← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

“ငါက အချိန်ကူးပြောင်းလာတယ်။ ပြီးတော့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဗီလိန်တစ်ယောက် ဖြစ်နေတာတဲ့လား”

မှတ်ဉာဏ်တွေကို ခံစားမိပြီးနောက် လင်းဖေးဟန် မျက်နှာအမူအရာ ထူးဆန်းသွားသည်။

သူက အချိန်ကူးပြောင်းလာခဲ့သည်။ “မြို့တော်မှ အတော်ဆုံး နတ်ဆေးသမားတော်” ဆိုသော သူ ဖတ်ခဲ့ဖူးသော ၀တ္ထုထဲသို့ ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။

ဇာတ်လမ်းမှာ ကျန်းပိုင်မြို့မှာ အခြေတည်သည်။

၀တ္ထုထဲတွင် လင်းနှင့်လု မိသားစုနှစ်ခုလုံးသည် ကျန်းပိုင်၏ အာဏာရှိ မိသားစုများ ဖြစ်ကြသည်။ မိသားစုနှစ်ခုကြား နက်နဲသော ဆက်ဆံရေးရှိကြပြီး ဇာတ်လိုက်မ၏အဖေ လုသခင်ကြီးက သူ၏ ချစ်လှစွာသော သမီး‌လေးကို လင်းဖေးဟန်နှင့် စေ့စပ်ပေးထားသည်။

အရေးအကြီးဆုံးအချက်ကတော့ လုရွှယ်ယင်က လင်းဖေဟန်ကို လုံး၀သဘောမကျခြင်းပင်။ လင်းဖေးဟန်၏ ချုပ်ခြယ်ကာ ဖိအားပေးမှုကို သူမစက်ဆုပ်လှသည်။ သို့သော် သူ့မိဘများ၏ ဖိအားပေးမှုကြောင့် လုရွှယ်ယင် ငြင်းဆိုရန် အင်အားမရှိဖြစ်ခဲ့ရသည်။

လုရွှယ်ယင် မျှော်လင့်ချက်မဲ့နေစဉ်မှာပင် ဤဝတ္ထု၏ဇာတ်လိုက်ကျော် ယဲ့ဖန်းက ပညာသင်ယူရန် တောင်အောက်သို့ ဆင်းလာခဲ့သည်။

လုရွှယ်ယင်၏ အဘိုးဖြစ်သူနှင့် ဆက်နွှယ်မှုကတစ်ဆင့် ယဲ့ဖန်းက လုရွှယ်ယင်ရဲ့ သက်တော်စောင့် ဖြစ်လာခဲ့သည်။ ထို့နောက် ကျန်းပိုင်မြို့တွင် လျင်မြန်စွာ အောင်မြင်ကျော်ကြားလာခဲ့ပြီး တစ်လောကလုံးကို လွှမ်းမိုးလေတော့သည်။

ယဲ့ဖန်း နာမည်ကြီးလာသည်နှင့်အမျှ မ‌ရေမတွက်နိုင်သော အလှပဂေးလေးများနှင့် တွေ့လာရသည်။

သို့သော် လင်းဖေးဟန်မှာမူ ဆိုးရွားလှသော အခြေအနေတွင် ရှိခဲ့သည်။

သူသည် နဂိုကတည်းက ဇာတ်လိုက်ထက် အနေအထား သာလွန်သော်လည်း အကွက်ရွေ့မှားခဲ့သည်။

ဇာတ်လိုက်ဖြစ်သူကို ဆန့်ကျင်ခဲ့သောကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် မျက်နှာပျက်ခဲ့ရသည်။ သတို့သမီးလောင်း အလုခံခဲ့ရသည်။ အဆုံးတွင် မိသားစုပါ ပြိုကွဲခဲ့ရတော့သည်။

“တင်း! စနစ် ကို အောင်မြင်စွာ အစပြု လိုက်ပါပြီ”

“ဗီလိန် စနစ် ကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

လင်းဖေးဟန် နားထဲတွင် စက်ရုပ်အသံကို ကြားလိုက်ရသည်။

“စနစ် တဲ့လား”

လင်းဖေးဟန် မျက်လုံးအိမ် ကျယ်သွားသည်။

အရင်ဘ၀က ၀တ္ထုရဲ့ ဇာတ်ကြောင်းကို ရင်းနှီးကျွမ်း၀င်နေတဲ့အတွက် အချိန်ကူးပြောင်းသူတစ်ယောက်အတွက် စနစ် ရဲ့ အရေးပါပုံကို သူသိသည်။

“တင်း”_စနစ် ကို အောင်မြင်စွာ ချည်နှောင်ပြီးပါပြီ။

“ဒီ စနစ် ကို ဘယ်လိုသုံးရတာလဲ”

လင်းဖေးဟန် စိတ်ထဲ မေးခွန်းထုတ်လိုက်သည်။

“ဗီလိန် စနစ် က အသုံးပြုသူကို ခုခံစစ်ဆင်နိုင်ဖို့ ကူညီပေးပြီး အသိဉာဏ်မဲ့တဲ့ ၀တ္ထုရဲ့ ဇာတ်ကြောင်းကို တိုက်ခိုက်ပေးတယ်”

“အဓိကအချက်ကတော့ အသုံးပြုသူက သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ ရွေးချယ်နေသရွေ့ သက်ဆိုင်ရာ ပွိုင့်တွေရမယ်။ အဲ့ဒီပွိုင့်တွေနဲ့ စနစ် ဈေးတန်းကနေ ဆုတွေ ထုတ်ယူလို့ရသလို ကြိုက်နှစ်သက်ရာ ပစ္စည်းနဲ့ လဲလှယ်လို့လည်းရတယ်”

“ထပ်ဆောင်းအနေနဲ့ ဇာတ်လိုက်ဆီကနေ အခွင့်အရေးနဲ့ ကံကောင်းမှုတွေကို လုယူပြီးတော့လည်း ပွိုင့်တွေ ရနိုင်သေးတယ်။ အဲ့လိုနည်းနဲ့ ပိုမိုသန်မာလာနိုင်ပါတယ်”

စနစ် က ပြောသွားသမျှက သူလိုချင်တဲ့အတိုင်းချည်းပဲ။

သူသည် စာအုပ်ထဲကလို ဇာတ်လိုက်ဆီကနေ အမျိုးမျိုး အရှက်ခွဲမခံနိုင်ပေ။ မိသားစုလည်း အပြိုကွဲမခံနိုင်။

ယခုအခါ သူသည် ဇာတ်ကြောင်းကိုသိပြီး ကူညီပေးဖို့ စနစ် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ကံကြမ္မာကို ပြောင်းလဲရန် ဆုံးဖြတ်ချက်ချလိုက်သည်။

“ဒေါက် ဒေါက် ဒေါက်”

သူတွေးနေချိန်မှာပင် တံခါးခေါက်လာခဲ့သည်။

လင်းဖေးဟန်၏ အတွေးများ ပြန်ရုတ်သိမ်းလိုက်သည်။ စနစ် ကို နားလည်အောင်လုပ်ရင်း လင်းဖေးဟန် အလုပ်ရှုပ်နေခဲ့သည်။ သူရောက်ရှိနေသော နေရာကို လေ့လာချိန်မရှိခဲ့ပေ။ သူရောက်ရှိနေသည်မှာ ရုံးခန်းကျယ်ဖြစ်သည်။ လင်းဖေးဟန်၏ ဥက္ကဌ အဆင့်အတန်းကို ပြသနေသည်။

လင်းဖေးဟန်က စီးပွားရေးပါရမီရှင်ဟု ဆိုရမည်။ လင်းမိသားစုက ကျန်းပိုင်မြို့ကို လက်ဝါးကြီးအုပ်နိုင်သော မိသားစုဟု ပြောနိုင်သည်။ သို့သော် လင်းဖေးဟန်က သူ့မိသားစုရဲ့ အထောက်အပံ့အပေါ် မမှီခိုပဲ ဈေးကွက်တန်ဖိုး ၅ ဘီလီယံ ရှိတဲ့ ကုမ္ပဏီကို ကြိုးစားတည်ဆောက်ခဲ့သည်။

“၀င်လာခဲ့”

ဥက္ကဌထိုင်ခုံမှာထိုင်ရင်း လင်းဖေးဟန် လေသံမာမာဖြင့် ပြောလိုက်သည်။

ဘာဖြစ်ဖြစ် သူက ဘော့စ်ပဲလေ။ သူစိတ်ရှိသလို ပြောနိုင်ရမည် မဟုတ်လား။

“ဥက္ကဌလင်း၊ မိန်းကလေးလုနဲ့ သဘောတူထားတဲ့အချိန် ရောက်ရှိလာပါပြီ”

၀င်လာတဲ့သူမှာ လင်းဖေးဟန်၏ အတွင်းရေးမှူးဖြစ်သူ လျှို့ရှင်းယာဖြစ်သည်။

လင်းဖေးဟန်က အမြင်ရှိတယ်ပြောရမည်။ ရုံးအ၀တ်အစား၀တ်ထားသော်လည်း လျှို့ရှင်းယာရဲ့ မကောင်းဆိုးဝါးဆန်သော ခန္ဓာကိုယ်အသွင်အပြင်မှာ ဖုံးကွယ်ရန် ခက်နေသေးသည်။

“သိပြီ၊ ကျေးဇူးပဲ”

စီအီးအိုဖြစ်သူက သူ့ကို ကျေးဇူးတင်လိုက်တာကို ကြားလိုက်ရတော့ လျှို့ရှင်းယာ တခဏမျှ အံ့ဩမှင်သက်သွားသည်။

“ဘာပြောစရာရှိသေးလို့လဲ”

“မ…မရှိပါဘူး”

လျှို့ရှင်းယာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

“ခဏလေး”

“ညွှန်ကြားစရာကျန်သေးလို့လား ဥက္ကဌလင်း”

“မိန်းကလေးလုကို စောင့်ကြည့်နေတဲ့သူတွေကို ပြန်ရုတ်သိမ်းဖို့ အကြောင်းကြားလိုက်”

အကုန်လုံးကိုလား”

လျှို့ရှင်းယာက အနည်းငယ် အံ့အားသင့်ပြီး ထပ်ခါတလဲလဲ ပြန်မေးနေတော့သည်။

“အင်း အကုန်လုံးကိုပဲ။ ပြဿနာရှိလို့လား”

“ဟင့်အင်း၊ မရှိပါဘူး။ ချက်ချင်းလုပ်လိုက်ပါ့မယ်”

လျှို့ရှင်းယာ လှည့်ထွက်သွားသည်။ သူ့စိတ်ထဲတွင်တော့ ရှုပ်ထွေးနေဆဲ။ ဥက္ကဌလင်း ဘာဖြစ်သွားတာလဲ။ ဘာလို့ တခြားလူတစ်ယောက်လို ခံစားနေရတာလဲ။

လင်းဖေးဟန်က သူ့အကြောင်းသူသာသိသည်။ သူက သံသယလွန်ကဲပြီး ပိုင်ဆိုင်လိုစိတ်ပြင်းထန်သည်။ ထို့ကြောင့် လုရွှယ်ယင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။ လုရွှယ်ယင်နှင့် ရင်းနှီးသော ယောက်ျားလေးမိတ်ဆွေများပင် ပင်လယ်ထဲသို့ ငါးစားကျွေးရန် ပစ်ချခံခဲ့ရသည်။ ထို့ကြောင့်ပင် လုရွှယ်ယင်က သူ့ကို တစ်ချိန်လုံး မုန်းတီးနေခဲ့သည်။

ဒီကနေ့မှာတော့ လုရွှယ်ယင်က သူ့ကို ရန်တွေ့ရန်သက်သက် ချိန်းဆိုခြင်းဖြစ်သည်။ အဲ့ဒီအစား မြန်မြန်အဆုံးသတ်လိုက်တာ ပိုကောင်းမည်။ သူဘာလို့ ကပ်ပါးကောင်ဖြစ်ပြီး လျစ်လျူရှုခံနေရတာလဲ သူနားမလည်ပေ။ လင်းဖေးဟန် သက်ပြင်းချလိုက်ပြီး အံဆွဲကို ဖွင့်လိုက်သည်။ အံဆွဲထဲတွင် ပြိုင်ကားသော့များ အတွဲလိုက်ပင်။

“လူချမ်းသာဖြစ်ရတာ စိတ်ညစ်စရာပဲ။ ငါဘာကားစီးရမလဲ”

အဆုံးမှာတော့ လင်းဖေးဟန်က Porsche Cayenne ကို ရွေးချယ်လိုက်ပြီး ကဖေးသို့ မောင်းနှင်သွားသည်။

တံခါး၀ကနေ၀င်လိုက်သည်နှင့် ပြတင်းပေါက်နားထိုင်နေသော လုရွှယ်ယင်ကို သူမြင်လိုက်ရသည်။ လုရွှယ်ယင်တွင် ပုခုံးကနေ ဖားလျားကျနေသော ဆံပင်ရှည်နှင့် နူးညံ့သော မျက်နှာအစိတ်အပိုင်းများရှိသည်။ ထိုအရာများက သူ့ကို အသက်ရှူမှားအောင် လှ‌ပစေသည်။ အနက်ရောင်၀တ်စုံက သူ့အသွင်အပြင်ကို ထင်ရှားစေပြီး အမြင်လွှဲရန် ခက်ခဲစေသည်။ အပြစ်ရှာရမည်ဆိုလျှင် သူ၏ အေးစက်စက်မျက်နှာထားနှင့် မျက်လုံးများထဲမှ စိတ်မရှည်မှုသာ ဖြစ်ပေမည်။

“၀တ္ထုရဲ့ ဇာတ်လိုက်ဆိုတဲ့အတိုင်း ကြယ်တာရာထက်တောင် တောက်ပနေတာပဲ”

လင်းဖေးဟန် စိတ်အေးအေးထားပြီး တည်ငြိမ်သော မျက်နှာထားဖြင့် လျှောက်သွားလိုက်သည်။

“တောင်းပန်ပါတယ် မိန်းကလေးလု။ ကုမ္ပဏီမှာ ကိစ္စတွေရှိလို့ နောက်ကျသွားတယ်”

မိန်းကလေးလုတဲ့လား။

လုရွှယ်ယင်းအံ့အားသင့်သွားသည်။

‌လင်းဖေးဟန်က သူ့ကို ရွှယ်ယင်ဒါမှမဟုတ် ယင်းယင်းလို့ပဲ ခေါ်နေကျလေ။ ဒီနေ့ခေါ်တဲ့နာမည်က မတူဘူးပဲ။ ထပ်ပြောရရင် လင်းဖေးဟန်က မဟာဖိုဝါဒီသမားလေ။ နောက်ကျလို့ တစ်ခါမှ တောင်းပန်ဖူးတာမဟုတ်။ ဒီနေ့သူဘာဖြစ်တာလဲ။ တစ်ခုခုကို ဖုံးကွယ်ထားပြန်ပြီလား။

လုရွှယ်ယင်းရဲ့မျက်လုံးများမှာ ပိုမိုစိတ်မရှည်ပုံပေါ်လာသည်။ လင်းဖေးဟန် ထိုင်ချလိုက်သည်နှင့် သူ တန်းပြောချလိုက်တော့သည်။

“ဒီ‌နေ့လာတာ နင့်ကို ပြောစရာရှိလို့…”

“ငါ့နောက်လိုက်ပြီး စောင့်မကြည့်တော့လို့ရမလား။ တကယ် စိတ်ရှုပ်ဖို့ကောင်းတယ်။ နင်အဲ့ဒီလောက် အချိန်တွေပိုနေရင် နင်…”

လုရွှယ်ယင်း ဘာပြောမလဲဆိုတာ လင်းဖေးဟန် တွေးမိပြီးသားဖြစ်သည်။

“ရတယ်လေ”

လင်းဖေးဟန် ဖြတ်ပြောလိုက်သည်။

“ဟမ်”

လုရွှယ်ယင်း ရုတ်တရက် ရှုပ်ထွေးသွားသည်။ တကယ်တမ်း လင်းဖေးဟန်ကို နားချဖို့ သူ စာအရှည်ကြီး စီကုံးထားပြီးသားဖြစ်သည်။ ဒါပေမဲ့ လင်းဖေးဟန်က ချက်ချင်း သူ ပြောတာကို ကြားဖြတ်ပြီး သဘောတူလိုက်သည်။ ယခင်ကဆို သူ ဆူဆူဆဲဆဲ လင်းဖေးဟန်က စိတ်ရှည်စွာ နားထောင်ခဲ့သည်။ ဤအနေအထားက လုရွှယ်ယင်းကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။

“ငါ့နောက်တကယ်မလိုက်ဖို့ ကတိပေးတာလား။ ထပ်ပြီး မကောင်းတာလုပ်ဖို့ ကြံစည်နေတာ မဟုတ်ပါဘူးနော်။ ငါ့ရဲ့ ယောကျ်ားလေးသူငယ်ချင်းတွေရဲ့ ဘ၀ကို မနှောင့်ယှက်ဖို့ သတိပေးတယ်”

လုရွှယ်ယင်း နည်းနည်း မယုံကြည်နိုင်ဖြစ်မိသည်။ လင်းဖေးဟန်က တစ်ခုခု လွန်လွန်ကြူးကြူး ထလုပ်မှာ သူစိုးရိမ်မိသည်။

“ငါကဘာလို့ နင့်နောက်လျှောက်လိုက်ရမှာလဲ။ နင့်သူငယ်ချင်းတွေကရော ငါနဲ့ဘာဆိုင်လို့လဲ”

လင်းဖေးဟန်ရဲ့ မေးခွန်းကြောင့် လုရွှယ်ယင်း ဆွံ့အသွားသည်။

All Chapters