အခန်း (၁၇၀)
Vol. 12 Ch. 170
"ညီလေး ကျန်းချန်.. ဧည့်ခံပွဲကို သွားတဲ့အခါကျရင် ရှားရွှယ်နဲ့ အရမ်းကြီး မရင်းနှီးအောင် ကြိုးစားပါ"
ထွက်ခွာသွားသည့် ရှားရွှယ်၏ နောက်ကျောကို ကြည့်ပြီး ယွဲ့ယန်ကျိုး ရုတ်တရက် ကျန်းချန်ကို တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော် သူနဲ့ မရင်းနှီးချင်ပါဘူး.. သူ့နဲ့ အရမ်းကြီး ရင်းနှီးဖို့လည်း ဘယ်တော့မှ မစဉ်းစားခဲ့ဘူး"
ကျန်းချန်က ခပ်ယဲယဲ့ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော် ဧည့်ခံပွဲကို သွားတာက မိတ်ဆွေ တစ်ယောက်အတွက်ပါ"
"အခုချိန်မှာ မဟာရှားနိုင်ငံရဲ့ ဘုရင်က အိမ်ရှေ့စံနေရာအတွက် ရွေးချယ်မှုတွေ လုပ်နေတယ်.. အင်အားကြီးမားတဲ့ မင်းသားအချို့က အိမ်ရှေ့စံရာထူးအတွက် တိတ်တဆိတ်ပြိုင်ဆိုင်နေကြတယ်"
"ရှားရွှယ် ငါ့ဆီကို လာလည်ပတ်တာကလည်း ငါတို့လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အထောက်အပံ့ကို လိုချင်လို့ပဲ"
"ငါ့အထင် မမှားရင် ရှားရွှယ် နောက်သုံးရက်အတွင်း ကျင်းပတဲ့ ဧည့်ခံပွဲရဲ့ရည်ရွယ်ချက်က ပါရမီရှင် လူငယ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကိုယ်ပိုင် အင်အားကို ပျိုးထောင်ဖို့ပဲ ဖြစ်ရမယ်"
ယွဲ့ယန်ကျိုးက ရှားရွှယ်၏ ရည်ရွယ်ချက်ကို သုံးသပ်ပြောဆိုလိုက်သည်။
"ဒီလိုလား"
ကျန်းချန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ကျွန်တော်က မင်းသားတွေကြားက တိုက်ပွဲတွေမှာ ပါဝင်ဖို့ စိတ်မဝင်စားပါဘူး"
"ရှေးခေတ်ကတည်းကနေစပြီး တော်ဝင်မိသားစုရဲ့ နေရာလု တိုက်ပွဲတွေက ရက်စက်ပြင်းထန်ခဲ့တယ်.. ဒါကြောင့် ငါတို့လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက အဲဒီ အရှုပ်အထွေးတွေထဲ မပါဝင်ချင်တာပဲ"
ယွဲ့ယန်ကျိုးက ရယ်မော၍ ပြောလိုက်သည်။
"ညီလေး ကျန်းချန်က ခရီးလမ်းတစ်လျှောက်မှာ ပင်ပန်းခဲ့မှာ သေချာတယ်.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာကောင်းကောင်း အနားယူနိုင်ဖို့အတွက် ငါစီစဉ်ပေးပါ့မယ်"
ယွဲ့ယန်ကျိုး၏ စီစဉ်မှုအောက်တွင် ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ခမ်းနားသော ခြံဝင်းတစ်ခုတွင် အနားယူနိုင်ခဲ့သည်။
သုံးရက်ဆက်တိုက် ကျန်းချန်သည် သူ့အခန်းထဲမှာသာ နေခဲ့ပြီး ယွဲ့ယန်ကျိုးနှင့် စကားပြောဆိုသည်က လွဲလျှင် မည်သည့် နေရာကိုမှ မသွားခဲ့ပေ။
တတိယနေ့၏ညတွင် ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမကနေ ထွက်လာပြီး ညစာစားပွဲကို တက်ရောက်ရန် တတိယမင်းသား၏ အိမ်တော်သို့ သွားခဲ့သည်။
တတိယမင်းသား ရှားရွှယ်၏ အိမ်တော်ကို ရှာရသည်မှာ မခက်ခဲပေ။
ကျန်းချန်က လမ်းသွားလမ်းလာများကို မေးမြန်း၍ တတိယမင်းသား၏ အိမ်တော်ဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
"ဒင်.. သင့်ရဲ့ နက်နဲမှု အလယ်အလတ်အဆင့် ကောင်းကင်ခြေလှမ်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားပါပြီ"
"ဒင်.. သင်က နက်နဲမှု အဆင့်မြင့် အဆင့် စကြဝဠာ ရွေ့လျားခြင်း ခြေလှမ်းကို အောင်မြင်စွာ နားလည်သဘောပေါက်သွားပါပြီ"
လင်ယွင်စီရင်စုကနေ မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်ကို ခရီးသွားပြီးနောက်တွင် ကျန်းချန်၏ ခြေလှမ်းသိုင်းသည် နောက်ထပ် တစ်ကြိမ် တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ် သူနားလည်သဘောပေါက်သည့် စကြဝဠာ ရွေ့လျားခြင်း ခြေလှမ်းသည် တည်နေရာရွေ့လျားခြင်းနှင့် ဆင်တူသောစွမ်းရည် ဖြစ်သည်။
သူက တစ်ချက်လှုပ်ရှားရုံဖြင့် မီတာတစ်ရာအတွင်း မည်သည့် နေရာကိုမဆို ချက်ချင်း ရွှေ့ပြောင်းနိုင်၏။
"သခင်လေး.. မင်းရဲ့ ဖိတ်စာကို ပြပေးပါ"
ကျန်းချန်က တတိယမင်းသား၏ အိမ်တော် တံခါးဆီကို လျှောက်သွားရင်း ခြေလှမ်းကွက် အဆင့်တက်သွားသည့်အတွက် ပျော်ရွှင်နေသောအချိန်တွင် အစောင့်တစ်ယောက်သည် ရုတ်တရက် ကျန်းချန်ရှေ့တွင် ပိတ်ရပ်ကာ ပြောလိုက်သည်။
"ဖိတ်စာလား"
ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။
လွန်ခဲ့သည့်သုံးရက်ခန့်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် ရှိစဥ် ရှားရွှယ်သည် သူ့ကို နှုတ်ဖြင့်သာ ဖိတ်ကြားခဲ့ပြီး မည်သည့် ဖိတ်စာမှ မပေးခဲ့ပေ။
"ငါ့မှာ ဖိတ်စာတော့ မရှိဘူး.. ငါ့နာမည်က ကျန်းချန်ပါ.. တတိယမင်းသားကိုယ်တိုင် ငါ့ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ"
"စိတ်မကောင်းပါဘူး.. မင်းမှာ ဖိတ်စာ မရှိရင် ဝင်ခွင့်မပြုနိုင်ပါဘူး"
အစောင့်က ရုတ်တရက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဟားဟား.. ရယ်စရာကောင်းလိုက်တာ.. တတိယမင်းသားရဲ့ ဧည့်ခံပွဲကို လာတဲ့သူတွေထဲမှာ တတိယမင်းသား ကိုယ်တိုင် မဖိတ်ကြားထားတဲ့သူ ဘယ်သူရှိလို့လဲ"
ထိုအချိန်မှာပင် ကျန်းချန်၏ အနောက်ကနေ လှောင်ပြောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းချန်က ခေါင်းလှည့်၍ ကြည့်လိုက်ရာ ခမ်းနားသော ၀တ်စုံကို ၀တ်ထားသည့် လူငယ်တစ်ယောက်သည် ဖြည်းဖြည်းချင်း သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။
ထိုလူငယ်က တခြားသူ မဟုတ်ပေ။
လင်ယွင်ကျောင်းတော်တွင် ကျန်းချန်၏ နှိပ်စက်ခြင်းကိုခံခဲ့ရသည့် တန်ရှို့မင် ဖြစ်သည်။
ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။
"တန်ရှို့မင်.. ဘယ်သူများလဲမှတ်တယ်.. မင်းကို"
"ဟက်... ကျန်းချန်.. မင်း အင်ပါယာမြို့တော်ကို လာမယ်လို့ မထင်ထားမိဘူး"
"ဒါက မဟာရှားနိုင်ငံရဲ့ တတိယမင်းသား အိမ်တော်ပဲ.. မင်းလို လင်ယွင်စီရင်စုက တောသားက ဘယ်လိုလုပ်ပြီး ဝင်နိုင်မှာလဲ"
တန်ရှို့မင်ပ မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။
မကြာခင်မှာပင် သူက သူ့အင်္ကျီလက်အိုးထဲကနေ ရွှေရောင် ဖိတ်စာကို ထုတ်လိုက်ပြီး ကျန်းချန်ကို ဝင့်ကြွားစွာ ပြလိုက်၏။
"ကျန်းချန်.. မမြင်ဖူးရင် သေချာ ကြည့်ထားလိုက်.. ဒါက တတိယမင်းသားရဲ့ ဖိတ်စာပဲ"
"ဒါပေမဲ့ မင်းလို ဝေးလံတဲ့ ဇနပုဒ်က လူတစ်ယောက် အတွက်တော့ ဒီဘဝမှာ ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အခန်း(၁၇၀) ပြီး၏