ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါ အသက်ဝင်ခြင်း.... နတ်ဘုရားကို သတ်ခြင်း......
Vol. 23 Ch. 341
“ဒါက ဘယ်လိုသိုင်းပညာလဲ...”
အနီရောင်ဝတ်ထားသော အမျိုးသမီးတစ်ဦး ထိုသို့ရေရွတ်ရင်း တုန်လှုပ်သွားသည်။ သူမ၏ လေသံမှာ ကြောက်ရွံ့တုန်လှုပ်နေသော်လည်း မည်သူမျှ သူမကို အဖြေမပေးခဲ့ပေ။
လူတိုင်းကို စိတ်ဝိဉာဉ်ဓားများက ချိန်ရွယ်ထားပြီး ဒီလိုအခြေအနေမျိုးမှာ သူတို့ လွယ်လွယ်နဲ့ မလှုပ်ရဲကြတော့ပေ။
စိတ်ဝိဉာဉ်ဓားများက အလွန်လျင်မြန်စွာ ပေါ်လာပြီး သူတို့၏ မျက်လုံးရှေ့မှောက်က ပါးလွှာသော လေထုထဲမှ ထွက်ပေါ်လာသည်။ သိုင်းနတ်ဘုရားငါးပါးတောင် မည်ကဲ့သို့ပေါ်လာသည်ကို မမြင်နိုင်ပေ။
ထွားကျိုင်းသော သိုင်းနတ်ဘုရားလည်း ဒေါသအမျက်မထွက်မီတွင် ခေတ္တ အံ့ဩသွားခဲ့သည်။ ရုတ်တရက်ခုခံဖို့ပြင်ဆင်နေချိန်....
ဝုန်း
စိတ်ဝိဉာဉ်ဓားကြောင့် သူ့ခန္ဓာကိုယ် ရုတ်တရက် ကြေမွသွားကာ သူ၏စိတ်ဝိညာဉ်လည်းရုပ်ခန္ဓာနှင့်အတူ ပေါက်ကွဲသွားသည်။
အံ့ဖွယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ချက်ချင်း အသတ်ခံခဲ့ရသည်။
အခြားသော သိုင်းနတ်ဘုရားများနှင့် သိုင်းဧကရာဇ်များ ထိတ်လန့်တုန်လှုပ်သွားကာ ရှောင်တိမ်းချင်နေကြပြီ.... သူတို့ လှုပ်ရှားလိုက်သည်နှင့် သူတို့ရှေ့က စိတ်ဝိညာဉ်နတ်ဓားများကလည်း လျှပ်စီးလက်သလို လှုပ်ရှားသွားသည်။
ဝုန်းးးဝုန်းး...ဝုန်းးးးး
ကျန်းချန်ရှန်းရှေ့မှာတင် သိုင်းဧကရာဇ်တပါးပေါက်ကွဲသွားကာ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ သွေးရောင်အလင်းတန်းများ လင်းလက်လာပြီး ကျန်းချန်ရှန်းဆီသို့ အသားစများ ပြန့်ကျဲလာသည်။ သို့သော် တုနှိုင်းမဲ့ယန်အလင်းတန်း၏ နေရောင်ကြောင့် အရည်ပျော်သွားပြီး သူ့မျက်နှာကို မထိမီခင် ပျောက်ကွယ်သွားခဲ့သည်။
သိုင်းနတ်ဘုရားများနဲ့ သိုင်းဧကရာဇ်တွေအားလုံး ကျဆုံးသွားခဲ့ပြီ......
ကျင်းချန်ရှိ အိမ်ကြီးတစ်ခုတွင်.....
ချန်ယောင်လင်း မယုံနိုင်လောက်အောင် မျက်လုံး ပြူးကျယ်ကာ တစ်ခုခုကို ခံစားမိသွားပုံရသည်။
ကျောက်စိမ်းတုံးအတွင်းမှ အရှင်ဇီဟွမ်းက “အခြေအနေ ဘယ်လိုလဲ” ဟု မေးနေသည်။ နောက်ဆုံးတော့ သူမဟာ အထက်ကမ္ဘာမှာရှိနေတဲ့အတွက် ဒီမှာရှိနေသည့် အော်ရာကို အာရုံမခံနိုင်ပေ။
“ဟို..ဟို… သူတို့ရဲ့အော်ရာတွေ… အကုန်ပျောက်ကုန်ပြီ…”
ချန်ယောင်လင်း၏ အသံမှာ မယုံနိုင်လောက်အောင် တုန်လှုပ်နေသည်။
"ဘယ်လို? တကယ်လား?"
အရှင်ဇီဟွမ်းလည်း တုန်လှုပ်သွားခဲ့သည်။ ဒါဟာ ပထမဆုံးအကြိမ် သူမရဲ့ အမူအရာ ပြောင်းလဲသွားခြင်းပင်.....
ချန်ယောင်လင်း အသက်ပြင်းပြင်းရှူပြီး...... “မဟုတ်ဘူး..... သူတို့အားလုံး သေကုန်ပြီ.... တာအိုဘိုးဘေးရဲ့ အော်ရာကို ကျွန်မ ဘယ်တုန်းကမှ အာရုံခံလို့မရဘူး...သူက နားလည်ရခက်တယ်...."
သူမ၏ စိတ်နှလုံးသား ကမောက်ကမဖြစ်ကာ မငြိမ်သက်နိုင်တော့ပေ။
သိုင်းနတ်ဘုရားငါးပါးစလုံးက အံ့ဖွယ်နတ်ဘုရားအဆင့်များဖြစ်ကြသော်လည်း သူမအတွက် ကြီးမားသောဖိအားကို ယူဆောင်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမက အခုမှသာ အံံ့ဖွယ်နတ်ဘုရားအဆင့်၏ကနဉီးအဆင့်သာရှိသေးသည်။ထို့ကြောင့်လဲ အရှင်ဇီဟွမ်းက သူမကို အောက်ကမ္ဘာသို့ ယုံကြည်စွာစေလွှတ်ခဲ့ခြင်းဖြစ်သည်။
"မြန်မြန် သွားကြည့်စမ်း!"
အရှင်ဇီဟွမ်းက လေးနက်သော အသံဖြင့်အမိန့်ပေးလိုက်ပြီး သူမ စိတ်စောနေသည်မှာ သေချာသည်။
ချန်ယောင်လင်း အသိစိတ်ကပ်လာတဲ့အခါ ချက်ချင်းပဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားလေသည်။
တိမ်ပင်လယ်ထက်တွင်.....
ကျန်းချန်ရှန်း တောင်ဘက်ကောင်းကင်တံခါးရှေ့ ရောက်လာသည်။ မျှော်ကြည့်လိုက်တော့ အပေါ်က တိမ်ပင်လယ်ကြီး ပြင်းထန်စွာ လှုပ်ရှားနေပြီး ပေါက်ကွဲသံနှင့်အတူ မိုးကြိုးတိမ်များ ပြန့်ကျဲသွားကာ ကျယ်ပြောလှသော ကောင်းကင်မြစ်ကြီး တဟုန်ထိုး စီးဆင်းလာသည်။ မြစ်၏မျက်နှာပြင်က အနည်းဆုံး မိုင်တစ်သန်း ကျယ်ဝန်းသည်။ အလွန်တုန်လှုပ်စရာကောင်းပြီး ကောင်းကင်ကြီး ပြိုလဲသွားသလိုပင်.......
ကြီးမားကျယ်ပြန့်သော ကောင်းကင်မြစ်ကြီးက ကြယ်ရောင်များဖြင့် ထွန်းလင်းတောက်ပနေပြီး မရေမတွက်နိုင်သော ကြယ်များပါရှိသည်။
ကောင်းကင်မြစ်၏အထက်တွင် မဟာကန္တရနတ်ဘုရားက မောက်မာလွန်းသော အမူအရာဖြင့် ဂုဏ်ယူစွာ ရပ်နေသည်။
ကောင်းကင်မြစ် ရုတ်တရက်ရပ်တန့်ကာ မိုးကြိုးတိမ်များဖုံးလွှမ်းသွားသဖြင့် ကျန်းချန်ရှန်း ကြယ်ပင်လယ်ပြင်ကို ရင်ဆိုင်ရသကဲ့သို့ ခံစားရစေသည်။
မဟာကန္တရနတ်ဘုရားက လက်ထဲတွင် ဓားရှည်ကြီးကိုကိုင်ကာ ကျန်းချန်ရှန်း ကိုငုံ့ကြည့်သည်။
“မင်းက တကယ်ပဲ တန်ခိုးကြီးတယ်၊ ဒါပေမယ့် မင်း ဒီလောက် အစွမ်းထက်မယ်လို့ ထင်မထားဘူး......"
ကျန်းချန်ရှန်းက ခေါင်းကို မော့ပြီး အေးအေးဆေးဆေး ကြည့်လိုက်သည်။
ထိုအချိန်တွင် ချန်ယောင်လင်း ပြေးတက်လာသည်။ ကောင်းကင်မြစ်၏ရှုခင်းကို မြင်လိုက်သောအခါတွင် သူမ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
မဟာကန္တရနတ်ဘုရားက သူမကို တစ်ချက်ကြည့်လိုက်ပြီး .... "မင်းက အရှင်ဇီဟွမ်းရဲ့ လက်အောက်ခံ နတ်သမီး မဟုတ်လား? ဘာကြောင့်ဒီကိုရောက်နေတာလဲ....အရှင်ဇီဟွမ်းမှာ မကောင်းတဲ့အကြံအစည်တွေရှိနေတာလား..."
ချန်ယောင်လင်း၏လက်ထဲမှ ခရမ်းရောင်အလင်းတန်းများ ထွက်လာပြီး အရှင်ဇီဟွမ်း၏ကိုယ်ပွားပေါ်လာကာ မဟာကန္တရနတ်ဘုရားကို.....
“မဟာကန္တာရနတ်ဘုရား...ကျွန်မကို အပြစ်မတင်ပါနဲ့... သူကတကယ်ပဲ ကွဲလွဲနေသလားဆိုတာ သိချင်ရုံပါ...”
မဟာကန္တရနတ်ဘုရားက ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် အပြာရောင်အလင်းတန်းများကောင်းကင်ယံကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
ထိုအခါအရှင်ဇီဟွမ်းက... “မဟာကန္တရနတ်ဘုရား ဒါ ဘာသဘောလဲ....ရှင် ကျွန်မလူကို မထိနဲ့...."
“အဲဒါနဲ့ ပတ်သက်ပြီး ငါဘာမှ မလုပ်နိုင်ဘူး....အခုချိန်မှာ အသက်ရှည်ဆေးကိစ္စက အလွန်အရေးကြီးနေပြီ...ဒီအတွက် ငါ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက်ငါးယောက်ကိုတောင် စွန့်လွှတ်ခဲ့ပြီးပြီ.... အရှင်ဇီဟွမ်း...ဒီမိန်းကလေးကို စွန့်လွှတ်လိုက်ပါ....ဒီမိန်းကလေးကြောင့် အသက်ရှည်ဆေး ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ...."
ထိုစကားကြောင့် အရှင်ဇီဟွမ်း၏ အမူအရာသည် အေးစက်သွားသည်။
" ယောင်လင်း...တာအိုဘိုးဘေးရဲ့အနောက်မှာ သွားနေ....."
ချန်ယောင်လင်း ထိုစကားကိုကြားသောအခါ ကျန်းချန်ရှန်းဆီသို့ ချက်ချင်းပြေးသွားပြီး သူ့နောက်တွင်ရပ်နေလိုက်သည်။
ကျန်းချန်ရှန်းက မငြင်းဆန်ဘဲ မဟာကန္တရနတ်ဘုရားကိုသာ အေးအေးဆေးဆေး ဆက်လက်ကြည့်ရှုနေသည်။
အရှင်ဇီဟွမ်းက တုန်လှုပ်ချောက်ချားသောအမူအရာဖြင့် ကျန်းချန်ရှန်းကို လှည့်ကြည့်လိုက်ပြီး “သူက ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါကို အသက်သွင်းနေပြီ...ဒီ၀င်္ကပါက မဟာကန္တရသိုင်းကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားမှာ ....၀င်္ကပါကိုအသက်သွင်းပြီးတာနဲ့ ပြင်ပကမ္ဘာကအရာတွေ ဒီကမ္ဘာကြီးထဲဝင်လာနိုင်တယ်....သူ့ကို မအောင်မြင်စေနဲ့....."
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ မျက်ခုံးပင့်လိုက်မိသည်။
ဒါ သူလိုချင်နေတဲ့အရာပဲလေ....
သူ နှုတ်ဆိတ်နေပြီး ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
“အရှင်ဇီဟွမ်း..မင်းက ငါအောင်မြင်နိုင်တယ်ဆိုတာ မင်း မယုံသေးဘူးပဲ...ထားလိုက်ပါတော့.... ငါအောင်မြင်တဲ့အခါ မင်းငါ့ကို ကျေးဇူးတင်လိမ့်မယ်.. မင်းမှာ မကောင်းတဲ့အကြံအစည်ရှိပေမယ့် မင်းငါ့ကို တကယ်ကူညီခဲ့တာမို့ မင်းရဲ့ကြင်နာမှုကို ငါမမေ့ဘူး..... နင်ငါ့ကိုမယုံရင်လည်းရတယ်... ဒါပေမယ့် မင်းဒီကလေးနဲ့ဘာလို့ရပ်နေတာလဲ"
မဟာကန္တရနတ်ဘုရားက ကျန်းချန်ရှန်းနှင့် အခြားနှစ်ယောက်ကို ငုံ့ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
ထျန်းကျင်း၊မဟာကန္တရနှင့် အဆုံးမရှိသော သမုဒ္ဒရာ အစရှိသည့် နေရာများစွာတွင် သက်ရှိသတ္တဝါများအားလုံး ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တန်ခိုးကို ခံစားနေကြရသည်။
တဟုန်းဟုန်းတောက်နေသော မိုးကြိုးတိမ်တိုက်များအောက်၊ ချောက်ကမ်းပါးတစ်ခုပေါ်တွင် အဖြူရောင်ဝတ်အမျိုးသားတစ်ဉီးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ထိုသူက နတ်ဆိုးအဓိပတိဖြစ်သည်။
အခုချိန်တွင် နတ်ဆိုးအဓိပတိက မျက်မှောင်ကြုတ်နေပြီး သူဘာတွေတွေးနေလဲ ဘယ်သူမှမသိန်ုင်ပေ။
သူတင်မကဘဲ များပြားလှသော မျိုးနွယ်စုမှ ကျွမ်းကျင်ပညာရှင်များလည်း ထိတ်လန့်သွားကြသည်။ ၎င်းတို့အားလုံး မကြုံစဖူးသော အကျပ်အတည်းကို ခံစားခဲ့ရသော်လည်း ရူးသွပ်စွာ မလုပ်ဆောင်ဝံ့ကြပေ။
မဟာကန္တရနတ်ဘုရား၏ မေးခွန်းထုတ်ခြင်းကို ရင်ဆိုင်ကသောအခါ၊ အရှင်ဇီဟွမ်း နှုတ်ဆိတ်နေသည်။
မဟာကန္တရနတ်ဘုရားက “မင်း ငါ့လက်ကလွတ်မယ်မထင်နဲ့...."
ချန်ယောင်လင်းက မဟာကန္တရနတ်ဘုရား၏ မာနကြီးသောအမူအရာကို သည်းမခံနိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုသူက သူမကို သတ်ချင်နေသည်။ သူမက မော့ကြည့်လိုက်ပြီး.....
"ရှင်က တာအိုဘိုးဘေးကိုသတ်ချင်နေတာလား...မဖြစ်နိုင်ဘူး.....ရှင်သာ သူ့ကြောင့် သေရလိမ့်မယ်!”
အရှင်ဇီဟွမ်းက သူမကို မော့ကြည့်လိုက်ပြီး အံ့သြမှု အရိပ်အယောင်ပေါ်လာသည်။
"ဟားဟား!"
မဟာကန္တရနတ်ဘုရားက ခေါင်းကို မော့ကာ ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူသည် ရုတ်တရက် ခေါင်းငုံ့ကာ သူ့မျက်နှာတွင် လူသတ်ချင်စိတ်အပြည့်ဖြင့်..... “ ဒီကောင်က ငါ့ကိုသတ်မယ်????...ဒီကောင် အတိဒုက္ခကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တဲ့ အကြောင်းရင်းက လောကစည်းမျဥ်းတွေရဲ့ လွှမ်းမိုးမှုကြောင့်ပဲ.....နတ်ဘုရားသိုင်းနယ်ပယ်က ငါတို့ကို နတ်ဘုရားဘွဲ့ အပ်နှင်းထားပေမယ့် ငါတို့တွေ နတ်ဘုရားအဆင့်နဲ့တူညီတဲ့စွမ်းအားမျိူးရခဲ့ကြလို့လား.....ငါအသက်ရှည်ဆေးကိုသန့်စင်ပြီးတာနဲ့ နတ်ဘုရားသိုင်းနယ်ပယ်ရဲ့ စိုးမိုးမှုကို ဖျက်စီးပစ်မယ်... အရှင်ဇီဟွမ်း...ရွေးချယ်မှု မမှားစေနဲ့....”
အရှင်ဇီဟွမ်းက ကျန်းချန်ရှန်းကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ ကျန်းချန်ရှန်း အဘယ်ကြောင့် မလှုပ်ရှားသေးသည်ကို သူမ နားမလည်တော့ပေ။
နောက်ပြီး ဒီကောင်ရဲ့ခေါင်းနောက်ရှိနေတဲ့အလင်းတန်းက ဘာကြီးလဲ.... သူ့ရဲ့အသွင်အပြင်ကို မမြင်ရအောင် ဘယ်လိုတားဆီးထားတာလဲ.....
"မြန်မြန်လှုပ်ရှားတော့! ”
အရှင်ဇီဟွမ်း၏ အသံ ကျန်းချန်ရှန်း နားထဲသို့ ဝင်လာသည်။ ဒီတစ်ခါတော့ သူမ အသံထုတ်လွှင့်မှုပညာရပ်ကို အသုံးပြုခဲ့သည်။
ကျန်းချန်ရှန်းက ဘာမှမထူးခြားသောအမူအရာဖြင့် ပေတေနေဆဲပင်....
တကယ်တော့ မဟာကန္တရနတ်ဘုရားဘက်က ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါကို အပြည့်အဝအသက်သွင်းရန် စောင့်ဆိုင်းဖို့ လိုအပ်သည်။ ကျန်းချန်ရှန်းကလည်း စောင့်ဆိုင်းလိုစိတ်ရှိသောကြောင့် ပျော်ရွှင်နေခဲ့သည်။
သူ့အမြင်အရတော့ ကျန်းချန်ရှန်း စိတ်လွန်ဆွဲနေပြီး အရှုံးပေးတော့မည်ဟုပင်ထင်နေသည်။
ခဏအကြာတွင်.......
အရှင်ဇီဟွမ်း သက်ပြင်းချလိုက်ပြီး ပျောက်ကွယ်သွားသည်။ ချန်ယောင်လင်း ရဲ့လက်ထဲက ကျောက်စိမ်းတုံး၏ တောက်ပမှုမှိန်ဖျော့သွားပြီး ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါက ကောင်းကင်နှင့်မြေကြီးကြားရှိ ဆက်စပ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။
ချန်ယောင်လင်း အလွန်စိတ်လှုပ်ရှားနေပြီ.....
"တာအိုဘိုးဘေး... ဘယ်လိုလုပ်ကြမလဲ.. " ဟု အသံတိုးတိုးဖြင့် မေးသည်။
သူမလည်း မဟာကန္တရနတ်ဘုရားလို ကျန်းချန်ရှန်း အရှုံးပေးလိုက်ပြီဟုသာ တွေးမိသည်။ မဟုတ်ရင် သူ ဘာကိုစောင့်နေတာလဲ....
ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့် "သူ တိုက်ချင်ရင် တိုက်ကြရအောင်" ဟုပြန်ဖြေသဖြင့် ချန်ယောင်လင်း အံ့အားသင့်သည်။
" ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါက သီးခြား၀င်္ကပါတခုတင်မကဘဲ သတ်ဖြတ်ခြင်း၀င်္ကပါဆိုလဲဟုတ်တယ်.... လျှော့တွက်လို့မရဘူး!"
ကျန်းချန်ရှန်းဘက်က ဘာမှမထူးခြားသေးပေ.....
ယခင်က အပြည့်အဝမဖွဲ့စည်းရသေးသော ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါကို ရင်ဆိုင်ခဲ့ဖူးသည်။
သူသည် နတ်ဆိုးများနှင့် မဟာကန္တာရနတ်ဘုရား၏ ဆက်စပ်မှုကို အံ့သြနေမိသည်။ မဟုတ်ရင် နတ်ဆိုးတွေက ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါကိုဘယ်လိုအမွေရခဲ့တာလဲ....
ဤတိုက်ပွဲအပြီးတွင် နတ်ဆိုးများထံ သွားရောက်လည်ပတ်ပြီး ဤအကြောင်းကို နတ်ဆိုးအဓိပတိ သိသလားဟု မေးကြည့်ရမည်။ နတ်ဆိုးအဓိပတိ အမှန်အတိုင်းဖြေမယ်လို့ သူယုံကြည်ပြီး နတ်ဆိုးတွေကို ဒီအကြောင်းပြချက်နဲ့ စည်းရုံးနိုင်မည်ဟု ယုံကြည်ထားသည်။
"မင်းက တိုက်ချင်သေးတာလား... ဒါ မင်းရဲ့ရွေးချယ်မှုလား..... ရယ်စရာပဲ!"
မဟာကန္တရနတ်ဘုရားက ဓားရှည်ကို မြှောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန်ချီဓာတ်များ ပေါက်ကွဲသွားကာ သူ၏ခြေရင်းအောက်ရှိ ကောင်းကင်မြစ်ကို အရှိန်မြှင့်လိုက်သည်။
“၀င်္ကပါဖွဲ့စည်းပြီးပြီ..... မင်းဘယ်ကလာတာလဲ ငါဂရုမစိုက်ဘူး.....ငါပိုင်တဲ့သိုင်းလောကကို ကျူးကျော်ချင်တာကြောင့် မင်းသေရမယ်!"
သူ့လက်ထဲတွင်ရှိသော ဓားသွားက ပေထောင်ပေါင်းများစွာရှည်လျားပြီး မိုးကြိုးတိမ်များကြားမှ ထိုးဖောက်ဝင်ရောက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို ထုတ်လွှတ်နေသည်။
ကောင်းကင်မြေပြင်မီးပြင်းဖို၀င်္ကပါက ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများ၏ စွမ်းအားကို လှုံ့ဆော်ပေးနေသဖြင့် မြေပြင်တုန်ခါပြီး ပင်လယ်တွင်လှိုင်းထန်နေသည်။
ထိုအချိန်တွင် ကျန်းချန်ရှန်းက ညာလက်ကို မြှောက်ကာ လက်ညိုးထိုးလိုက်သည်။
ပြင်းထန်သောလေပြင်းများက ယင်ယန်ကြယ်ဝတ်ရုံကို တိုက်ခတ်သော်လည်း ကျန်းချန်ရှန်း နောက်ဘက်ရှိ တောင်ဘက်
ကောင်းကင်တောင်တံခါးကတော့ မလှုပ်မရှား တည်ငြိမ်နေဆဲပင်....
မဟာကန္တရနတ်ဘုရား၏အော်ရာ အားကောင်းလွန်းသဖြင့် ချန်ယောင်လင်း နောက်ပြန်ဆုတ်သွားရသည်။
"အိုး? မင်းတကယ် တိုက်ခိုက်ရဲတာလား? အသုံးမဝင်တဲ့ အမှိုက်တွေကို သတ်လိုက်ရုံနဲ့ မင်းငါ့ကို တိုက်နိုင်မယ်လို့ မထင်နဲ့...... မင်းကို ကောင်းကင်နဲ့ မြေပြင် တန်ခိုးနဲ့ ငါသတ်ရင် မင်းငါ့ကို ဘယ်လို ခုခံမှာလဲ"
"ငါ မင်းကို အသက်ပိုရှည်စေချင်ပေမယ့် မင်းငါ့ကို စော်ကားခဲ့တာကြောင့် သေကိုသေရမယ်....!"
မဟာကန္တရနတ်ဘုရားက ဒေါသတကြီးအော်ဟစ်ပြီး ဓားချက်ထုတ်ဖော်လိုက်သည်နှင့် ဆေဘာချီများက သောင်းနှင့်ချီသော တိမ်တိုက်များကို ကွဲလွင့်သွားစေကယ ကျန်းချန်ရှန်းနှင့်တောင်ဘက်ကောင်းကင်တံခါးကို ဖျက်ဆီးလိုသောဆန္ဒဖြင့် ဓားချက်ကျဆင်းလာသည်။
ဝှစ်.........
ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ဆေဘာချီကို ချက်ခြင်း ဖျက်စီးကာ မဟာကန္တရနတ်ဘုရား၏ မျက်ဝန်းတစုံပါ ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။
ဖောက်.....
ရွှေရောင်အလင်းတန်းက သူ့ရင်ဘတ်ကို ထိုးဖောက်သွားချေပြီ.....
သူ မျက်လုံးပြူးပြီး တုန်လှုပ်သွားသည်။
ချန်ယောင်လင်း နှလုံးပြုတ်လုမတတ်ထိတ်လန့်အံ့သြနေသော်လည်း ကျန်းချန်ရှန်း၏တိုက်ခိုက်မှုကို မမြင်လိုက်ရသဖြင့် ပါးစပခအဟောင်းသားဖြစ်နေရှာသည်။
“မင်း…”
မဟာကန္တရနတ်ဘုရား အတော်ပင် တုန်လှုပ်နေပြီး ဓားကိုကိုင်သော လက်ကလည်း တုန်ရီနေသည်။ ဘာမှ မလုပ်နိုင်ခင်မှာ သူ့ကြွက်သားတွေနဲ့ အရိုးတွေ ကျိုးသွားပြီး သူ့ရဲ့ အစစ်အမှန်ချီဓာတ်လည်း ပျောက်ကွယ်သွားချေပြီ.....
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...သူက ကောင်းကင်မူလအဓိပတိနယ်ပယ်လေ......သူ့ရဲ့ရုပ်ခန္ဓာက ကောင်းကင်နှင့်မြေကြီးကိုတောင် ကျော်လွန်နေပြီ....ဘာလို့ ဒီလောက်ထိ ထိခိုက်လွယ်နေတာလဲ.....
ကျန်းချန်ရှန်း၏ ညာလက်ညိုးက သူ့ကို ညွှန်ပြနေသေးသော်လည်း ထပ်မတိုက်ခိုက်တော့ပေ။
လက်ချောင်းတစ်ချောင်းနဲ့တင် လုံလောက်ပြီ.....
လွန်ကဲသော မှော်စွမ်းအားများက သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် ဆက်စပ်နေပြီး ၎င်း၏ ထိန်းချုပ်မှုအောက်တွင်၊ မဟာကန္တရနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့သည်။
မဟာကန္တရနတ်ဘုရား၏ရင်ဘတ်မှသွေးများအဆက်မပြတ်စိမ့်ထွက်နေပြီး အင်မတန် တုန်လှုပ်နေကာ တုန်တုန်ယင်ယင်အသံဖြင့်...... “ဒါ ဘယ်လိုသိုင်းပညာလဲ.. …”
ချန်ယောင်လင်းကလည်း ကျန်းချန်ရှန်း ကို ထိတ်လန့်စွာကြည့်ကာ ဤသိုင်းပညာ၏ မူလအစကို သိချင်နေသည်။
လက်ညိုးတစ်ချောင်းတည်းက နတ်ဘုရားတပါးကို အသေသတ်ပစ်နိုင်သလား.....
"ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်း...."
ကျန်းချန်ရှန်း၏ အသံထွက်လာသည်နှင့်တပြိုင်နက် မဟာကန္တရနတ်ဘုရား ကောင်းကင်မြစ်အထက်ပိုင်းမှာ ပြုတ်ကျလာလေသည်။
သူ၏ အသက်ဓာတ် လျင်မြန်စွာ လျော့နည်းလာပြီး အမြင်အာရုံသည် ဝေဝါးလာသည်။ လွတ်မြောက်ဖို့နေနေသာသာ သူ့ခန္ဓာကိုယ်ကိုတောင် အာရုံမခံနိုင်တော့ပေ။ ထိုအချိန်တွင် မကြုံစဖူးသော ငိုက်မျဉ်းခြင်းကိုသာ ခံစားလိုက်ရသည်။
သူ့စိတ်ထဲမှာ မေးခွန်းတစ်ခုပဲ ရှိနေသည်.....
ချန်းမိသားစု ?ဘယ်က ချန်းမိသားစုလဲ....