← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

"ပိုင်ကျင်းထျန်း.. မင်းက နန်းတော်သခင်ရဲ့ ဂုဏ်ပုဒ်ကိုသုံးပြီး ငါ့ကို ဖိနှိပ်ချင်နေတာလား"

"နန်းတော်သခင်က ကျောင်းတော်မှာရှိတယ်.. ဒါပေမဲ့ လင်ယွင်ကျောင်းတော်ရဲ့ ကိစ္စအဝဝကို ငါယန်စန်းမင်ကိုပဲ လွှဲအပ်ထားတယ်"

"ဒါ့အပြင်.. ကျန်းချန်က လင်ယွင်စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိတဲ့အတွက် လင်ယွင်ကျောင်းတော်မှာ နန်းတော်သခင်နဲ့ တန်းတူနီးပါး အခွင့်အရေးတွေ ရှိတယ်"

ယန်စန်းမင်က ပိုင်ကျင်းထျန်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

"ဒါကြောင့် ကျန်းချန်မှာ မင်းရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ဖို့ အခွင့်အရေး အပြည့်အဝ ရှိတယ်"

"ငါမှားသွားပါတယ်"

ပိုင်ကျင်းထျန်းက ယန်စန်းမင်၏ စကားများကို ကြားလျှင် ချက်ချင်းပင် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။

"ဟားဟား... သာမန်မြို့စားလေး တစ်ယောက်ကများ ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကို စော်ကားရဲတယ်ပေါ့လေ"

"ဒီနေ့ လင်ယွင်ကျောင်းတော်က မင်းအသက်ကို မယူရင်တောင် ငါဝူကျန့်နန်က မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး"

ထိုအချိန်မှာပင် ခပ်ထေ့ထေ့ ရယ်မောသံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

မကြာခင်မှာပင် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် ရင်ပြင်တွင် ချက်ချင်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။

"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ လင်ယွင်မြို့ ဌာနခွဲ ဥက္ကဋ္ဌ ဝူကျန့်နန်ပါလား"

"သူ.. သူ ဒီကို တကယ် လာတာလား.. ဒါ့အပြင် သူက ကျန်းချန်းကို ပြတ်ပြတ်သားသား ထောက်ခံနေတယ်ဟ"

ရင်ပြင်ထဲတွင် ပေါ်လာသည့် ဝူကျန့်နန်ကို မြင်လျှင် လူတိုင်း၏ မျက်လုံးများသည် ထပ်မံ ပြူးကျယ်သွားကြ၏။

"အံ့သြစရာပဲ.. ကျန်းချန်းလို့ နာမည်ရတဲ့ ဒီကောင်လေးက တကယ်ကို အံ့သြစရာကောင်းတယ်"

"ဒီကောင်လေးက ကိုယ်တိုင် သန်မာရုံတင် မကဘူး.. လူမှု ဆက်ဆံရေးပိုင်းကလည်း ပိုလို့တောင် ထူးခြားနေသေးတယ်"

"လင်ယွင်ကျောင်းတော်ရဲ့ အကြီးအကဲ ယန်စန်းမင်က သူ့အတွက် စကားပြောပေးပြီး အခုတစ်ခါ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဥက္ကဋ္ဌ ဝူကျန့်နန်ကတောင် သူ့ဘက်ကနေ ရပ်တည်ဖို့ ရှေ့ထွက်လာခဲ့ပြီ"

"ဟမ့်.. လင်ယွင်မြို့စားအိမ်တော်က ဘာမို့လို့လဲ.. မိတ်ဆွေလေး ကျန်းချန်းရဲ့ မိသားစုကိုတောင် ရှင်းပစ်ရဲတယ်"

"မိတ်ဆွေလေး ကျန်းချန်.. ဘာမှ တွန့်ဆုတ်မနေနဲ့.. မင်းလုပ်သမျှကို ဘယ်သူကန့်ကွက်ရဲလဲ.. ငါ ယန်ချင်းရွှယ်က အဲဒီလူကို ချမ်းသာပေးမှာ မဟုတ်ဘူး"

လူတိုင်းက ဝူကျန့်နန် ပေါ်လာသည့် မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်မှု အဆုံးမသတ်သေးခင်မှာပင် ရင်ပြင်ပေါ်၌ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။

လူတိုင်းက အသံလာရာဆီသို့ ကြည့်လိုက်ရာ

ရင်ဘတ်တွင် ကြယ်ခြောက်ပွင့် ငွေရောင် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ဆွဲထားသည့် အဂ္ဂိရတ်သခင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးကြီး တစ်ယောက်သည် လေထဲကနေ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

လူတိုင်း၏ နှလုံးသားထဲကို မုန်တိုင်းက တဖန် တိုက်ခတ်သွားပြန်သည်။

ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်။

၎င်းက မဟာရှားနိုင်ငံ၏ နာမည်ကျော် ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး အင်ပါယာမြို့တော်ရှိ တော်ဝင်မိသားစုကပင် တလေးတစား ဆက်ဆံရသည့် ပုဂ္ဂိုလ် ဖြစ်သည်။

ထိုကဲ့သို့ ဂုဏ်သရေကြီးမားသည့် လူတစ်ယောက်ကပင် ကျန်းချန်းကို ကူညီရန် ထွက်ပေါ်လာခဲ့၏။

[ဒီကျန်းချန်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ]

ရုတ်တရက် ရောက်ချလာသည့် ဝူကျန့်နန်နှင့် ယန်ချင်းရွှယ်ကို ကြည့်ပြီး ပိုင်ကျင်းထျန်းက ကြောက်လန့်တကြား ဖြစ်ကာမျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး မျှော်လင့်ချက်မဲ့သော အကြည့်ဖြင့် မြေပြင်ထက်သို့ ပြိုလဲသွားသည်။

လင်ယွင်မြို့မှ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဥက္ကဋ္ဌ ဝူကျန့်နန်။

မဟာရှားနိုင်ငံ၏ အဓိပတိပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်။

ဤလူနှစ်ယောက်ထဲက မည်သူပဲဖြစ်ပါစေ၊ သူ့လို မြို့စားလေးကို ဖြေရှင်းချင်လျှင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ပစ်သလိုပင် လွယ်ကူ၏။

ဝူကျန့်နန်နှင့် ယန်ချင်းရွှယ်တို့ ရောက်ရှိလာသည်က လင်ယွင်ကျောင်းတော်၏ အကြီးအကဲ ယန်စန်းမင်ကိုပင် အံ့အားသင့်စေခဲ့သည်။

မကြာခင်မှာပင် ပိုင်ကျင်းထျန်းကို ကြည့်နေသည့် သူ၏အကြည့်၌ သနားကရုဏာသက်သော အရိပ်အယောင်ကို မဖော်ပြဘဲ မနေနိုင်တော့ပေ။

ဤကောင်လေးက ရန်သွားစဖို့ ကောင်းသောလူ မဟုတ်ပေ။

သို့သော်လည်း ပိုင်ကျင်းထျန်းဟူသည့် အမိုက်အမဲက ကျန်းချန်ကိုမှ ရန်သွားစခဲ့သည်။

ယင်းက သေမင်းခံတွင်းဝသို့ ကိုယ်တိုင်ဝင်ရောက်ရန် ကြိုးစားနေခြင်းပင် မဟုတ်ပါလား။

"ဆရာကျန်းချန်.. လင်ယွင် မြို့စားအိမ်တော်က ဆရာကျန်းချန်ကို တိုက်ခိုက်ရဲမှတော့ ငါတို့လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ရန်သူ ဖြစ်သွားခဲ့ပြီ"

"ဆရာကျန်းချန် အမိန့်ပေးလိုက်တာနဲ့ မြို့စားအိမ်တော်ကို ချက်ချင်း အမှုန့်ကြိတ်ခိုင်းလိုက်မယ်"

ဝူကျန့်နန်က ကျန်းချန်၏ ဘေးတွင် အစေခံတစ်ယောက်လို ရို့ရို့လေး နေကာ ကျန်းချန်ကို လေးစားစွာ ပြောလိုက်သည်။

ဝူကျန့်နန်က ကျန်းချန်းကို လေးစားစွာ ပြောဆိုနေသည့် မြင်ကွင်းကို မြင်လျှင် လူတိုင်းက အံ့သြကာ မျက်လုံးများ တစ်ဖန် ပြူးကျယ်သွားကြသည်။

အခန်း(၁၅၇) ပြီး၏

All Chapters