ဂေါင်းကြီးက သူဖတ်နေတဲ့ အမှိုက်လိုမျိုး ဝတ္ထုထဲကိုရောက်သွားတာ။ အမှိုက်ဝတ္ထုလို့ ဘာလို့ ခေါ်လဲဆိုတော့ သခင်လေးတွေကို ပါးရိုက်တာ၊ အလှလေးတွေကို ကယ်ပြီး ဇာတ်လိုက်က အောင်မြင်လာတာ၊ချမ်းသာလာတာမျိုးမို့လို့။ ဝတ္ထုထဲမရောက်ခင် ဂေါင်းကြီးက ဒီအမှိုက်လိုဝတ္ထုကို မကြိုက်လို့ ဖတ်ရင်းနဲ့တင် ထိုင်အပြစ်ပြောနေတာမျိုး...။ ဝတ္ထုထဲရောက်သွားတော့လည်း အခန်း၁၀၀အတွင်းမှာ ဇာတ်လိုက်ကို ပြစ်မှားမိလို့ တစ်မိသားစုလုံး အချေမှုန်းခံရမယ့် ဗီလိန်သူဌေးသားအဖြစ် ရောက်သွားတာ။ အဲ့မှာ သူဗီလိန်ဖြစ်တာ သိလိုက်ရပြီး လန့်သွားတော့တာပဲ။ သူ့အတွက်ကံကောင်းတာက သူအခုရောက်သွားတဲ့ ဝတ္ထုထဲကအချိန်က ဇာတ်လိုက်မင်းသား တောင်ပေါ်မှာဂူအောင်းနေသေးပြီး မြို့ထဲကို မဆင်းလာသေးတဲ့အချိန်ဖြစ်နေတာပဲ။ အဲ့ဒါနဲ့ပဲ သူက ဇာတ်လိုက်မင်းသားလာရင် ၊ ဇာတ်လိုက်မင်းသား လုပ်သမျှ မခံရပဲ ပြန်ဗျင်းနိုင်ဖို့အတွက် ရသလောက်အချိန်လေးနဲ့ အသည်းအသန် ပြင်ဆင်တော့တာပဲပေါ့။ သူ့ရဲ့ လက်သုံးစကားက - ငါ့မှာအပေါဆုံးက ပိုက်ဆံပဲ

