက်ကြသည်။

သူ့နောက်ကို လိုက်ကြည့်တော့ ကောင်းကင်မှာ တဟုန်ထိုးပျံသန်းလာနေသော မည်းမှောင်နေတဲ့ တိမ်တိုက်တွေကို တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော အနက်ရောင် အရိပ်များက လင်းနို့အုပ်စုနှင့် ဆင်တူပြီး အလွန်အမင်း ဖိအားပြင်းထန်လှသည်။

တစ်ချိန်တည်းမှာပင်...

ကျန်းဇီယုသည်လည်း ရန်သူကို မြင်နေရသည်။ ပေတစ်ထောင်ကျယ်တဲ့ မြစ်နားမှာ ရပ်နေပြီး သူ့နောက်မှာ တပ်သားများအပြည့်နေရာယူထားသည်။အမိန့်ပေးလိုက်သည်နှင့် တပ်သားများ ချက်ချင်းထရပ်၍ အသင့်ပြင်နေကြသည်။

မြေပြင်တွင် ဖုန်မှုန့်မုန်တိုင်းများ လှိုက်တက်လာပြီး တောင်တန်းများ မြေပြင်ပေါ်သို့ မြင့်တက်လာသကဲ့သို့ မြေကြီးစများ ပြန့်ကျဲသွားသည်။

စစ်တိုက်ဖို့ ပြင်ဆင်ထားတဲ့ သူတို့ သုံးယောက်တင်မကဘဲ ရာနှင့်ချီသော တပ်များသည်လည်း ပြင်းထန်စွာ တပ်လှန့်ထားသည်။ ထျန်းကျင်း မြောက်ဘက်ကနေ ကောင်းကင်မြင်ကွင်းနယ်မြေ၏ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းမှာလည်း များပြားလှတဲ့ မျိုးနွယ်စုတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားကြသည်။

ကြီးမားသော တောင်လိပ်ကြီးတစ်ကောင် လေထဲတွင် လှည့်ပတ် ပျံသန်းနေပြီး တိချန် ရှေ့ကို လှမ်းကြည့်လိုက်ရာ နေရာတိုင်းတွင် မရေမတွက်နိုင်သော နိုင်ငံရပ်ခြားကမျိုးနွယ်စုများကို တွေ့လိုက်ရသည်။ သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က လူတွေနဲ့ ဆင်တူသော်လည်း သူတို့ရဲ့ ခြေဖဝါးတွေက တိရိစ္ဆာန်ခွာနှင့်ဆင်တုးူကာ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အမွှေးများ ရှိသည်။သူတို့၏ဦးခေါင်းများက နွားနှင့်တူပြီး ကျောပေါ်တွင် အတောင်ပံများရှိသည်။ အားလုံးက လက်နက်မျိုးစုံ ကိုင်ထားကြပြီး အများစုမှာ ပေ ၁၀၀ သာ မြင့်သော်လည်း ၎င်းတို့အားလုံး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်နေကြသည်။

"တာအိုဘိုးဘေး မင်း လူဘယ်နှစ်ယောက်များ ကာကွယ်နိုင်မလဲ ငါကြည့်ချင်တယ်"

တိချန် ထိုသို့ ရေရွတ်လိုက်ပြီး ဒီမြင်ကွင်းက သူ့ကို ဟိုတုန်းက တော်ဝင်မျိုးနွယ်စုကို အမှတ်ရစေသည်။

ပြင်ပကမ္ဘာမှနတ်ဆိုးမြစ်က တော်ဝင်မျိုးနွယ်စုကို ဝန်းရံထားပြီး နှိမ်နင်းရန် စိတ်ကူးမယဉ်နိုင်သော အင်အားကြီးမားသော ရန်သူအများအပြားကို ခေါ်ဆောင်လာသည်။ မဟာကန္တရကို ကာကွယ်ရန်အတွက် တော်ဝင်မျိုးနွယ်စုက သေသည်အထိ တိုက်ပွဲဝင်ခဲ့သည်။ ထိုတိုက်ပွဲတွင် အခြားသောမျိုးနွယ်စုများက မကူညီဘဲ စောင့်ကြည့်နေခဲ့သည်။ သို့သော် ယနေ့တွင်၊ မဟာကန္တရ၏ များပြားလှသော မျိုးနွယ်စုများက တူညီသောရန်သူကို တိုက်ခိုက်ရန် လက်တွဲနိုင်ကြချေပြီ....

လိပ်ကြီးက တောင်များနှင့် မြစ်များကို တုန်လှုပ်သွားစေသည့် ဟိန်းဟောက်သံကို ထုတ်လွှတ်ကာ ၎င်း၏အော်သံက မိုင်ပေါင်း သန်းပေါင်းများစွာ အကွာအဝေးသို့ ပျံ့နှံ့သွားခဲ့သည်။

ကျန်းချန်ရှိ နန်းတော်ထဲတွင် နန်းတော်အစေအပါးများစွာတို့က ကျန်းချန်ရှန်းကို မျှော်ကြည့်နေကြသည်။ ဧကရာဇ်ကိုတွေ့ဖို့က ရှားရှားပါးပါးအခွင့်အရေးမို့ အားလုံးစိတ်လှုပ်ရှားနေကြသည်။

ကျန်းချန်ရှန်း၏နန်းတော်တွင် မိန်းမစိုးများမရှိဘဲ နန်းတော်အစေခံများသာရှိခဲ့သည်။

ချန်ယောင်လင်းရှိနေတာကြောင့် ကျန်းချန်ရှန်းက တုနှိုင်းမဲ့ယန်အလင်းတန်းကို အသက်မသွင်းခဲ့ပေ။ သူ့အသွင်အပြင် အစစ်အမှန်ကို ထုတ်ဖော်လိုက်သောအခါတွင် နန်းတွင်းသူများ စိတ်ကမောက်ကမဖြစ်ကာ အတွေးမျိုးစုံ ပေါ်လာသည်။

နန်းတော်ထဲမှာ နဂါးအိပ်ရာပေါ် မတက်ချင်တဲ့နန်းတွင်းသူ ဘယ်မှာရှိမလဲ...

အထူးသဖြင့် ဧကရာဇ်က အလွန်ချောမောလှသဖြင့် စိတ်အေးအေးထားရန် ခက်ခဲလှသည်။

ကျန်းချန်ရှန်း လေးညှို့ကို ဆွဲတင်လိုက်ပြီး သူ့ရဲ့ မှော်အစွမ်းတွေကို မြှားထဲသို့ပို့လွှတ်လိုက်သည်။

ချန်ယောင်လင်း အံ့သြသွားသည်။ ကျန်းချန်ရှန်း စစ်မြေပြင်သို့ ထွက်ခွါမည်ဟု ထင်ခဲ့သော်လည်း ဤနေရာကနေ တိုက်ခိုက်မည်ဟု မမျှော်လင့်ခဲ့ပေ။

တကယ့်ဟာသပဲ.....

ဤနေရာနှင်အ ရှေ့တန်းစစ်မျက်နှ မည်မျှဝေးသည်ကို တိုင်းတာလို့ပင်မရချေ။

ပင်လယ်ပြင်မှလာသော နိုင်ငံခြားမျိုးနွယ်များကို ပစ်သတ်မည်ဆိုပါက ရှင်းရှင်းလင်းလင်း ပစ်ခတ်နိုင်သော်လည်း အလွန်ခက်ခဲနေပြီဟု ယူဆမိပါသည်။

ချန်ယောင်လင်း အထက်နယ်ပယ်တွင် အစွမ်းထက်သော လေးသမားကို မြင်ဖူးသော်လည်း ကျန်းချန်းရှန်းက အတားအဆီးမရှိ၍ အင်အားကြီးမားသော ရန်သူများကို သတ်ရန် ဝေးကွာသော အကွာအဝေးကနေ လေးပစ်ဖို့ကြိုးစားနေသည်။

"ချန်မိန်းကလေး သေချာကြည့်ထား...ဒီမြှားချက်က မင်းရဲ့သခင်ငါ့ကိုယုံကြည်ဖို့ လုံလောက်ရဲ့လား.... "

ကျန်းချန်ရှန်းရဲ့အသံက ချန်ယောင်လင်း နားထဲကို ဝင်လာပြီး သူမ အံ့သြသွားသည်။

ပြောပြီးသည်နှင့် ကျန်းချန်ရှန်း ၏ညာဘက်လက် ရုတ်တရက် ပြေလျော့သွားပြီး လေးညှို့ကို လွှတ်လိုက်သည်။ ရွှေရောင်အလင်းတန်းများက ကမ္ဘာကြီးကို တောက်ပစေပြီး ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်မြှားတစ်စင်း ကောင်းကင်သို့ ပစ်လွှတ်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး အရောင်ပျက်ပျယ်သွားစေသည်။ ပြည်နယ်များစွာရှိ ကောင်းကင်ယံပင် ရွှေရောင်ပြောင်းသွားပြီး မရေမတွက်နိုင်သော နိုင်ငံသားများက ကျန်းချန်၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လာကြသည်။

ချန်ယောင်လင်း မျှော်ကြည့်လိုက်တော့ တိမ်ပင်လယ်ကြီး လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်။ ရွှေရောင်မြှားများ ကောင်းကင်သို့ ပျံသန်းပြီးနောက် ပေါက်ကွဲကာ မျက်လုံးတစ်မှိတ်အတွင်း ပျောက်ကွယ်မသွားမီ လမ်းကြောင်းအမျိုးမျိုးသို့ ပစ်ခတ်သော မရေမတွက်နိုင်သော မြှားများအဖြစ်သို့ ပြောင်းလဲသွားသည်။ဤသည်မှာ ခဏတာ ပေါက်ကွဲသွားသညံ့် မီးရှူးမီးပန်းတွေလိုပင်.....

“အဲ့ဒါ…”

ချန်ယောင်လင်း မျက်လုံးပြူးသွားသည်။

အရမ်းမြန်လွန်းတယ်......

လေးညို့ကို လွှတ်လိုက်သည်နှင့် သေခြင်းတရားကို ရင်ဆိုင်ရသကဲ့သို့ ခံစားလိုက်ရသည်။ အရေးအကြီးဆုံးမှာ၊ သူမ၏အမြင်အာရုံက မြှားအလင်းပျောက်ကွယ်သွားသည့်အမြန်နှုန်းကို အမီလိုက်နိုင်ခြင်းမရှိပေ။

သူက စစ်မြေပြင်အားလုံးကို ထောက်ပံ့ချင်နေတာလား....

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ......

စစ်မျက်နှာက အရမ်းကျယ်ပြန့်လွန်းသဖြင့် ရန်သူကို မည်ကဲ့သို့ တိကျစွာ ပစ်နိုင်မည်နည်း။ ယေဘူယျလမ်းညွှန်ချက်က တိကျတယ်ဆိုရင်တောင် သူ့လူတွေကို အသေပစ်သတ်မိမှာကို မကြောက်ဘူးလား။

နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်တော့ဘူးလား.....

ဒါ ချန်ယောင်လင်း တွေးနိုင်တဲ့ တစ်ခုတည်းသော ဖြစ်နိုင်ချေပင်.... တာအိုဘိုးဘေးက အသေအပျောက်များကို ဂရုမစိုက်ဘဲ ရန်သူကို ဖျက်ဆီးရန်သာ ဆန္ဒရှိသည်ဟုသာ ယူဆမိသည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ ကျန်းချန်ရှန်း ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်သွားခဲ့သည်။ သူ ဘယ်လောက် ပေါ့ပေါ့ပါးပါး နေတတ်တာကို မြင်တော့ ချန်ယောင်လင်း၏ခန့်မှန်းချက် ပိုလို့တောင် သေချာလာသည်။

လူတော်တော်များများသေလိမ့်မယ်!

တိချန် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ သူ့ရှေ့တွင် ရှုပ်ထွေးနေသော စစ်ပွဲကို ငုံ့ကြည့်နေသည်။ တိုင်းတစ်ပါးစစ်တပ်က လူသားများကို တိုက်ခိုက်နေပြီဖြစ်ပြီး လူသားမျိုးနွယ်၏ အစွမ်းသတ္တိက သူ့ကို မျက်မှောင်ကြုတ်စေခဲ့သည်။

အားနည်းလွန်းတယ်......

ကောင်းကင်နှင့်မြေပြင်၏နတ်ဘုရားက ထိုသို့သောလူမျိုးကို မည်သို့ကြောက်ရမည်နည်း။

ကောင်းကင်နှင့်မြေပြင်၏နတ်ဘုရားက လူသားမျိုးနွယ်မှာ အကြီးကျယ်ဆုံးသော အလားအလာရှိသည်ဟု ထင်ပါသလား။

တိချန် ထိုအကြောင်းကို ပိုတွေးလေလေ သူစိတ်မချမ်းသာလေလေဖြစ်သည်။သို့သော် ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ထားပေ။ သူ့မှာ ပြိုင်ဘက်တစ်ယောက်ပဲရှိသည်...ထိုသူက တာအိုဘိုးဘေးပင်ဖြစ်သည်။

မတူညီသောမျိုးနွယ်မှ ထွားကျိုင်းသောသတ္တဝါတစ်ကောင် ပျံသန်းလာပြီး "တိချန်၊ တာအိုဘိုးဘေးသာ ငါတို့ရဲ့စစ်မြေပြင်ကို မရောက်လာခဲ့ရင် မင်းစိတ်ပျက်မှာလား....."

တိချန် ..."သူငါ့ကိုမရှာရင် ငါလိုက်သွားရုံပေါ့......."

စကားမဆုံးခင်မှာ သူ့အကြည့်တွေ ရုတ်တရက် စူးရှလာပြီး ရုတ်တရက် မော့ကြည့်လိုက်တော့ ချက်ချင်းဆိုသလိုပင် အံ့သြသွားသည်။

သူ ဘာကိုမြင်လိုက်တာလဲ?

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ.....

All Chapters