← Chapters

အခန်း (၁၆၁)

Vol. 11 Ch. 161

အခန်း (၁၆၁)

Vol. 11 Ch. 161

"အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့.. ဒါက လင်ယွင်စီရင်စု တစ်ခွင်မှာ အကြီးဆုံး မြင်းသူခိုးအဖွဲ့ပဲ.. ဘာလို့ ငါတို့က ဒီလောက်ထိ ကံဆိုးပြီး သူတို့နဲ့မှ ကြုံရတာလဲ"

"အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ရဲ့ ခေါင်းဆောင် နျန်ထျန်းခိုင်က မူလဘူတအဆင့် ကျင့်ကြံသူ တစ်ယောက်လို့ ကောလဟာလတွေ ထွက်နေတယ်"

"သွားပြီ...ဒီတစ်ခေါက် ငါတို့တော့ သေချာပေါက် ဇာတ်သိမ်းသွားပြီ"

နျိုထျန်းခိုင်၏ မောက်မာသော ရယ်သံကို ကြားလျှင် ထန့်လုံ အာမခံအဖွဲ့၏ အဖွဲ့သား အများအပြားသည် မျက်နှာများ ဖြူဖျော့သွားကြသည်။

ရှေ့ဆုံးတွင် ရှိနေသည့် ထန့်ချိုးယွီနဲ့ ထန့်ရှန်းတို့ပင် မျက်နှာညှိုးနွမ်း နေကြ၏။

ထန့်ရှန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး နျူထျန်းခိုင်ကို လက်သီးဆုပ်ကာ ချက်ချင်း ဂါရဝပြုလိုက်သည်။

"လက်စသတ်တော့ ခေါင်းဆောင်နျို ဖြစ်နေတာကိုး.. ဒီနေ့ ထန့်လုံ အာမခံအဖွဲ့က ဒီကနေ ဖြတ်သွားမလို့ပါ.. ခေါင်းဆောင်နျို အဆင်ပြေသလို လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ကျွန်တော်တို့ ထန့်လုံ အာမခံအဖွဲ့က ရွှေသားတစ်သောင်းနဲ့ခေါင်းဆောင်ကို ပူဇော်ချင်ပါတယ်"

အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့၏ အင်အားက သူတို့ ထန့်လုံ အာမခံအဖွဲ့ ရန်စနိုင်သည့်အရာ မဟုတ်ပေ။

ထို့ကြောင့် ငွေပေးပြီး ဘေးကင်းအောင် လုပ်ရန်သာ ရွေးချယ်နိုင်မည် မဟုတ်ပါလား

"ဟားဟား... ရွှေသားတစ်သောင်းနဲ့ ငါ့ကို တောင်းဆိုနေတာတဲ့လား.. ဒီပမာဏလောက်ပဲ ပေးရအောင် မင်းတို့တွေ ငါ့ကို သူတောင်စား မှတ်နေလား"

"မင်းတို့ကို သုံးမိနစ် အချိန်ပေးမယ်...မင်းတို့ရဲ့ အာမခံပစ္စည်းတွေကို ချန်ထားပြီး ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားကြပါ"

"ဒါပေမဲ့ ဒီကောင်မလေးကတော့ နေရစ်ခဲ့ရမယ်...ငါ နျိုထျန်းခိုင် တံခါးပိတ်ပြီးကျင့်ကြံနေလို့ မိန်းမနဲ့ မထိတွေ့တာ ရက်အတော်ကြာခဲ့ပြီ...သူ့ကို ငါ့ရဲ့ဆန္ဒတွေ ဖြေဖျောက်ဖို့ လိုချင်တယ်"

နျိုထျန်းခိုင်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

သူ၏ တဏှာခိုးများ ဝေနေသည့်အကြည့်သည် အဆုံးသတ်တွင် ထန့်ချိုးယွီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့၏။

နျိုထျန်းခိုင်၏ ညစ်ညမ်းသော စကားကိုကြားလျှင် ထန့်ချိုးယွီ၏ လှပသော မျက်နှာလေးသည် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူမက ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး နျိုထျန်းခိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"နင်တို့ အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးတွေက ဒီလမ်းကို လာလေ့မရှိပါဘူး.. ငါတို့ ဒီကနေ ဖြတ်သွားမယ်ဆိုတာကို နင်တို့ ဘယ်လိုသိတာလဲ"

"ဟားဟား... မင်းတို့ ဒီကနေ ဖြတ်သွားမယ်ဆိုတာတင် မကဘဲ မင်းတို့ရဲ့ အာမခံပစ္စည်းတွေက အင်ပါယာမြို့တော်က ကျောက်အိမ်တော်ဆီ ပို့ဖို့ဆိုတာကအစ ငါသိထားတယ်"

"မင်းတို့ အာမခံအဖွဲ့က ကျောက်အိမ်တော်ဆီ ဘေးကင်းကင်း ပို့ဆောင်တာကို မလိုလားတဲ့သူတွေ ရှိတယ်.. ဒါကြောင့် ငါ့ကို ငွေကြေးများစွာ ကမ်းလှမ်းပြီး တောင်းဆိုခဲ့တာပဲ"

"ကဲ.. အခုသိရပြီဆိုတော့ မင်းတို့ရဲ့ ပစ္စည်းတွေကို ချန်ထားပြီး ထွက်သွားပေတော့.. မဟုတ်ရင်... မင်းတို့အတွက် သေလမ်းတစ်လမ်းပဲ ရှိတယ်.. ဟက်.. မိန်းမလှလေး.. အဲဒီထဲမှာ မင်းတော့မပါဘူး"

စကားဆုံးသည်နှင့် နျိုထျန်းခိုင်ဆီကနေ မူလဘူတအဆင့်၏ အရှိန်အဝါသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

"ငါ့တို့အာမခံအဖွဲ့ရဲ့ ပစ္စည်းကိုလိုချင်တာလား.. အိပ်မက်ထဲမှာတောင် စိတ်မကူးနဲ့"

နျိုထျန်းခိုင်၏ ခန္ဓာကိုယ်ပေါ်က အားကောင်းသည့် အရှိန်အဝါကို ရင်ဆိုင်ရသော်လည်း ထန့်ချိုးယွီ၏ နူးညံ့သော မျက်နှာလေးသည် အနည်းငယ်မျှပင် ကြောက်ရွံ့မှုကို မပြသခဲ့ပေ။

သူမက အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ အာမခံဆရာတွေက တာဝန်ကို လက်ခံပြီးရင် အဆုံးအထိ တာဝန်ယူရတယ်.. နင်တို့ လိုချင်ရင်တော့ ငါ့ရဲ့ အလောင်းကို ကျော်ဖြတ်နိုင်မှပဲ ရနိုင်လိမ့်မယ်"

"ဟားဟား.. ဟားဟားး"

ထန့်ချိုးယွီ၏ စကားများကို ကြားလျှင် နျိုထျန်းခိုင်၏ အနောက်ရှိ အနက်ရောင် သံချပ်ဝတ် မြင်းသူခိုး အဖွဲ့သားများသည် မထီမဲ့မြင် ရယ်မောလိုက်ကြသည်။

"ခေါင်းဆောင်.. ဒီထန့်လုံ အာမခံအဖွဲ့က အသက်ရှင်ဖို့ အခွင့်အရေးကို တန်ဖိုးမထားမှတော့ ကျွန်တော်တို့ သူတို့နဲ့ အချိန်မဖြုန်းတာ ကောင်းမယ်ထင်တယ်.. သူတို့ကို သတ်ပစ်လိုက်ရအောင်"

အနက်ရောင် သံချပ်ဝတ် မြင်းသူခိုး အဖွဲ့ဝင်များသည် ထန့်လုံ အာမခံအဖွဲ့ကို မထီမဲ့မြင် ကြည့်လိုက်ကြသည်။

သူတို့၏ စကားများသည် သူတို့၏ ရက်စက်ကြမ်းကြုတ်သော စရိုက်ကို ဖော်ပြနေခဲ့၏။

"မမလေး.. မင်းက အဖွဲ့သားတွေကို ခေါ်ပြီး အရင်ဆုတ်ပါ.. ငါက ကျန်နေခဲ့ပြီး ခုခံထားပေးမယ်"

အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့၏ ရည်ရွယ်ချက်ဆိုးကို မြင်လျှင် ထန့်ရှန်းသည် လက်သုံးတော် ဓားရှည်ကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီး သူ့ နံဘေးမှ ထန့်ချိုးယွီကို လေးလေးနက်နက် ပြောလိုက်သည်။

"ငါနောက်မဆုတ်ဘူး.. ငါတို့ အတူရှိနေမယ်...အတူတူပဲ တိုက်ခိုက်ကြမယ်"

ထန့်ချိုးယွီက ပြတ်သားစွာ ပြောလိုက်သည်။

"ဟမ့်.. မင်းတို့ကို အခွင့်အရေးပေးခဲ့တယ်...ဒါပေမဲ့ မင်းတို့တွေ တန်ဖိုးမထားခဲ့ဘူး"

"မင်းတို့က ဒီလောက်တောင် သေချင်နေတော့လည်း ငါမင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

နျိုထျန်းခိုင်၏ မျက်နှာက အေးစက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

"ညီနောင်တို့.. ထန့်လုံ အာမခံအဖွဲ့က လူတွေကို တစ်ယောက်မကျန် ရှင်းပစ်ကြ"

သို့သော် နျိုထျန်းခိုင်၏ စကားသံ ဆုံးသောအချိန်မှာပင် လူတိုင်း၏ နားထဲကို ခနဲ့တဲ့တဲ့ ပြောလိုက်သော အသံတစ်သံက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"နျိုထျန်းခိုင်.. မင်းယုံမယုံတော့ မသိဘူး.. သူတို့ရဲ့ ဆံချည်တစ်မျှင်ကို ထိရဲတာနဲ့ မင်းရဲ့ အနက်ရောင် သံချပ်ဝတ် မြင်းသူခိုးအဖွဲ့ကို ငါ ဖျက်ဆီးပစ်မယ်"

အခန်း(၁၆၁) ပြီး၏

All Chapters