အခန်း (၁၅၉)
Vol. 11 Ch. 159
"ဟားဟား.. ယန်စန်းမင်.. မင်း သူ့ကို စိတ်ပူစရာမလိုဘဲ လွှတ်ပေးလိုက်စမ်းပါ"
"လင်းယုန်ငယ်လေးက ကောင်းကင်မှာ ပျံသန်းနိုင်ဖို့ဆိုရင် အတောင်ပံတွေဖြန့်ဖို့ သင်ယူရမယ်လေ"
"မိတ်ဆွေလေး ကျန်းချန်ရဲ့ စွမ်းရည်တွေနဲ့ဆို အင်ပါယာမြို့မှာတောင် သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးနိုင်မယ်လို့ ငါယုံကြည်တယ်"
ယန်ချင်းရွှယ်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"နှစ်ရက်ကြာရင် ငါလုပ်နေတဲ့ ကိစ္စတစ်ခု ပြီးပြီ.. အဲဒီအခါ ငါလည်း မြို့တော်ကို သွားမယ်.. ငါနဲ့ဆို ကျန်းချန်းက ဘာမတော်တဆမှုမှ ဖြစ်မှာ မဟုတ်ဘူး"
"အကြီးအကဲယန်.. စိတ်မပူပါနဲ့.. ဆရာကျန်းချန်က ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပါ"
"မြို့တော်မှာ ဆရာကျန်းချန်ရဲ့ ဆံပင်တစ်မွေးကို ထိချင်တဲ့သူရှိရင် ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမနဲ့ အရင်စကားပြောရလိမ့်မယ်"
နံဘေးမှ ဝူကျန့်နန်ကလည်း ဝင်ပြောလိုက်သည်။
ယန်ချင်းရွှယ်နှင့် ဝူကျန့်နန် တို့၏ စကားကို ကြားပြီးနောက်တွင် ယန်စန်းမင်သည် စိတ်သက်သာရာ ရသွားခဲ့သည်။
သူက ကျန်းချန်ကို ကြည့်ပြီး သတိပေးလိုက်၏။
"မင်း ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းကို ငါအတင်းအကျပ် မတိုက်တွန်းတော့ဘူး.. ဒါပေမယ့် အပြင်လောကကြီးက အရမ်း ဆိုးရွားတယ်.. မင်းက တစ်ယောက်တည်းဆိုတော့ သတိထားရမယ်"
"ဆရာ ကျန်းချန်...လင်ယွင်မြို့နဲ့ အင်ပါယာမြို့တော်က တစ်လခွဲလောက် ဝေးတယ်.. ဆရာကျန်းချန် မြို့တော်ကို မသွားဖူးဘူးဆိုရင် တစ်ယောက်တည်းသွားဖို့ တကယ်ကို အဆင်ပြေမှာ မဟုတ်ဘူး"
ဝူကျင်းနန်က ပြုံး၍ ပြောလိုက်သည်။
"ငါ့မှာ အကြံတစ်ခုရှိတယ်.. ဆရာကျန်းချန် အဆင်ပြေမပြေ သိချင်ပါတယ်"
ကျန်းချန်က ခဏမျှ အံ့သြသွားခဲ့သည်။
"ဘယ်လို အကြံလဲ"
"မနက်ဖြန်ကျရင် ထန်လုံအာမခံအဖွဲ့က မြို့တော်ကို ကုန်ပစ္စည်း ပို့ဖို့ သွားစရာရှိတယ်"
ဝူကျန့်နန်က ပြုံး၍ ပြောလိုက်သည်။
"ဆရာကျန်းချန်က ထန်လုံအာမခံအဖွဲ့နဲ့ လိုက်သွားဖို့ဆန္ဒရှိရင် ငါသူတို့ကို ပြောပေးထားလို့ရတယ်"
"ကောင်းပြီလေ.. ဒါဆိုလည်း ဆရာဝူကို အနှောင့်အယှက်ပေးရဦးမယ်"
ကျန်းချန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
လင်ယွင်မြို့က အင်ပါယာမြို့တော်နဲ့ အတော်လေး အလှမ်းဝေး၍ ကျန်းချန်းက ခရီးကို သိပ်မသိပေ။
ထန်လုံအာမခံအဖွဲ့နှင့်သာ အတူ လိုက်သွားလျှင် သူ့အတွက် အနှောင့်အယှက်တွေ အများကြီး သက်သာသွားစေနိုင်၏။
"ဆရာကျန်းချန်းက အားနာလွန်းနေပါပြီ"
ဝူကျန့်နန်က အလျင်အမြန် ပြောလိုက်သည်။
"ဒါဆို ထန်လုံအာမခံအဖွဲ့က လူတွေကို ငါပြောထားပေးမယ်.. မနက်ဖြန် မနက် ၈ နာရီ မြောက်ဘက်တံခါးမှာ ဆရာကျန်းချန် သူတို့ကို သွားတွေ့လိုက်ပါ"
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် လင်ယွင် ကျောင်းတော် ကနေ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့ပြီး မြို့၏ မြောက်ဘက်တံခါး ဆီသို့ ဦးတည်လိုက်သည်။
ဤသို့ဖြင့် လင်ယွင်မြို့၏ မြောက်ဘက်တံခါးဆီသို့ ရောက်ရှိလာ၏။
ကျန်းချန်က မြို့တံခါးအပြင်ဘက်တွင် ယာဉ်တန်းတစ်တန်းကို တွေ့လိုက်ရသည်။
ယာဉ်တန်း၏ ရှေ့ဆုံးတွင် နဂါးနှင့် ဖီးနစ်ပုံကို ထိုးထားတဲ့ အလံတစ်ခု၌ "ထန်လုံအာမခံအဖွဲ့" ဟူသောအမည်ကို ရေးထိုးထားသည်။
ယာဉ်တန်းတွင် အစွမ်းထက် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိနေကြ၏။
"နင်က ကျန်းချန်လား.. ဦးလေးဝူက နင့်ကို မြို့တော်ဆီ ခေါ်သွားဖို့ ငါတို့ကို ပြောထားတယ်"
"ဟမ့်.. နင့်ကိုကြည့်ရတာ လူငယ်လေးဖြစ်ပြီး လေးတိလေးတွဲ့နဲ့ ငပျင်းကျနေတာပဲ.. ငါတို့ ထန်လုံအာမခံအဖွဲ့နဲ့ မြို့တော်ကို သွားချင်ရင် ချိန်းထားတဲ့ နေရာကို စောစောလာခဲ့မှရမယ်"
"ဦးလေးဝူရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် ငါတို့ ထွက်သွားတာကြာပြီ"
ကျန်းချန်းက ယာဥ်တန်းဆီသို့ လျှောက်လာသော အခါတွင် ချောမောသော မိန်းကလေးတစ်ယောက်သည် ကျန်းချန်ကို ခရီးရောက်မဆိုက် ဆူလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ.. ကျွန်တော်က ကျန်းချန်ပါ.. အချိန်အကြာကြီး စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်"
ထန်လုံအာမခံအဖွဲ့မှ လူများက ယာဥ်တန်းကို ထွက်ရန်အသင့်ဖြစ်နေပြီး သူတစ်ယောက်တည်းကို အချိန်ပေး၍ စောင့်နေရသည်ကို မြင်လျှင် ကျန်းချန်က ရုတ်တရက် အနည်းငယ် အားနာသွားခဲ့သည်။
"မမလေး.. ကျွန်တော်တို့ သဘောတူထားတဲ့ အချိန်ထက် နောက်မကျဖို့လိုတယ်.. ဒီညီလေးကို အပြစ်မတင်ပါနဲ့တော့"
ထိုအချိန်တွင် မိန်းမလှလေး၏ ဘေးမှာ ရပ်နေသည့် ခံ့ညားသော လူတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီလေ.. လူလည်းစုံပြီဆိုတော့ သွားကြရအောင်"
မိန်းမလှလေးက ကျန်းချန်ကို လျစ်လျူရှုလိုက်ပြီး သူမ၏ မြင်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်ကာ ပြောလိုက်သည်။
"စထွက်မယ်"
မိန်းမလှလေးဘေးမှ လူ၏ ကျယ်လောင်သောအသံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
ထို့နောက်တွင် ကျန်းချန် လိုက်ပါလာသော ထန်လုံ အာမခံအဖွဲ့သည် မြောက်ဘက်အရပ်ကို ခရီးစတင်ခဲ့တော့သည်။
အခန်း(၁၅၉) ပြီး၏