အခန်း (၁၅၆)
Vol. 11 Ch. 156
မျက်စိတစ်မှိတ်အတွင်းမှာ မီးလျှံ ပုံရိပ်သည် ကျန်းချန်တို့ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့၏။
ရုတ်တရက် ပေါ်လာသည့် ပုံရိပ်သည် အခြားသူမဟုတ်ပေ။ လင်ယွင်ကျောင်းတော်၏ အတွင်းစည်းနန်းတော် အကြီးအကဲ ယန်စန်းမင် ဖြစ်သည်။
"ဟားဟား... ကျန်းချန်.. လင်ယွင်ကျောင်းတော်ရဲ့ အကြီးအကဲ ရောက်လာပြီ.. မင်းဘာတတ်နိုင်သေးလဲ"
"ငါ့ရှေ့မှာ မင်း ဘယ်လောက်ထိ မောက်မာနိုင်ဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
အချက်ပြမီးကျည်ကြောင့် ရောက်လာသည့် ယန်စန်းမင်ကို မြင်လျှင် ပိုင်ကျင်းထျန်းသည် ကျန်းချန်ကို မလှောင်ဘဲ မနေနိုင်ခဲ့ပေ။
"အကြီးအကဲယန်.. ဒီကောင်လေးက မြို့စားအိမ်တော်ကို ပြဿနာရှာရုံတင် မကဘူး...ငါ့ကိုလည်း သတ်မယ် တကဲကဲ လုပ်နေခဲ့တယ်"
"ငါတို့ မြို့စားအိမ်တော် အတွက် တရားမျှတမှုကို ထိန်းသိမ်းပေးဖို့ အကြီးအကဲယန်ကို တောင်းဆိုပါတယ်"
ပိုင်ကျင်းထျန်းက ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်တဲ့ နာကျင်မှုကို အတင်းအကျပ် သည်းခံပြီး မြေပြင်ကနေ ထ၍ ယန်စန်းမင်ကို လေးစားစွာ ပြောလိုက်သည်။
သို့သော် ယန်စန်းမင်က ပိုင်ကျင်းထျန်းကို လှည့်ပင် မကြည့်ပေ။
သူက ကျန်းချန်ဘက်ကို ခေါင်းငဲ့ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ကျန်းချန်.. ဘာတွေ ဖြစ်နေတာလဲ"
"လင်ယွင်မြို့ရဲ့ မြို့တော်ဝန်ရုံးက ကျန်းမိသားစုကို တိုက်ခိုက်ဖို့ မူလဘူတအဆင့် ကျင့်ကြံသူ တစ်ယောက် နဲ့ တတိယအဆင့် အစီအရင်သခင် တစ်ယောက်ကို စန်းရှန်မြို့ဆီ စေလွှတ်ခဲ့တယ်"
"ကျနော်သာ ကျန်းအိမ်ကို အချိန်မီ ပြန်မလာခဲ့ရင် သူတို့က ကျန်းအိမ်ကို ဖျက်ဆီးပြီးလောက်ပြီ"
ကျန်းချန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"အကြီးအကဲယန်... အကြီးအကဲ ယန်.. ငါ ဒီကိစ္စကို မသိဘူး"
"ဒါပေမဲ့ စိတ်မပူပါနဲ့.. ဒီကိစ္စကို ချက်ချင်း သေချာစုံစမ်းဖို့ ငါတာဝန်ယူတယ်.. ဒီကိစ္စက သူပြောတဲ့အတိုင်းဆိုရင် တရားခံက ဘယ်သူပဲဖြစ်ဖြစ် ငါ ဘယ်တော့မှ ညှာတာမှာ မဟုတ်ဘူး"
ကျန်းချန်က ယန်စန်းမင်နှင့် အရမ်းရင်းနှီးပုံရသည်ကို မြင်လျှင် ပိုင်ကျင်းထျန်းက အချိုး ပြောင်းသွားပြီး အလျင်မြန် ပြောလိုက်သည်။
"ဟမ့်.. မင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ.. မင်းရဲ့ လက်အောက်က လူတွေ ဒီလိုအရာတွေကို လုပ်နေပြီဆိုကတည်းက မင်းရဲ့ ပေါ့ဆမှုပဲ"
ယန်စန်းမင်က အေးစက်စက် ပြောလိုက်သည်။
"ကျန်းချန်က မင်းကို လင်ယွင်မြို့စား ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ခံစားနေရပြီ ဆိုတော့ မင်းက မြို့စားအဖြစ် လုပ်ဖို့ မလိုတော့ဘူးလို့ ငါထင်တယ်"
"အကြီးအကဲယန်.. ခင်.. ခင်ဗျား ဘာပြောလိုက်တာလဲ"
ပိုင်ကျင်းထျန်းက မယုံကြည်နိုင်သည့် မျက်နှာအမူအရာဖြင့် ယန်စန်းမင်ကို ရုတ်တရက် ကြည့်လိုက်သည်။
သူ၏ နားတွင် ပြဿနာရှိနေသလားဟုပင် သံသယဝင်နေခဲ့၏။
သူတို့ရှေ့မှ ထူးဆန်းသည့် မြင်ကွင်းသည် ရင်ပြင်မှ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
"ဒါ.. ဒါက ဘယ်လို အခြေအနေလဲဟ"
"လင်ယွင်ကျောင်းတော်က အကြီးအကဲကို မြို့စားအိမ်တော်က အရေးပေါ် မီးကျည်သုံးပြီး ခေါ်ယူခဲ့တာ မဟုတ်ဘူးလား"
ယုတ္တိကျစွာဆိုရလျှင် ရောက်ရှိလာသော လင်ယွင်ကျောင်းတော်မှအကြီးအကဲသည် ပိုင်ကျင်းထျန်းကို ကူညီပြီး မြို့စားအိမ်တော်ကို ပြဿနာလာရှာသည့် ကောင်လေးကို ဖြေရှင်းရမည် ဖြစ်သည်။
သို့သော် ယခုတော့ လင်ယွင်ကျောင်းတော်မှ အကြီးအကဲသည် ပြဿနာလာရှာသည့် ကောင်လေးဘက်ကနေ အမှန်တကယ် ကူညီပေးနေခဲ့သည်။
"မယုံနိုင်စရာပဲ"
"ဒါ တကယ်ကို မယုံနိုင်စရာပဲ"
ယန်စန်းမင်က ပိုင်ကျင်းထျန်း၏ မေးခွန်းကို လျစ်လျူရှုကာ ကျန်းချန်ဘက်သို့ ခေါင်းလှည့်၍ ပြောလိုက်သည်။
"မင်း ဒီကိစ္စကို ကိုယ့်ဘာသာကိုင်တွယ်မှာလား ဒါမှမဟုတ် ငါ ကူညီပေးရမလား"
"ကျွန်တော် ကိုယ့်ဘာသာပဲ ကိုင်တွယ်လိုက်ပါ့မယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြောပြီး သူ၏ ထက်မြသော အကြည့်ဖြင့် မျက်နှာချင်းဆိုင်မှ ပိုင်ကျင်းထျန်းကို ကြည့်လိုက်သည်။
"ပိုင်ကျင်းထျန်း.. ဒီနေ့က မင်းအတွက် သေခြင်းတရားက လွဲရင် တခြားနည်းလမ်း မရှိတော့ဘူး"
"မင်း အပြစ်တင်ချင်ရင်တော့ မင်းရဲ့ သားလိမ္မာလေးကိုပဲ အပြစ်တင်သင့်တယ်"
"မင်းကို နောက်ဆုံးအနေနဲ့ ရွေးချယ်ခွင့် ပေးမယ်.. မင်း ကိုယ့်ဘာသာ သတ်သေမလား ဒါမှမဟုတ် ငါကိုယ်တိုင် ဖြေရှင်းပေးရမလား"
ပိုင်ကျင်းထျန်၏ မျက်နှာက ချက်ချင်းပင် အလွန်အမင်း မှောင်မိုက်သွားခဲ့သည်။
ယန်စန်းမင်ကို ကြည့်နေသည့် သူ့ရဲ့ အကြည့်က မီးလျှံများအဖြစ် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
"ယန်စန်းမင်.. လင်ယွင်ကျောင်းတော်ရဲ့ အကြီးအကဲအနေနဲ့ မြို့စားအိမ်တော်ကို ထိန်းသိမ်းကာကွယ်ဖို့က မင်းရဲ့ တာဝန်ပဲ"
"ငါက အခုထိ လင်ယွင်မြို့စား ဖြစ်နေဆဲပဲ.. မင်းတို့ လင်ယွင်ကျောင်းတော်ရဲ့ နန်းတော်သခင်ကပဲ ငါ့ကို ရာထူးက ဖြုတ်ချဖို့ အရည်အချင်းပြည့်မီတယ်"
"မင်းက အခု ဒီကောင်လေးဘက်ကနေ တကယ်ပဲ ကူညီနေတယ်.. လင်ယွင်ကျောင်းတော်ရဲ့ နန်းတော်သခင်သာ ဒီကိစ္စကို သိသွားရင် မင်း ခံနိုင်ရည်ရှိမှာ သေချာလား"
အခန်း(၁၅၆) ပြီး၏