← Chapters

ဝိညာဉ်အသံ၏ အရှင်သခင်အသစ်(က)

Vol. 95 Ch. 1463

ဝိညာဉ်အသံ၏ အရှင်သခင်အသစ်(က)

Vol. 95 Ch. 1463

နေလုံးက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး အမှောင်ညနှင့် ဝိညာအသံတားမြစ်ဒေသကြီးတစ်ခုလုံးကို အလင်းရောင်ထွန်းလင်းသွားစေသည်။ ၎င်းက အဆုံးမဲ့သော အလင်းရောင်နှင့် အပူနှင့်အတူ ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။

၎င်းက အစစ်အမှန်နေလုံးမဟုတ်သဖြင့် ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံးကို အာဟာရမဖြည့်ပေးနိုင်ပေ။ သို့သော်လည်း ဤတားမြစ်ဒေသကြီးထဲတွင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ မြှောက်တတ်လာနေသော နေလုံးက သူ၏ မျက်လုံးထဲမှ လောကကို ဖိနှိပ်ရန် လုံလောက်နေဆဲပင်။

သူ၏ မျက်လုံးထဲမှ တားမြစ်ဒေသကြီးက တုန်ယင်လာပြီး မြစ်က အပြင်းအထန် လှုပ်ယမ်းလာသည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပုံပျက်တွန့်လိမ်သွားပြီး သူ၏ ခြေဖဝါးအောက်မှ မြေပြင်က စတင်ဝေဝါးလာသည်။ နေလုံးထွက်ပေါ်လာသည့်အခိုက် သူက ဤနေရာ၏ အရှင်သခင်ဖြစ်လာသည်။

ဝိညာဉ်အသံဒေသကြီးထဲမှ မူလဒြပ်နှောများက ဆက်လက် ရုန်းကန်နေဆဲပင်။ ယင်းတို့က အပြင်းအထန် လှုပ်လာကြပြီး မရေမတွက်နိုင်သော အော်ဟစ်ညည်းညူသံများက ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာကြသည်။ ထိုထဲမှာ ရုပ်သေးရုပ်၏ လည်ပင်းပေါ်မှာ ချိတ်ဆွဲထားသော ပုလွေအကျိုးလည်း ပါဝင်သည်။

ရုပ်သေးရုပ်က အမြန်အနောက်ဆုတ်သွားသည်။ ၎င်း၏ တစ်ခုတည်းသော မျက်လုံးထဲမှာ ရူးသွပ်သော အရိပ်အယောင် ထွက်ပေါ်လာသည့်အခိုက် ၎င်းက နက်ရှိုင်းသော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။ ၎င်းက ဤရလဒ်ကို လက်မခံချင်သောကြောင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ၎င်း၏ ကြိုးစားအားထုတ်မှုက နေလုံး၏ အလင်းရောင်မှာ အချည်းနှီးသာ ဖြစ်၏။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ၎င်းက လည်ပင်းမှ ပုလွေအကျိုးကို ဖြုတ်ယူလိုက်ပြီး ၎င်း၏ ပါးစပ်ရှေ့မှာ တေ့လိုက်သည်။ ထို့နောက် ၎င်းက ရက်စက်ကြမ်းကြုတ်စွာ လေမှုတ်လိုက်သည်။ ထိုအခါ အလွန်စူးရှသော အသံက လေကို ဖောက်ထွင်းသွားပြီး ရွှီချင်းဆီသို့ ဦးတည်သွားသည်။

ပုလွေသံက သာမန်မဟုတ်သော်လည်း ယင်းက နေလုံး၏ အလင်းရောင်ကို အနည်းငယ်မျှသာ မှေးမှိန်သွားစေသည်။ ထို့ပြင် ယင်းက ယာယီမျှသာ ကြာမြင့်ခဲ့သည်။ နောက်အခိုက်အတန့်မှာ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

စိတ်ပျက်အားလျော့မှုသာ ကျန်ရှိတော့သည့်အချိန် ၎င်း၏ ဖရိုဖရဲအသိစိတ်က တဒင်္ဂ ပြန်နိုးထလာသည်။ ခါးသီးသော အမူအရာက ၎င်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ဤတားမြစ်ဒေသကြီးက ၎င်းကို ကြီးထွားစေခဲ့သလို ၎င်း၏ အနာဂတ် အလားအလာကိုလည်း ကန့်သတ်ခဲ့သည်။

နောက်ဆုံးမှာတော့ ရုပ်သေးရုပ်က ခါးသီးမှုကို ခံစားမိသွားစဉ် ပုလွေသံက အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။

ပုလွေအကျိုးသည်ပင် တုန်ယင်သွားပြီး ပုလွေ၏ ကိုယ်ထည်ပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာကြသည်။

ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာ မရေမတွက်နိုင်သော အက်ကွဲရာများက ၎င်း၏ တစ်ကိုယ်လုံးမှာ ပြည့်နှက်သွားကြသည်။

ယင်းက အင်မော်တယ်အလင်းက အရာအားလုံးကို လှည့်ပတ်သွားပြီး အလင်းရောင်မထွန်းလင်းပေးခင်အထိ ကြာမြင့်ခဲ့သည်။ ရွှီချင်း၏ နေလုံးအောက်မှာ ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုက အက်ကွဲသွားကြသည်။ ကျန်ရှိသော အစိတ်အပိုင်းက ဖိနှိပ်ခံနေရပြီး ၎င်းက ကောင်းကင်ပေါ်မှ ပြုတ်ကျသွားသည်။

ကျယ်လောင်သော မြည်သံနှင့်အတူ ၎င်းက အစောနက သစ်ပင်ကြီးရှိခဲ့သော နေရာဆီသို့ ပြုတ်ကျသွားသည်။ ဤသည်မှာ သဏ္ဍာန်မဲ့သော ဧရာမတောင်ကြီးတစ်တောင်က ၎င်းကို အပေါ်မှ ဖိထားသည့်အလားပင်။ ၎င်းက မည်မျှရုန်းကန်ပါစေ မလှုပ်ရှားနိုင်ပေ။

ရုပ်သေးရုပ်က ဖိနှိပ်ခံလိုက်ရသည့်အခါ တားမြစ်ဒေသကြီးထဲမှ ဒြပ်နှောများက ငြိမ်သက်သွားကြသည်။ မြစ်ရေသည်လည်း ဆက်ပြီး ပရမ်းပတာ မလှုပ်ခတ်တော့ဘဲ တည်ငြိမ်သွားသည်။ ဤသည်မှာ ၎င်းတို့က အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည့်အလားပင်။

ရွှီချင်း၏ ပုံရိပ်သည်သာ မိုးကုပ်စက်ဝိုင်းမှ တစ်လှမ်းချင်း လျှောက်လာပြီး ရုပ်သေးရုပ်၏ အရှေ့မှာ မတ်တတ်ရပ်လိုက်သည်။

ရုပ်သေးရုပ်က ခက်ခက်ခဲခဲ ခေါင်းမော့လိုက်သည်။ ၎င်း၏ ပါးစပ်ထဲမှ သစ်သားချင်းပွတ်တိုက်သံက ပဲ့တင်ထပ်လာသည်။ ၎င်း၏ မျက်လုံးထဲမှ ကြည်လင်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ဖရိုဖရဲဖြစ်သွားသည်။ ၎င်းက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။

“ တားမြစ်ဒေသကြီးက မင်းရဲ့ တိုးတတ်မှုကို အကန့်အသတ်ဖြစ်စေတာကို နားလည်သွားတဲ့နောက် နတ်ဘုရားမျက်နှာကြီးက ဒီနေရာကို နောက်တစ်ကြိမ် ကြည့်လာမှာကို စောင့်ဆိုင်းနေမယ့်အစား တားမြစ်ဒေသကြီးရဲ့ အချုပ်အနှောင်တွေကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့ ”

“ အဲ့ဒါကြောင့် မင်းက လီဇီမေကို ပူးကပ်လိုက်တယ် ”

“ ဒါပေမဲ့ တန်ကြေးတစ်ခုကို မင်းပေးဆပ်လိုက်ရတယ်… ပူးကပ်နေတဲ့ အတောအတွင်း မင်းရဲ့ အသိစိတ်က မှေးမှိန်သွားပြီး ဖရိုဖရဲဖြစ်သွားတယ် ”

ရွှီချင်းက သူမြင်နေရသော အမှန်တရားကို ထုတ်ဖော်ပြောကြားလိုက်သည်။

ရုပ်သေးရုပ်သည်တော့ တိုးညင်းသော အော်သံများကို ထုတ်ဖော်နေရင်း ဆက်လက် ရုန်းကန်နေဆဲပင်။

ရွှီချင်းက ခေါင်းခါလိုက်သည်။ သူ၏ အကြည့်က သတိမေ့နေသော လီဇီမေနှင့် ချင်းချိုးပေါ်သို့ ကျရောက်သွားသည်။

ရွှီချင်းက အချိန်မီရောက်လာသောကြောင့် ချင်းချိုးက အဆင်ပြေသွားသည်။ သူက အသက်ဓာတ်တချို့ကို ဆုံးရှုံးသွားသော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံက ကြီးကြီးမားမား မထိခိုက်သွားခဲ့ပေ။ ထို့ကြောင့် သူ့ကို ကယ်တင်နိုင်သေးသည်။

သို့သော်လည်း လီဇီမေက သေအံ့ဆဲဆဲ အခြေအနေမှာ ရှိသည်။

သူ၏ ဝိညာဉ်က အပေါက်များဖြင့် ဇကာပေါက်ဖြစ်နေပြီး အကောင်းတိုင်း ပြန်မဖြစ်နိုင်တော့ပေ။ ထို့ပြင် သူ၏ ဝိညာဉ်တစ်ဝက်ကို ဝိညာဉ်အသံအရှင်သခင်က ပူးကပ်ထားသည်။ ထို့ကြောင့် ထိုဝိညာဉ်တစ်ဝက်က သူ့အတွက် ‘ ကံကြမ္မာဆိုး ’ဖြစ်သလို သူ၏ နောက်ဆုံးအသက်လည်း ဖြစ်သည်။

ဝိညာဉ်အသံအရှင်သခင်က သေဆုံးသွားသည်နှင့် ပူးကပ်မှုက ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။ ထိုအခါ လီဇီမေ၏ ဝိညာဉ်က အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မည်။

အကယ်၍ ရွှင်းထိုင်နတ်ဆိုးကို သူမတွေ့ဆုံခင်က အချိန်မှာသာဆိုလျှင် ဤအခြေအနေအတွက် ရွှီချင်းမှာ နည်းလမ်းမရှိနိုင်ပေ။ လီဇီမေ၏ လက်ရှိအခြေအနေကို ဧကရီ သို့မဟုတ် သူ၏ ဆရာသာလျှင် ဖြေရှင်းနိုင်လိမ့်မည်။

သို့သော်လည်း ယခုတော့ ယင်းကို ပြောင်းလဲရန် သူ့မှာ နည်းလမ်းတစ်ခု ရှိသည်။

ရွှီချင်းက ညာလက်ကို မြှောက်လိုက်သည့်အခါ သူ၏ ညာဘက်မျက်လုံးထဲမှ ပယ်ဖျက်ခြင်းအခွင့်အာဏာက တအိအိ လှုပ်ခတ်သွားသည်။ ချက်ချင်းဆိုသလို အပ်တစ်ချောင်းက လေထဲမှာ ထွက်ပေါ်လာပြီး သူ၏ အရှေ့မှာ အေးစက်စက် အလင်းကို ထုတ်လွှတ်လိုက်သည်။

ထိုအပ်က သာမန်အပ်တစ်ချောင်းဖြစ်ဟန် ရ၏။ သို့သော်လည်း အပ်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ထပ်ဆင့်လွှမ်းခြုံခံလိုက်ရသည်။

ထိုအပ်ကို ရွှင်းထိုင်နတ်ဆိုး၏ သားထံမှ သူရရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို တည်ထောင်ခဲ့သော မဟာဧကရာဇ်၏ အထွတ်အမြတ်ရတနာ ဖြစ်သည်။

ယင်းမှာ ကမ္မကို ပြန်ချုပ်နိုင်သော စွမ်းအားရှိသည်။

အပ်ချည်းသက်သက် အသုံးပြုမည်ဆိုလျှင် ယင်းက အနည်းငယ် ကြမ်းတမ်းလိမ့်မည်။ သို့သော်လည်း ယင်းကို ပယ်ဖျက်ခြင်းအခွင့်အာဏာဖြင့် ပေါင်းစပ်အသုံးပြုမည်ဆိုလျှင် အရာအားလုံးက ပြီးပြည့်စုံသွားလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ပယ်ဖျက်ခြင်းအခွင့်အာဏာဖြင့်ဆိုလျှင် ရွှီချင်း၏ မျက်လုံးထဲမှ လောကက သာမန်လူများမြင်နိုင်သော လောကနှင့် ခြားနားလိမ့်မည်။

သူ၏ ညာဘက်မျက်လုံးက ကမ္မချည်မျှင်များကို မြင်နိုင်သည်။

သူ၏ မျက်လုံးထဲတွင် လီဇီမေနှင့် ရုပ်သေးရုပ်ကြားမှ ချည်မျှင်များက အစောနက ပြတ်တောက်သွားခဲ့သော်လည်း ယင်းက ယာယီမျှသာ ဖြစ်သည်။ ယင်းတို့က အပြည့်အဝ မပြတ်တောက်သွားခဲ့ပေ။ ယခု ထိုချည်မျှင်များက ပြန်လည်ကောင်းမွန်လာနေကြသည်။

ထိုချည်မျှင်များက လုံးဝပြတ်တောက်သွားမည်ဆိုလျှင် လက်ရှိ လီဇီမေ၏ အားနည်းမှုအရ သူက ချက်ချင်း သေဆုံးသွားလိမ့်မည်။

ထို့ကြောင့် ရွှီချင်းက ထိုကမ္မချည်မျှင်များကို အပြည့်အဝ မဖြတ်တောက်ပစ်ခင် လီဇီမေ၏ အသက်ကို ဆွဲဆန့်ပေးရန် တခြားကမ္မတစ်ခုကို ရှာဖွေရလိမ့်မည်။

ကံကောင်းစွာဖြင့် အကောင်းဆုံးကမ္မက သူ၏ အရှေ့မှာ ရှိနေသည်။

ရွှီချင်း၏ အကြည့်က ဘေးပတ်ဝန်းကျင်မှ တားမြစ်ဒေသကြီးဆီသို့ ကျရောက်သွားသည်။

တစ်ခဏကြာ တွေးတောပြီးနောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ အရှေ့မှ အပ်က အရောင်တောက်ပလာပြီး လီဇီမေဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ အပ်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ နိမ့်ချည်မြင့်ချည် လူးလွန့်ရွေ့လျားသွားပြီး စတင်ချုပ်ပေးလိုက်သည်။

ယင်းက လီဇီမေနှင့် ဤတားမြစ်ဒေသကြီး၏ ကမ္မကို အတူတကွ ပေါင်းစည်းပေးလိုက်သည်။

တစ်ချိန်တည်းမှာ သံချေးတတ်နေသော ကတ်ကြေးက ရုပ်သေးရုပ်၏ ဦးခေါင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ရွှီချင်း၏ ထိန်းချုပ်မှုအောက်မှာ ကတ်ကြေးက ကမ္မချည်မျှင်များကို အကြင်နာမဲ့စွာ ညှပ်ပစ်လိုက်သည်။

တောက်…

ရုပ်သေးရုပ်နှင့် တားမြစ်ဒေသကြီးကြားမှ ကမ္မက ချက်ချင်း ပြတ်တောက်သွားသည်။

ရုပ်သေးရုပ်က တုန်ယင်သွားပြီး နှလုံးကွဲကြသော အော်ညည်းသံကို ထုတ်ဖော်လိုက်သည်။

သို့သော်လည်း လက်ရှိ ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံကြောင့် ထိုကမ္မချည်မျှင်များက အပြည့်အဝ မပြတ်တောက်သွားခဲ့ပေ။ ယင်းက ယာယီမျှသာ ဖြစ်၏။ ထို့ပြင် ပြတ်တောက်သွားသော ကမ္မချည်မျှင်များက ပြန်ဆက်သွားကြသည်။

သို့သော်လည်း လီဇီမေနှင့် တားမြစ်ဒေသကြီးကြားမှ ကမ္မကို ချုပ်ပေးနေသော အပ်က ရုပ်သေးရုပ်၏ ပြန်ဆက်နေသော ကမ္မချည်မျှင်များထက် အများကြီး ပိုပြီးမြန်ဆန်သည်။ ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော ပုံရိပ်များက လီဇီမေ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။

ထိုသို့ဖြင့် နာရီများစွာ ကုန်ဆုံးသွားသည်။

ကတ်ကြေးက ဆက်လက် ညှပ်ပေးနေစဉ် လီဇီမေနှင့် တားမြစ်ဒေသကြီးကြားမှ ကမ္မက နောက်ဆုံးမှာတော့ အပြည့်အဝ ပေါင်းစည်းသွားသည်။ ထို့ကြောင့် တားမြစ်ဒေသကြီးနှင့် ရုပ်သေးရုပ်ကြားမှ ကမ္မက လုံးဝပြတ်တောက်သွားသည်။

All Chapters