ဖုန်းရှန်းယန်ရိ..... ကောင်းကင်မြစ်၏ကောင်းချီးပေးခြင်း......
Vol. 23 Ch. 342
ကျန်းချန်ရှန်းက ဘေးကင်းစေရန်အတွက် မှော်ရတနာများအားလုံးကို အသက်သွင်းခဲ့သည်။ ချန်ယောင်လင်း သူ့နောက်တွင် ရှိနေသောကြောင့် ချန်းမိသားစု ၏ ချီလက်ချောင်းကိုသာ အသုံးပြုခဲ့ပြီး မှော်ရတနာများကို အသုံးပြု၍ မဟာကန္တရနတ်ဘုရားကို သတ်ရန် မသင့်တော်ပေ။ ဒါကလည်း အရှင်ဇီဟွမ်းက သူ့ကိုသိုင်းပညာရှင်မဟုတ်ကြောင်း ထင်မှတ်ခြင်းမှ တားဆီးခြင်းလည်းဖြစ်သည်။
ကျန်းချန်ရှန်းက သူ၏ ညာလက်ကို ဆန့်တန်းကာ ခါးစည်းကြိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း မဟာကန္တရနတ်ဘုရား၏ ခန္ဓာကိုယ်ကို သူ့လက်ထဲသို့ စုပ်ယူလိုက်သည်။
ယခင်က မောက်မာလွန်းလှသော မဟာကန္တရနတ်ဘုရားသည် ယခုအခါ သွေးအလိမ်းလိမ်းနှင့် သေလုနီးပါးဖြစ်နေရှာပြီ....
ချန်ယောင်လင်း အသိစိတ်ပြန်ဝင်လာတဲ့အခါ တံတွေးမျိုချလိုက်ပြီး.... “ချန်မိသားစုရဲ့ ချီလက်ချောင်းဆိုတာဘာလဲ? အထက်ကမ္ဘာက ချန်းမိသားစုလား?"
ကျန်းချန်ရှန်းက "ဒါကို မတော်တဆ ရခဲ့တာ.... အထက်ကမ္ဘာနဲ့ ငါ့ရဲ့ တစ်ခုတည်းသော ဆက်စပ်မှုက မင်းနဲ့ မင်းရဲ့သခင်ပဲ”
ချန်ယောင်လင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ ကျန်းချန်ရှန်းကို ယုံကြည်လိုစိတ်ရှိခဲ့သည်။
ကျန်းချန်ရှန်းက ထွက်မသွားသေးဘဲ တခုခုကိုစောင့်ဆိုင်းနေသည်။
အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် ကျန်းချန်ရှန်းက ကောင်းကင်မြေကြီး မီးပြင်းဖို၀င်္ကပါကို ဖျက်သိမ်းပစ်လိုက်သည်။
ယခုအချိန်၌ မဟာကန္တရနတ်ဘုရား၏ အသိဉာဏ်က နောက်ဆုံးအခြေနေသို့ ချဉ်းကပ်လာနေပြီ.... သူက ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်ပြီး ကျန်းချန်ရှန်းကို စိုက်ကြည့်ကာ တုန်လှုပ်သောအသံဖြင့်..... “မင်းက… ထူးခြားတဲ့ဖြစ်တည်မှုမို့…အနှေးနဲ့အမြန်… ဘေးဒုက္ခ ရောက်လိမ့်မယ်…”
ကျန်းချန်ရှန်းက.... "ငါ မင်းနဲ့ရန်သူ မဖြစ်ချင်ခဲ့ပေမယ့် မင်းငါ့ကို အဆုံးထိတွန်းပို့ခဲ့တယ်....."
မဟာကန္တရနတ်ဘုရား ဘာပြောချင်နေသည်ကို ကျန်းချန်ရှန်းသ်ိနေသည်။ မဟာကန္တရနတ်ဘုရားကလည်း သူပြောတုန်းက သူ့ကိုသတ်ပစ်ရင် တစ်ခုခုဖြစ်လာမည်ကို ကြောက်နေပုံရသည်။
မဟာကန္တရနတ်ဘုရား ခေါင်းတဟွတ်ဟွတ်ဆိုးနေရင်း နောက်ဆုံးတော့ သူ့လက်တွေ လျှောကျပြီး သေဆုံးသွားလေပြီ.....
နတ်ဘုရားတပါးလို တန်ခိုးကြီးသူတစ်ဦးပင် ကျန်းချန်ရှန်း၏လက်၌ သေဆုံးသွားခဲ့သည်။ ထို့အပြင်၊ ၎င်းသည် တိုက်ခိုက်မှာ တစ်ချက်တည်းကြောင့်ပင်.....
ချန်ယောင်လင်း အံ့အားသင့်သွားပြီး မယုံနိုင်စရာကို တွေ့လိုက်ရသလို ခံစားနေရသည်။
သို့သော် ကျန်းချန်ရှန်းအတွက်ကတော့ ပုံမှန်လိုသာ ခံစားနေရသည်။ သူပထမဆုံးအဆင့်တက်ချိန်မှာတင် သူ့ရဲ့အစွမ်းသတ္တိတန်ဖိုးက မဟာကန္တရနတ်ဘုရားထက် ဘီလီယံ ၃၀၀ ကျော် ပိုများနေပြီဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာသောအခါ၊ မဟာကန္တရနတ်ဘုရား တိုးတက်မှုရပ်ဆိုင်းနေချိန်၌ သူက ပိုအားကောင်းလာသည်။
သူတို့နှစ်ဦးကြားက ခြားနားချက်က ကြီးမားတယ်လို့ ဖော်ပြနိုင်ပြိး မဟာကန္တရနတ်ဘုရားကို သတ်ရန် မခဲယဉ်းပေ။
ချန်ယောင်လင်း၏ နှလုံးသား တုန်လှုပ်သွားသည် ။ ကျန်းချန်ရှန်း၏နောက်ခံနှင့် မဟာရွှမ်းဟန်ကမ္ဘာကြီးရှိ ချန်းမိသားစုအကြောင်း သိချင်လာသည်။
အမွှေးတိုင်တစ်ဝက်စာလောက်ကြာတော့ ကျန်းချန်ရှန်းလက်ကို မြှောက်လိုက်ပြီး မိုးကြိုးတိမ်တိုက်တွေကို ဖြိုခွဲဖို့ ချန်းမိသားစု၏ချီလက်ချောင်းပညာရပ်ကို အသုံးပြုလိုက်သည်။
[အင်မော်တယ်ခေတ်၏ နှစ် 70 တွင်၊ မဟာကန္တရနတ်ဘုရားက သိုင်းဘုရားငါးပါးနှင့် သိုင်းဧကရာဇ် 5,000 တို့ကိုအတူခေါ်ဆောင်၍ လူသားမျိုးနွယ်ကို ချေမှုန်းပစ်ရန် ရည်ရွယ်ချက်ဖြင့် မဟာကန္တရသိုင်းကမ္ဘာသို့ဆင်းသက်လာသည်။သင် အချိန်မီ အရေးယူပြီး သူတို့ရဲ့ ဝိုင်းရံမှုတိုက်ခိုက်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ သင်သည် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ်
မှော်ရတနာတခုဖြစ်သော ဖုန်းရှန်းယန်ရိ( Gods of Investiture )ကိုရရှိထားသည်]
ကျန်းချန်ရှန်း ရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။
ဖုန်းရှန်းယန်ရိ...........
ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်မိသည်။သူအထက်သို့တက်လှမ်းပြီးနောက် နတ်ဘုရားတစုကို တိုင်ပင်ဆွေးနွေးဖို့ ဖန်တီးနိူင်ချေပြီ....
သို့သော် ဖုန်းရှန်းယန်ရိကသာ နတ်ဘုရားဖြစ်လာရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါက ပို၍ဆိုးရွားလာလိမ့်မည်။ အနည်းဆုံးတော့ဒါဟာ သူ့မျှော်လင့်ချက်နဲ့ ကိုက်ညီမှာ မဟုတ်ပေ။
ကျန်းချန်ရှန်းက မဟာကန္တရနတ်ဘုရား၏အလောင်းကို သယ်ဆောင်သွားပြီး ကျင်းချန်ဆီသို့.ပျံသန်းလာပြီး ချန်ယောင်လင်းကလည်း အလျင်အမြန်လိုက်လာခဲ့သည်။
"တာအိုဘိုးဘေး....သူ့အလောင်းအတွက် ရှင့်မှာ ဘာအစီအစဉ်ရှိလဲ"
"ထျန်းကျင်းအတွက် ထားခဲ့လိုက်မယ်....ဒါမှ ထျန်းကျင်းက လူတွေ ပိုပြင်းထန်တဲ့ သိုင်းပညာနည်းစနစ်တွေ ဖန်တီးနိုင်မှာ..... ဒါ့အပြင် ရုပ်သေးပညာရပ်ထွန်းကားနေပြီမို့ အနာဂတ်မှာ သူ့ကို ရုပ်သေးအဖြစ် ပြုပြင်နိုင်ရင် ပိုကောင်းမယ်ထင်တယ်...."
"မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ အလားတူ ရုပ်သေးနည်းပညာတွေ ရှိပါတယ်....ဒါပေမယ့် ရုပ်သေးအဖြစ်ပြုပြင်လိုက်ရင် သူတို့ အသက်ရှင်နေချိန်ကလို ခွန်အားအပြည့်အဝ မထုတ်သုံးနိုင်ဘူး"
"ဒါက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဖျက်ဆီးတာထက် ပိုကောင်းပါတယ်....."
"အင်....."
သူတို့နှစ်ယောက် စကားစမြည်ပြောကြရင်း တိမ်ပင်လယ်ထဲပျောက်ကွယ်သွားခဲ့
သည်။ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် မိုးကြိုးတိမ်များ ပျောက်ကွယ်သွားပြီး ကောင်းကင်တခွင် ကြည်လင်လာသည်။
ကောင်းကင်ယံ၌ ကောင်းကင်မြစ်ကြီး တဟုန်ထိုး စီးဆင်းနေသေးသည်။ သို့ရာတွင်၊ ထိန်းချုပ်သူမရှိတော့သည့်အတွက် ကောင်းကင်မြစ်ကြီး လူ့လောကသို့ မကျရောက်ခဲ့ပေ။ ယင်းအစား၊ ၎င်းသည် ကောင်းကင်ယံ၌ လှည့်ပတ်ကာ မရေမတွက်နိုင်သော ကြယ်ပွင့်များကို လေထဲတွင် ပျံ့လွင့်သွားစေခဲ့သည်။
အဝါရောင် တိမ်တိုက်များ တဟုန်ထိုး တက်လာပြီး တောက်ပသော နေရောင်ခြည် ကောင်းကင်တွင် ပေါ်ထွက်လာသည်။ တိမ်ပင်လယ်၌ ကြီးမားသော တိုင်ကြီးများ တည်ရှိပြီး တိုင်တိုင်းတွင် ကျောက်ရတနာများ မြှုပ်ထားသည်။ တိုင်ရှေ့မှာတော့ လူတစ်ယောက်ထိုင်နေသည်။
ခွမ်း.....
ကျောက်စိမ်းတုံးတခု ရုတ်တရက် ကွဲအက်သွားပြီး အမှိုက်များ မြေပြင်ပေါ်သို့ ကျလာသည်။ အောက်က အစောင့်တွေက ချက်ချင်း ကြည့်လိုက်တော့ သူတို့ရဲ့ အမူအရာတွေ ပြောင်းသွားကြသည်။
အခြားတိုင်များရှေ့မှ အစောင့်များကလည်း ဆူညံသံကိုကြားရပြီး မျက်လုံးများကို တစ်ချက်ဖွင့်ကြည့်လိုက်သည်။
“နတ်ဘုရားကျောက်တုံး ကွဲကြေသွားပြီ...နတ်ဘုရားတပါး သေဆုံးသွားပြန်ပြီ...."
"ကျစ်...ကျစ် မကြာသေးမီကတင် နတ်ဘုရားပေါင်းများစွာသေဆုံးခဲ့ပြီးပြီ..... "
" သူတို့သေတော့ ငါတို့အထက်ကိုတက်လှမ်းဖို့ နေရာတွေ အများကြီးပိုရလာမှာပေါ့....”
“အခုသေသွားတာ … မဟာကန္တာရသိုင်းကမ္ဘာရဲ့ အရှင်သခင်လား.....”
“ ကြည့်ရတာ အသေးအမွှားကိစ္စမဟုတ်ဘူး”
တစ်ဖက်တွင်...........
တောက်ပသောခန်းမတစ်ခုတွင် အရှင်ဇီဟွမ်းက ကုလားထိုင်ပေါ်တွင် ထိုင်ကာ မျက်မှောင်ကြုတ်ကာ စောင့်ဆိုင်းနေ၏။
ကောင်းကင်မြေပြင်မီးပြင်းဖိုအစီအရင် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီး သူမ ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။ သူမ စောင့်ဆိုင်းရုံသာ တတ်နိုင်ခဲ့ပြီး ရွေးချယ်မှုကို ရူးသွပ်စွာ မဆုံးဖြတ်ဝံ့ပေ။
ထိုအချိန်တွင် သူမ၏လက်ထဲမှ ကျောက်စိမ်းတုံး ရုတ်တရက် လင်းလက်သွားသည်။ သူမ ချက်ချင်း ကောက်ကိုင်လိုက်တော့... ချန်ယောင်လင်းရဲ့ လှပတဲ့ မျက်နှာလေး ပေါ်လာတယ်။
ချန်ယောင်လင်းကို မြင်သောအခါ အရှင်ဇီဟွမ်း၏ အမူအရာ ပြောင်းသွားသည်။
တာအိုဘိုးဘေး အနိုင်ရခဲ့တယ်....
"တိုက်ပွဲအကြောင်းအသေးစိတ်ပြောပြစမ်း...!"
“တာအိုဘိုးဘေးနဲ့ မဟာကန္တရနတ်ဘုရားတို့ တိုက်ခိုက်ခဲ့ကြတယ်.... မဟာကန္တရနတ်ဘုရားက တာအိုဘိုးဘေးကို နှိမ်နှင်းရန်ဖို့အတွက် ကောင်းကင်မြေပြင်မီးပြင်းဖိုအစီအရင်ကို အသုံးပြုချင်ပေမယ့် ကောင်းကင်နှင့်မြေကြီးရဲ့ တုံ့ပြန်မှုကို ကြုံတွေ့ခဲ့ရတယ်...ဒါ့ကြောင့် အစီအရင်ကိုထိန်းချုပ်လို့မရတာကြောင့် မဟာကန္တရနတ်ဘုရားအရေးနိမ့်နေတုန်း တာအိုဘိုးဘေးက ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်းကို သုံးပြီးသတ်ပစ်ခဲ့တယ်.... ချန်းမိသားစုရဲ့ချီလက်ချောင်းသိုင်းက အရမ်းအစွမ်းထက်တယ်.... တာအိုဘိုးဘေးကတော့ ဒီသိုင်းပညာကို မတော်တဆရခဲ့တယ်လို့ပြောပါတယ်..."
သူ့စကားက မှန်တစ်ဝက် မှားတစ်ဝက်....ဒါဟာလည်း ကျန်းချန်ရှန်း၏ အမိန့်ဖြစ်သည်။ သူမ အရှင်ဇီဟွမ်းကို သစ္စာမဖောက်ဘဲ ကျန်းချန်ရှန်း ပြောခိုင်းသည့်စကားကလည်း အဓိပ္ပာယ်ရှိလှသည်။
အကယ်၍ အရှင်ဇီဟွမ်းသာ ကျန်းချန်ရှန်း၏ အစွမ်းသတ္တိကို သိပါက သူမ ကြောက်လန့်ပြီး ၎င်းတို့၏ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေလိမ့်မည်။
ချန်ယောင်လင်းက ဒါ့ကြောင့် သံသယမရှိဘဲ လိမ်ညာပြောဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
တကယ်တော့ တာအိုဘိုးဘေး၏ စွမ်းဆောင်မှုအရ အရှင်ဇီဟွမ်းဟာ သူ့ရန်သူဖြစ်သွားရင်တောင်မှ ချန်ယောင်လင်းကတော့ တာအိုဘိုးဘေးနှင့် ရန်သူဖြစ်မှာ မဟုတ်ပေ။ သို့သော် နှစ်ဖက်စလုံး ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်တာ ပိုကောင်းသည်မဟုတ်လော.... သူမ အရှင်ဇီဟွမ်း၏ ကောင်းကကျိုးအတွက် လုပ်နေခြင်းဖြစ်သည်။
"ချန်းမိသားစု? မဟာရွှမ်းဟန်ကမ္ဘာကြီးမှာ ချန်းမျိုးရိုး မိသားစုတွေအများကြီးပဲ... ငါစုံစမ်းဉီးမယ်...တာအိုဘိုးဘေး အနိုင်ရပြီးကတည်းက မဟာကန္တရသိုင်းကမ္ဘာကို ကို သိမ်းပိုက်ဖို့ ပြင်ဆင်ရတော့မယ်.... သူ့အနားမှာ ဆက်နေပြီး
တစ်ခုခုလိုအပ်ရင် ငါ့ကို အချိန်မရွေးပြောပါ.......”
"နားလည်ပါပြီ!"
ဆက်သွယ်မှု ပြတ်တောက်သွားသည်နှင့် အရှင်ဇီဟွမ်းလည်း မူလနေရာမှ ပျောက်ကွယ်သွားသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌.....
ကျန်းချန်ရှန်းက ဖုန်းရှန်းယန်ရိအကြောင်း အချက်အလက်များကို အမွေဆက်ခံပြီးနောက်တွင် အံ့သြဖွယ်ကောင်းသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဖုန်းရှန်းယန်ရိက သူထင်တာထက် ပိုအားကောင်းပြီး တရားဝင်နတ်ဘုရား ၃၆၅ပါးကို အုပ်စု ရှစ်အုပ်စု ခွဲနိုင်သည်။ ဤတရားဝင်ဘုရား ၃၆၅ပါးက ဖုန်းရှန်းယန်ရိနှင့်အတူ ရှင်သန်နိုင် သေဆုံးနိုင်ပြီး ၎င်းတို့၏သက်တမ်းအတွက် ထိခိုက်မည်မဟုတ်ပါ။ တစ်နည်းဆိုရသော် ဖုန်းရှန်းယန်ရိမပျက်စီးသေးသရွေ့ သူတို့ မသေနိူင်ပေ။
ကျန်းချန်ရှန်းက သူ၏ကံတရားကို ဖုန်းရှန်းယန်ရိနှင့် ပေါင်းစည်းပြီးနောက်၊ တရားဝင်နတ်ဘုရား ၃၆၅ပါးရှိသည့်နေရာတိုင်းတွင် ကောင်းကင်မြေပြင်စွမ်းအားကိုစုစည်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ဖုန်းရှန်းယန်ရိက လူများကို နေရာကူးပြောင်းပေးနိုင်စွမ်းရှိသည်။ အကယ်၍ ကျန်းချန်ရှန်းသာ မဟာရွှမ်းဟန်ကမ္ဘာကြီးသို့ ထွက်ခွာသွားပါက၊ သူ့အတွက် တိုက်ပွဲဝင်ရန် တရားဝင်နတ်ဘုရား ၃၆၅ပါးကို တိုက်ရိုက်ခေါ်ယူနိုင်သည်။
တရားဝင်နတ်ဘုရား ၃၆၅ပါး အားကောင်းလာသည်နှင့်အမျှ ကျန်းချန်ရှန်းအနေနှင့် တန်ခိုးကြီးသောရန်သူများကို နှိမ်နင်းရန်နှင့် အင်မော်တယ်နတ်ဘုရားများကို တိုက်ခိုက်ရန် ဖုန်းရှန်းယန်ရိကို ထိန်းချုပ်နိုင်သည်။ ဖုန်းရှန်းယန်ရိ၏ စွမ်းအားက သူ၏ကိုယ်ပိုင်ကံတရားနှင့် တရားဝင်နတ်ဘုရားများ၏ ကံကြမ္မာအပေါ် အခြေခံထားသည်။ ဖုန်းရှန်းယန်ရိက ကံကြမ္မာကို ချိုးနှိမ်ရန်နှင့် ချိန်ခွင်လျှာကိုမြှင့်တင်ရန် ရတနာတစ်ခု ဖြစ်လာနိုင်သည်။
တရားသောဘုရား၏ အနေအထားကိုလည်း ပြောင်းလဲနိုင်သည်။ ကျန်းချန်ရှန်း က သူတို့၏နတ်ဘုရားအဖြစ် ရာထူးကို ပြောင်းလဲပေးနိုင်သလို ပယ်ဖျက်နိုင်သည်။ တရားဝင်နတ်ဘုရားအဖြစ် ရာထူးဆုံးရှုံးပြီးသည်နှင့် ၎င်းတို့အား ပေးထားသည့် သက်တမ်းကိုလည်း ၎င်းတို့ထံမှ ဖယ်ထုတ်လိုက်နိုင်သောကြောင့် ၎င်းတို့ ကြာရှည်စွာ အသက်မရှင်နိုင်တော့ပေ။ ဖုန်းရှန်းယန်ရိမှတစ်ဆင့် ကျန်းချန်ရှန်းက တရားဝင်နတ်ဘုရားများကိုတိုက်ရိုက်ခြယ်လှယ်နိုင်ပြီးသူ့ကိုသစ္စာဖောက်ခြင်းမှတားဆီးနိုင်သည်။
တကယ်တော့ ဖုန်းရှန်းယန်ရိက သူထင်ထားတာထက် ပိုအားကောင်းသည်။ ၎င်းသည် အင်မော်တယ်နတ်ဘုရား ၃၆၅ ပါးကို တိုက်ရိုက်ဖန်တီးနိုင်သည်။ ဒါဟာ သေမျိုးလူသားတို့အတွက် ရူးသွပ်လောက်စရာ ကိစ္စရပ်ပင်.....
၎င်း၏တစ်ခုတည်းသော ချို့ယွင်းချက်မှာ ဖုန်းရှန်းယန်ရိက ကြီးထွားမှုအမျိုးအစား မှော်ရတနာတစ်ခုလည်းဖြစ်သည်။ တရားဝင်နတ်ဘုရားများသာ ဖုန်းရှန်းယန်ရိ၏အကွာအဝေးမှ ထွက်သွားသည်နှင့်၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ သိုင်းပညာနယ်ပယ်ကိုသာ အားကိုးနိုင်ကြသည်။ သို့သော်၊ ၎င်းတို့နှင့်အတူ၊ ဖုန်းရှန်းယန်ရိ၏အကွာအဝေး ဆက်လက်တိုးလာမည်ဖြစ်သည်။ မဟာရွှမ်းဟန်ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ရင်၊ သူတို့ဟာ နတ်ဘုရားအစစ်တွေဖြစ်လာလိမ့်မည်။
ကျန်းချန်ရှန်း ဖုန်းရှန်းယန်ရိကို ထုတ်ယူလိုက်ပြီး သူ့မျက်နှာပေါ်တွင် ရွှန်းလဲ့နေသော ရွှေရောင်အလင်းတန်းများ ထွန်းလင်းတောက်ပလာခဲ့သည်။ သေသေချာချာကြည့်လိုက်တော့ ရွှေရောင်အလင်းတန်းကြီးထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စာလိပ်တစ်ခုရှိနေသည်။
"ဖုန်းရှန်းယန်ရိက အင်မော်တယ်နတ်ဘုရားများကို ထိန်းချုပ်နိုင်တယ်...တောင်န်းများနှင့်ပင်လယ်များရဲ့ဂန္ထဝင်က ကောင်းကင်နှင့်မြေကြီးကထူးဆန်းတဲ့သားရဲတွေကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်မြေပြင်
ရတနာကြေးမုံက တောင်တန်းနဲ့မြေပြင်ကိုထိန်းချုပ်နိုင်တယ်....ပြန်လမ်းမရှိတော့ဘူးပဲ....."
အာဏာရလာသည်နှင့်အမျှ ရန်လိုမှုများစွာကို ဆွဲဆောင်နိုင်လိမ့်မည်မှာ သေချာသည်။ ဤအခြေအနေကို အခွင့်ကောင်းယူပြီး နောက်ဆုတ်မသွားဘဲ ဆက်လက်လျှောက်လှမ်းရမည်သာ.....
သို့သော် ဤမှော်ရတနာသုံးပါးမရှိသည့်တိုင် အင်မော်တယ်ကျင့်ကြံသူဖြစ်သည့်အတွက် ဤကမ္ဘာကသူ့ကို ငြင်းပယ်ခဲ့သည်။
ဤရတနာသုံးပါးဖြင့် နောက်ဆုံးတွင် သူ၏ကိုယ်ပိုင် ထုံးတမ်းစဉ်လာနှင့် စည်းကမ်းများကို ထူထောင်နိုင်ခဲ့သည်။ အနည်းဆုံးတော သူ့လူများနှင့် ယုံကြည်သူများကို ပိုမိုကောင်းမွန်သောဘဝဖြင့် နေထိုင်စေနိုင်သည်။
သူ့ကံကြမ္မာကို တခြားသူတွေဆီ ထားခဲ့မယ့်အစား သူကိုယ်တိုင် ထိန်းချုပ်တာက ပိုကောင်းပေမည်။
သူ့ကိုယ်သူ သန်မာအောင်လုပ်ဖို့ လောကမှာရှိတဲ့ အရာအားလုံးကို စတေးတာဟာ မိုက်မဲတဲ့ လုပ်ရပ်ပင်......
ကျန်းချန်ရှန်း ဤမျှလောက် ရက်စက်တတ်သူမဟုတ်ပေ။ ယုံကြည်သူများက ပေးအပ်သော ယုံကြည်ခြင်းက အတွေးတစ်ခုမျှသာ ဖြစ်သည်။ ၎င်းသည် ယုံကြည်သူများ၏ အသက်ကို စတေးဖို့နေနေသာသာ တစ်စုံတစ်ရာကို ဆုံးရှုံးစေခြင်း မရှိခဲ့ပေ။
သူ ပိုမိုအားကောင်းလာစေရန် ဦးစားပေးပြီး သူ့ဘေးနားနှင့် သူ့လက်အောက်ရှိ သာမန်လူများကို အကျိုးပြုမည်ဖြစ်သည်။
ကျန်းချန်ရှန်း ပြုံးလိုက်ပြီး ဖုန်းရှန်းယန်ရိကို စတင်သန့်စင်ခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်နတ်ဘုရားကို တာအိုဘိုးဘေး သတ်ပစ်ခဲ့သော သတင်းက လျင်မြန်စွာ ပြန့်နှံ့သွားပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ သဘာဝဘေးအန္တရာယ်များ ရပ်တန့်သွားတော့သည်။
ကျန်းချန်ရှန်း၏ဂုဏ်သတင်းသည်လည်း အထွတ်အထိပ်သို့ရောက်ရှိသွားသောကြောင့် ထျန်းကျင်း၏ပြည်နယ်တိုင်းတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။
ဤသတင်းက များပြားလှသော မျိုးနွယ်စုအားလုံးကို တုန်လှုပ်ချောက်ချားစေသည်။
ကျန်းချန်ရှန်းကတော့ လူသိရှင်ကြား ပေါ်လာဖို့ မရည်ရွယ်ထားပေ။
ဒီတိုက်ပွဲရဲ့ သက်ရောက်မှုက အရမ်းကြီးမားသော်လည်း ကျော်ကြားမှုကို ရှောင်ရှားပြီး နှိမ့်ချစွာပျော်မွေ့ချင်ခဲ့သည်။
သုံးလကြာပြီးနောက်.......
ကောင်းကင်နတ်ဘုရားကို တာအိုဘိုးဘေး သတ်ပစ်ခဲ့သည့်သတင်းက လုံးဝပျံ့နှံ့သွားပြီး မျိုးနွယ်များအားလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ ခဏလောက်ကြာတော့ လူမျိုးပေါင်းစုံက ထျန်းကျင်း နဲ့ ကောင်းမွန်စွာဆက်ဆံလိုတဲ့အတွက် သံတမန်တွေ စေလွှတ်လိုက်ကြသည်။
ဤတိုက်ပွဲအပြီးတွင် မျိုးနွယ်စုများအားလုံးက လူသားမျိုးနွယ်အား ဝိုင်းရံနှိမ်နှင်းရန်ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ကြသည်။ရှုထျန်းကျိက ဒီတိုက်ပွဲဟာ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးတဲ့ တိုက်ပွဲဖြစ်တယ်လို့တောင် ပြောခဲ့ဖူးသည်။
ကောင်းကင်မြစ်ကြီးက မဟာကန္တရသိုင်းကမ္ဘာအထက်တွင် မျောလွင့်နေပြီး များပြားလှသော မျိုးနွယ်စုအားလုံး ၎င်းကို မြင်တွေ့နိုင်သည်။ ကောင်းကင်မြစ်၏ အရှည်ကို မည်သူမျှ မတွက်ချက်နိုင်ပေ။ ကောင်းကင်မြစ်ကြောင့် ကောင်းကင်နှင့်မြေကြီးကြားမှ သိုင်းပညာစွမ်းအားများ မြင့်တက်လာခဲ့သည်။ ဤအရာက သက်ရှိသတ္တဝါအားလုံး ရှင်းရှင်းလင်းလင်း ခံစားနိုင်သော အရာဖြစ်သည်။
ထျန်းကျင်း၏ မြောက်ပိုင်းဒေသတွင် တိချန်က ကြီးမားသောတောင်လိပ်ကြီးနှင့်အတူ ချောက်ကမ်းပါးပေါ်တွင် ရပ်ကာ ရှုပ်ထွေးသောအမူအရာဖြင့် ကောင်းကင်ပေါ်ရှိ ခမ်းနားထည်ဝါသော ကောင်းကင်မြစ်ကို ကြည့်ရှုနေသည်။
“ကောင်းကင်မြစ်… အပြင်လောကရဲ့နတ်ဆိုးမြစ်… ဘယ်လိုဟာသမျိုးလဲ..."
တိချန် ခါးသီးသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
ပြင်ပကမ္ဘာ၏နတ်ဆိုးမြစ်ဆိုတာ လုံးဝမရှိဘူးဆိုကြောင်း နားလည်လာခဲ့ပြီဖြစ်သည်။ကောင်းကင်မြစ်က လူ့လောကကြီးကို ကောင်းချီးပေးရန်အတွက် ဤနေရာ၌ရှိသော်လည်း ကောင်းကင်နတ်ဘုရားကတော့ တော်ဝင်မျိုးနွယ်စုကို ချေမှုန်းရန်အတွက် ကောင်းကင်မြစ်၏စွမ်းအားကို ငှားရမ်းခဲ့သည်။
" တာအိုဘိုးဘေး.... ခင်ဗျားက ဘယ်လိုတည်ရှိမှုမျိုးလဲ..."
တိချန် မိုးကုပ်စက်ဝိုင်းကို ကြည့်ပြီး ရေရွတ်လိုက်ပြန်သည်။
လွန်ခဲ့သည့်နှစ်လက ကောင်းကင်နတ်ဘုရားကို တာအိုဘိုးဘေး
သတ်လိုက်ကြောင်း သိလိုက်ရသောအခါတွင် သူ၏ ပထမဆုံးတုံ့ပြန်မှုက မယုံကြည်ခြင်းဖြစ်သည်။ထိုအချိန်မှစ၍ တာအိုဘိုးဘေးကိုလေးလေးနက်နက်လေးစားလာပြီး ဤလေးစားမှု လျင်မြန်စွာ ကြီးထွားလာကာ ထျန်းကျင်းနှင့် နီးကပ်လေလေ သူ၏ စိတ်ခံစားမှုများ အားကောင်းလေလေဖြစ်သည်။
ကောင်းကင်နတ်ဘုရားက တော်ဝင်မျိုးနွယ်ကို ချေမှုန်းပစ်ခဲ့သော်လည်း သူကိုယ်တိုင် ပေါ်မလာခဲ့ပေ။ ဆိုလိုသည်မှာ တာအိုဘိုးဘေး၏ အင်အားက တော်ဝင်မျိုးနွယ်စု အထွတ်အထိပ်ရောက်ခဲ့စဉ်ကထက် ကျော်လွန်သွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။
တာအိုဘိုးဘေး ဘယ်လောက် အစွမ်းထက်သလဲ.....
ဤသည်မှာ သူလိုက်ရှာရမည့် စွမ်းအားပင်ဖြစ်သည်!
တာအိုဘိုးဘေးက တကယ်ပင် အင်မော်တယ်နတ်ဘုရားဖြစ်ပေသည်။
ဒီအကြောင်းတွေးရင်းနဲ့ တိချန်ရဲ့ စိတ်ထဲမှာ ရင်ခုန်တုန်လှုပ်စရာကောင်းတဲ့ အချက်ပေးသံများဆူညံလာပြီး ရုတ်တရက် လန့်သွားလေတော့သည်။