← Chapters

အခန်း (၁၈၀)

Vol. 12 Ch. 180

အခန်း (၁၈၀)

Vol. 12 Ch. 180

ကျန်းချန်၏ လုပ်ရပ်က တတိယမင်းသား ရှားရွှယ်ကိုပါ အံ့အားသင့်စေသည်။

ကျန်းချန်က တန်ဟောင်ချမ်ကို အလွယ်တကူ ဖယ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အိမ်ရှေ့စံရာထူးအတွက် ရေပန်းစားနေသော မဟာရှားနိုင်ငံ၏ တတိယမင်းသားအနေဖြင့် ရှားရွှယ်သည် အကျိုးသင့် အကြောင်းသင့် ဆင်ခြင်စဥ်းစားနိုင်ခဲ့သည်။

စင်စစ် တန်ဟောင်ချမ်သည် ယန်ဟွမ် ကျောင်းတော်၏ ထိပ်တန်းပါရမီရှင် အယောက် ၁၀၀ ထဲက တစ်ယောက်ဖြစ်ပြီး မူလဘူတ နယ်ပယ်အဆင့်၆မှ ကျင့်ကြံသူ ဖြစ်သည်။

သူသာ တကယ် တိုက်ခိုက်ခဲ့လျှင် အိမ်တော်ထဲမှ ကိုယ်ခံပညာရှင် တစ်ယောက်ကို ခေါ်မှသာ ထိန်းချုပ်နိုင်မည် ဖြစ်၏။

ခန်းမထဲရှိ လူများတွင် တန်ဟောင်ချမ်ကို ထိန်းချုပ်နိုင်သောသူ တစ်ယောက်မှမရှိချေ။

ကျန်းချန်က တန်ဟောင်ချမ်ကို အလျော့ပေးခဲ့သည်မှာ သူ့အတွက် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် ဖြစ်နိုင်၏။

ကျန်းချန်က သူ့နေရာကို တန်ဟောင်ချမ်ဆီ ပေးလိုက်သော်လည်း ရှားရွှယ်သည် ကျန်းချန်ကို ရှက်စရာအခြေအနေထဲ ကျရောက်စေမည် မဟုတ်ပေ။

သူက ကျန်းချန်အတွက် နောက်ထပ် နေရာတစ်ခု ပြုလုပ်ပေးရန် အမိန့်ပေးတော့မည့် အချိန်တွင် ကျန်းချန်သည် ခန်းမထဲရှိ လူတိုင်း၏ အကြည့်အောက်၌ မုန့်ချင်းရွှယ်ဆီသို့ လျှောက်သွားလိုက်သည်။

သူက မုန့်ချင်းရွှယ်၏ မျက်နှာနားသို့ ကပ်လိုက်ပြီး အံ့အားသင့်စရာကောင်းသော စကားကို ပြောလိုက်သည်။

"ချင်းရွှယ်.. ငါမင်းနေရာမှာ ခဏထိုင်ရင် စိတ်မဆိုးဘူး မဟုတ်လား"

"ဖူးး"

ကျန်းချန်က ထို​စကားကို ပြောလိုက်သည်နှင့် ခန်းမထဲရှိ လူအတော်များများသည် ရုတ်တရက် သောက်ထားမျိုထားသည်များပင် အန်ထွက်ကုန်ကြသည်။

သူတို့က တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ကျန်းချန်ကို မျက်လုံးပြူး၍ ကြည့်နေကြ၏။

"ငါ နားကြားများ မှားတာလား.. ဒီကောင်က မုန့်ချင်းရွှယ်ကို သွားကစားရဲတယ်ဟ"

"ဟက်... သူက ကိုယ့်နေရာကိုယ် နားမလည်ဘူးပဲ.. မုန့်ချင်းရွှယ်က နာမည်ကျော် ရေခဲနတ်ဘုရားမလေး ဆိုတာ သူ မသိဘူးဖြစ်မယ်"

"ဟားဟား.. ဒီလို စကားမျိုးနဲ့ ဖွံကြောင်ရဲတယ်"

အားလုံးက မုန့်​ချင်းရွှယ် ဒေါသတကြီးဖြင့် ကျန်းချန်ကို တိုက်ခိုက်တော့မည်ဟု မျှော်လင့်နေချိန်မှာပင် မုန့်ချင်းရွှယ်က ထရပ်လိုက်က ခန်းမထဲရှိ လူတိုင်း၏ အကြည့်အောက်မှာပင် ကျန်းချန်ကို နေရာဖယ်ပေးလိုက်သည်။

ကျန်းချန်ကို နေရာပေးပြီးသည့်နောက်တွင် မုန့်ချင်းရွှယ်သည် ထွက်မသွားဘဲ ကျန်းချန်၏ ဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့၏။

ထိုပုံစံက ကျန်းချန်ကို အစေခံရန် ရည်စူးထားသည့် အိမ်ဖော်တစ်ယောက်ကဲ့သို့ပင်။

ချက်ချင်းဆိုသလို ခန်းမတစ်ခုလုံး တစ်စပြင်နှယ် တိတ်ဆိတ်သွား၏။

လူတိုင်းက သူတို့ရှေ့မှ မယုံနိုင်စရာ အခြေအနေကြောင့် အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။

ကိုယ်ခံပညာရပ်တွင် ကျော်ကြားသည့် မုန့်မိသားစု၏ ပါရမီရှင် အလှနတ်ဘုရားမလေး မုန့်ချင်းရွှယ်သည် ကျန်းချန်ရှေ့တွင် အိမ်ဖော် တစ်ယောက်လို ဖြစ်နေမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

"ဒါက တကယ်ကို တုန်လှုပ်စရာကောင်းတယ်"

"ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ ကောင်လေးလဲ"

တတိယမင်းသား ရှားရွှယ်က မှင်တက်နေရာကနေ အသိပြန်ဝင်လာပြီးနောက် စိတ်ထဲကနေ ကျန်းချန်ကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန်က သာမန်မဟုတ်မှန်း သူသိထားသော်လည်း ဤမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားချေ။

ကျန်းချန်နှင့် မုန့်မိသားစုမှ မုန့်ချင်းရွှယ်တို့ကြားရှိ ထူးခြားသော ဆက်ဆံရေးကို မြင်လျှင် တန်ဟောင်ချမ်၏မျက်နှာသည် အနည်းငယ် အကျည်းတန်သွားခဲ့၏။

သူက ကျန်းချန်၏ ယခင်နေရာတွင် ထိုင်နေရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

မုန့်ချင်းရွှယ်က ပတ်ဝန်းကျင်မှ မယုံနိုင်စရာ အကြည့်များကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူမက အနည်းငယ် စူးစမ်းချင်စိတ်ဖြင့် ကျန်းချန်ကို ခပ်တိုးတိုးလေး မေးလိုက်သည်။

"နင် တန်ဟောင်ချမ်ကို ဘာကြောင့် နေရာ ဖယ်ပေးလိုက်တာလဲ"

"ယန်ဖျင်က အရမ်း မာနကြီးတဲ့ ကောင်လေးတစ်ယောက်ပဲ"

"သူက ငါ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ လုံးဝ လက်လျှော့မှာ မဟုတ်ဘူး"

"ငါ ခန့်မှန်းတာ မမှားရင် သူက သူ့ဆရာဖြစ်တဲ့ ပဉ္စမအဆင့် အဂ္ဂိရတ် သခင်ကို ခေါ်ပြီး မကြာခင် ပြန်ရောက်လာလိမ့်မယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ငါသာ သူ့ကို နေရာမဖယ်ပေးရင် ပွဲကြီးပွဲကောင်းကို ဘယ်လိုလုပ် ကြည့်ခွင့်ရတော့မှာလဲ"

"............"

မုန့်ချင်းရွှယ်က ခဏမျှ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

စင်စစ် ကျန်းချန်သည် တန်ဟောင်ချမ်ကို အမှန်တကယ် မကြောက်ရွံ့ဘဲ သေတွင်းထဲသို့ တွန်းပို့ခဲ့ခြင်းသာ ဖြစ်သည်မဟုတ်ပါလား။

အခန်း(၁၈၀) ပြီး၏

All Chapters