← Chapters

နတ်ဆိုးမြစ် ဆင်းသက်လာခြင်း....အင်မော်တယ်နတ်ဘုရားများ၏ အဆုံးအဖြတ်တိုက်ပွဲ

Vol. 23 Ch. 339

နတ်ဆိုးမြစ် ဆင်းသက်လာခြင်း....အင်မော်တယ်နတ်ဘုရားများ၏ အဆုံးအဖြတ်တိုက်ပွဲ

Vol. 23 Ch. 339

အင်မော်တယ်ခေတ်၏ 57 နှစ်တွင်.....

တာအိုဘိုးဘေးက ၎င်း၏ကိုးကွယ်သူများကို အင်မော်တယ်နတ်ဘုရားများအဖြစ် ဆုပေးသည့် ဆူပူအုံကြွမှုများ ငြိမ်သက်စပြုလာသည်။ ထျန်းကျင်း၏စစ်တပ်များကိုလည်းလက်ရှိတွင် တိုးချဲ့ရန် အစီအစဉ်မရှိသေးပေ။ကျူချင်းပြည်နယ်မြောက်ပိုင်းနှင့် ထျန်းကျင်း ကြားဧရိယာက ထျန်းကျင်းအတွက် ချေဖျက်ရန်လုံလောက်သည်။ လုံလောက်သော အရင်းအမြစ်များ ရှိသောအခါ ဆက်လက်နယ်မြေတိုးချဲ့ရန် မလိုအပ်သေးပေ။

အိမ်ရှေ့မင်းသားကျန်းဇီယုက ဧကရာဇ်နှင့်တွေ့ဆုံရန် ကျင်းချန်သို့ ပြန်သွားခဲ့သည်။

ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း။

ကျန်းဇီယုက ဖခင်ဖြစ်သူကိုဉီးညွှတ်ပြီး.... "ကျွန်တော် ဒီနေရာကိုဝင်လာလိုက်တိုင်း လန်းဆန်းသွားသလို ခံစားရတယ်....ခမည်းတော်ရဲ့နန်းတော်က တကယ်အမိုက်စားပဲ....!"

ကျန်းချန်ရှန်းက တရားထိုင်နေရာကနေ မျက်လုံးဖွင့်ပြီး ...

“ဟုတ်တယ်.. ဒါပေမယ့် မင်းဒါကိုမျက်စောင်းမထိုးနဲ့... ငါအထက်ကိုတက်တဲ့အခါ ဒီနန်းတော်ကို ငါနဲ့အတူ ယူသွားမှာ...."

ကျန်းဇီယုက ထိုင်ချလိုက်ပြီး..... "ခမည်းတော်ဆီက သိပ်ကြီးကြီးကျယ်ကျယ် မတောင်းဝံ့ပါဘူး" လို့ ပြုံးပြီး ပြောလိုက်သည်။

သားအဖနှစ်ယောက် စကားစမြည်ပြောဖြစ်ခဲ့ကြပြီး ကျန်းချန်ရှန်းက သူ့ကို ဒီအချိန်အတောအတွင်းက အတွေ့အကြုံတွေကို ပြောပြခိုင်းခဲ့သည်။ပြောနေရင်းနဲ့ ကျန်းဇီယု စိတ်လှုပ်ရှားနေသည်။ ထင်ရှားသည်မှာ၊ ဤနှစ်များတစ်လျှောက်လုံး စိတ်အားထက်သန်နေခဲ့ပုံပင်......

ကျန်းဇီယုက အသက် 55 နှစ်တွင် ကောင်းကင်ရှစ်ခုနယ်ပယ်သို့ရောက်ရှိနေပြီဖြစ်သည်။ သူ၏ အောင်မြင်မှုအရှိန်က ကျန်းထျန်းမင်ထက်ပင် ပိုမြန်သည်။ အမှန်တကယ်ပင် ကျန်းဇီယုက ထျန်းကျင်း၏ နံပါတ်တစ် အရည်အချင်းရှိသူဖြစ်သည်။

ကျန်းချန်ရှန်းအပြင် ဤကမ္ဘာပေါ်တွင် အင်မော်တယ်အသွေးအသားရှိသည့် တစ်ဦးတည်းသောသူမှာ ကျန်းဇီယုဖြစ်သည်။ ထို့အပြင်၊ သူသည် သိုင်းပညာနှင့် ပေါင်းစပ်ထားသော အင်မော်တယ်သွေးမျိုးဆက်ကိုလည်းပိုင်ဆိုင်ထားသည်။ သူ၏ နားလည်နိုင်စွမ်းနှင့် စွမ်းရည်များက သာမန်လူများ၏ စိတ်ကူးထက် များစွာကျော်လွန်သွားခဲ့သည်။

ကျန်းဇီယု အားကောင်းလာသောအခါ ထီးနန်းကိုအပ်ပြီး ထျန်းကျင်းကို သူ့ထံသို့ ထပ်မံလွှဲပြောင်းပေးခဲ့မည်ဖြစ်သည်။

“နောက်ဆုံးတော့ တိုင်ကျုံးရဲ့ ရည်မှန်းချက်ကို ကျွန်တော် နားလည်သွားပြီ... ကမ္ဘာကြီးက အရမ်းကြီးတယ်.... အားလုံးကို ထျန်းကျင်းသာမပိုင်ရင် နှမြောစရာပဲ... "

ပိုင်ချီ၊ရဲရွှမ်နှင့် အခြားသူများက သူ့ကို တိုင်ကျုံး နှင့် ဆင်တူကြောင်း မကြာခဏပြောလေ့ရှိသောကြောင့် တိုင်ကျုံးအ​ကြောင်း ပိုစိတ်ဝင်စားလာခဲ့သည်။ တိုင်ကျုံး၏ ဘဝအတွေ့အကြုံများကိုနားလည်ပြီးနောက်တွင် ပို၍ပင်လေးစားကြည်ညိုလာသည်။ ထိုအချိန်က တကျန်း အလွန်အားနည်းသော်လည်း တိုင်ကျုံး၏ရွေးချယ်မှုအရ တိုင်ကျုံးသာ ကြာကြာထီးနန်းစိုးစံနိုင်လျှင် ပြည်တွင်းစစ်ပွဲများရှိလာမည်မဟုတ်ကြောင်း သူခံစားခဲ့ရသည်။

ကျန်းချန်ရှန်းက "ဒီကမ္ဘာကြီးက အနာဂတ်မှာ မင်းအတွက်ပဲဖြစ်လိမ့်မယ်.... မင်းရဲ့နောင်တတွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်...ဒါပေမယ့် မင်းရဲ့လကိရှိမျိုးဆက်ကာလမှာ မဟာကန္တရမင်းဆက်ကို ပေါင်းစည်းဖို့ ခက်ခဲလိမ့်မယ်...ဒါ့ကြောင့် မင်းရဲ့သားစဉ်မြေးဆက်တွေကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ရမယ်......"

ကျန်းဇီယုက ခေါင်းကုတ်ပြီး ပြုံးလိုက်ကာ... "ကျွန်တော်မှ ကလေးမရသေးတာ.. သူတို့ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ မသိသေးဘူး"

“အရာရာအတွက် ပထမဆုံး အကြိမ်ဆိုတာရှိစမြဲပဲ... မဟာသူတော်စင်နယ်ပယ်ရောက်တာနဲ့နန်းတက်ဖို့ ပြင်ဆင်ထားတော့....”

ကျန်းချန်ရှန်း၏စကားကြောင့် ကျန်းဇီယု ၏ သွေးများ ဆူပွက်သွားသည်။

ဘယ်သူက ဧကရာဇ်မဖြစ်ချင်ဘဲနေမလဲ......

ကျန်းချန်ရှန်း နန်းတက်ပြီးကတည်းက ဧကရာဇ်မင်းမြတ်၏ သက်တမ်းက ကန့်သတ်ချက်မရှိတော့ပေ။ အနည်းဆုံးတော့ သူ အချိန်မတန်ဘဲ မသေဆုံးနိူင်ပေ။ ထိုသို့သောအခြေအနေမျိုးတွင် ထီးနန်းက ပို၍ပင်ဆွဲဆောင်မှုရှိလာသည်။ သို့သော် နောက်တက်မည့်ဧကရာဇ်မင်းကို ဆုံးဖြတ်ပြီးပြီဖြစ်၍ မည်သူမျှ မတုန်လှုပ်နိုင်ကြောင်း လူတိုင်းသိကြသည်။

သားအဖနှစ်ယောက် စကားအကြာကြီးပြောခဲ့ကြပြီး ကျန်းဇီယုက သူ့ကိုယ်ပိုင် သိုင်းကျမ်းများကို စတင်ဖန်တီးခဲ့သည်ကို သိလိုက်ရသောအခါ ကျန်းချန်ရှန်း အတော်လေး ကျေနပ်သွားခဲ့သည်။ လက်ရှိ ကျန်းဇီယုက ယခင် ကျန်းဇီယု နှင့် ထပ်တူညီနေဆဲပင်.....

ဒါဟာ သူ့အရည်အချင်းနဲ့ မပတ်သက်ပေမယ့် ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိခဲ့ပေ။

ကျန်းဇီယု ထွက်သွားပြီးနောက် ကျန်းချန်ရှန်း ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ ခရမ်းရောင်တိမ်တိုက်နန်းတော်၏အလွန် ကောင်းကင်နဲ့ အပြင်ကမ္ဘာကို ကြည့်လိုက်သည်။

ကြီးမားကျယ်ပြန့်သော ကောင်းကင်မြစ်ကြီး မဟာကန္တရသိုင်းတာအိုကမ္ဘာသို့ ချဉ်းကပ်လာနေချေပြီ....ဤသည်မှာ မဟာကန္တရနတ်ဘုရားနှင့်ကျန်းချန်ရှန်း၏ အဆုံးအဖြတ်တိုက်ပွဲ ရောက်ရှိလာတော့မည်ကို ညွှန်ပြနေသည်။

ဒါဟာ အရှုံးမပေါ်နိုင်တဲ့ အဆုံးအဖြတ်တိုက်ပွဲပင်....

မဟာကန္တရနတ်ဘုရားဘက်က ဖိတ်ခေါ်နိုင်သည့်အသန်မာဆုံး ကျွမ်းကျင်သူကို တွက်ချက်နိုင်သော်လည်း ကောင်းကင်မြစ်အကြေင်းကိုတော့ မတွက်ချက်နိုင်သေးပေ။

“နတ်ဘုရားတပါးရဲ့စွမ်းအားကို မြည်းစမ်းကြည့်ကြတာပေါ့....”

ကမ္ဘာကြီးက ငြိမ်းချမ်းပြီး ထျန်းကျင်း က လူတွေ ပိုချမ်းသာလာကယ ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် တိုင်းတစ်ပါးမှမျိုးနွယ်စုများ ထျန်းကျင်းသို့တိုးဝင်လာကြသည်။ အချို့က ရောင်းဝယ်ဖောက်ကားကြပြီး အချို့ကို ကူလီများအဖြစ် ဖမ်းယူအသုံးပြုကြသည်။ ထျန်းကျင်း၏ ကံကြမ္မာနှင့် ပေါင်းစည်းပြီး နိုင်ငံသားစစ်စစ်ဖြစ်လာသော နိုင်ငံခြားလူမျိုးများလည်း ရှိခဲ့သည်။

အဆုံးတွင်၊ တော်ဝင်မျိုးနွယ်စုမှဆင်းသက်လာသော တိချန်က အပေးအယူလုပ်ရန် ရွေးချယ်ခဲ့ပြီး တော်ဝင်မျိုးနွယ်စုမှ သိုင်းပညာများစွာကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။ ကျန်းချန်ရှန်းက ချန်းလီကို လက်ခံတွေ့ဆုံဖို့ တောင်းဆိုလိုက်သည်။ လာမည့်နှစ်အနည်းငယ်တွင်၊ တော်ဝင်မျိုးနွယ်စု၏ သိုင်းပညာများ တိတ်တဆိတ် ပျံ့နှံ့လာကာ သိုင်းပညာအမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ ရုပ်သေးနည်းပညာကို ဖန်တီးသူတွေတောင် ရှိကြပြီး သာမန်ပြည်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာရာရစေဖို့အတွက် သစ်သားရုပ်သေးအမြောက်အမြားကို အသုံးပြုဖို့ ကြံရွယ်ထားကြသည်။ ဤအကြံအစည် ပြန့်ပွားလာသောအခါ၊ သာမန်လူများက ရုပ်သေးပညာရှင်များကို နတ်ဘုရားများအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့ရာတွင် ဆွေတော်မျိုးတော်မိသားစုများ ပူးပေါင်းပြီး သစ်သားရုပ်သေးရုပ်များ၏ စျေးနှုန်းနှင့် ပြုပြင်စရိတ်များကို မြှင့်တင်လိုက်သဖြင့် ရုပ်သေးပညာရှင်ဖြစ်ဖို့ဆန္ဒကို သာမန်လူများလက်လျော့လိုက်ကြသည်။

ဒါတောင် ရုပ်သေးနည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်သည်။ ၎င်းတို့နှင့်အတူ ရုပ်သေးများကို သယ်ဆောင်လာကြသော သိုင်းပညာရှင်များပိုမိုများပြားလာပြီး ရုပ်သေးအများစုကို ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အရိုးများဖြင့် ပြုလုပ်ထားသည်။

ရုပ်သေးဖန်တီးခြင်းအပြင် ၀င်္ကပါပညာရပ်လည်း မြင့်တက်လာခဲ့သည်။ ဤအရာ၏ ကိုယ်စားပြုသူမှာ ဓားနတ်ဘုရားဖြစ်သည်။ သူသည် ဓား၀င်္ကပာကို တစ်ယောက်တည်း ထိန်းချုပ်ပြီး သူ၏ စိတ်ကူးများကို အခြားသော သိုင်းပညာ ရှင်များထံ ဖြန့်ဝေကာ ၎င်းကို လေ့လာရန် သိုင်းပညာရှင် အများအပြားကို ဆွဲဆောင်ကာ ၀င်္ကပါရပ်ကို လျင်မြန်စွာ ပျံ့နှံ့စေခဲ့သည်။

ဝိညာဉ်တောင်တန်းတွင် သိုင်းကျမ်းမျိုးစုံ ထွန်းကားပြီး ပေါင်းစည်းခဲ့သည်။ ဝိညာဉ်တောင်တန်းက ပညာရှင်များနှင့် ထူးချွန်သူများစုဝေးရာ ပကတိသန့်ရှင်းသောမြေဖြစ်ခဲ့သည်။

ရံဖန်ရံခါတွင်၊ ချန်ယောင်လင်းက လူသားမျိုးနွယ်၏ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရန် ဝိညာဉ်တောင်သို့ သွားလေ့ရှိသည်။ တခါတရံမှာ သူမသူတို့ကို လမ်းညွှန်ပေးတတ်သည်။ တဖြည်းဖြည်းနဲ့ သူမရဲ့ နာမည်ဂုဏ်သတင်း ပျံ့နှံ့သွားသော်လည်း အမည်ရင်း သို့မဟုတ် သူမ၏ နောက်ခံသမိုင်းကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။ သူမက ဝိညာဉ်တောင်တန်းသို့ လွတ်လွတ်လပ်လပ်သွားနိုင်ကြောင်း သိသောကြောင့် သူမကို တောင်တော်သခင်မဟု ခေါ်ကြသည်။ သက်ရှိသတ္တဝါအားလုံးကို လမ်းညွှန်ရန် သူမအား တာအိုဘိုးဘေးက စေလွှတ်လိုက်သည်ဟု အားလုံးက ထင်ခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ချန်ယောင်လင်း လူသားများအပေါ် နှစ်သက်လာပြီး ကျန်းချန်ရှန်းကို ပို၍ပို၍ သဘောကျလာသည်။

ထို့အပြင်၊ ဝိညာဉ်တောင်တန်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် လူတစ်ဦး၏ နားလည်နိုင်စွမ်းကို မြှင့်တင်နိုင်စွမ်းက အံ့မခန်းပင်။ ဝိညာဉ်တောင်တန်းက မဟာရွှမ်းဟန်ကမ္ဘာတွင်ပင် ရှားပါးရတနာအဖြစ် သတ်မှတ်ခံရနိုင်သည်။ တာအိုဘိုးဘေး ဒါကို ဘယ်ကပြောင်းရွေ့လာသလဲ သူမ တွေးမရပေ။​

သို့သော် အရှင်ဇီဟွမ်းက တာအိုဘိုးဘေးက ဤကမ္ဘာပေါ်ရှိသေမျိုးလူသားတို့နှင့်မတူကြောင်းပြောခဲ့ဖူးသည်။ ထို့ကြောင့် သူ့ကို သာမန်သေမျိူးလူသားတို့နှင့် မနှိုင်းယှဉ်နိုင်ပေ။

နှစ်တွေကြာလာတာနဲ့အမျှ တာအိုဘိုးဘေးရဲ့ ဒဏ္ဍာရီတွေကို လေ့လာခဲ့သည်။ တာအိုဘိုးဘေးက အမှန်တကယ် အင်မော်တယ်နတ်ဘုရား ဝင်စားသူဖြစ်နိုင်သည်ဟု သူမ ပိုပို၍ ခံစားလာရသည်။ သို့သော် လှောင်ပြောင်ခံရမည်ကို ကြောက်သောကြောင့် အရှင်ဇီဟွမ်းကို မပြောဝံ့ပေ။

မဟာရွှမ်းဟန်ကမ္ဘာကြီး၌ အင်မော်တယ် နတ်ဘုရားများအကြောင်း ဒဏ္ဍာရီများ အမြဲရှိခဲ့ဖူးသော်လည်း အမှန်တကယ်တွင် ထိုအစွမ်းထက်သော 'အင်မော်တယ်' များသည် အစွမ်းထက်သော သိုင်းပညာရှင်များသာဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကြာသွားခဲ့ပြန်သည်။

အင်မော်တယ်ခေတ်၏ ၆၇ နှစ်.....

ထိုနှစ်တွင်၊ ကျန်းချန်ရှန်း အသက် ၄၀၂ နှစ်ရှိပြီဖြစ်သည်။ ကျန်းဇီယုကတော့ အသက် 65 နှစ်ရှိပါပြီ။ ဤအရွယ်တွင် သူသည် သိုင်းဘုရင်နယ်ပယ်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။ အကယ်၍ သူအောင်မြင်ခဲ့ပါက သမိုင်းတွင် အသက်ငယ်ဆုံး သိုင်းဘုရင်နယ်ပယ်အဖြစ် စံချိန်ချိုးနိုင်မည်ဖြစ်သည်။ထိုအကြောင်း က မဟာကန္တရမင်းဆက်အတွင်းရှိ များပြားလှသော လူမျိုးစုများဆီသို့ ပျံ့နှံ့သွားခဲ့သည်။

တာအိုဘိုးဘေး၏ ခွန်အားက လူသားမျိုးနွယ် ထွန်းကားလာမှုကို ရပ်တန့်၍မရကြောင်း များပြားလှသော လူမျိုးများကို သိစေခဲ့သည်။ ကျန်းဇီယု၏ ပင်ကိုယ်စွမ်းရည်များက များပြားလှသော မျိုးနွယ်စုများကို ကြောက်လန့်စေသည့် အကြောင်းရင်းပင် ဖြစ်သည်။

ချန်ယောင်လင်းကလည်း ကျန်းဇီယုကို ထိတ်လန့်သဖြင့် အရှင်ဇီဟွမ်းကို ဆက်သွယ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

“သူက အသက် ၆၅ နှစ်မှာ သိုင်းဘုရင်နယ်ပယ်ကိုတက်လှမ်းနိုင်တော့မယ်ပေါ့....သူက တကယ်ကို အံ့သြစရာကောင်းတယ်...ဒီကောင်လေးက မွန်းစတားအိုကြီးတွေနဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် သိုင်းကမ္ဘာသုံးထောင်မှာတော့ အကောင်းဆုံးထဲက တစ်ဦးပဲ.... အနည်းဆုံးတော့ အောက်ကမ္ဘာမှာ သူ့လောင်အရာ်အချင်းရှိတဲ့သူ ဘယ်သူ့ကိုမှ မကြားဖူးဘူး...."

" ငါ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့ပုံရတယ်... နောက်ဆို ကျန်းဇီယုနဲ့ကျန်းထျန်းမင်တို့ အထက်ကိုတက်လာတဲ့အခါ ငါ့အတွက် အမှုထမ်းပေးနိုင်တယ်..."

ချန်ယောင်လင်းက ကောင်းကင်တရားရုံး၏တည်ရှိမှုကို သတိရသောကြောင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

အရှင်ဇီဟွမ်းက.... “အဲဒါက အောက်ကမ္ဘာအတွက်ပဲလေ.... အကယ်၍ သူတို့သာ အောက်ကမ္ဘာမှာဆက်နေမယ်ဆို အလွန်ဆုံး သိုင်းဧကရာဇ်နယ်ပယ်လောင်ပဲ ရောက်ရှိနိုင်ပြီး ဒီ့ထက်ပိုပြီးတိုးတက်မှာမဟုတ်တော့ဘူး.... ပိုသန်မာချင်သရွေ့တော့ အနှေးနဲ့အမြန်ဆိုသလို အထက်ကိုတက်လာရလိမ့်မယ်......”

“ကောင်းကင်မြစ် ဆင်းသက်လာတော့မယ့်အကြောင်းသူ့ကို သတိပေးလိုက်ဉီး... မဟာကန္တရနတ်ဘုရားက သူ့ရဲ့ သိုင်းနတ်ဘုရားငါးပါးကိုပါအတူခေါ်လာလိမ့်မယ်..."

"ဘာလို့ လူတွေအများကြီးကို စည်းရုံးရတာလဲ.ကိုယ်တိုင် လှုပ်ရှားလို့ရရဲ့သားနဲ့ ဘာလို့နောက်လိုက်တွေပါခေါ်လာတာလဲ....."

ချန်ယောင်လင်း လေးလေးနက်နက် တွေးနေချိန်မှာ အရှင်ဇီဟွမ်းက ပေါ့ပေါ့ပါးပါးပြုံးနေသည်။

ထိုနေ့တွင် သူမ ဤကိစ္စနှင့်ပတ်သတ်၍ ကျန်းချန်ရှန်းထံ သွားရောက်ခဲ့သည်။ သူမ၏အကူအညီအတွက် သူမကို ကျေးဇူးတင်သည့်အနေဖြင့် ကျန်းချန်ရှန်းက သူမအား ဝိညာဉ်တောင်တန်းနတ်ဘုရားမဟု ဘွဲ့အပ်နှင်းခဲ့သည်။ ယခင်က သိုင်းလောကသားတွေ သူမကို ဤသို့ခေါ်ဖူးသော်လည်း ယခုအခါတွင် ဧကရာဇ်အမိန့်ကြောင့် တရားဝင်ဖြစ်လာခဲ့ချေပြီ.....

မကြာခင်မှာပဲ ကျန်းချန်ရှန်းရဲ့ ရည်ရွယ်ချက်ကို သူမ နားလည်လာခဲ့သည်။ ကျန်းချန်ရှန်းက သူမအား ထျန်းကျင်း၏ ကံကြမ္မာထဲသို့ ဆွဲသွင်းချင်ခဲ့သော်လည်း သူမ မငြင်းခဲ့ပေ။ သူမ၏အမြင်အရ၊ သူမသည် တာအိုဘိုးဘေးနှင့်အရှင်ဇီဟွမ်းတို့ကြားကဆက်နွယ်မှုဖြစ်လာရန် ထျန်းကျင်းတွင်နှစ်ပေါင်းများစွာနေရန်လိုအပ်သည်။ ထျန်းကျင်း၏ ကံကောင်းခြင်းများနှင့် ပေါင်းစည်းခြင်းသည်လည်း ကောင်းသောအရာဖြစ်သည်။

ညဉ့်နက်ချိန်၌.... ယ

ကျန်းချန်ရှန်းအသိစိတ်က အပြင်ကို ရောက်နေခဲ့သည်။

သေချာ စူးစိုက်ကြည့်လိုက်ရာ အရင်က မဟာကန္တရသိုင်းကမ္ဘာနှင့် အလွန်ဝေးကွာသော ကောင်းကင်မြစ်က ယခုအခါ အလွန်နီးကပ်နေပြီကို မြင်လိုက်ရသည်။ ကြီးမားကျယ်ပြန့်သော ကောင်းကင်မြစ်ကြီးက မရေမတွက်နိုင်သော ကြယ်များနှင့်အတူ ရှေ့သို့ ရွေ့လျားနေသည်။

ကျွမ်းကျင်သူ ခြောက်ဉီး၏အော်ရာကို အာရုံခံမိနေပြီး အဆိုပါခြောက်ယောက်က မဟာကန္တရမင်းဆက်ရှိလူတိုင်း၏အော်ရာကိုကျော်လွန်သွားခဲ့သည်။

သူတို့အားလုံး ကောင်းကင်မြစ်ထဲ၌ ပုန်းအောင်းနေကြသည်။

ကျန်းချန်ရှန်း သူတို့ကို ခဏလောက် ကြည့်နေပေမယ့် သူတို့ ပုန်းနေတဲ့နေရာကို မမြင်လိုက်ရပေ။ ဥပဒေ၏အာဏာဖြင့် သီးခြားခွဲထုတ်ထားသော ကောင်းကင်မြစ်ထဲတွင် လောဟာနယ်

အတားအဆီးတစ်ခု ရှိနေပုံရသည်။

"ဒီကြယ်တွေက ဘယ်လိုကမ္ဘာမျိုးလဲ..."

ကျန်းချန်ရှန်း တိတ်တိတ်လေး တွေးနေမိသည်။ ကောင်းကင်မြစ်နှင့်အတူ စီးဆင်းနေသော ကြယ်များတွင် စွမ်းအားမရှိမှန်း သူသိသည်။ တကယ်တော့ အားနည်းတယ်လို့တောင် ပြောလို့ရသည်။

ကမ္ဘာသုံးထောင်အတွင်း၌ သိုင်းတာအိုကမ္ဘာသည် အနိမ့်ဆုံးအဆင့်ကမ္ဘာမဟုတ်ပေ။

ကောင်းကင်မြစ်၏ အရှိန်ကို ခန့်မှန်းကြည့်သလောက်ဆို အလွန်ဆုံး သုံးနှစ်အတွင်း မဟာကန္တရသိုင်းတာအိုကမ္ဘာသို့ ရောက်ရှိမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ခန်းမတစ်ခု၌.....

မဟာကန္တရနတ်ဘုရားက ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး... “ထူးဆန်းလိုက်တာ၊ ငါ့ကို ဘာလို့ စိုက်ကြည့်နေတယ်လို့ ခံစားရတာလဲ...."

သူသည် ကောင်းကင်မြစ်တစ်ဝိုက်ရှိ အော်ရာများကို ဂရုတစိုက် အာရုံခံနိုင်ခဲ့သော်လည်း အခြားသက်ရှိသတ္တဝါများ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။

ထင်ယောင်ထင်မှားဖြစ်နေတာများလား....

ဖြစ်နိုင်ခြေတစ်ခုပဲရှိတော့သည ကောင်းကင်မြစ်ကို တန်ခိုးကြီးသောတည်ရှိမှုက စောင့်ကြည့်နေချေပြီ.... အမှန်တော့၊ ကောင်းကင်မြစ်ကြီး ဆင်းရသက်မယ့်အချိန်မဟုတ်သေးတာကြောင့် ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။

ဤအကြောင်းကို တွေးပြီးနောက် ပူပန်ခြင်း မရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် အရှင်ဇီဟွမ်းလည်း ထိုနေရာတွင် ရှိနေခဲ့သည်။

“ဒီအချိန်မှာ အသက်ရှည်ဆေးက သေချာပေါက် အောင်မြင်မှာပါ....”

မဟာကန္တရနတ်ဘုရား၏မျက်ဝန်းထဲ၌ ရူးသွပ်မှုအရိပ်အယောင်များ ပေါ်လာသည်။

သူ့မှာ လွတ်လမ်းမရှိဘူး!

ငြိမ်းချမ်းရေးသောကလများ အလျင်အမြန်ကုန်ဆုံးသွားခဲ့သည်။

ယခုအချိန်သည် အင်မော်တယ်ခေတ်၏ နှစ် ၇၀ ပြည့်ဖြစ်သည်။ ဖေဖော်ဝါရီလမှစ၍ ရာသီဥတုပြောင်းလဲလာပြီး နေရာတိုင်းတွင် သဘာဝဘေးအန္တရာယ်များ ထပ်ခါတလဲလဲ ပေါ်လာသည်။ ကံတရား၏ ဖိနှိပ်ချုပ်ချယ်မှုဖြင့်ပင် လုံးလုံးလျားလျား မရပ်တန့်နိုင်ခဲ့ပေ။

မတ်လ တစ်ရက်နေ့တွင် သဲမျိုးနွယ်စုမှ တစ်စုံတစ်ယောက်က ထျန်းကျင်းသို့ သတင်းတစ်ပုဒ် ယူဆောင်လာခဲ့သည်။ ကောလဟာလထွက်နေသော အပြင်လောက နတ်ဆိုးမြစ်က မဟာကန္တာရမင်းဆက်၏ တော်ဝင်မျိုးနွယ်စုကို ဖျက်ဆီးပြီး သက်ရှိသတ္တဝါအားလုံးကို ဘေးဆိုးဖြစ်စေအောင် ဆင်းသက်တော့မည်ဖြစ်သည်။

ခဏတာတော့ ကမ္ဘာကြီးတခုလုံး ကမောက်ကမ ဖြစ်နေခဲ့သည်။

ကျင်းချန်တွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လမ်းများအားလုံးရှိ တည်းခိုခန်းများ၌ပင် ယင်းအကြောင်းကို ပြောဆိုနေကြသည်။

ချန်းလီ၊ ဆရာတော်ပိုင်နှင့် ယန်ချယ် ဦးဆောင်သော ဝန်ကြီးချုပ်များက ကျန်းချန်ရှန်းသို့သွားရောက်လည်ပတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ကျန်းချန်ရှန်းကလည်း ဝန်ကြီးချုပ် သုံးဦးနှင့် တွေ့ဆုံရန် လက်ခံခဲ့သည်။

“ပြင်ပကမ္ဘာရဲ့နတ်ဆိုးမြစ် ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ထိတ်လန့်စရာ မလိုဘူး...ဒါကလူသားမျိုးနွယ်ကို ချေမှုန်းဖို့အတွက် ကောင်းကင်နတ်ဘုရားကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ကပ်ဘေးတခုပါပဲ.... ဒီဒုက္ခကို ငါတစ်ယောက်တည်း ရင်ဆိုင်မယ်....ငါ့အမိန့်ကို ကြေငြာလိုက်...လူတိုင်းထိတ်လန့်နေစရာမလိုဘူး...."

ကျန်းချန်ရှန်း မျက်လုံးမဖွင့်ဘဲ ပြောလိုက်သော်လည်း ဝန်ကြီးချုပ် သုံးဦး တုန်လှုပ်နေသည်။ သို့သော် ဧကရာဇ်မင်းတစ်ပါးတည်း လုပ်ဆောင်လိုကြောင်း ကြားသောအခါတွင် သူတို့ စိတ်သက်သာရာရကြသည်။ ထျန်းကျင်းက အရှိန်အဟုန်ဖြင့် ပိုမိုအားကောင်းလာသော်လည်း ပြင်ပကမ္ဘာ၏နတ်ဆိုးမြစ်၏တိုက်ခိုက်မှုကို မခံနိုင်သေးပေ။

တာအိုဘိုးဘေးနှင့် ကောင်းကင်နတ်ဘုရားကြား အဆုံးအဖြတ်တိုက်ပွဲ...

သိုင်းကမ္ဘာ၏နတ်ဘုရားကိုဆန့်ကျင်တိုက်ခိုက်နေသောအင်မော်တယ်အားလုံး၏ဘိုးဘေး......

ဝန်ကြီးချုပ် သုံးယောက် တိတ်တဆိတ် စိတ်လှုပ်ရှား နေကြချေပြီ.....

All Chapters