အထက်နယ်မြေမှ မျိုးနွယ်စုများ
Vol. 23 Ch. 343
တိချန် တစ်ခုခုလွဲနေပြီဆိုတာ သိလိုက်ရပြီး ချက်ချင်း ထထိုင်လိုက်သည်။ မျက်လုံးမှိတ်ထားလိုက်သည်နှင့်ပင် သူ့အသိစိတ်က ထူးဆန်းသောအခြေနေသို့ ရုတ်တရက်ရောက်သွားသည်။ ကမ္ဘာကြီးက သူ့ပတ်ဝန်းကျင်မှာ လည်ပတ်နေသလို ခံစားနေရသည်။
ရုတ်တရက် သူ့ခြေထောက်တွေ မြေပြင်ပေါ်ရောက်လာသည်။
"ကမ္ဘာမဖန်ဆင်းခင်ကတည်းက ငါ ဒီမှာရှိခဲ့တယ်....မဟာတာအိုက ငါတစ်ယောက်တည်းအတွက်ပဲ....မြင့်မားတဲ့ လျှို့ဝှက်ဆန်းကြယ်တံခါးကိုးခုရှေ့မှာနေထိုင်ရင်း သတ္တဝါအားလုံးကို အင်မော်တယ်အဖြစ်သို့ အလင်းပေးပြပေးမယ်....”
“ဒါဟာ ငါ့ရဲ့…”
တိချန်၏ နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ မျက်လုံးဖွင့်ကြည့်တော့ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
ကောင်းကင်မှာ တိမ်ပင်လယ်ကြီးက စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး မရေမတွက်နိုင်တဲ့ လူတွေ တိမ်ပင်လယ်ထဲတွင် ကူးခတ်နေကြသည်။ ကြီးမားသော တောင်တန်းကြီး အရွယ်အစားရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများလည်းရှိပြီး လူသားသိုင်းပညာရှင် အများအပြားလည်း ရှိသည်။ တိမ်ပင်လယ်၏ အလွှာတိုင်းတွင် အဆုံးမရှိသော အလင်းရောင်ကို ထုတ်လွှတ်နေသော မြင့်မားသည့် ဘုံဗိမာန်များ တည်ရှိနေသည်။
ဤကဲ့သို့ မြင်ကွင်းမျိုးကို ကောင်းကင်နှင့် ကမ္ဘာမြေဧကရာဇ်နယ်ပယ်တွင်ရှိနေသည့် တိချန်အဖို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။ များပြားလှသော မျိုးနွယ်စုများ တစ်နေရာတည်းတွင် အမှန်တကယ် ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်သလား.... သူ့စိတ်ထဲတွင် စကားသံက..
တာအိုဘိုးဘေးရဲ့အသံလား......ဒီနေရာက.စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်လား...?
တိချန် အံ့သြသွားသည်။ ထိုအချိန်တွင် သူစိတ်ထဲ ပေါ်လာသည်က....
တာအိုဘိုးဘေးက တကယ်ကို အင်မော်တယ်နတ်တစ်ပါးဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်မှ ဆင်းသက်လာသူတစ်ဉီးက "လူသစ်တစ်ယောက်လား"ဟု ပြုံးပြုံးလေး မေးလိုက်သည်။
တိချန်က အံ့အားသင့်သွားပြီး "မင်းဘယ်လိုသိလဲ"ဟု ပြန်မေးလိုက်သည်။
ထိုလူငယ်က သူ့မေးခွန်းကြောင့် ကျယ်လောင်စွာ ရယ်မောခဲ့သည်။
“လူသစ်တစ်ယောက်သာ မြေကြီးပေါ်မှာ ရပ်နေလိမ့်မယ်.... သွားကြရအောင်။ ငါ မင်းကို ကောင်းကင်ပေါ် ခေါ်သွားပေးမယ်.... ကောင်းကင်ဘုံက စိတ်လှုပ်ရှားစရာအကောင်းဆုံးနေရာပဲ..နောက်ဆို မင်း ပြန်ဆင်းချင်မှာမဟုတ်ဘူး..."
တိချန်က တဖက်လူ ကြွားလုံးထုတ်နေတယ်လို့ ခံစားမိပေမယ့် လေပေါ်မပျံဝံသေးပေ။ အမှန်တော့၊ သူက ဤနေရာတွင် လူသစ်ဖြစ်ပြီး စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်ကို နားလည်ရန်လည်း လိုအပ်တာကြောင့် ချက်ချင်း လိုက်သွားခဲ့သည်။
“ဒီကလူတွေက အရမ်းစိတ်အားထက်သန်တယ်။ အနည်းဆုံးတော့ သူတို့မှာ တော်ဝင်မျိုးနွယ်စု နဲ့ တခြားအင်အားကြီးတဲ့ လူမျိုးတွေရဲ့ မောက်မာတဲ့ သဘောထားမျိုး မရှိဘူး…”
တိချန်က လူငယ်၏ ကျောပြင်ကို ကြည့်ပြီး တွေးနေမိသည်။
အင်မော်တယ်ခေတ်၏ 71 နှစ်တွင်၊ ကောင်းကင်မြစ် လွင့်စင်မသွားသေးဘဲ ကောင်းကင်တွင် တဟုန်ထိုး စီးဆင်းနေဆဲဖြစ်သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်း၌....
ကျန်းချန်ရှန်းက လက်ရှိတွင် ကောင်းကင်မြစ်အကြောင်း နားလည်ဆင်ခြင်နေသည်။ဖုန်းရှန်းယန်ရိစာလိပ်က သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သော်လည်း၊ယခုအချိန်တွင် ၎င်းကို မလိုအပ်ပေ။
ကောင်းကင်မြစ်တွင် မရေမတွက်နိုင်သော ကြယ်များ ပါ၀င်ပြီး ၎င်းတို့ အများစုတွင် သက်ရှိများ ရှိသည်။ တစ်နည်းဆိုရသော် ကြယ်အများစုက ပြီးပြည့်စုံသောကမ္ဘာများဖြစ်ကြပြီး ကောင်းကင်နှင့်မြေကြီး၏နိယာမများကိုနားလည်ခြင်းက ကျန်းချန်ရှန်းအတွက်အကျိုးရှိသည်။
တာအိုကမ္ဘာ ပို၍ပို၍ ပြီးပြည့်စုံလာသည်နှင့်အမျှ တာအိုကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက သူ၏ တာအိုသစ်သီးများကို ဝန်းရံလာပြီး အလိုဆန္ဒငြိမ်းသတ်သွားတော့သည်။
ဥာဏ်အလင်းရရှိပြီးနောက် ကျန်းချန်ရှန်း အချိန်ကို လျစ်လျူရှုခဲ့သည်။
မဟာကန္တရနတ်ဘုရား ကွယ်လွန်သွားခဲ့ပြီဖြစ်သောကြောင့် ပြဿနာကြီးကြီးမားမား မဖြစ်သင့်ပေ။ဖြစ်ခဲ့လျှင်တောင် ပထမဆုံး သူနိုးလာနိုင်သည်။ ထို့အပြင်၊ အပြင်တွင် အထူးကိုယ်ပွားများမွေးထုတ်ထားခဲ့ပြီး အန္တရာယ်ကို ခံစားမိသောအခါတွင် သူ၏နားလည်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေလိမ့်သည်။
နိုဝင်ဘာလတွင် နှင်းများ ထူထပ်စွာ ကျဆင်းနေသည်......
ချန်ယောင်လင်းဆီသို့ တိချန် အလည်အပတ်လာရောက်ခဲ့သည်။
သူတို့နှစ်ယောက် လသာဆောင်တွင် ဆုံကြပြီး တိချန်က သူမ၏နယ်ပယ်ကို မမြင်နိုင်သဖြင့် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
"မိန်းကလေးက အပြင်လောကကလားလို့ မေးလို့ရမလား"
ချန်ယောင်လင်းက သူ့ကို အကဲခတ်လိုက်ပြီး “ဟုတ်တယ်... တော်ဝင်မျိုးနွယ်စု ပြိုလဲရခြင်းအကြောင်း ကျွန်မ သိထားတာတွေရှိတယ်..."
တိချန်ရဲ့ အော်ရာက ပြင်းထန်လွန်းသဖြင့် ကျင်းချန်ကို ရောက်တာနဲ့ သူမ သူ့ကို ရှာတွေ့ခဲ့သည်။ တာအိုဘိုးဘေး တံခါးပိတိကျင့်ကြံနေတာကြောင့် သူမ အခုလို ကူညီခဲ့ရသည်။
တာအိုဘိုးဘေးမှလွဲ၍ ကျင်းချန်တွင်မည်သူမျှ သိုင်းဧကရာဇ်များကို မနှိမ်နင်းနိုင်ပေ။
တိချန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး “စီနီယာ.... တော်ဝင်မျိုးနွယ်စု ဘာကြောင့် ပျက်စီးခဲ့ရတာလဲဆိုတာ ပြောပြပါ…”
အမှန်တရားကို မှန်းဆထားပြီးသားဖြစ်သော်လည်း မှန်းဆချက်သာဖြစ်သည်။ အမှန်တရားကို သိတဲ့သူဆီက အဖြေတစ်ခု လိုအပ်နေပေသည်။
ချန်ယောင်လင်းက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ မဟာကန္တရရနတ်ဘုရား သိုင်းပညာ ပိတ်ဆို့မှုတစ်ခုကို ကြုံတွေ့ခဲ့ရပုံကို စတင်ပြောဆိုခဲ့သည်။
မဟာကန္တရသိုင်းကမ္ဘာ၏ ပထမဆုံးသော တော်ဝင်မျိုးနွယ်စုက အမှန်တကယ်ပင် လူသားမျိုးနွယ်ဖြစ်သည်။
ကောင်းကင်နတ်ဘုရားက သက်ရှည်ဆေးကိုသန့်စင်စေလိုသည်။
ထိုစကားကိုကြားသောအခါ တိချန် အံ့ဩသွားသည်။ တော်ဝင်မျိုးနွယ်စုဝင်တယောက်၏ မာနတရားများ သူ့နှလုံးသားထဲတွင် ကွဲအက်သွားသည်။
ဤကမ္ဘာက တော်ဝင်မျိုးနွယ်စုနှင့်မသက်ဆိုင်ကြောင်း သိလာရသည်။ တော်ဝင်မျိုးနွယ်စုကို တော်ဝင်မျိုးနွယ်စု လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ မဟာကန္တရနတ်ဘုရားက လူသားမျိုးနွယ်ကို ဖိနှိပ်ဖို့ မျိုးနွယ်တစ်ခု လိုအပ်နေသောကြောင့်ပင်....
အကယ်၍ လူသားများ သိုင်းလောကတွင် ရှိနေရမည်ဟု ပြဋ္ဌာန်းထားသော နတ်ဘုရားသိုင်းနယ်မြေကြောင့်သာ မဟုတ်ပါက၊ တော်ဝင်မျိုးနွယ်စု အမြစ်ပြတ်ချေမှုန်းခံရမည်ဖြစ်သည်။
ဒါဟာအမှန်တရားပင်.... မဟာကန္တရနတ်ဘုရားက တော်ဝင်မျိုးနွယ်စုကို ဖျက်ဆီးခဲ့ပြီး နောက်ဆုံးအခိုက်အတန့်တွင် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ပြင်ဆင်ခဲ့သည်။
ရယ်စရာကောင်းလိုက်လေခြင်း......
" တာအိုဘိုးဘေးက လူသားမျိုးနွယ်ကို ကယ်တင်ရုံသာမက များပြားလှတဲ့ မျိုးနွယ်စုတွေကိုပါ ကယ်တင်ခဲ့တယ်...သူက အထက်ကိုတက်လှမ်းနိုင်သူမို့ ငါ့သခင်ကတောင် တာအိုဘိုးဘေးနဲ့ပူးပေါင်းချင်နေတယ်...."
ချန်ယောင်လင်း သက်ပြင်းချလိုက်သည်။တာအိုဘိုးဘေး၏ကောင်းသောအရာများကို ပြောပြပြီး တိချန်ကို စိတ်မညစ်ပါနဲ့လို့ ပြောလိုက်သည်။အဆုံးတွင်၊ တိချန်က တာအိုဘိုးဘေးအပေါ် ကြည်ညိုလေးစားမှုနှင့် တယူသန်သောခံစားချက်များကို ဖော်ပြခဲ့ကြောင်း သူမတွေ့ရှိခဲ့သည်။
ချန်ယောင်လင်း အံ့သြသွားသည်။ ကောင်းကင်မြစ် မရောက်ခင်ကတည်းက
တာအိုဘိုးဘေးက တကယ်ကို အစွမ်းထက်နေပြီပဲ......
“ကျွန်တော်က နှစ်အတော်ကြာအောင်အသက်ရှင်နေထိုင်ခဲ့ပေမယ့် သူနဲ့တူတဲ့ တည်ရှိမှုကို တစ်ခါမှ မတွေ့ဖူးဘူး.... သေချာတာကတော့ တာအိုဘိုးဘေးက အင်မော်တယ်နတ်ဘုရားပဲ...ကျွန်တော်က. စကားတွေအများကြီးမပြောတတ်ပေမယ့် တစ်ခုတော့ပြောခဲ့မယ်...တာအိုဘိုးဘေးကိုယုံကြည်တာက အကြီးကျယ်ဆုံးအခွင့်အရေးပဲ.....!”
ချန်ယောင်လင်း မျက်ခုံးပင့်လိုက်မိသည်။ သူတွေ့ဖူးတဲ့ သိုင်းပညာရှင်အချို့ကလည်း အလားတူစကားမျိုး ပြောဖူးတာကို သတိရမိသည်။
သူမ နားမလည်တာတွေ ရှိနေသလား....?
တာအိုဘိုးဘေး၏ပုံရိပ်က သူမ၏ နှလုံးသားထဲတွင် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာသည်။
တာအိုဘိုးဘေးကို ချီးမွမ်းနေတဲ့ တိချန် စကားကို အဆက်မပြတ် နားထောင်ရင်း ချန်ယောင်လင်းရဲ့ စိတ်တွေ ပြောင်းလဲလာချေပြီ....
မူလက တိချန်ကို ဆွဲဆောင်ချင်ပေမယ့် သူမကသာ ဆွဲဆောင်ခံရမည့်သူ ဖြစ်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။
ထိုအရာက ယုံကြည်သူများ၏ ကြောက်စရာကောင်းသော အရာဖြစ်သည်။ ယခုအချိန်တွင် ကျန်းချန်ရှန်းက သူ၏ယုံကြည်ချက်ကို လူသိရှင်ကြားထုတ်ဖော်ရန် မလိုအပ်တော့ပေ။ သူ၏ယုံကြည်သူများက အဆုံးမရှိသော ယုံကြည်သူအသစ်များကို ဆွဲဆောင်ရန် ကူညီပေးနိုင်သည်။
နှစ်တွေ ကုန်လွန်သွားခဲ့ပြန်သည်......
ဤသိုင်းကမ္ဘာသို့ ကောင်းကင်မြစ်မှယူဆောင်လာသောပြောင်းလဲမှုများက ပို၍ ကြီးမားလာသည်။ သိုင်းလောက၏ ဝိညာဉ်စွမ်းအင်တစ်ခုတည်းတင် နှစ်ဆတိုးလာသည်။
သို့ရာတွင်၊ ကောင်းကင်မြစ်က လူ့လောကတွင် ကြာရှည်နေမည်မဟုတ်ပေ။
အင်မော်တယ်ခေတ်၏ နှစ် 80 တွင်၊ ကောင်းကင်မြစ် မြင့်တက်လာပြီး မဟာကန္တရသိုင်းကမ္ဘာမှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်းချန်ရှန်း ၏ နားလည်ဆင်ခြင်မှု အခြေအနေလည်း နောက်ဆုံးတွင် ရပ်တန့်သွားသည်။ မျှော်ကြည့်လိုက်တော့ ကောင်းကင်မြစ် ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။
သူ့ကိုယ်ပွား မြေပြင်ကနေ ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲကို ခုန်ဝင်သွားသည်။ သူ့ကိုယ်ပွား၏မှတ်ဉာဏ်များကို ပေါင်းစပ်ပြီးနောက် ကျန်းချန်ရှန်း ဤအချိန်ကာလအတွင်း နန်းတော်ထဲသို့ သူ့ကိုတွေ့လိုသူများလာတွေ့ရန် စီစဉ်ပေးခဲ့သည်။
ပထမဆုံးရောက်လာသူက ချန်းလီ.....
ထျန်းကျင်းအကြောင်းဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ မလုပ်နိုင်ပေ။
“နောက်ထပ် မျိုးနွယ်စုတွေက ထျန်းကျင်း နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိချင်ကြတယ်.... အားလုံးက တုံ့ပြန်မှုကို စောင့်နေကြတယ်....ကျွန်တော် သူတို့ကိုတကယ်စိတ်ကုန်နေပြီ.... ဒါ့အပြင် အရှင့်ရဲ့အနာဂတ်အစီအစဉ်ကိုလည်း သိချင်တယ်"
ချန်းလီ ဦးညွှတ်ပြီး ပြောလိုက်ပြီးနောက် ကျန်းချန်ရှန်းကို ရိုသေစွာ ကြည့်နေသည်။
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း၊ ထျန်းကျင်းက ပြင်းထန်သောပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။
တော်ဝင်မျိုးနွယ်စုမှ ဆင်းသက်လာသော တိချန်က တာအိုဘိုးဘေးအတွက် အလုပ်လုပ်မည်ဟု ကြေညာခဲ့သည်။ သူသည်လုံချီဘုရားကျောင်းသို့ပင် ဝင်ရောက်ခဲ့ပြီး ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်အားလုံးကို လမ်းညွှန်ပြသရန် ဆန္ဒရှိခဲ့သည်။ ဤကိစ္စက ကြီးမားသော တုံ့ပြန်မှုကို ဖြစ်စေသည်။
တိချန်က သိုင်းဧကရာဇ်နယ်မြေဖြစ်သည့် ကောင်းကင်နှင့်မြေပြင်
ဧကရာဇ်နယ်ပယ်တွင်ရှိနေသည်။
ကျန်းချန်ရှန်း က "သာမန်အတိုင်း၊ ထျန်းကျင်းဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေသေးပေမယ့် ဇီယုကို တိုက်ပွဲမှာ ဦးဆောင်ခွင့်ပေးလိုက်ပါ"
သူ့သားမြေးတွေကို နေရာပေးရမည်။ ထို့အပြင်၊ ထျန်းကျင်းက အချိန်အတိုင်းအတာတစ်ခုအထိ နယ်မြေ ချဲ့ထွင်ရန်မလိုအပ်ပေ။
ချန်းလီ ထိုစကားကိုကြားသောအခါတွင် သူ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး "အရှင် ဒီဘယ်လောက်ကြာကြာနေမှာလဲ" ဟု ဂရုတစိုက်မေးသည်။
မကြာသေးမီက၊ မဟာရွှမ်းဟန်ကမ္ဘာအကြောင်း ကောလာဟလများ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်တွင်ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့သည်။ ၎င်းကို ထုတ်ဖော်ပြသခဲ့သူမှာ ဝိညာဉ်တောင်တန်းနတ်ဘုရားမ ချန်ယောင်လင်း ဖြစ်သည်။
အဆုံးတွင် ချန်ယောင်လင်းတစ်ယောက် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး ကျန်းချန်ရှန်းကို ယုံကြည်သက်ဝင်သူ ဖြစ်လာခဲ့သည်။ သူမက အခြားယုံကြည်သူများကို တသွေးတသားတည်းအဖြစ် မှတ်ယူထားပြီး မဟာရွှမ်းဟန်ကမ္ဘာကြီးအကြောင်း ဖုံးကွယ်ထားခြင်းမရှိပေ။ တာအိုဘိုးဘေးက မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပိုမိုမြင့်မားသောကမ္ဘာသို့ တက်လှမ်းမည်ဖြစ်ကြောင်း ယုံကြည်သူများကို မူလက ပြောပြခဲ့သော်လည်း ယုံကြည်သူများကို ထိတ်လန့်စေခဲ့သည်။
တာအိုဘိုးဘေး ထွက်သွားလျှင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေကို လာလို့ရပါဉီးမလား.... တာအိုဘိုးဘေးက သူတို့ကို စွန့်လွှတ်မှာလား.......
ကျန်းချန်ရှန်းက .. "ဇီယု မဟာသူတော်စင်နယ်ပယ်ရောက်ရင် ထီးနန်းလွှဲမယ်.... စိတ်ပူစရာမလိုဘူး.... ငါက ကောင်းကင်တရားရုံးကို သွားပြီး မင်းတို့ဘိုအရာရှိဟောင်းတွေက ငါ့နောက်ကို လိုက်လာလိမ့်မယ်.... မကြာခင် မင်းကို နတ်ဘုရားရာထူး ပေးမယ်....."
ချန်းလီ ထိုစကားကိုကြားသောအခါတွင် အလွန်ဝမ်းသာသွားပြီး ကျန်းချန်ရှန်း အား ကျေးဇူးတင်စကားဆိုလိုက်သည်။
သူသည် မင်းဆက်ခေတ်များစွာတွင် ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး သေမျိုးကမ္ဘာက ရာထူးအာဏာကို စိတ်မဝင်စားတော့ပေ။ အခုချိန်မှာတော့ ဒါက သူ့တာဝန်ဖြစ်ပေသည်။ အင်မော်တယ်များကြားတွင်အဆင့်သတ်မှတ်ခံရမည်ကို မည်သူငြင်းနိုင်မည်နည်း.... ချန်းလီက မေးခွန်းတွေထပ်မေးပြီး ကျန်းချန်ရှန်းက တခုချင်းစီပြန်ဖြေပေးခဲ့သည်။
တိုတိုပြောရရင် လက်ရှိ ထျန်းကျင်းဟာ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ မလိုအပ်တော့ပေ။ အရေးကြီးဆုံးက သူ့ကိုယ်သူ ကြံ့ခိုင်အောင် အရင်လုပ်ရမည်။ သိုင်းလောကတွင် အရေးကြီးဆုံးအရာမှာ သိုင်းလောက၏ အလုံးစုံသော ခွန်အားဖြစ်သည်။
ချန်းလီ ထွက်သွားပြီးနောက် မုလင်းလော့ရောက်လာသည်။ နှစ်ဉီးသာ တရက်တာအတူကုန်ဆုံးပြီးနောက် မုလင်းလော့ တုံ့ဆိုင်းစွာ ပြန်သွားခဲ့သည်။
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲက ထွက်လာခဲ့ကာ ဧကရာဇ်ဥယျာဉ်သို့ ရောက်သောအခါ နန်းတွင်းအစေခံ
တစ်ဦးက သေရည်နှင့် အရသာရှိသောအစားအသောက်များ ယူဆောင်လာသည်။
အင်မော်တယ်ကျင့်ကြံသူဖြစ်တာကြောင့် စားသောက်ခြင်းမှ ရှောင်ကြဉ်ခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်ရေးစွမ်းအင်ကို အားကိုးခြင်းက သူ့အတွက် လုံလောက်သည်။ သို့သော် ရံဖန်ရံခါ ဤသို့အရသာရှိသောအစားအသောက်များကို မြည်းစမ်းကြည့်ခြင်းသည်လည်း သူ့ကို ကျေနပ်စေနိုင်သည်။
သိပ်မကြာခင်မှာပဲ ချန်ယောင်လင်း ရောက်လာသည်။
"တာအိုဘိုးဘေး၊ နတ်ဘုရားဇီဟွမ်းက မဟာကန္တရသိုင်းကမ္ဘာရဲ့ အရှင်သခင်ဖြစ်လာပြီ...ဒါပေမယ့် သို့သော်၊ သူမသည် ဒီကမ္ဘာရဲ့ ကံကောင်းမှုကို သိမ်းပိုက်ရဉီးမှာမို့ နှစ်ပေါင်းများစွာကြာအောင် ထွက်လာနိုင်မှာ မဟုတ်ဘူး...."
နတ်ဘုရားဇီဟွမ်း...?
အသုံးအနှုန်း အပြောင်းအလဲကို သတိပြုမိပြီး ကျန်းချန်ရှန်း တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။
ဆိုလိုတာက သူမ သူ့ဘက်ကို လုံးဝပါလာခဲ့ပြီ......
ချန်ယောင်လင်းက သူ့သခင်ကို ဆန့်ကျင်ရလောက်အောင် ဒီအချိန်အတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ.....
ကျန်းချန်ရှန်း က “နတ်ဘုရားဇီဟွမ်း မင်းကို လာမေးရင် သူ့ကြောက်လန့်သွားစေနိုင်တာမျိုး ဘာမှ မပြောပါနဲ့.... ငါ သူနဲ့ရန်သူမဖြစ်ချင်ဘူး... သူ့ရဲ့ ရဲစွမ်းသတ္တိအတွက် ကျေးဇူးတင်ပေမယ့် ငါ့ရဲ့ ရပ်တည်ချက် ပြောင်းလဲသွားတဲ့အခါ သူလည်း နောက်ထပ် မဟာကန္တရနတ်ဘုရား ဖြစ်လာမှာကို စိုးရိမ်မိတယ်”
ချန်ယောင်လင်းက ခေါင်းညိတ်ပြီး..... “နားလည်ပါတယ်။ စိတ်မပူပါနဲ့.... တကယ်တော့ နတ်ဘုရားအားလုံးက အတူတူပါပဲ....သူတို့အားလုံး အမြတ်ထုတ်ဖို့ ကြံစည်နေကြတာပဲလေ....ရှင့်ရဲ့
ရည်မှန်းချက်တွေနဲ့ နှိုင်းစာရင် အဲဒါတွေက ဘာမှမဟုတ်ဘူး”
သူမက ကျန်းချန်ရှန်းကို လေးလေးနက်နက် ကြည့်လိုက်သည်။
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်တွင် လူမျိုးပေါင်းစုံ ပါဝင်ပါသည်။ တာအိုဘိုးဘေးက လူသားမျိုးနွယ်အပေါ် စိုးမိုးအုပ်ချုပ်ခြင်း မရှိခဲ့ပေ။ အဲဒီအစား တခြားလူမျိုးစုတွေကို မြှင့်တင်ပေးပြီး သက်ရှိသတ္တဝါအားလုံ တန်းတူညီမျှမှုရဗိရန် သူ၏ရည်မှန်းချက်က ယုံကြည်သူအားလုံးထံ ပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး.... "နတ်ဘုရားဇီဟွမ်းနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ....."
ချန်ယောင်လင်း က “ ကျွန်မတို့က ချန်ကလန်ကပါ...နတ်ဘုရားဇီဟွမ်းက ကျွန်မရဲ့စီနီယာပါ.... ချန်ကလန်က မဟာရွှမ်းဟန်ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားပြီး ကျွန်မ ငယ်ငယ်ကတည်းက သူ့နောက်ကို လိုက်ခဲ့တာ…”
သူမက ချန်ကလန်အကြောင်း မိတ်ဆက်ပေးဖို့ အခွင့်အရေးယူခဲ့ပြီး အတော်လေး ဂုဏ်ယူခဲ့သည်။ တာအိုဘိုးဘေးရှေ့တွင် သူမ၏နောက်ခံကိုပြသခြင်းဖြင့် သူမကို ပိုတန်ဖိုးထားမည်ဟု ခံစားမိသည်။
မဟာရွှမ်းဟန်ကမ္ဘာတွင် ရှေးဟောင်း မင်းမျိုးမင်းနွယ်များနှင့်မြင့်မြတ်သောဂိုဏ်း အများအပြားရှိခဲ့သည်။ အမှန်တော့၊ ၎င်းသည် သိုင်းလောက၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းတစ်ခုဖြစ်သည်။ အတိအကျပြောရလျှင် သိုင်းလောက၏ ဖွံ့ဖြိုးတိုးတက်မှုက မဟာရွှမ်းဟန်ကမ္ဘာကို စံနမူနာပြုထားသည်။ မဟာရွှမ်းဟန်ကမ္ဘာတွင် လူသားများ ပေါင်းစည်းလိုက်သောအခါ၊ အထက်တန်းစားမိသားစုများက ၎င်းတို့၏မျိုးရိုးအမည်များကို ၎င်းတို့၏ကလန်အမည်အဖြစ် အသုံးပြုကြပြီး ကလန်များကြား ပြိုင်ဆိုင်မှု အလွန်ပြင်းထန်သည်။
ချန်ကလန်တွင် နတ်ဘုရား ခုနစ်ပါးရှိပြီး ၎င်းတို့က နတ်ဘုရားသိုင်းနယ်မြေ
ရှိ ချန်ကလန်၏ တန်ခိုးခွန်အားကို ကိုယ်စားပြုသည်။ ချန်ကလန်၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာသည်။ ချန်ယောင်လင်းပင်လျှင် ချန်ကလန်၏ အသန်မာဆုံး ကျွမ်းကျင်သူ မည်မျှ အစွမ်းထက်မည်ကို မသိခဲ့ပေ။
ချန်ယောင်လင်းက တစ်ခုခုကို သတိရပြီး..... “တာအိုဘိုးဘေး၊ မကြာသေးမီက အထက်ကမ္ဘာက လူတွေအများကြီး ကောင်းကင်မြစ်တစ်လျှောက် ဆင်းလာခဲ့တယ်... လောလောဆယ် သူတို့ ရည်ရွယ်ချက်ကို မသိရသေးဘူး .."