ကောင်းကင်တိမ်တိုက်ပင်လယ်.....အမိန့်အသစ်
Vol. 23 Ch. 337
တိချန် ကြောက်ရွံ့သော အကြည့်ဖြင့် ခေါင်းကို မော့လိုက်သည်။ သူ့ပတ်ဝန်းကျင်မှ အခြားသူများ မသိလိုက်ခင်မှာ ကောင်းကင်ယံ၌ တိမ်ပင်လယ်များ ပြန့်ကျဲနေပြီး ကောင်းကင်နှင့် နေကို ဖုံးအုပ်ထားသည့် အံ့မခန်းအလင်းတန်းများ ဖြစ်ပေါ်လာသည်။ ကောင်းကင်ကြီးပြိုကျနေသလိုမျိုး တုန်လှုပ်ချောက်ချားစရာ ရွှေရောင်အလင်းတန်းတစ်ခု ပြေးဆင်းလာချေပြီ......
တိချန် လက်ကို မြှောက်ခါနီးမှာ ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခု ကျဆင်းလာပြီး လိပ်ကြီးကို ဖိချလိုက်သည်။ သူ့ပတ်ဝန်းကျင်က လူတွေကတော့ ပေါက်ကွဲပြီး ချက်ခြင်း သွေးအငွေ့များအဖြစ်ပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် တိချန် ဒူးထောက်လုနီးပါး ဖြစ်သွားသည်။အံကြိတ်ကာ အစွမ်းကုန် ခုခံရင်း မျက်လုံးများ နီရဲလာသည်။
"အဲဒါဘာလဲ?! ”
တိချန် စိတ်လွတ်တော့မတတ်ပင် ပြင်းထန်သောဖိအားက မကြုံစဖူးသော အကျပ်အတည်းကို ဖြစ်ပေါ်စေပြီး သူ့တွင်စဉ်းစားရန် အချိန်မရှိပေ။ သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုသာရှိခဲ့သည်။
ရွှေရောင်အလင်းတန်းများ ဆင်းသက်လာပြီး မြေကြီးကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ရွှေရောင်အလင်းတန်းကြီးများ လျင်မြန်စွာ ကျယ်ပြန့်လာပြီး တိချန်နှင့် တောင်လိပ်ကြီးတို့ တိုက်ရိုက်လွင့်စင်သွားကြသည်။ မြေပြင်တုန်ခါပြီး မရေမတွက်နိုင်သော သတ္တဝါတို့ ရွှေရောင်အလင်းတန်းထဲတွင်နစ်မြုပ်ကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
တိချန်ကတော့ ရွှေရောင်အလင်းတန်းများလွတ်ရာဆီ လျင်မြန်စွာ ထွက်ပြေးခဲ့ရသည်။
အဝေးတွင်တိုက်ပွဲဝင်နေကြသော မျိုးနွယ်စုနှစ်စုလည်း တုန်လှုပ်သွားကြသည်။ သို့သော် ထျန်းကျင်းဘက်က စစ်သည်များကတော့ ရွှေရောင်အလင်းတန်းအကြောင်းသိနေကြသည်။
"ဒါက ဧကရာဇ်ရဲ့ သိုင်းပညာပဲ!"
"အဓိပ္ပာယ်မရှိဘူး၊....ဒါ သူ့ရဲ့မြင့်မြတ်တဲ့တန်ခိုးစွမ်းအင်ကွ..!"
"ငါတို့ နဂါးသွေးကြောတိုက်ကြီးမှာရှိတုန်းလည်း ဘုရင်မင်းမြတ်က ဒီလိုပဲ လုပ်ခဲ့တယ်"
"ဟားဟား၊ အဲ့ဒီကောင်တွေ အကုန်လုံး သေကုန်ပြီ!"
"တိုက်ခိုက်ကြမယ်.... ဘုရင်မင်းမြတ်က ငါတို့ကို ကူညီနေတယ်"
ထျန်းကျင်း စစ်သည်များ၏ တိုက်ပွဲဝင်စိတ်ဓာတ် များစွာ မြှင့်တက်ခဲ့ပြီး များပြားလှသော မျိုးနွယ်စုများ၏ တပ်များကတော့ ကြောက်လန့်နေကြပြီ။ အဘယ်ကြောင့်ဆိုသော် မိမိတို့မျိုးနွယ်စု၏ ကျွမ်းကျင်ပညာရှင်အားလုံး သေဆုံးနေသည်ကို တွေ့မြင်ခဲ့ရသောကြောင့်ဖြစ်သည်။ ဒီလို နှိုးဆွမှုမျိုးဟာ ထျန်းကျင်းရဲ့ တစ်ဖက်ခြမ်းအတွက် သံသယဖြစ်စရာ အလွန်ကောင်းနေသည်။
ဒီစစ်မြေပြင်တစ်ခုတည်းတင် မဟုတ်ဘဲ အနောက်ဘက်မှ ထျန်းကျင်း၏မြောက်ဘက်အထိ တာ့ယိကမ္ဘာဖျက်မြှားက ရာနှင့်ချီသော စစ်မြေပြင်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မဟာသူတော်စင်နယ်ပယ်နှင့်ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများအားလုံး အသတ်ခံခဲ့ရသည်။
ထျန်းကျင်း တောင်ဘက်သို့ ဦးတည်သော ပင်လယ်ပြင်အထက်တွင် ကမ္ဘာကြီးကို ဖျက်ဆီးရန် စွမ်းအားဖြင့် ရွှေရောင်အလင်းတန်းများ ဆင်းသက်လာသည်။ထို့ကြောင့် မရပ်မနား လှိုင်းလုံးများ လှုပ်ခတ်လာခဲ့သည်။
ထျန်းကျင်းစစ်သည်များကတော့
တာ့ယိကမ္ဘာဖျက်မြှား၏ ဗုံးကြဲမှုအောက်ကနေလွတ်မြောက်ခဲ့ကြသည်။ များပြားလှသော မျိုးနွယ်စုများမှ မရေတွက်နိုင်သော သတ္တဝါများ စက္ကန့်တိုင်း သေဆုံးကြသော်လည်း ထျန်းကျင်းရှိ ပြည်နယ်များကတော့ ငြိမ်သက်အေးချမ်းလျက်ပင်.....
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌...
ကျန်းချန်ရှန်း ကိုယ်ပွားတစ်ခုကို ခွဲထုတ်ပြီး မြေအောက်သို့ပို့ဆောင်ရန် ဒြပ်စင်ငါးပါးအသွင်ပြောင်းခြင်းပညာရပ်ကို အသုံးပြုခဲ့သည်။
“ဒီစစ်ပွဲပြီးရင် အနည်းဆုံး နှစ်ငါးဆယ်လောက် ငြိမ်းချမ်းနေလိမ့်မယ်...ဒါပေမယ့် မဟာကန္တရနတ်ဘုရားကတော့ ကြာကြာစောင့်နေမှာမဟုတ်ဘူး....”
ကျန်းချန်ရှန်းကတော့ မဟာကန္တရနတ်ဘုရားကို ရင်ဆိုင်ချင်သော်လည်း စိုးရွံ့နေဆဲပင်...
သူက အင်အားကြီးတဲ့ ရန်သူတွေကို သတ်ပစ်ဖို့ စောင့်မျှော်နေပေမယ့် နောက်ထပ် ဒုက္ခကို ဆွဲဆောင်မှာကို ကြောက်တာကြောင့်လည်း ကြောက်ရွံ့နေခြင်းဖြစ်သည်။
သို့သော် ဒါက အတွေးသက်သက်သာဖြစ်သည်။
ဒုက္ခမဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေမယ့် ဒုက္ခရောက်တဲ့အခါ ဘယ်တော့မှ မကြောက်ခဲ့ဖူးပေ။
ခဏအကြာတွင်....
[အင်မော်တယ်ခေတ်၏ ၅၁ နှစ်တွင်၊ မျိုးနွယ်စု ၂၇ စုက ထျန်းကျင်းကို တိုက်ခိုက်ခဲ့ပြီး လူသားမျိုးနွယ်နှင့်သင့်ကို ကွဲလွဲမှုတစ်ခုဟု မှတ်ယူထားသောချေမှုန်းပစ်လိုသည်။သို့သော် သင်သည် အချိန်မီလုပ်ဆောင်ပြီး အင်အားကြီးရန်သူတစ်စုကို သတ်ပစ်ခဲ့သည်။ သင်ဟာ ကံကြမ္မာများစွာကို ဖြတ်တောက်ပစ်လိုက်သည့်အတွက် ရှင်သန်ခြင်းဆုလာဘ်အဖြစ်
ဝိညာဉ်ရတနာတခုဖြစ်သော 'ကောင်းကင်တိမ်တိုက်ပင်လယ်'ကိုရရှိထားသည်။]
ကျန်းချန်ရှန်း ဤရတနာပစ္စည်းအကြောင်းအချက်အလက်များကို ချက်ချင်းလက်ခံခဲ့သည်။
မဟာကန္တရနတ်ဘုရား၏ တောင်တန်းများနှင့် မြစ်များပေါ်တွင် တိချန် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းခဲ့သည်။ သူ့အမူအရာက ပိုပို၍ မှုန်ကုပ်ကုပ်ဖြစ်လာကာ သူ့အရှိန်က နှေးကွေးလာသည်။
သူဒီကိုမလာခင်မှာ တိုက်ပွဲမှာသေဖို့တောင် အဆင်သင့်ပြင်ထားခဲ့သည်။ သို့သော် တာအိုဘိုးဘေးနှင့် မတွေ့ဆုံမီတွင်ထိတ်လန့်သွားခဲ့ရသည်။ မကြုံစဖူး ရှက်ရသည့် ခံစားချက်က သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။ စစ်ပွဲဧကရာဇ်၏ အကြံဉာဏ်များ သူ့စိတ်ထဲတွင် ပေါ်လာပြီး တစ်ဖက်သား၏ အပြုံးက သူ့ကို လှောင်ပြောင်နေပုံရသည်။
"သေစမ်းကွာ.....!"
တိချန် ဒေါသတကြီးအော်ပြီး ရပ်တန့်လိုက်သည်။
သူ့စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ အပြင်းအထန်ကြိုးစားရင်း အကြည့်တွေခက်ထန်လာသည်။
ဘာပဲဖြစ်ဖြစ် တာအိုဘိုးဘေးကိုတွေ့ရမယ်.....
သူ ချက်ချင်း လှည့်ကြည့်လိုက်တော့ သူ့နောက်က လူကြောင့် ထိတ်လန့်သွားသည်။ သူချက်ချင်း နောက်ပြန်ဆုတ်ပြီး ထိုသူနဲ့ ခပ်ခွာခွာနေလိုက်သည်။
ကျန်းချန်ရှန်း လေထဲတွင် ရပ်နေပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
တိချန်က စိတ်ကို တည်ငြိမ်အောင်ထိန်းပြီး.... “မင်းက ဘယ်သူလဲ” လို့ အသံနက်ကြီးနဲ့ အော်မေးလိုက်သည်။
တစ်ဖက်လူက သူ့နောက်ကို အသံမထွက်ဘဲ လိုက်လာနိုင်တယ်....ဒီလူသာ သူ့ကိုအလစ်ချောင်းတိုက်ခိုက်ချင်ရင်....
တိချန် ထိုအကြောင်းကို လေးလေးနက်နက် မတွေးဝံ့တော့ပေ။
ကျန်းချန်ရှန်းက “မင်းက ငါ့ကို စိန်ခေါ်ချင်တဲ့သူလား”
တိချန် ထိုစကားကြားသောအခါ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ခင်ဗျားက ထျန်းကျင်းရဲ့ ဧကရာဇ် တာအိုဘိုးဘေးလား"
ကျန်းချန်ရှန်းက မဖြေဘဲ သူ့ကို စိုက်ကြည့်နေ၏။
သူ့ကို မသတ်ရတဲ့ အကြောင်းရင်းက တိုင်ဝနှင့်တိုင်ရှီးတို့၏ သွေးအငွေ့အသက်ကို ခံစားမိလို့ပင်.... တစ်နည်းဆိုရသော် တိချန်သည် တိုင်ဝ၊တိုင်ရှီးတို့ နှင့် သွေးရင်း နှီးနွှယ်နေနိူင်သည်။ သူသည် သူတို့၏ ဖခင် သို့မဟုတ် ဘိုးဘေးပင် ဖြစ်နိုင်သည်။
"တာအိုဘိုးဘေး...ခင်ဗျားဘာလို့ ကျုပ်နဲ့ ဘာလို့မတိုက်ခိုက်တာလဲ"
ကျန်းချန်ရှန်းက.... “ဒီကိစ္စကို မင်း အခုထိ စိတ်စွဲနေသေးတာလား”
တိချန် ထိုစကားကိုကြားပြီးနောက် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ကျန်းချန်ရှန်းက ....“ငါ အပြင်လောကကို တစ်ခါမှ မရောက်ဖူးပေမယ့် ပြင်ပကမ္ဘာရဲ့နတ်ဆိုးမြစ်လို့ ခေါ်တဲ့ ကောင်းကင်မြစ် အကြောင်း နည်းနည်းတော့သိတယ်...အထက်ကမ္ဘာက လူတွေ အောက်ကမ္ဘာကို အောက်ပြည်ကို သွားချင်ကြရင် ကောင်းကင်မြစ်ကို လမ်းကြောင်းတခုအဖြစ်သုံးကြတယ်.... ကောင်းကင်မြစ်ကိုအုပ်စိုးသူက အထက်ကမ္ဘာမှာ အတော်အရေးပါတယ်....သူ့အနေအထားက ကောင်းကင်နဲ့မြေပြင်ကိုဖန်ဆင်းပြီး လူသားကမ္ဘာကိုအုပ်စိုးတဲ့ နတ်ဘုရားလိုပဲ...."
တိချန်၏ အမူအရာ ပြောင်းသွားကာ အံကြိတ်၍.... “ခင်ဗျားဆိုလိုတာက နတ်ဆိုးမြစ်က နတ်ဆိုးတွေရဲ့မြစ်မဟုတ်ဘူးလို့ ဆိုလိုတာလား.... ပြင်ပကမ္ဘာကိုထွက်သွားတဲ့ နတ်ဆိုးတွေက ကောင်းကင်နဲ့မြေပြင်နတ်ဘုရားနဲ့ သဘောတူညီချက်ယူလိုက်တာလား...."
"အဟုတ်ပဲ...."
ကျန်းချန်ရှန်းက ပြတ်ပြတ်သားသားပြန်ဖြေလိုက်သည်။ မဟာကန္တရမင်းဆက်၌ တော်ဝင်မျိုးနွယ်စု မည်သို့ ကြုံတွေ့ခဲ့ရသည်ကို သူ မသိပါ။မှန်းဆကြည့်ရသလောက်ဆို ပြင်ပကမ္ဘာ နတ်ဆိုးမြစ်နှင့် ဆက်စပ်နေနိုင်သည်။
မဟာကန္တရမင်းဆက်၌ တော်ဝင်မျိုးနွယ်စုပျက်သုန်းရခြင်းက မဟာကန္တရနတ်ဘုရာနှင့် သက်ဆိုင်နေသလား.....
“ကောင်းကင်နှင့်မြေပြင်နတ်ဘုရားက လူသားတွေကို ဘာကြောင့် ပစ်မှတ်ထားနေရတာလဲ..."ဟု တိချန်က မေးသည်။
ကျန်းချန်ရှန်းက “ မသေချာပေမယ့် တစ်ခုတော့ သိတယ်...ကောင်းကင်နဲ့မြေပြင်နတ်ဘုရားက မဟာကန္တရမင်းဆက်ရဲ့ များပြားလှတဲ့ မျိုးနွယ်စုတွေကို
အလွန်အစွမ်းထက်မြက်စေဖို့ ဆန္ဒမရှိဘူး.... ငါ သိသလောက်တော့ တခြားသိုင်းကမ္ဘာတွေမှာအထက်ကမ္ဘာကိုတက်လှမ်းဖို့လမ်းကြောင်းတွေရှိတယ်။ မဟာကန္တရနတ်ဘုရားမှာ အထက်ကမ္ဘာကိုတက်လှမ်းတယ်ဆိုတဲ့ ဒဏ္ဍာရီမျိုးကြားဖူးလို့လား.... လွန်ခဲ့တဲ့နှစ်ပေါင်း 100,000အတွင်း တခါမှမကြားဖူးဘူး....အဲ့အစား နတ်ဆိုးမြစ်ပဲ ဆင်းသက်လာတယ်...ငါကတော့ ကောင်းကင်နှင့်မြေပြင်နတ်ဘုရားက မဟာကန္တရမင်းဆက်က များပြားလှတဲ့ မျိုးနွယ်စုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားချင်နေတယ်လို့ခန့်မှန်းထားတယ်...လူသားမျိုးနွယ်က အားနည်းပေမယ့် ကောင်းကင်နှင့်မြေပြင်နတ်ဘုရားက လူသားမျိုးနွယ်ကို ကြောက်ရွံ့နေတယ်.... ငါ့တစ်စက္ကန့်လောက်ပေါ်လာမှာကိုလည်းကြောက်နေတယ်လေ....”
ဒေါသကို ထိန်းဖို့ ကြိုးစားရင်း တိချန်ရဲ့ အမူအရာက အေးစက်နေသည်။
သူ ကျန်းချန်ရှန်း၏ ချက်ကျလက်ကျဖြေရှင်းချက်ကို ယုံကြည်ပြီးသားဖြစ်သည်။
ကျန်းချန်ရှန်းက.... "တော်ဝင်မျိုးနွယ်စုပျက်သုန်းသွားပြီ. .. မင်းတော်ဝင်မျိုးနွယ်စုကို ပြန်ထူထောင်ချင်တယ်လို့ ငါကြားခဲ့တယ်၊ ဒါပေမယ့် အရမ်းကြာလိမ့်မယ်.... မင်းရဲ့မျိုးနွယ်ကို ပြန်ထူထောင်နိုင်ရင်တောင် ကောင်းကင်နတ်ဘုရားရဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ရဉီးမှာပဲ....ဒီတော့ ကောင်းကင်နတ်ဘုရားကို ဖြုတ်ချဖို့ ဘာလို့ လူသားတွေနဲ့ မလက်တွဲနိုင်ရတာလဲ..."
တိချန်က သူ့ကို မော့ကြည့်ပြီး"ခင်ဗျား ကမ္ဘာပေါ်မှာ တကယ်ကို ပြိုင်ဘက်ကင်းပေမယ့် ကောင်းကင်ကို တွန်းလှန်နိုင်ပါ့မလား"
ကျန်းချန်ရှန်းက... “ကမ္ဘာအပြင်ဘက်က နတ်ဆိုးမြစ် မကြာခင် ဆင်းသက်လာတော့မယ်.... အဲ့တော့ ကောင်းကင်နတ်ဘုရားနဲ့ငါကအနှေးနှင့်အမြန် တိုက်ခိုက်ကြရမှာပဲ ...ငါ နိုင်ရရင် တော်ဝင်မျိုးနွယ်စုရဲ့သားမြေးတွေ ဘာလုပ်ကြမလဲ....."
တိချန်က လူမိုက်မဟုတ်ပေ။ အကယ်၍ ကျန်းချန်ရှန်းသာ အနိုင်ရခဲ့ပါက လူသားမျိုးနွယ်သည် နောက်ထပ် တော်ဝင်မျိုးနွယ်စု ဖြစ်လာမည်ဖြစ်သည်။
“အဲ့အခါကျရင် တော်ဝင်မျိုးနွယ်စုက သူတို့ရဲ့ဂုဏ်ပုဒ်ကို လူသားမျိုးနွယ်ဆီပေးအပ်လိုက်ရမှာပဲ....မင်းတို့ လူသားမျိုးနွယ်အတွက် အမှုထမ်းဖို့ ဆန္ဒရှိသလား.... ကမ္ဘာပေါ်က မျိုးနွယ်စုအားလုံးအတွက် လမ်းကြောင်းတစ်ခုပဲ ရှိတော့တယ်....”
"ဒါဆို ခင်ဗျား ဘာလိုချင်လို့လဲ"
"တော်ဝင်မျိုးနွယ်စုရဲ့ သိုင်းပညာတွေကို လွှဲပြောင်းပေးပြီး လူသားမျိုးနွယ်ကို တိုက်ခိုက်ဖို့ နောက်ထပ် မျိုးနွယ်စုတွေကို လှုံ့ဆော်ပေးရုံပဲ...."
"မဖြစ်နိုင်ဘူး!"
တိချန်က ပြတ်ပြတ်သားသား ငြင်းလိုက်ပြီး ပထမတောင်းဆိုချက်ကိုတောင် လက်မခံနိုင်ခဲ့ပေ။
ကျန်းချန်ရှန်းက “လူသားမျိုးနွယ်တွေ ရှုံးသွားရင် တော်ဝင်မျိုးနွယ်စုရဲ့ သိုင်းပညာပညာတွေ ပေါက်ကြားမှာ မဟုတ်ဘူး.... အကယ်၍ လူသားမျိုးနွယ် အနိုင်ရခဲ့ရင် မင်းဘက်ကမလိုလားရင်တောင် လက်လွှဲပေးရမှာပဲလေ...နှမ်းဖြူးတာနဲ့ အမှန်တကယ်ကူညီတာက အဓိပ္ပါယ်ကွာခြားတယ်.... ထျန်းကျင်းရဲ့ပန်းတိုင်က မဟာကန္တရမင်းဆက်ကို ပေါင်းစည်းဖို့တင်မကဘူး... မကြာမီ ဒါမဟုတ် နောက်ပိုင်းမှာ ပြင်ပကမ္ဘာတွေကိုပါပေါင်းစည်းနိုင်ဖို့ပဲ.... အကယ်၍ တော်ဝင်မျိုးနွယ်စုသာ လူသားမျိုးနွယ်နောက်ကို လိုက်ခဲ့မယ်ဆိုရင် မင်းတို့အနာဂတ်မှာရလာမယ့် စွမ်းအားက အတိတ်ကာလက အထွတ်အထိပ်အခြေနေကို ကျော်လွန်သွားလိမ့်မယ်.....”
တိချန် တွေဝေနေစဉ်မှာ ကျန်းချန်ရှန်းက စကားတစ်ခွန်းကို ချန်ထားခဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။
“ဆယ်နှစ်အချိန်ပေးမယ်... အကယ်၍ တော်ဝင်မျိုးနွယ်စုက သိုင်းကျင့်စဉ်တွေကို ဆယ်နှစ်အတွင်း ထျန်းကျင်းကို မပို့ရင် ငါ့ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီလို့သတ်မှတ်လိုက်မယ်.... အဲဒီနောက်ပိုင်း ဒုတိယအကြိမ် အခွင့်အရေးတော့ ရှိလာမှာ မဟုတ်ဘူး.....”
တိချန်၏အမူအရာက ထူးဆန်းလာသည်။ ဆယ်နှစ်တာကာလဟာ တကယ့်ကို ကမောက်ကမပင်.... တာအိုဘိုးဘေးက သူအရင်ကပြောခဲ့တဲ့ မာနကြီးတဲ့ စကားတွေကို လှောင်ပြောင်နေသလား။
ဒေါသထွက်နေသော်လည်း တိချန်အနေနှင့် တော်ဝင်မျိုးနွယ်စုနှင့်လူသားမျိုးနွယ် ကြားက ခြားနားချက်ကို ဝန်ခံရမည်ဖြစ်သည်။
တာအိုဘိုးဘေးတစ်ဦးတည်းနှင့် လူသားတွေကို အသန်မာဆုံးမျိုးနွယ်ဖြစ်အောင် လုံလောက်ပေသည်။
တစ်လအကြာတွင် အရပ်ရပ်မှ စစ်ပွဲသတင်းများကို ထျန်းကျင်း၏အတွင်းပိုင်းပြည်နယ်များသို့ ပြန်လည်ပေးပို့ခဲ့ပြီး အားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။
ဧကရာဇ်က များပြားလှသောမျိုးနွယ်စုမှ ကျွမ်းကျင်သူများကို သုတ်သင်ရှင်းလင်းခဲ့သည်။
ထျန်းကျင်းစစ်တပ်က ၎င်းတို့၏ အောင်ပွဲများဖြင့် တိုက်ပွဲတိုင်းကို အနိုင်ရခဲ့သည်။ အသေအပျောက်များသော်လည်း သိုင်းပညာရှင်များပိုများလာကာ စစ်ပွဲမှ အမြတ်အစွန်းများကလည်း တိုင်းတာ၍မရပေ။
..................
ကျန်းချန်ရှန်း တိမ်ပင်လယ်ပေါ်သို့ ခြေချပြီး ပထမကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ သူသည် ကောင်းကင်၌ ကောင်းကင်ကိုးခုကို ဖန်တီးရန် မဟာဖန်ဆင်းခြင်းပညာရပ်ကို အသုံးပြုခဲ့သည်။ ပထမကောင်းကင်က တောင်ဘက်ကောင်းကင်တံခါးတည်ရှိရာနေရာဖြစ်ပြီး မြေပြင်နှင့် အလွန်ဝေးသည်။ ကွမ်းတုံးယုက တောင်ဘက်ကောင်းကင်တံခါး တွင် စောင့်ကြပ်ရင်း နေ့တိုင်း တရားထိုင်နေသည်။ ရံဖန်ရံခါတွင်၊ ဉာဏ်ရည်ထက်မြက်သော ကျွမ်းကျင်သူများ ဤနေရာသို့ ပျံသန်းလာသော်လည်း ကွမ်းတုံးယုက ၎င်းတို့အား နှင်ထုတ်လိမ့်မည်။
ကွမ်းတုံးယု လေတိုးသံကိုကြားသောအခါ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျန်းချန်ရှန်း တိမ်ပင်လယ်ပေါ်တွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်တိမ်တိုက်ပင်လယ်က သာမန်ဟုထင်ရသော်လည်း တကယ်တမ်းတွင် ၎င်းကို အဆတစ်သောင်းအထိ ချဲ့ထွင်နိုင်သည်။ ၎င်းသည် အာကာသကို ဖြတ်သန်းနိုင်ပြီး သီအိုရီအရ၊ ၎င်းသည် မဟာကန္တရသိုင်းကမ္ဘာမှ တိုက်ရိုက်ပျံသန်းနိုင်ပြီး မည်သည့်နေရာသို့မဆို သွားနိုင်သည်။ သို့သော်လည်း ကျန်းချန်ရှန်း ရူးသွပ်စွာ မကြိုးစားဝံ့ပေ။
ကောင်းကင်တိမ်တိုက်ပင်လယ်ကို ခံစစ်ဖွဲ့စည်းမှု ဖန်တီးနိုင်သည့် ကန့်သတ်ချက်များဖြင့် လှောင်ပိတ်ထားသည်။ ၎င်းတွင် အဆုံးမဲ့အသုံးပြုမှုများပါရှိပြီး ၎င်းကို ကောင်းကင်တွင်ထားရှိရန် ရည်ရွယ်ခဲ့သည်။
နောင်တွင်၊ ကောင်းကင်တရားရုံးကို တည်ထောင်ပြီး ကောင်းကင်စစ်သည်များနှင့် ကောင်းကင်ဗိုလ်ချုပ်များကို ဖန်ဆင်းသောအခါ၊ ကောင်းကင်စစ်သားများနှင့် ကောင်းကင်ဗိုလ်ချုပ်အယောက် ၁၀၀ တို့က ကောင်းကင်တိမ်တိုက်ပေါ်ကနေ များပြားလှသော ကမ္ဘာများကို တိုက်ခိုက်ကြလိမ့်မည်။ တွေးကြည့်ရုံနှင့်တင် တော်တော် စိတ်လှုပ်ရှားစရာ ကောင်းနေပြီဖြစ်သည်။
ထုံးစံအတိုင်း၊ ကောင်းကင်စစ်သားများအတွက် လိုအပ်ချက်များက သေမျိူးလူသားများနှင့်နှိုင်းယှဉ်၍ တိုင်းတာလို့ မရပေ။ အကယ်၍ ၎င်းသည် မဟာသူတော်စင် 100,000 သို့မဟုတ် သိုင်းဧကရာဇ် 100,000 ဖြစ်ခဲ့လျှင်...
ထျန်းကျင်းတွင် သိုင်းဧကရာဇ် 100,000 ကိုမွေးဖွားရန် အချိန်မည်မျှကြာမည်ကို ဘုရားသခင်သာသိပေမည်။
"မင်္ဂလာပါ အရှင်မင်းကြီး!"
ကွမ်းတုံးယု မတ်တပ်ထရပ်ပြီး စိတ်လှုပ်ရှားစွာ ဦးညွှတ်လိုက်သည်။
အားလပ်ချိန်တိုင်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ ဝင်ရောက်ကာ ထျန်းကျင်းတွင်ဖြစ်ပျက်နေသည့် ကြီးကျယ်ခမ်းနားသောဖြစ်ရပ်ကို လေ့လာစမြဲပင်.....
တာအိုဘိုးဘေး နန်းတက်သောအခါ၊ သူသည် မြင့်မြတ်သော မင်းဆက်ကို ကျော်လွန်၍ လူသားမျိုးနွယ်ကို သေချာပေါက် ဦးဆောင်နိုင်လိမ့်မည်။
ကျန်းချန်ရှန်းက တောင်ဘက်ကောင်းကင်တံခါးရှေ့မှာ ဆင်းလာပြီး "မင်း အထီးကျန်နေပြီလား" ဟုမေးတော့ ကွမ်းတုံးယုက ပြုံးပြီး... "မဟုတ်ပါဘူး.... ဒီမှာ တစ်ခါမှ အထီးကျန်တယ်လို့ မခံစားဖူးဘူး... ဒါ့အပြင် လောကီလောကနဲ့ ဝေးဝေးနေခြင်းက ကျွန်ုပ်အတွက် သိုင်းပညာပညာ ပိုမိုကောင်းမွန်စွာ လေ့ကျင့်နိုင်စေတယ်...."
အရင်တုန်းကတော့ ထျန်းကျင်းကနေ မကြာခဏ ထွက်သွားခဲ့ဖူးသည်။ သို့သော် မဟာကန္တရမင်းဆက်သို့သွားသောအခါ ရက်စက်သော သားရဲများကို မကြာခဏ ကြုံတွေ့ရတတ်သည်။
အခုချိန်က သူ့ဘဝအတွက် အငြိမ်းချမ်းဆုံးအချိန်ပင်......
ကျန်းချန်ရှန်းက သူ့ကိုအကဲခတ်ပြီး..... "မင်းက ကောင်းကင်သွေဖယ်ခြင်းသိုင်းစည်းမျဉ်းကို ဖန်ဆင်းခဲ့တာဆိုတော့ မင်းဘာလို့ အမဲမလိုက်တာလဲ..."
ကွမ်းတုံးယုက “ ကောင်းကင်သွေဖယ်ခြင်းသိုင်းစည်းမျဉ်းက အစွမ်းထက်ပေမယ့် နယ်ပယ်မြင့်လေ၊ ထိရောက်မှုနည်းလေပါပဲ....ကျွန်ုပ်က အင်မော်တယ်နတ်ဘုရားတွေရဲ့သိုင်းပညာနဲ့ယှဉ်နိုင်လောက်တဲ့ သိုင်းပညာမျိုးကို ကောင်းကင်သွေဖယ်ခြင်းသိုင်းစည်းမျဉ်းတွေကိုအခြေခံပြီး ဖန်တီးချင်ပါတယ်...."
သူ့စကားက အနည်းငယ် မာနကြီးသော်လည်း ကျန်းချန်ရှန်း သူ့အပေါ် ယုံကြည်မှုရှိနေသည်။
ကျန်းချန်ရှန်းက “ဒါဆို မင်း အလုပ်ကြိုးစားရမယ်...ငါ အထက်ကမ္ဘာကိုမကြာခင်တက်လှမ်းရတော့မှာ...အဲ့အခါကျရင် ကောင်းကင်တရားရုံးတည်ထောင်ဖို့ ကုသိုလ်ကောင်းမှုပြုသူ ခေါ်ဆောင်မယ်...အဲ့အခါကျရင် အမိန့်အသစ်တစ်ခု ချမှတ်မယ်.... မင်းက ကောင်းကင်စစ်သားတွေနဲ့ ကောင်းကင်စစ်သူကြီးတွေရဲ့ စစ်ဦးစီးချုပ် ဖြစ်လာနိုင်မယ်လို့ ငါမျှော်လင့်တယ်...."
ထိုစကားကြားတော့ ကွမ်းတုံးယု သွေးပွက်ပွက်ဆူလာချေပြီ ........