← Chapters

အခန်း (၁၇၆)

Vol. 12 Ch. 176

အခန်း (၁၇၆)

Vol. 12 Ch. 176

ယန်ဖျင်က ကျန်းချန် ရှေ့ကို တန်းတန်းမတ်မတ် လျှောက်လာပြီး ကျန်းချန်ကို ဖယ်ပေးရန် မောက်မာစွာပြောသည်ကို မြင်လျှင် ရှားရွှယ်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အနည်းငယ် မကြည်မလင် ဖြစ်သွားခဲ့၏။

ယနေ့ပွဲ၏ အိမ်ရှင်သည် သူဖြစ်သည်။

သို့သော် ယန်ဖျင်ဟု ခေါ်သည့် လူငယ်လေးသည် ဘာကိုမှ ဂရုမစိုက်ဘဲ သူ အလေးစားရဆုံး ဧည့်သည်ကို ရိုင်းစိုင်းစွာ ဆက်ဆံနေခဲ့၏။

ယင်းမှာ သူ့အတွက် အလွန်အမင်း မျက်နှာပျက်စရာ ဖြစ်စေခဲ့သည်။

သို့သော် ယန်ဖျင်တွင် မောက်မာနိုင်သည့် အရင်းအချင်းရှိနေသည်မှာတော့ အမှန်ပင်။

၎င်းက မဟာရှားနိုင်ငံ၏ သမိုင်းတွင် အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်သည့်အပြင် ပဉ္စမအဆင့် အဂ္ဂိရတ် ဆရာသခင် တစ်ယောက်လည်း ရှိသည်။

ထိုကဲ့သို့သော ဂုဏ်သတင်းဖြင့်ဆိုလျှင် ရှားရွှယ်ပင် သူ့ကို အလွယ်တကူ စော်ကားရန် ခက်ခဲမည် ဖြစ်၏။

ယန်ဖျင်၏ မောက်မာသော အပြုအမူကို ရှားရွှယ်က အလွန်ပင် ဒေါသထွက်သော်လည်း အဆုံးသတ်တွင် မလှုပ်ရှားခဲ့ပေ။

အကြောင်းရင်းမှာ ယန်ဖျင်၏ အဆင့်အတန်းက ထူးခြားသလို ထိုနေရာမှာ ထိုင်နေသည့် ကျန်းချန်ကလည်း သာမန် မဟုတ်သောကြောင့်ပင်။

ယန်ဖျင်က ကျန်းချန်၏ နေရာကို အတင်းအဓမ္မ လုယက်နေသည်ကို အားလုံးက ဝိုင်းကြည့်နေကြသည်။

လက်ရှိအချိန်တွင် ခန်းမထဲရှိ အကြည့်အားလုံးသည် ကျန်းချန်ဆီတွင် စုပြုံနေခဲ့၏။

ကုန်းမိသားစုမှ ကုန်းချီ နှင့် ခုန်းမိသားစုမှ ခုန်းလွေ့ တို့ပင် ကျန်းချန်ကို လှောင်ရိပ်သန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ရှားရွှယ်က အထူးနေရာပေးထားသည့် လူငယ်လေး ကျန်းချန်တစ်ယောက် မည်ကဲ့သို့ ရွေးချယ်မလဲ ဆိုသည်ကို သူတို့အားလုံး သိချင်နေကြ၏။

ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည့် မုန့်ချင်းရွှယ်တစ်ယောက်တည်းသာ ယန်ဖျင်ကို သနားကရုဏာသက်စွာ ကြည့်နေခဲ့သည်။

ခန်းမထဲရှိ မျက်လုံးပေါင်းများစွာ ကြည့်နေသည့် ကြားမှာပင် ကျန်းချန်သည် သူ့နေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေပြီး ဖယ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

သူက ယန်ဖျင်ကို မော့ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဒါက ငါ့နေရာ.. မင်းကို ဘာလို့ ဖယ်ပေးရမှာလဲ.. မင်းကို ဆယ်စက္ကန့် အချိန်ပေးမယ်.. ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားစမ်း"

"ဟားဟား ကောင်လေး.. မင်းရဲ့ တတိယမင်းသားတောင် ဒီလိုစကားမျိုး မပြောရဲဘူး"

"မင်းက ဘာကောင်မို့လို့လဲ.. ငါ့ကို ဒီကနေ ထွက်သွားခိုင်းရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"

"မင်းနဲ့ စကားအပိုတွေ မပြောချင်ဘူး.. ငါ ဒီနေရာကို ကြိုက်တယ်.. မသေချင်ရင် ခုချက်ချင်း ဖယ်ပေးစမ်း"

ယန်ဖျင်က မောက်မာစွာ အော်ဟစ်လိုက်သည်။

သူ့ကို မင်းသားကြီးရှားလင်းက တတိယမင်းသား၏ ဧည့်ခံပွဲတွင် ပြဿနာရှာရန် အမိန့်ပေးထားခဲ့၏။

သို့သော် ပြဿနာရှာရာတွင် သူရှာမယ့်လူ၏ ဂုဏ်သတင်းသည် အရမ်းကြီး နိမ့်ကျ၍ မဖြစ်ပေ။

ရှားရွှယ်၏ ဧည့်ခံပွဲရှိ အထူးဧည့်သည်တော် လေးယောက်တွင် သုံးယောက်သည် အဓိက မိသားစုကြီး သုံးစုက ဖြစ်သည်။

သူ့အနေဖြင့် ထိုသုံးယောက်ကို မိုက်မိုက်ကန်းကန်း ပြဿနာ မရှာသင့်သည်မှာ သဘာဝကျ၏။

ထို့ကြောင့် ယန်ဖျင်သည် ကျန်းချန်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ဤကောင်လေးက တစ်ချက်ကြည့်ရုံဖြင့်ပင် မိသားစုကြီးလေးခုက မဟုတ်မှန်း သိသာနေ၏။

"မင်းသာ ဒီကောင်လေးကို မင်းခြေထောက်အောက်မှာ ပြားပြားဝပ်အောင် လုပ်နိုင်ရင် တတိယညီတော်ရဲ့ ညစာစားပွဲကို လုံးဝ ဖျက်ဆီးနိုင်မှာ သေချာတယ်"

ရှားလင်း၏ ညွှန်ကြားထားမှုကြောင့် ယန်ဖျင်သည် ဤမျှအထိ အတင့်ရဲကာ မောက်မာနေခြင်း ဆိုလည်းမမှားပေ။

ထိုခဏတွင် ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

သူက ညာဘက်လက်ကို လျှပ်စီးလို လှုပ်ရှားလိုက်ပြီး ယန်ဖျင်၏ လည်ပင်းကို တိုက်ရိုက် ဖျစ်ညှစ်လိုက်၏။

မကြာခင်မှာပင် ကျန်းချန်သည် ကြက်တစ်ကောင်ကို သိမ်းငှက်က ဖမ်းသလို ယန်ဖျင်၏ လည်ပင်းကို ညှစ်ကာ ဆွဲမြှောက်လိုက်သည်။

"အစ်.."

ယန်ဖျင်၏ မျက်နှာက ချက်ချင်းပင် နီရဲလာပြီး သူ့ပါးစပ်ကနေ ညီးညူသံ ခပ်တိုးတိုး ထွက်လာခဲ့၏။

သူက ခြေကားရားလက်ကားရားဖြင့် လေထဲတွင် ရုန်းကန်နေရသည်။

သူ၏ ခွန်အားဖြင့် ကျန်းချန်၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ဆိုသည်မှာ ခွန်အားကုန်ရုံသာ ရှိပေလိမ့်မည်။

သူတို့ရှေ့မှ ဤမြင်ကွင်းကို မြင်လျှင် အားလုံးသည် အသက်ရှူပင် မှားသွားကြသည်။

သူတို့အားလုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြ၏။

ဤကျန်းချန်သည် တတိယမင်းသား ဖိတ်ကြားထားသည့် အထူးဧည့်သည် ဂုဏ်ပုဒ်ဖြင့် ထိုက်တန်မှုရှိနေပြီး သာမန်လူ မဟုတ်သည်မှာ ထင်ရှားနေသည်။

၎င်းက ပဉ္စမအဆင့် အဂ္ဂိရတ်သခင်၏ တပည့်နှင့် မဟာရှားနိုင်ငံ၏ သမိုင်းတွင် အသက်အငယ်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင် ယန်ဖျင်ကိုပင် အထာမထားခဲ့ပေ။

ကျန်းချန်က လက်ပါလာသည်ကို မြင်လျှင် မင်းသားကြီး ရှားလင်းက အံ့သြတုန်လှုပ်သွားပြီး ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"ကောင်လေး.. မင်းသေချင်နေတာလား.. ချက်ချင်း လွှတ်လိုက်စမ်း"

အခန်း(၁၇၆) ပြီး၏

All Chapters