ခွန်းလွန်အဓိပတိ... ထာဝရသေမင်းကြယ်စင်......
Vol. 23 Ch. 338
နောက်သုံးနှစ်အကြာ အင်မော်တယ်ခေတ်၏ ၅၄ နှစ်......
စစ်ကြီးပြီးဆုံးခဲ့ပြီ... ကျန်းချန်ရှန်းက များပြားလှသော မျိုးနွယ်စုများ၏ ထိပ်တန်းကျွမ်းကျင်သူများကို ချေမှုန်းနိုင်ခဲ့သော်လည်း စစ်ပွဲကာတော့ နှစ်နှစ်ကြာမြင့်ဆဲဖြစ်သည်။ အချို့သောပြည်မျိုးနွယ်စုတို့က အတူတကွသေဆုံးရန် ရည်ရွယ်ချက်ဖြင့် ဆက်လက်ကျူးကျော်ခဲ့ကြသည်။ အချို့က လက်စားချေလိုကြသည်။
ကျင်းချန်ရှိ အိမ်တစ်ခုအတွင်း၌.....
ချန်ယောင်လင်းက သိုင်းပညာရှင်၏ အစီရင်ခံစာကို နားထောင်လိုက်သည်နှင့် သူမ၏ အမူအရာ ထူးဆန်းလာသည်။
ထျန်းကျင်းတွင် အချိန်အတော်ကြာ နေခဲ့ရပြီး ကိုယ်ပိုင်အင်အားအချို့ကို စတင် ပြုစုပျိုးထောင်ခဲ့ပြီး သူမအတွက် ထောက်လှမ်းရေးနှင့်သတင်း စုဆောင်းရန် တာဝန်ပေးထားသည်။ သူမ ယခုအချိန်တွင် စစ်မြေပြင်က သတင်းများကို နားထောင်နေခြင်းဖြစ်သည်။
"ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးမှုအရဆို တာအိုဘိုးဘေးကြောင့် ထျန်းကျင်း စစ်သားတစ်ဦးတလေမှ မတော်တဆ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး...ဘိုးဘေးရဲ့မြှားချက်တွေက များပြားလှတဲ့ မျိုးနွယ်စုက ကျွမ်းကျင်သူတွေကို တိကျစွာ လိုက်ရှာခဲ့တယ်…”
သိုင်းပညာရှင်က တာအိုဘိုးဘေးအကြောင်း အသေအချာအမွှန်းတင်နေသည်။ ထင်ရှားသည်မှာ ထိုသူကလည်း တာအိုဘိုးဘေးကို ယုံကြည်သူဖြစ်သည်။
တာအိုဘိုးဘေးတွင် မရေမတွက်နိုင်သော ယုံကြည်သူများရှိကြပြီး လူတိုင်းက ၎င်းတို့၏ စားဝတ်နေရေး အတွက် ကြိုးစားအားထုတ်ကြရသည်။ တာအိုဘိုးဘေးကို ယုံကြည်တဲ့အတွက် စားသောက်စရာများအလကားရနေမည်မဟုတ်ပေ။ ထို့ကြောင့် ဤတန်ဖိုးကြီးသောတာဝန်ကို သူလက်ခံခဲ့သည်။ တဖက်လူက တာအိုဘိုးဘေးအတွက် မကောင်းသော ရည်ရွယ်ချက်များကို မဖော်ပြသရွေ့ သူသည် ဤအလုပ်ကို အလေးအနက်ထားပြီး တာဝန်သိစွာ ဆက်ဆံမည်ဖြစ်သည်။
ချန်ယောင်လင်းက ခေါင်းညိတ်ပြီး..... “ကောင်းပြီ...သွားပြီးတော့ မန်နေဂျာဆီကနေ ပိုက်ဆံသွားယူလိုက်....."
"ကျေးဇူးတင်ပါတယ်သခင်မလေး...!"
သိုင်းပညာရှင်က အရိုအသေပြုပြီး ထွက်သွားခဲ့သည်။
ချန်ယောင်လင်းကတော့ ရှုပ်ထွေးသောအမူအရာဖြင့် သူ့နောက်ကျောကို ကြည့်လိုက်သည်။
သူမ တာအိုဘိုးဘေးကို လျှော့တွက်ခဲ့မိပြီ.....
ကျန်းချန်ရှန်း မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သူမ စိတ်ကူးကြည့်လို့မရပေ။ မည်သို့ပင်ဆိုစေကာမူ အရှင်ဇီဟွမ်းတောင် ဒါမျိုး မလုပ်နိုင်ဘူးလို့ ခံစားနေရသည်။
၎င်းသည် သေခြင်းတရားနှင့် မသက်ဆိုင်သော်လည်း အကွာအဝေးက ကျယ်လွန်းပြီး ရည်ရွယ်ချက်က တိကျလွန်းသည်။ လမ်းတစ်လျှောက်တွင် တောင်များနှင့် မြစ်များစွာလည်း ရှိခဲ့သည်။
ထို့အပြင် သူမ အခြားအရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
အဲဒါကတော့ တာအိုဘိုးဘေးအပေါ် လူသားမျိုးနွယ်ရဲ့ ယုံကြည်မှုဟာ သူမ နားမလည်နိုင်လောက်သည့် အဆင့်ကို ရောက်သွားခြင်းပင်.....
သူမ အသက်ပြင်းပြင်းရှူပြီး မတ်တပ်ရပ်လိုက်ကာ အခန်းထဲပြန်ရောက်တော့ ကျောက်စိမ်းတုံးတစ်တုံးကို ထုတ်ပြီး အရှင်ဇီဟွမ်းကို ဆက်သွယ်လိုက်သည်။
အရှင်ဇီဟွမ်း၏ မျက်နှာသည် ကျောက်စိမ်းတုံးထဲတွင် ပေါ်လာသောအခါ၊ ချန်ယောင်လင်းက သူမမြင်ခဲ့ရသည်များကို ပြောပြသည်။
အရှင်ဇီဟွမ်း ငြိမ်သက်စွာ နားထောင်နေသော်လည်း သူမ၏ အမူအရာ ပြောင်းလဲသွားသည်။
ချန်ယောင်လင်းက ထိုစကားကိုပြောပြီးနောက် သူမပြောမည့်စကားကို စောင့်ဆိုင်းနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်.....
အရှင်ဇီဟွမ်းက “နင် သူ့ကို ဘယ်လိုထင်လဲ....ယုံရပါ့မလား"
ချန်ယောင်လင်း ခဏလောက်စဉ်းစားပြီး...... “သူ့ရဲ့ခွန်အားက လူသားမျိုးနွယ်ထက် လုံးဝကို ကျော်လွန်သွားပေမယ့် သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိနေပါသေးတယ်..... ကျွန်မသေချာလေ့လာပြီးပြီ... သူက ဧကရာဇ်တပါးဖြစ်လင့်ကစား အပျော်အပါးကို မတပ်မက်ဘဲ အရင်းအမြစ်တွေလဲ မစုဆောင်းတတ်ဘူး.... သူ့မှာ အလိုဆန္ဒမရှိဘူးလို့တောင် ပြောလို့ရပါတယ်....ဒီမတိုင်ခင်က သူ့ရန်သူတွေကို ရန်ပြုဖို့ ဘယ်တုန်းကမှ အစပြုခဲ့တာ မရှိဘူး.... သူ့ဘဝတစ်လျှောက်လုံးမှာ ဒေါသမောဟနည်းပါးစွာနေထိုင်ခဲ့သူပါ.... ဥပမာပြောရရင် မဟာကန္တရနတ်ဘုရားနဲ့တခြားစီပဲ.... သူနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူတွေက သူတို့အရင်က လိုချင်တာထက် အဆပေါင်းများစွာ အကျိုးခံစားခွင့်တွေ ရကြတယ်....”
“အရှင်ဘုရား သူ့ကို သုတ်သင်ဖို့ အကြွင်းမဲ့ယုံကြည်မှု မရှိဘူးဆိုရင်တော့ သူနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်..... အဆိုးဆုံးရလဒ်က အနာဂတ်မှာ သူက မဟာကန္တရသိုင်းကမ္ဘာကို သိမ်းပိုက်သွားနိုင်တယ်...ဒါပေမယ့် အရှင့်အတွက်ကတော့ ဒီသိုင်းကမ္ဘာကြီးကို အပိုဆူအနေနဲ့ရရှိပြီး အရင်းအမြစ်တွေ စုဆောင်းနိုင်တယ်..ဒါ့အပြင် သူနဲ့လည််း ခင်မင်ရင်းနှီးခွင့်ရမယ်....."
“သူနဲ့ ဆက်ဆံရေးကောင်းတဲ့သူကို ဘယ်တော့မှ မနှိပ်စက်ဘူး..... အခုထိတော့ သူ့မှာ ဘာအမှားအယွင်းမှ မတွေ့သေးဘူး......”
ထိုစကားများကို ပြောနေစဉ် ချန်ယောင်လင်း၏အမူအရာ ရှုပ်ထွေးသွားသည်။
ကျန်းချန်ရှန်းကို သူမနားမလည်နိုင်ခဲ့ပေ။ အရင်းအမြစ်များကို အမှီမပြုဘဲ မည်ကဲ့သို့ သန်မာလာမည်နည်း။
သူဘာကို အတိအကျလိုက်ရှာနေသလဲ.....
အရှင်ဇီဟွမ်းက “ သူက ဉာဏ်ရည်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပေမယ့် လုံ့လဝီရိယရှိရှိ လေ့ကျင့်တယ်.... သူ့ဘဝတစ်လျှောက်လုံး လေ့ကျင့်နေပေမယ့် ပေါင်းသင်းဆက်ဆံရေးနဲ့ ဖြောင့်မတ်မှုကို တန်ဖိုးထားတတ်တယ်ပေါ့....”
ချန်ယောင်လင်းပ ခေါင်းညိတ်လိုက်သည်။
အရှင်ဇီဟွမ်း က ဖြည်းဖြည်းချင်း ပြုံးပြပြီး..... “စိတ်ဝင်စားဖို့ကောင်းတယ်။ မင်း အများကြီးစုံစမ်းပေးခဲ့တော့ အခု ငါ သူ့ကို ပိုစိတ်ဝင်စားလာပြီ...ဒီအခြေအနေမျိုးမှာ ငါက မဟာကန္တရသိုင်းကမ္ဘာကို လက်ခံလိုက်မယ်... ဒါက အလျှော့အတင်းပြုလုပ်နိူင်တဲ့ ကျားကွက်တခုလိုပဲ.... အထက်ကမ္ဘာကိုတောင်မတက်လှမ်းရသေးတဲ့သူတယောက်က သိုင်းကမ္ဘာတခုရဲ့နတ်ဘုရားကိုကြောက်ရွံ့စေတယ်ဆိုတော့ အနာဂတ်မှာ သူဘယ်လောက် သန်မာလာမလဲဆိုတာ တွေးကြည့်ဖို့ ခက်တယ်......”
ချန်ယောင်လင်းက ခေါင်းညိတ်ပြီး..... "သူက နောက်ထပ် ခွန်းလွန်အဓိပတိ ဖြစ်လာနိုင်လား...?"
အရှင်ဇီဟွမ်းက ခေါင်းယမ်းကာ ရယ်ိုက်သည်။ “မင်း သူ့ကို ခွန်းလွန်အဓိပတိ နဲ့ နှိုင်းယှဥ်နေပြီလား...ဒါက ချဲ့ကားတယ်ဆိုရင်တောင် သူ့ရဲ့ အလားအလာကို သက်သေပြနိုင်ပါတယ်....သူ့ကို ဆက်ပြီး စောင့်ကြည့်ထား... သူ့မှာအခက်အခဲရှိရင် ငါ့ကို ပြောပြလို့ရပါတယ်.... သူက နောက်ထပ် ခွန်းလွန်အဓိပတိဖြစ်မလာနိုင်ရင်တောင် မဟာကန္တရနတ်ဘုရားကို ဖိနှိပ်နိုင်သ၍ ကာလပတ်လုံး ငါတို့အတွက်အရှုံးမရှိဘူး .."
"နားလည်ပါပြီ!"
.....................
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်းတွင်.....
ကျန်းချန်ရှန်းက ရတနာကြေးမုံကိုသုံး၍ မဟာကန္တရသို့သွားလာနိုင်ရန် အခြားကိုယ်ပွားကိုဖန်တီးခဲ့သည်။
သူ့ကိုယ်ပွားတွေရဲ့ မှတ်ဉာဏမတွေ ရောနှောပြီး ပြဿနာမရှိအောင် သေချာစစ်ဆေးဖို့ အမွှေးတိုင်စနစ်ဖွင့်ပြီး ကောင်းချီးပေးခဲ့သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက် : 28,755,420,089]
[လက်ရှိ ကံကောင်းခြင်းရမှတ်များ : 59,800,331,003]
အမွှေးတိုင်အရေအတွက် တိုးတက်နှုန်းက အလွန်တည်ငြိမ်သော်လည်း ကံကောင်းခြင်းရမှတ် ကြီးထွားမှုက အလွန်မြန်ဆန်နေသည်။ အဓိကအားဖြင့် ထျန်းကျင်း ကြီးထွားမှုကြောင့်ဖြစ်နိုင်သည်။ သို့သော်လည်း ကံကြမ္မာ အမှတ်များကို ယခုကာလတွင် အတိဒုက္ခကျော်ဖြတ်ရန်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
ကံကောင်းခြင်းအမှတ်များက ဂဏန်းတန်ဖိုးမျှသာဖြစ်သည်။ သူသုံးရင်တောင် ထျန်းကျင်းရဲ့ကံတရားကို ထိခိုက်မှာမဟုတ်ပေ။ ထို့အပြင်၊ သူသည် ထျန်းကျင်း၏ကံတရားကို တိုက်ခိုက်ရန်ပင် ခြယ်လှယ်နိုင်သော်လည်း ထိုသို့ပြုလုပ်ရန် အစီအစဉ်မရှိပေ။
“အရင်တခေါက်အဆင့်တက်တုန်းက အမွှေးတိုင် 20 ဘီလီယံလောက် သုံးခဲ့တာတောင် မလုံလောက်ဘူး..... များများစုဆောင်းရမယ်....”
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် နောက်လာမည့် တွေ့ဆုံပွဲ၌သတ္တမအဆင့် အင်မော်တယ် နတ်ဘုရား ၁၀ ပါးကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် လုံချီဘုရားကျောင်းများကိုလည်း ပေးအပ်မည်ဖြစ်သည်။
ဆိုလိုသည်မှာ အမွှေးတိုင် ၁၀ ဘီလီယံကျော် ပေးဆောင်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းသည် နာကျင်သော်လည်း၊ အမွှေးတိုင်အရေအတွက်တိုးပွားလာစေရန် အင်မော်တယ်နတ်ဘုရားများ၏ ဒဏ္ဍာရီများကို မြှင့်တင်ပေးပြီး ယုံကြည်သူများ ပိုမိုရရှိစေနိုင်သည်။
အမှန်မှာ၊ လူရှေ့သူရှေ့၌ ပေးအပ်နိုင်သရွေ့၊ ယုံကြည်သူများကို လှုံ့ဆော်ပေးနိုင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားပြန်သည်။
အင်မော်တယ်ခေတ်၏ ၅၅ နှစ်တွင်၊ ဆယ်စုနှစ်တကြိမ်ကျင်းပသော စိတ်ဝိညာဉ်ကင်းလွတ်ခြင်းနယ်မြေ တွေ့ဆုံပွဲကိုကျင်းပခဲ့သည်။
ကျန်းချန်ရှန်းက အင်မော်တယ်ကျင့်ကြံသူတစ်ယောက်အဖြစ် ကျင့်ကြံခဲ့သော်လည်း သိုင်းပညာအပေါ် နားလည်မှုက နက်နဲသည်။ တာအိုရှုထောင့်မှ ပြောဆိုဟောပြောခြင်းက နောက်လိုက်များအား များစွာ အကျိုးရှိစေပြီး သိုင်းပညာ လှုံ့ဆော်မှုကိုပင် ဖြစ်ပေါ်စေနိုင်သည်။
ချီယွမ်နှင့် ကွမ်းတုံးယုတို့ မကြာခဏ ဉာဏ်အလင်းပွင့်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင်၊ သူသည် ယုံကြည်သူတစ်ဆယ့်ခြောက်ယောက်အား အင်မော်တယ်နတ်ဘုရားများ၏ ကံကြမ္မာကိုရရှိရန် ခွင့်ပြုခဲ့ပြီး၊ မရေမတွက်နိုင်သောယုံကြည်သူများကို စိတ်လှုပ်ရှားစေခဲ့သည်။ထိုဆယ့်ခြောက်ယောက်ထဲတွင် လူသားမဟုတ်သူ နှစ်ယောက်ပါဝင်သည်။ ၎င်းက လူသားမဟုတ်သော ယုံကြည်သူများကိုလည်း ထိုသို့သောအခွင့်အရေး ပိုင်ဆိုင်နိုင်ကြောင်း ခံစားချက်ပိုရှိစေသည်။
တာအိုဘိုးဘေးက မျိုးနွယ်စုအားလုံးကို တန်းတူညီတူဖြစ်သော ကောင်းကင်တရားရုံးကို အမှန်တကယ် တည်ဆောက်လိုခဲ့သည်။
မကြာမီ၊ ကျင်းချန်၌ မိုးကြိုးတိမ်များကို ကြိုဆိုခဲ့သည်။ဒါဟာ ကျိဝူကျွင်းနှင့်ပိုင်ချီတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပင်......
ထိုသတင်းက အရမ်းမြန်ဆန်သည်။ တာအိုဘိုးဘေးက နတ်ဘုရားများ၏ ကံကြမ္မာကို ဆုလာဘ်အဖြစ်ပေးကြောင်း ကျင်းချန်မှ နိုင်ငံသားများ ပိုသိလာသည်။
ဧကရာဇ်က ဤနေရာတွင် ခေတ္တတည်းခိုနေပြီး မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် အထက်သို့တက်လှမ်းမည်ကို လူတိုင်းသိကြသည်။ ထို့အပြင် ယနေ့ ဤနေရာ၌ရှိသူများအား အတူတကွတက်လှမ်းရန် ဦးဆောင်တော်မူပေမည်။ ထို့ကြောင့် မရေမတွက်နိုင်သော သာမန်လူများက လှေခါးပေါ်သို့ တက်လိုကြပြီး တာဝန်ရှိသူများကလည်း အစွမ်းကုန် လုပ်ဆောင်ကြကာ သူ့စကားကို လျစ်လျူမရှုဝံ့ကြပေ။
ခဏလောက်တော့ ထျန်းကျင်း တစ်ခုလုံးလှုပ်လှုပ်ယွယွဖြစ်ခဲ့သည်။ပြည်နယ် အသီးသီးရှိ မြို့ကြီးများ၏ လမ်းများ နှင့် လမ်းကြားများ၌ပင် ဤကိစ္စကို ဆွေးနွေး နေကြပြီး သေမျိုးလူသားများကို အင်မော်တယ်အဖြစ်သို့ အဆင့်မြှင့်နိုင်သည် ဆိုသည့် သတင်း တဖန် ပြန့်နှံ့ သွားသည်။
ချန်ယောင်လင်းလည်း ထိတ်လန့်သွားပြီး ကျန်းချန်ရှန်းဆီသို့ အထူးတလည်သွားရောက်လည်ပတ်ခဲ့သည်။ သူတို့နှစ်ယောက် အင်ပါယာဥယျာဉ်တွင်တွေ့ဆုံခဲ့ကြသည်။
"တာအိုဘိုးဘေး... ရှင်တကယ် အထက်ကမ္ဘာကိုတက်လှမ်းတော့မှာလား..."
"ငါ အပြင်လောကရဲ့ အထက်ကမ္ဘာကိုတက်လှမ်းမှာ မဟုတ်ဘူး....ငါတို့အထက်က ကောင်းကင်မှာ စစ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရှိတယ်ဆိုတာ မင်းသဘောပေါက်သင့်တယ်...ငါက လူမျိုးစုအားလုံး အဓိပ္ပါယ်မဲ့သတ်ဖြတ်တာတွေကို လျှော့ချဖို့နဲ့ မဟာကန္တရသိုင်းကမ္ဘာကြီးရဲ့ အလုံးစုံအင်အားကို တိုးမြှင့်ဖို့အတွက် ကောင်းကင်တရားရုံးကိုတည်ထောင်ခဲ့တာ.... သိုင်းကမ္ဘာ ပိုအားကောင်းလေ၊ သိုင်းကမ္ဘာရဲ့ အရှင်သခင်အတွက် အကျိုးမြတ်ပိုရနိုင်လေလေလို့ ယုံကြည်ထားတယ်..."
ချန်ယောင်လင်းက ခေါင်းညိတ်ပြီး....."ဟုတ်တယ်.....ဒါပေမယ့် မဟာကန္တရနတ်ဘုရားက ကန့်သတ်ချက်ကို ရောက်နေပြီမို့ အသက်ရှည်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ဘူး.....”
သူမ ကျန်းချန်ရှန်းကို မော့ကြည့်ကာ ..."တာအိုဘိုးဘေး...ရှင့်ကို တကယ်လေးစားတယ်....တန်ခိုးကြီးပေမယ့် သတ္တဝါအပေါင်းကို ပစ်ပယ်မထားဘူး . ဒီလို ကြီးကျယ်ခမ်းနားမှုမျိုးက ရှားပါတယ်....အနည်းဆုံးတော့ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”
" တစ်ယောက်နဲ့တစ်ယောက် ပေးကမ်းကူညီနေကြတဲ့အတွက် ငါအခုလို အေးအေးချမ်းချမ်းကျင့်ကြံနိုင်ခဲ့တာ.... မင်းရဲ့သခင်ကိုပြောလိုက်ပါ...သူသာ သတ္တဝါတွေအပေါ် ကြင်နာစွာဆက်ဆံနေသ၍ ငါဒီကမ္ဘာရဲ့နတ်ဘုရားနေရာကို ရယူမှာမဟုတ်ဘူး....အသက်ရှည်ဆေးဆိုတာ သဘာဝကိုဆန့်ကျင့်တဲ့အရာပါ....အကယ်၍ အသက်ရှည်ဆေးသာရှိမယ်ဆို မဟာရွှမ်းဟန်ကမ္ဘာကြီးတခုလုံး ဟိုးတုန်းကတည်းက သွေးချောင်းစီးနေလောက်ပြီ...."
“ကျွန်မလည်း အဲ့လိုပဲ ထင်တယ်.... သက်ရှိသတ္တဝါတွေရဲ့ သက်တမ်းကို ဆွဲဆန့်ဖို့က သိုင်းပညာတခုတည်းနဲ့တင်လုံလောင်နေပြီ.... မသေနိုင်တဲ့သူတယောက်ရဲ့အုပ်ချုပ်မှုအောက်မှာ သက်ရှိသတ္တဝါအားလုံး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ခက်ပါလိမ့်မယ်....”
ငါကတော့ သတ္တဝါအားလုံးကို ကျွန်ပြုမှာမဟုတ်ဘူး....
ကျန်းချန်ရှန်းက သူလုံးဝ မစွမ်းဆောင်နိုင်တော့သည့်နောက်တွင် သူကျေနပ်သည့်အတိုင်း တကယ်လုပ်မည်ဟု တိတ်တဆိတ် တွေးလိုက်သော်လည်း သတ်ဖြတ်ခြင်းကို မနှစ်သက်ပေ။
ထာဝရအထီးကျန်နေခြင်းက အဓိပ္ပါယ်မရှိပေ... သူ့အတွက် စိတ်လှုပ်ရှားစေရန်အတွက် သက်ရှိအားလုံးရှိရမည်။
သူတို့နှစ်ယောက် အကြာကြီး စကားပြောဖြစ်ခဲ့ကြသည်။
တဖြည်းဖြည်း ချန်ယောင်လင်းက သူ့ကိုသဘောကျလာတာကြောင့် ကျန်းချန်ရှန်း ရုတ်တရက် စိတ်ပူသွားသည်။
ဒီမိန်းမက ငါ့ရဲ့ယုံကြည်သူဖြစ်လာမှာလား.....
အကယ်၍ သူမသာ ယုံကြည်သူဖြစ်လာပါက၊ အရှင်ဇီဟွမ်းကို သူမကတဆင့် စောင့်ကြည့်နိုင်မည်ဖြစ်သည်။
..............................
ခန်းမဆောင်တစ်ခု၌ မဟာကန္တရနတ်ဘုရားက စားပွဲ၏ထိပ်ဆုံးတွင် ထိုင်နေပြီး သူ့ရှေ့တွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးရှိနေသည်။
“အရှင်.... လူတွေအများကြီး စည်းရုံးဖို့ လိုလို့လား..."
အဘိုးကြီးတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ သူ့လက်ထဲမှာ ဟောင်းနွမ်းနေသော ရာဇလှံတံကို ကိုင်ထားသည်။
အခြားသူများကလည်း ပဟေဠိဆန်သော အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။
မဟာကန္တရနတ်ဘုရားက....
"ငါမရှင်းပြခဲ့ဖူးလား? အောက်ကမ္ဘာမှာ ကွဲလွဲချက်တစ်ခုပေါ်လာတယ်...ဒါက ကွဲလွဲချက်တစ်ခုဖြစ်တာကြောင့် သတိထားပြီး ရင်ဆိုင်ရမယ်...သူ့ကို လျှော့မတွက်နဲ့.... ကောင်းကင်မြစ်မပွင့်မီ အောက်ကမ္ဘာက လူသားမျိုးနွယ်ကို သုတ်သင်ဖို့ လူအလုံအလောက်စုဝေးရမယ်....ဒါ့ကြောင့် မင်းတို့ကိုခေါ်လိုက်တာ... ငါအောင်မြင်ရင် အသက်ရှည်ဆေးကို ချီးမြှင့်မယ်....."
ဒါကိုကြားတော့ သူတို့ငါးယောက်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။
အနီရောင်ဝတ်စုံဝတ်ထားသော မိန်းမချောလေးက..... “အရှင်....ထာဝရသမင်းကြယ်စင်က ကောင်းကင်မြစ်ထဲကိုကျပြီး အောက်ကမ္ဘာကို ဆင်းသက်မယ်တဲ့.... ကောင်းကင်မြစ်ကို ကြိုဖွင့်ထားရင် အဲဒီ ထာဝရသေမင်းကြယ်စင်ကိုပါ မဟာကန္တရသိုင်းကမ္ဘာဆီခေါ်သွားမှာလား...."
မဟာကန္တရနတ်ဘုရားက....
“ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်မှာရှိမှာလဲ ကောင်းကင်မြစ်က အလွန်ကြီးမားတာကြောင့် ဖောက်ဝင်ဖို့ ခက်ခဲတယ်....ဒါက တိုက်ဆိုင်မှုမဟုတ်ရင်၊ ဆေးဖက်ဝင်အာနိသင်အချို့ကို သက်ရှည်ဆေးမှာ ထည့်ပေးလိုက်မယ်....”
၀တ်စုံနီအမျိုးသမီးက မျက်ခုံးပင့်ကာ.... “ထာဝရသေမင်းကြယ်စင်က မလွယ်ဘူး..... ဖြစ်ပါ့မလား…”
"ဟမ့်!!! မင်းဘာတွေတွေးနေတာလဲ.... အသက်ရှည်ဆေးကို သန့်စင်နိုင်မှ ငါတို့အောင်မြင်မှ..... ငါတို့အောင်မြင်ရင် ထွက်သွားနိုင်မယ်...မအောင်မြင်ရင် ငါတို့အားလုံးသေရလိမ့်မယ်.... ထာဝရ သေမင်းကြယ်စင်အတွက် ဘာကြောင့် စိုးရိမ်နေရမှာလဲ.... ထာဝစဉ်အသက်ရှင်နိုင်ရင် အဲ့လိုမွန်းစတားမျိုးကို အနှေးနဲ့အမြန် ကျော်တက်သွားနိုင်ပြီ...."
မဟာကန္တရနတ်ဘုရားက သူတို့ငါးယောက်ကို ကြည့်ကာ.... “အချင်းချင်း ဒုက္ခပေးဖို့ မကြံစည်ကြနဲ့...သာလဲအတူ နာလဲအတူပဲ.. နားလည်လား”