← Chapters

ကောင်းကင်တရားရုံးကိုဖန်တီးခြင်း..... အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်၏ခြိမ်းခြောက်မှု

Vol. 23 Ch. 344

ကောင်းကင်တရားရုံးကိုဖန်တီးခြင်း..... အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်၏ခြိမ်းခြောက်မှု

Vol. 23 Ch. 344

"ငါ စုံစမ်းလိုက်မယ်"

ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်သည်။ ဤကမ္ဘာပေါ်တွင် အသန်မာဆုံး ကျွမ်းကျင်သူက သူ့ထက် မည်မျှ အစွမ်းထက်ကြောင်း သူ့စိတ်ထဲတွင် တွက်ချက်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း တစ်စုံတစ်ယောက်က အမွှေးတိုင်ပေါင်း 150 ဘီလီယံတန်ဖိုးသို့ ရောက်ရှိသွားခဲ့သည်။ မဟာကန္တရနတ်ဘုရားထက် ယုတ်ညံ့သော်လည်း၊ အလွန်တန်ခိုးကြီးသော တည်ရှိမှုဖြစ်နေဆဲပင်....

ချန်ယောင်လင်းနှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် သူမ ထွက်ခွာသွားခဲ့သည်။ သူ့နောက်ကျောကိုကြည့်လိုက်တော့ ကျန်းချန်ရှန်းက သူမကိုတရားဝင်နတ်ဘုရားဘွဲ့ပေးသင့်သလားတွေးလိုက်မိသည်။

ဖုန်းရှန်းယန်ရိစာလိပ်တွင် နတ်ဘုရားများ အများအပြားမရှိပေ။ထို့ကြောင့် သူပိုပြီး သတိထားရပေမည်။

သူမက ယုံကြည်သူဖြစ်သော်ငြား နတ်ဘုရားဇီဟွမ်းဘက်က ချန်ကလန်ကို ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားခဲ့လျှင် သူမ သူ့ဘက်တွင် ဆက်လက်ရပ်တည်နေမည်ကို မသိနိုင်ပေ။

ယုံကြည်ခြင်း၏ လွှမ်းမိုးမှုက ကြီးမားသော်လည်း နှိုင်းယှဉ်မှုပေါ်တွင်လည်း မူတည်သည်။ လက်ရှိတွင် ကျန်းချန်ရှန်းက သူ၏ယုံကြည်သူများကို ၎င်းတို့၏မိသားစုကို ဆန့်ကျင်ရန် ကြိုးပမ်းခြင်းမရှိသေးပေ။ သူ့အမြင်မှာတော့ အဲဒါကို မလိုအပ်သေးပေ။ အန္တရာယ်များပြီး အဓိပ္ပါယ်မဲ့နေသလိုဖြစ်နေမည်။ ကျန်းချန်ရှန်းက ယုံကြည်သူများကို တိုက်ခိုက်ရန်မဟုတ်ဘဲ အမွှေးတိုင်များရရှိရန်သာအားကိုးခဲ့သည်။

မကြာခင်မှာပဲ ကျန်းချန်ရှန်း ​​တခြားသူတွေနဲ့ တွေ့ဆုံခဲ့သည်။ ၎င်းတို့အားလုံးက ဖူယွဲ့ မိသားစု၊ နဂါးဘုရားကျောင်း၊ နဂါးအသွင်​ပြောင်းစံအိမ်နှင့် တော်ဝင်မျိုးနွယ်စုအစရှိသည့် သူနှင့်အချိန်အတော်ကြာ သိကျွမ်းခဲ့သော သူငယ်ချင်းဟောင်းများဖြစ်သည်။

ကျန်းချန်ရှန်းက တိချန်၏တင်ပြချက်အတွက် အလွန်ပျော်ရွှင်ခဲ့သည်။ ထျန်းကျင်း၏ ဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်သော်လည်း အချိန်ယူရသေးသည်။ တိချန်က စစ်မှန်သော သိုင်းဧကရာဇ်ဖြစ်ပြီးသာမန်သိုင်းဧကရာဇ်မဟုတ်ပေ။ တိချန် ကို အားကိုးရုံနဲ့ ကမ္ဘာပေါ်က သိုင်းဧကရာဇ် တွေရဲ့ 90% ကို အနိုင်ယူဖို့ လုံလောက်ပါပြီ။

ကျန်းချန်ရှန်းဘက်က မတွန့်တိုဘဲ တိချန် ကို ဗိုလ်ချုပ်ရာထူး တိုက်ရိုက်ပေးအပ်ပြီး ထျန်းကျင်း၏သိုင်းဧကရာဇ်အဖြစ် ကမ္ဘာသိအောင် ကြေညာခဲ့သည်။

တစ်လမပြည့်မီတွင်၊ ဤအင်ပါယာအမိန့်တော်က ထျန်းကျင်းရှိမြို့များအနှံ့ပျံ့နှံ့သွားခဲ့ပြီး ထျန်းကျင်းရှိလူတိုင်းကို စိတ်လှုပ်ရှားစေခဲ့သည်။ သိုင်းပညာရှင်များကတော့ ဖိအားများကို ခံစားခဲ့ရသည်။ ထျန်းကျင်း၏ ဒုတိယ သိုင်းဧကရာဇ်က အခြားမျိုးနွယ်မှ ဖြစ်လာမည်ဟု ၎င်းတို့ မမျှော်လင့်ထားပေ။ ဒါက သေချာပေါက် တွန်းအားတစ်ခုပင်.....

တနေ့သ၌....

ကျန်းချန်ရှန်း တောင်ဘက်ကောင်းကင်တံခါးသို့ ပျံသန်းပြီး မဟာဖန်ဆင်းခြင်းကို စတင်အသုံးပြုခဲ့သည်။

ကောင်းကင်၌ နန်းတော်တစ်ခုဖန်တီးရန် ကြိုးပမ်းခဲ့ပြီး ကွမ်းတုံးယုနှင့်တိချန်တို့ သူ့နောက်တွင် ရပ်နေကာ နတ်ဘုရားစွမ်းရည်ကိုမြင်ပြီး နှစ်ယောက်သား တုန်လှုပ်ခြောက်ခြားကာ အကြာကြီး တိတ်ဆိတ်နေခဲ့သည်။

ခမ်းနားထည်ဝါသော ဘုံဗိမာန်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကာ ကြီးကျယ်ခမ်းနားသော ခုနစ်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

သူတို့သုံးဦး ဒုတိယကောင်းကင်သို့ရောက်ရှိလာကြပြီး ကျန်းချန်ရှန်းက နန်းတော်များကို ဆက်လက်ဖန်တီးခဲ့သည်။ အထပ်မြင့်လေလေ၊ ဘုံဗိမာန်များ နည်းပါးလေလေဖြစ်ပြီး သူတို့၏ အဆင့်အတန်းကို ပြသရန် လုံလောက်လေလေဖြစ်သည်။

နဝမမြောက် ကောင်းကင်၌ ဘုံဗိမာန်များကို ဆောက်လုပ်ပြီးသောအခါ.....

“နောက်ပိုင်း ကောင်းကင်တရားရုံးကို တည်ထောင်တဲ့အခါ မင်းတို့နှစ်ယောက်က ကောင်းကင်နန်းတော်ရဲ့ နတ်ဘုရားနှစ်ပါး ဖြစ်လာမယ်.... ကောင်းကင်တရားရုံးကို ကာကွယ်ခြင်းအပြင် သတ်မှတ်ထားတဲ့အကွာအဝေးအတွင်းက သက်ရှိသတ္တဝါအားလုံးကိုလည်း အကာအကွယ်ပေးရမယ်.....”

ကွမ်းတုံးယုက စပ်စုပြီး.... “ဘယ်လိုနယ်မြေပိုင်းခြားမလဲ ”

“ငါ့ကံတရားကြောင့်၊ သက်ရှိသတ္တဝါအားလုံးကို ငြိမ်းချမ်းမှု မပေးနိုင်ဘူး... ကောင်းကင်တရားရုံးရဲ့ ကံတရားရဲ့အကွာအဝေးအတွင်းမှာပဲ အမိန့်ကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်.....”

ကျန်းချန်ရှန်းက ဖြေကြားပြီးနောက် ကောင်းကင်တရားရုံး၏ အနာဂတ်တာဝန်များကို တစ်ခုပြီးတစ်ခု ရှင်းပြလိုက်ရာ၊ ကွမ်းတုံးယုနှင့်တိချန်တို့ စိတ်လှုပ်ရှားကုန်သည်။

အင်မော်တယ်ကမ္ဘာ၊ လူသားကမ္ဘာနှင့် ငရဲ......

ကောင်းကင်တရားရုံးက လောကသုံးပါးကို ထိန်းချုပ်ထားပြီး ကောင်းကင်သို့တက်လှမ်းခြင်းမှစ၍ လူဝင်စားခြင်းသံသရာအထိ အကျုံးဝင်သည်။

တိချန်က အံကြိတ်ကာ.... "ဒီကမ္ဘာမှာ လူဝင်စားသံသရာ တကယ်ရှိသလား"ဟုမေးတော့ ကျန်းချန်ရှန်းက ပြုံးပြီး.... "မင်းနောင်ပိုင်းကျရင် နားလည်လာလိမ့်မယ်"

ကောင်းကင်တရားရုံးကို နေ့တစ်ဝက်ကြာ တည်ဆောက်ပြီးနောက်၊ ကျန်းချန်ရှန်း က ကွမ်းတုံးယုနှင့် တိချန်ကို စောင့်ကြပ်ရန် တောင်းဆိုခဲ့သည်။ သိုင်းပညာရှင်အချို့က ပျံသန်းနိုင်သဖြင့် မတော်တဆတွေ့သွားနိုင်သည်။

ဤသည်မှာ ကျန်းချန်ရှန်း ဖြေရှင်းရန် လိုအပ်သော ပြဿနာဖြစ်ပြီး၊ ၎င်းမှာ ကောင်းကင်တရားရုံးကို လူသားကမ္ဘာနှင့် ခွဲထုတ်ရန်ဖြစ်သည်။ တာအိုကမ္ဘာကို သူတွေးထားသော်လည်း အနည်းငယ်ကြာအောင် စောင့်ရမည်ဖြစ်ပြီး တာအိုကမ္ဘာ တည်ရှိမှုကို ကြိုမဖော်ထုတ်သင့်ဟု သူခံစားမိသည်။

တာအိုကမ္ဘာက သူ၏ ကျင့်ကြံမှုနှင့် ဆက်စပ်နေသည်။ သူ၏ ကျင့်ကြံမှု အားကောင်းလေလေ တာအိုကမ္ဘာကြီးမားလေလေဖြစ်သည်။ ယခုအချိန်တွင် တာအိုကမ္ဘာကိုသီးသန့် တည်ရှိစေချင်သည်။ ထို့ကြောင့် ကောင်းကင်တရားရုံးနှင့် ထျန်းကျင်းကို ဖျက်ဆီးပစ်ပါက တာအိုကမ္ဘာရှိလူများက သူ့ယုံကြည်သူများ ဖြစ်လာနိုင်သည်။

သူ့မှာ အရန်အစီအစဉ်တစ်ခုရှိရမည်။အရာအားလုံးကို တခုတည်းအပေါ်ပုံအပ်ထားလို့မဖြစ်ပေ။ ​ကောင်းကင်တရားရုံးနှင့်ထျန်းကျင်းကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့လျှင်?????

ကောင်းကင်တရားရုံးကို ဖန်တီးပြီးနောက် ကျန်းချန်ရှန်း ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်သွားပြီး ဆက်လက် ကျင့်ကြံခဲ့သည်။

မဟာကန္တရနတ်ဘုရားနှင့် တိုက်ခိုက်ပြျးနောက်တွင် ဖိအားကို ခံစားနေသေး၏။ ထို့ကြောင့်၊ခွန်အားကို ဘယ်တော့မှ မမှန်းဆနိုင်စေရန် အစွမ်းကုန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။

ယခုအချိန်တွင် သူသည် မဟာကန္တရနတ်ဘုရားထက် သန်မာသော်လည်း နောက်တစ်ကြိမ် တစ်စုံတစ်ယောက်သည် သူ့ကိုရင်ဆိုင်လိုသောအခါ ထိုသူက မဟာကန္တရနတ်ဘုရားထက် တန်ခိုးကြီးပေလိမ့်မည်။

ကမ်းနားမြို့တစ်မြို့၌ သိုင်းပညာရှင်များ လာ၍ သွားလာနေကြသည်။ နှစ်ဘက်လုံးရှိ ဈေးဆိုင်များတွင်လည်း လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ လှပသော အမျိုးသမီးများ သီချင်းများ သီဆိုကာ သိုင်းပညာရှင်များကို ဖျော်ဖြေနေကြသည်။

"မဟာကန္တရသိုင်းကမ္ဘာမှာ လူသားအနည်းငယ်ပဲ ရှိပေမယ့်၊ အတော်လေး အသက်ဝင်နေသားပဲ...."

စကားပြောဆိုသူမှာ အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက လှပသော မျက်နှာနှင့် တက်ကြွသော စိတ်ထားရှိသည်။

သူမဘေးမှာရပ်နေတဲ့ ဝတ်ရုံအနက်ရောင်ဝတ်အမျိုးသားက.... “ဒါဆို သူတို့က လူသားမျိုးနွယ်ထဲကပဲ ဖြစ်ရမယ်....သူတို့ရဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုက တခြားလူမျိုးတွေနဲ့ ယှဉ်လို့မရဘူး.....”

"ဒီကံကြမ္မာမင်းဆက်ကိုပဲ ရွေးကြရအောင်....."

ဝတ်ရုံနက်ဝတ်အမျိုးသား၏ စကားကိုကြားတော့ ဝတ်ရုံစိမ်းအမျိုးသမီးက သူ့ကို လှည့်ကြည့်ကာ.... “ရှင် ဆုံးဖြတ်ပြီးပြီလား” ဟု မေးသည်။

အနက်ရောင်ဝတ်ထားသူက.... “ဟုတ်တယ်..... ဒီမင်းဆက်က အားနည်းပေမယ့် အသုံးချလို့လွယ်မယ့်ပုံပဲ.... မဟာကန္တရရနတ်ဘုရား ကွယ်လွန်သွားပြီဆိုတော့

မဟာကန္တရသိုင်းကမ္ဘာကို အခြားသူတစ်ယောက် သိမ်းပိုက်လိုက်မှာ သေချာတယ်... ငါတို့ အချိန်အတိုင်းအတာတစ်ခုအထိ သိုသိိုသိပ်သိပ်နေနိုင်သရွေ့ ဘေးအန္တာရာယ်ကရှောင်ရှားပြီး ကလဲ့စားချေနိုင်ပြီ...."

ကလဲ့စားချေခြင်းအကြောင်းပြောရင်း သူ့မျက်လုံးထဲမှာ ဒေါသမီးများ တောက်လောင်လာသည်။

အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော အမျိုးသမီးက နှုတ်ခမ်းမဲ့ကာ “လက်စားချေချင်တယ်လို့ ပြောရတာ လွယ်တယ်”

အနက်ရောင်ဝတ်ထားသူက ပြန်မဖြေဘဲ သူရပ်နေတဲ့နေရာကနေ ပျောက်သွားသည်။ အစိမ်းရောင်ဝတ် အမျိုးသမီးက ဒါကိုမြင်တော့ ဒေါသနဲ့ ခြေဆောင်

နင်းပြီး ပျောက်ကွယ်သွားပြန်သည်။

.................

ကျင်းချန်ရှိ တည်းခိုခန်းတစ်ခုတွင် လင်းဟောက်ထျန်း က အခန်းတွင်းရှိ လူများကို ကြည့်ကာ “ဒီမှာ ခဏနေကြဉီး.... သူငယ်ချင်းဟောင်းတစ်ယောက်ကိုသွားတွေ့လိုက်ဉီးမယ်.... ငါ မင်းတို့ဆီ ပိုက်ဆံပို့ဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ်...အပြင်ထွက်ရင် ပိုက်ဆံယူသွားဖို့မမေ့နဲ့.... "

ကျောက်တုံးပြာ မျိုးနွယ်စုမှ စစ်သည်များက ခေါင်းညိတ်ပြကြပြီး အားလုံး အနည်းငယ် မအီမသာဖြစ်နေကြသည်။

သူတို့မရောက်ခင်မှာ ထျန်းကျင်းအပေါ် သံသယတွေ၊ မထီမဲ့မြင်ပြုမှုတွေ ရှိခဲ့တယ်။ယခုတော့ တာအိုဘိုးဘေးက ထျန်းကျင်းတွင် တစ်ဦးတည်းသော သန်မာသူဖြစ်ကြောင်း သူတို့ခံစားမိကြသည်။

သို့သော်၊ ထျန်းကျင်း၏ သာယာဝပြောမှုကာသူတို့ကို အမြင်ကျယ်စေခဲ့သည်။

လင်းဟောက်ထျန်း တည်းခိုခန်းမှထွက်သွားပြီးနောက် လုံချီ တောင်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ အဆုံးတွင် လုံချီ ဘုရားကျောင်း၏ တပည့်များသာ ခြံဝင်းကို သန့်ရှင်းရေးလုပ်နေသည်ကို သူတွေ့ရှိခဲ့သည်။ မေးမြန်းပြီးနောက် ပိုင်ချီ၊ရဲရွှမ်နှင့် ကျန်သူများသည် ဝိဉာဉ်တောင်တန်းသို့သွားကြောင်း သိလိုက်ရသည်။

ဝိဉာဉ်တောင်တန်းသို့လိုက်သွားဖို့ကလွဲ၍ ရွေးချယ်စရာမရှိသော်လည်း တောင်ပေါ်သို့တက်ခွင့်မရှိပေ။ ဤအရာက သူ့ကို ဒေါသဖြစ်စေသောကြောင့် သူ့စိတ်ထဲတွင် စီနီယာဟုသာ တမ်းတလိုက်မိတော့သည်။

သိပ်မကြာခင်မှာဘဲ ဝတ်ဖြူတော် အစောင့်တစ်ယောက်ရောက်လာပြီး သူ့ကို တောင်ပေါ်ကို ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သည်။

ရက်အတော်ကြာပြီးနောက်....

ချန်းလီ ခရမ်းရောင်တိမ်တိုက်နန်းတော်ကထွက်သွားတာနဲ့ ကျန်းချန်ရှန်းက ပြုံးပြီး “ကျောက်တုံးပြာ လူမျိုး။ ဒါက ကောင်းတဲ့အကြံပဲ....”ဟု ရေရွတ်လိုက်သည်။

မဟာကန္တရမင်းဆက်၏ အနက်ရှိုင်းဆုံး နေရာတွေမှာ လူသားမျိုးနွယ်စုတွေ အများအပြားရှိခဲ့ပေမယ့် နေရာတိုင်းမှာ ပြန့်ကျဲနေပြီး အချင်းချင်း ဆက်ဆံရေး မပြေပြစ်ကြပေ။ သူတို့အားလုံးကို စုစည်းနိုင်ရင် ဒါဟာ အတော်အတန် အင်အားကောင်းလာလိမ့်မည်။ သို့သော်လည်း ထိုကိစ္စကို စိတ်မဝင်စားဘဲ ကျန်းဇီယုအတွက် ထားခဲ့မည်ဖြစ်သည်။

ကျန်းဇီယု အကြောင်းပြောရလျှင် သိုင်းဘုရင်နယ်ပယ်ကိုရောက်ရှိနေပြီဖြစ်သည်။အသက်တစ်ရာတောင်မပြည့်သေးတဲ့ သိုင်းဘုရင်တစ်ပါးဟာ လူတိုင်းကို တုန်လှုပ်စေခဲ့ပါသည်။ တိချန် ပင်လျှင် သူ့ကို တပည့်အဖြစ် ခေါ်သွားချင်သည်။

ကျန်းချန်ရှန်း၏ အမိန့်အရ ကျန်းဇီယုက ယုံကြည်ရသော လက်ထောက်များကို စတင်ရှာဖွေခဲ့ပြီး လေ့ကျင့်ရေးကိုသာ အာရုံစိုက်နေသည်။

ကျန်းချန်ရှန်းက ကျင့်ကြံရန် ကောင်းကင်နန်းတော်သို့ မပြောင်းမီတွင် ကျန်းဇီယု မဟာသူတော်စင်နယ်ပယ်ရောက်အောင် စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်တွင်၊ သူတံခါးပိတ်ကျင့်ကြံနေချိန်၌ ထျန်းကျင်း ကို ကာကွယ်ရန်အတွက် ကျန်းဇီယုထံ ကောင်းကင်တရားရုံးကို လွှဲပြောင်းပေးမည်ဖြစ်သည်။

တာအိုဘိုးဘေး၏ နတ်ဘုရားရာထူးများ ပေးအပ်မှုဆိုင်ရာ သတင်းများက မဟာကန္တရမင်းဆက်၌ ပျံ့နှံ့သွားခဲ့သည်။ လူသားမျိုးနွယ်နှင့် ဆက်ဆံရေးကောင်းမွန်သော မျိုးနွယ်စုများက ထျန်းကျင်းတွင် ကျွမ်းကျင်သူများ ပိုများလာစေရန်အတွက် ပါဝင်အားဖြည့်ချင်ကြသည်။ ကံကောင်းထောက်မစွာ၊ ဤနိုင်ငံခြားမျိုးနွယ်စုများက ကမူးရှူးထိုး ပြုမူဝံ့ခြင်း မရှိခဲ့ပေ။

နောက်ဆုံးအဆင့်တက်ခဲ့သည်မှာ ၈၂ နှစ်ကြာခဲ့ပြီဖြစ်ပြီး ကျင့်ကြံမှုဟာ အားကောင်းလာခဲ့သည်။သူ၏ အစွမ်းသတ္တိတန်ဖိုးမှာ အမွှေးတိုင်ပေါင်း ၈၀၀ ဘီလီယံကျော်ရှိသည်။အင်မော်တယ်ဖြစ်သွားသော်လည်း အရှိန်အဟုန် နှေးကွေးမသွားပေ။

ဤလောက၏ ဝိညာဉ်စွမ်းအင် အားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး၊ သူကသာ လောက၏ စည်းမျဉ်းများကို နားလည်နိုင်သော တစ်ဦးတည်းသော သူဖြစ်သည်။

ကျန်းချန်ရှန်း မော့ကြည့်လိုက်တော့ ကောင်းကင်ယံမြစ်ကြီး မဟာကန္တာရ သိုင်းကမ္ဘာမှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်က အက်ကွဲတာတွေတောင် ပြုပြင်ပြီးနေပြီ ...

ကောင်းကင်မြစ်က သိုင်းလောက၏ ဝိညာဉ်စွမ်းအင်ကို နှစ်ဆတိုးစေခဲ့သည်။ နောင်အနှစ်တစ်ထောင်တွင်၊ မဟာကန္တရသိုင်းကမ္ဘာ၌ သိုင်းပညာများ ပျံ့နှံ့လာမည်မှာ သေချာပါသည်။

ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။

သိုင်းပညာဆိုင်ရာ ဝိညာဉ်စွမ်းအင်ကို ကောင်းကင်မြစ်က ထုတ်လုပ်ပေးနေတာလား.....

သိုင်းပညာဆိုင်ရာ ဝိညာဉ်စွမ်းအင်များက ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ထားသောကြောင့် သိုင်းပညာရှင်များက သိုင်းပညာဆိုင်ရာ ဝိညာဉ်စွမ်းအင်များကိုသာ စုပ်ယူနိုင်စေပါသည်။ ရလဒ်အနေဖြင့် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို မည်သူမျှ မစုပ်ယူနိုင်ပေ။

ထိုသို့ဆိုလျှင် ကောင်းကင်မြစ်က တစ်နည်းအားဖြင့် သိုင်းပညာမဟုတ်သော ကျင့်ကြံမှုစနစ်ကို ဖြိုခွင်းခြင်းပင် ဖြစ်သည်။

ကျန်းချန်ရှန်း တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

အင်မော်တယ် ကျင့်ကြံမှုလမ်းကြောင်းကို ထူထောင်လိုပါက ကောင်းကင်မြစ်ကို ဖန်တီးနိုင်ပါသလား.....

ဤသို့ဖြင့် ကျန်းချန်ရှန်း နားလည်သဘောပေါက်သည့် အခြေအနေသို့ တစ်ဖန်ပြန်လည်ဝင်ရောက်လာသည်။ သူသည် ကောင်းကင်မြစ်၏ စည်းမျဥ်းများ၏ စွမ်းအားကို သတိရပြီး သူလိုချင်သောအရာကို စိတ်ကူးယဉ်ခဲ့သည်။

အချိန်က ပြိုင်မြင်းကောင်လို လျင်မြန်စွာရွေ့လျားနေသည်.....

နောက်ထပ်ဆယ်နှစ်ကြာသွားပြီးနောက်....

ယခုအချိန်သည် အင်မော်တယ်ခေါတ်၏ နှစ် ၉၀ ပြည့်ဖြစ်သည်။ ဤလွန်ခဲ့သည့်ဆယ်နှစ်အတွင်းတွင် ထျန်းကျင်းတွင်ရှိသည့် သိုင်းဧကရာဇ် ကျွမ်းကျင်သူအရေအတွက်က အတိတ်ကိုကျော်လွန်သွားခဲ့သည်။ ကောင်းကင်မြစ်၏ကောင်းချီးများက သိုင်းပညာဆိုင်ရာ ဝိညာဉ်စွမ်းအားကို တိုးမြင့်စေရုံသာမက များပြားလှသော မျိုးနွယ်စုမှ လူများကို အထူးသဖြင့် လူသားများ သိုင်းပညာကို ပိုမိုနားလည်သဘောပေါက်လာစေပါသည်။

ဆောင်းဦးရာသီ၌ မေပယ်ရွက်များ ကျင်းချန်တွင် လွင့်ပျံနေသည်။

ချန်ယောင်လင်းနှင့် ကျန်းချန်ရှန်းတို့ တော်ဝင်ဥယျာဉ်တွင် တွေ့ဆုံခဲ့ကြသည်။ သူမက ကျောက်စိမ်းတုံးတစ်တုံးကို ထုတ်ကာ ကျန်းချန်ရှန်းနှင့် နတ်ဘုရားဇီဟွမ်းတို့ ဆက်သွယ်စကားပြောရန် စားပွဲပေါ်တွင် ထားလိုက်သည်။

“ကျွန်မ မဟာကန္တရသိုင်းကမ္ဘာကို သိမ်းပိုက်ထားပေမယ့် မဟာကန္တရနတ်ဘုရားရဲ့ ကျောထောက်နောက်ခံတွေက မဟာကန္တရသိုင်းကမ္ဘာကို လေ့လာစုံစမ်းချင်နေတယ်...အဲ့အတွက်လည်း နတ်ဘုရားသိုင်းနယ်မြေကနေ ခွင့်ပြုချက်ရထားပြီးပြီမို့ ကျွန်မ တားလို့မရဘူး...."

ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါတွင် မျက်လုံးများကို မှိတ်ထားပြီး "ဘာကိုဆိုလိုတာလဲ" ဟု မေးလိုက်သည်။

နတ်ဘုရားဇီဟွမ်းက "သေချာစုံစမ်းကြည့်တော့ တဖက်က လူကိုယ်တိုင် ဆင်းသက်လာမှာမဟုတ်ပေမယ့် စုံစမ်းဖို့ တစ်စုံတစ်ဦးကို စေလွှတ်လိမ့်မယ်.....သူတို့ရောက်လာရင် ရှင် ပုန်းနေပါ...ရှင် တနေရာရာကို ထွက်သွားနှင့်ပြီလို့ ကျွန်မဆင်ခြေရှာထားပေးမယ်.... ရှင့်ရဲ့အော်ရာက ထူးဆန်းနေတယ်....ရှင်မရှိတော့တာသေချာမှ စုံစမ်းမယ့်သူတွေကို လွှတ်လိုက်မယ်....."

ကျန်းချန်ရှန်း ထိုပြဿနာကို ကြိုတင်သတိပေးထားသည်။ တစ်ဖက်လူ အောက်ကမ္ဘာကို ရောက်လာတဲ့အခါ ပဋိပက္ခတွေ ဖြစ်ပေါ်လာဖို့ လွယ်သည်။

အရေးအကြီးဆုံးကတော့ နတ်ဘုရားဇီဟွမ်း၏ စိတ်နေသဘောထားကို မခန့်မှန်းနိုင်ခြင်းပင်.....

နတ်ဘုရားဇီဟွမ်းက သူ၏သံသယများကို ရှင်းရှင်းလင်းလင်းမြင်ပြီး..... “ကျွန်မက ကောင်းကင်မြစ်ရဲ့ အရှင်သခင်ဖြစ်ပြီး လုံလောက်အောင်သန်မာပါတယ်.... အခု သိုင်းကမ္ဘာတခုကို ရထားတာကြောင့် မင်းမျိုးမင်းနွယ် တော်တော်များများက ကျွန်မကို မကျေနပ်ကြဘူး....ချန်ကလန်ရဲ့ စွမ်းအားကြောင့် မဟုတ်ရင်မဟာကန္တရသိုင်းကမ္ဘာကို ကျွန်မ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး....သည်းခံပါ.... ဒီကပ်ဆိုးကြီးပြီးရင်မဟာကန္တရသိုင်းကမ္ဘာ အရှိန်မြင့်လာလိမ့်မယ်.... ဒါက ကျွန်မရဲ့အာမခံချက်ပါ....အနာဂတ်မှာ ထျန်းကျင်းက သိုင်းပညာရှင်တွေ အထက်ကိုတက်လှမ်းလာရင် သူတို့ကို ကောင်းမွန်စွာ ဆက်ဆံမှာပါ....."

ကျန်းချန်ရှန်းက ခေါင်းညိတ်ပြီး.... "ဒါဆို ငါမင်းကိုပဲ အပူကပ်ရတော့မယ်...."

နတ်ဘုရားဇီဟွမ်းက.... "ကောင်းပြီ၊ အောက်ကမ္ဘာကို တိတ်တဆိတ် ဆင်းသွားသူတွေကို စုံစမ်းပြီးပြီ....သူတို့ နှစ်ယောက်ကတော့ ယဲ့ကျန်းနဲ့ ယဲ့ချင်းဇီတို့ပဲ...သူတို့ရှင်နဲ့ပူးပေါင်းချင်တယ်ဆို လက်ိခံနဲ့.... ယဲ့ကလန်က ချန်ကလန်ထက် အားကောင်းသော်လည်း အခြားမျိုးနွယ်စုတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်.... သူတို့ကလန် ပြိုလဲသွားပေမယ့် ယဲ့ကလန်မှာ အမှောင်ထဲမှာ ဝှက်ထားတဲ့ ကျွမ်းကျင်သူ ဘယ်လောက်ရှိသလဲဘယ်သူမှမသိနိုင်ဘူး.... သူတို့သည် တစ်နေ့မှာ ပြန်လာနိုင်တယ်...အထက်ဘုံရဲ့ အခြေအနေကို ရှင် မသိဘူး၊ ဒါကြောင့် ဒီအရာတွေမှာ မပါဝင်တာ ပိုကောင်းလိမ်မြယ်.... မဟုတ်ရင်၊ မဟာကန္တရနတ်ဘုရားရဲ့ ကျောထောက်နောက်ခံထက် ပိုခိုင်ခံ့တဲ့ တည်ရှိမှုကို နှိုးဆော်မိသလိုဖြစ်သွားမယ်.....”

“ဒါ့အပြင် မဟာကန္တရနတ်ဘုရားက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကို မဟာကန္တရသိုင်းကမ္ဘာဆီ ယူဆောင်လာခဲ့တယ်....အစက အသက်ရှည်ဆေးရဲ့ ဆေးဖက်ဝင် အာနိသင်ကို မြှင့်တင်ဖို့ရည်ရွယ်ထားတာ... အခု သူသေသွားပြီ ဆိုတော့ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ရဲ့ နေရာကို စုံစမ်းရမယ်..... မဟုတ်ရင် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကြီးထွားလာတာနဲ့အမျှ အကျိုးဆက်တွေက မှန်းဆလို့ မရဘူး......”

All Chapters