← Chapters

အခန်း (၁၈၂)

Vol. 13 Ch. 182

အခန်း (၁၈၂)

Vol. 13 Ch. 182

ယဲ့ဖန်းက အရင်တည်းက လူသတ်လေ့ကျင့်ရေးတွေ သင်ခဲ့ရဖူးသူမို့ သူ့မျက်လုံးက အမှောင်ထုကို အသားကျပြီးသားပင်။ လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုတွေကို သူ ရှင်းလင်းစွာ ​မြင်ရသည်။

ဒါပေမဲ့ သူ နားမလည်နိုင်တာက လင်းမိသားစုက သခင်လေးက ဘာလို့လူသတ်တဲ့နေရာမှာ အရမ်းကျွမ်း နေရတာလဲ?

သူ လင်းဖေးဟန်ရဲ့အကြောင်းကို စုံစမ်းထားပြီးပြီ။

လင်းဖေးဟန်ဆိုတဲ့ကောင်က စီးပွားရေးက လွဲရင် ကျန်တဲ့ပညာရပ်တွေမှာ လုံးဝ စောက်ပေါပဲ။

မောက်မာပြီး ကြမ်းတမ်းတဲ့သူ.. ဒါသူ့ကို လူတွေပေးထားတဲ့ နာမည်တွေပဲ။

ဘဝတစ်လျှောက်လုံး လင်းဖေးဟန်ရဲ့ ဘဝက ပျော်ပျော်ကြီးရွက်လွှင့်နေရုံပဲ ဖြစ်ပြီး တစ်ခါမှ အခက်အခဲ မကြုံရဖူးဘူး။

လူသတ်သမားတွေနဲ့ အဆက်အသွယ် ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လူသတ်သမားအကြောင်း သိဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်တဲ့အရာပဲ။

ဒါပေမဲ့ လူသတ်သမားရဲ့ လှုပ်ရှားမှုအားလုံးကို လင်းဖေးဟန်က ဘာကိစ္စမှန်းဆနေနိုင်တာလဲ? လင်းဖေးဟန်က လူသတ်သမားတွေ အကြောင်းကို ကောင်းကောင်းသိနေတဲ့ ပုံမျိုးပဲ။

လင်းဖေးဟန်ရဲ့ အခုလို အခြေအနေမျိုးမှာ ပုံမှန်မဟုတ်စွာ တည်ငြိမ်နေတဲ့ အပြုအမူက ယဲ့ဖန်းအနေနဲ့ နားမလည်နိုင်ဆုံး အရာဖြစ်သည်!

လင်းဖေးဟန် လူတွေကိုနာကျင်အောင် လုပ်ဖူးတယ်ဆိုပေမဲ့ ဘယ်တုန်းကမှ ကိုယ်တိုင် လုပ်ဖူးတာမဟုတ်ဘူး။

ယဲ့ဖန်း သိသလောက်ဆိုရင် လင်းဖေးဟန်က ချမ်းသာတဲ့လူငယ်တစ်ချို့နဲ့ အချင်းချင်း ထိုးကြိတ်ကြဖူးတာလောက်ကလွဲရင် ဘယ်သူ့ကိုမှလဲ မသတ်ဖူးဘူး။

လင်းဖေးဟန် ဘယ်သူ့ကိုမှ မသတ်ဖူးဘူး။ ဒါက သူလူသတ်တဲ့ပထမဆုံး အကြိမ်ပဲ။ ဒါပေမဲ့ သူ့ရဲ့အမူအရာက ပထမဆုံးနဲ့ မတူဘူး။

ယဲ့ဖန်း အတိအကျကို မှတ်မိသေးသည်။ သူ ပထမဆုံး လူသတ်တုန်းကဆိုရင် ကြမ်းပြင်ပေါ်မှာ ပေပွနေတဲ့ သွေးတွေရယ်၊ လက်မှာစွန်းထင်းနေတဲ့ သွေးတွေရယ်ကြောင့် အရမ်းကို ကြောက်လန့်ပြီး သုံးရက်လောက် အိပ်မက်ဆိုးတွေ ဆက်တိုက်မက်ခဲ့ရတာ!

ဒါပေမဲ့ လင်းဖေးဟန်က အရမ်းကို တည်ငြိမ်လွန်းတယ်!

သေချာပေါက်ကို ဒီလင်းဖေးဟန်ဆိုတဲ့ကောင်က လူတွေရဲ့ အသက်ကို အဖက်မလုပ်တာပဲ! ဒီလိုကောင်က သေသင့်တယ်!

စားသောက်ဆိုင်ရဲ့မီးတွေ ပြတ်ကြသွားတာတောင်မှ၊ လူသတ်သမားက အနောက်ကနေ လိုက်ပစ်နေတာတောင်မှ၊ သူနဲ့ရင်ဆိုင်ပြီး သေခါနီးမှာတောင်မှ၊ လင်းဖေးဟန်ရဲ့ အပြုအမူတွေက တောက်လျှောက် အလွန့်အလွန်ကြီးကို တည်ငြိမ်နေခဲ့သည်။ လင်းဖေးဟန်က မြင်ဖူးနေကြ ဒုတိယမျိုးဆက် သူဋ္ဌေးသားတွေနဲ့ မတူဘူးဆိုတဲ့ အတွေးက ယဲ့ဖန်းရင်ထဲပိုပိုပြီး ကြီးထွားလာသည်။

လင်းဖေးဟန်နဲ့ ဒီနေ့ ထိတွေ့မှုအပြီးမှာ ယဲ့ဖန်းအတွက် လင်းဖေးဟန်က ပိုပြီး ဆန်းကြယ်တဲ့ လူဖြစ်လာသလို သူပိုပြီး လင်းဖေးဟန်အကြောင်းကို သိချင်စိတ် ဖြစ်သွားသည်။

လင်းဖေးဟန်ကတော့ မသိခဲ့ဘူးပေါ့။ သူ့ရဲ့ သတိကြီးတဲ့ အပြုအမူတွေက ယဲ့ဖန်းရဲ့ ပြင်းထန်တဲ့ သိလိုစိတ်ကို နှိုးဆွမိလိုက်ပြီ ဆိုတာကို။

လင်းဖေးဟန်က သူ့ဆီချဥ်းကပ်လာမှု​ကို ခံစားမိခဲ့ပြီး သူရန်သူကို ဂရုမပြုပဲ မနေရဲဘူးလေ။ ပြီးတော့ ခွေးကိုပြုတ်ကျတုန်း နာနာရိုက်ရမယ်ဆိုတဲ့ အခြေခံအချက်ကို နားလည်တာမို့ အခွင့်အရေးရတုန်း လက်လွတ်မခံခဲ့ရုံပဲ။

ဒါပေမဲ့ ယဲ့ဖန်းက ထင်သွားသည်။ လင်းဖေးဟန်က လူသတ်သမားအကြောင်းကို နားလည်တယ်ဆိုပြီး!

ဒါပေမဲ့ အဲ့လိုထင်အောင် လုပ်ခဲ့တာလဲ လင်းဖေးဟန်ပဲ။

မူရင်းဇာတ်ကြောင်းမှာ ယဲ့ဖန်းက လုအုပ်စုအတွက် လူသတ်မှုတွေကို ကျူးလွန် ပေးရတတ်သည်။ တစ်ခါတစ်လေမှာ မစ်ရှင်အတွင်း ကံဆိုးစွာနဲ့ သေနတ်ပစ်ခံရတာမျိုးရှိပြီး သူ အံကြိတ်ရင်း နာကျင်မှုကို တောင့်ခံသည်။ ပြီးတာနဲ့ တစ်ဖက်လူကို ရအောင် ပြန်သတ်ပြီး ခံနိုင်ရည်နဲ့ အနိုင်ယူခဲ့သည်!

နောက်ပိုင်းမှာ စာရေးသူက ထိုအချက်နဲ့ ပတ်သတ်ပြီး ရှင်းပြချက်ပေးလာသည်။

လူသတ်သမားတိုင်းမှာ ကမ္ဘာ့ထိပ်တန်း နာကျင်မှုကို ခံနိုင်ရည်ရှိကြသည်။ နာကျင်မှု အားလုံးကို သူတို့ တောင့်ခံနိုင်ကြသည်။ ဥပမာပြောရရင် ဆားရည်စိမ်ထားတဲ့ ကြာပွတ်နဲ့ အဆက်မပြတ် အရိုက်ခံရတာ မျိုးတို့..

သွားကြားထိုးတံနဲ့ လက်သည်းကြားထဲ ထိုးတာတို့ ..

နောက်ဆုံး လက်သည်းကို လက်ချောင်းထိပ်ကနေ ကလန်ပြီး ခွာချပစ်တာတို့ စသဖြင့် နှိပ်စက်မှု အားလုံးမှာ သူတို့ခံနိုင်ရည်ရှိကြသည်!

တစ်ကယ်ကို လက်တွေ့မဆန်လွန်းတာပဲ။ စာအုပ်ကို ဖတ်တဲ့အချိန်တုန်းက အဲ့လို လူသတ်သမားတွေ ရှိခဲ့ရင်တောင် စစ်တပ်မှာ ရှိကြလောက်ပြီး သူတွေ့ရမှာ မဟုတ်ပါဘူးလို့ လင်းဖေးဟန် တွေးခဲ့သေးသည်။

ဒါပေမဲ့ ဘယ်သူတွေးမိမှာလဲ? သူက စာအုပ်ထဲကို ကူးပြောင်းလာပြီး စာရေးဆရာရဲ့ အချက်တွေနဲ့ တစ်ကယ်ကြုံနေရမယ်လို့။

စာရေးသူ ရှိတယ်လို့ပြောခဲ့ရင် သေချာပေါက် ရှိမှာပဲ!

ဒီကမ္ဘာမှာ လူသတ်တယ်ဆိုတာ သာမာန် ဖြစ်ရပ်တစ်ခုပဲလေ။

လူသတ်သမားတွေရဲ့ အဓိကတာဝန်က ပစ်မှတ်ကို သတ်ဖို့နဲ့ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်ကို တင်းကျပ်စွာ စောင့်စည်း နိုင်ဖို့ပဲ။

နာကျင်မှုကိုတောင် သည်းမခံနိုင်ရင် တစ်ဖက်ရန်သူက ဖမ်းပြီး လျှို့ဝှက်ချက်တွေ ပြောလာဖို့ အတင်းအကျပ် ဖိအားပေးတာနဲ့ ကြုံရင် ဘယ်လိုလုပ်မလဲ?

အဲ့လိုဆို လူတစ်ချို့က မင်းကို အဆိပ်သောက် သေဖို့ အကြံပေးကောင်း ပေးလိမ့်မယ်။ ဒါလဲ မှားတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းမှာ အဆိပ်သောက်ဖို့ အချိန်တောင် မရှိခဲ့ရင် ဘယ်လိုလုပ်မလဲ?

လူသတ်သမားဂိုဏ်း တိုင်းက ဒီအချက်တွေကို ထည့်တွေးထားတာမို့ မကြာခဏဆိုသလို ရက်စက်တဲ့ လေ့ကျင့်ရေးတွေ ဆင်းခိုင်း တတ်ကြသည်။ နာကျင်မှုကို တောင့်ခံနိုင်စေတဲ့ လေ့ကျင့်ရေးတွေလဲ ပါသည်။

ရှေးခေတ်က သူလျှို လေ့ကျင့်ရေးတွေနဲ့ အတူတူပဲ။

ဒီအချက်တွေကို လင်းဖေးဟန် အတိအကျ သိနေခဲ့တာမို့ သူ မတုံ့ဆိုင်းဘဲ လူသတ်သမားကို သေနတ်နဲ့ ဆက်တိုက် ပစ်ခဲ့တာပင်။

ထိုအချိန်မှာ အဆောက်အဦးအပြင်ဘက်နေ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။

“ နားထောင်ကြ အထဲကလူတွေ! မင်းတို့ အပေါင်းအဖော်တွေ အဖမ်းခံလိုက်ရပြီ။ ချက်ချင်း လက်နက်ချရင် သက်ညှာမှုအတွက် စဥ်းစားပေးမယ်!”

သူတို့ဘာလို့များ စောပြီးမလာကြတာလဲ? နောက်ကျလာလဲ ရသေးတယ်။ ငါ လူသတ်သမားကို သတ်ပြီးပြီးချင်းကြီး ရောက်ချလာကြတယ်။

လင်းဖေးဟန် ခဏလောက် ပြောစရာ ပျောက်ဆုံးသွားသည်။

အပြင်ဘက်က အသံကိုကြားတာနဲ့ ယဲ့ဖန်းက မေ့လဲနေတဲ့ ဟွမ်လောင်ပကို ပုခုံးပေါ် ကောက်တင်ပြီး ဒုတိယထပ်ကို ခုန်တက်သွားရင်း အေးစက်စွာ ပြောသွား သေးသည်။

“ လင်းဖေးဟန် မင်းဒီတစ်ခေါက် ကံကောင်းသွားတယ်။ နောက်တစ်ခေါက် မင်းအခုလို အခွင့်အရေး ရမှာမဟုတ်ဘူး!”

ပြောပြီးတာနဲ့ ယဲ့ဖန်းက စားသောက်ဆိုင်က ထွက်သွားတော့သည်။

အခုလို အခြေအနေမှာ လင်းဖေးဟန်နဲ့ မားပါ့တို့ ယဲ့ဖန်းနောက်ကို ဆက်မလိုက်ချင် တော့ပေ။ သေချာပေါက် မလိုက်နိုင်တာလဲ ပါတာပေါ့။

ယဲ့ဖန်း ထွက်သွားတာကို မြင်တာနဲ့ မားပါ့ ဆက်ပြီး မထိန်းထားနိုင်တော့ပေ။ မြေပြင်ပေါ်ကို တစ်ကိုယ်လုံး ပြုတ်ကျသွားပြီး တစ်ကိုယ်လုံး စတင် တုန်ယင်လာကာ ပါးစပ်မှ ပြို့လာသည်။

လင်းဖေးဟန် ကြောက်လန့်ပြီး မေးရတော့သည်။

“ ခင်ဗျား ဘာဖြစ်နေတာလဲ?”

မားပါ့ ခြောက်ကပ်စွာ ခြောင်းဆိုးလိုက်သည်။ သူ့ရဲ့မျက်နှာက ဖြူဖတ်နေပြီး အလွန်ဆိုးရွားတဲ့ နာကျင်မှုကို တောင့်ခံ နေရသကဲ့သို့ပင်။ ဒါပေမဲ့ သူက ပြုံးလာပြီး ပြောလိုက်သည်။

“ အဆင်ပြေတယ်။ အနာဟောင်းတွေပါ။ နည်းနည်း လေ့ကျင့်ခန်းလုပ်ပြီးသွားရင် ဒီလိုပဲ ဖြစ်တတ်တယ်”

“ စကားမပြောတော့ဘူး။ ငါသွားသင့်ပြီ!”

မားပါ့ မတ်တပ်ရပ်ချင်ပေမဲ့ ယိုင်နဲ့ကာ ထပ်ပြုတ်ကျသွားပြန်သည်။

မားပါ့ရဲ့ မူမမှန်တဲ့ ခန္ဓာကိုယ်ကို ခံစားမိတာမို့ လင်းဖေးဟန် ချက်ချင်းပဲ မားပါ့ရဲ့ ဘယ်လက်ကို ဆွဲယူပြီး သွေးခုန်နှုန်း စမ်းလိုက်သည်။

“ မင်း.. မင်းဘာလုပ်တာလဲ?”

မားပါ့ ရုန်းထွက်ချင်ပေမဲ့ ဒီအချိန်မှာမှ သူက ရုတ်တရက်ကြီးနေမကောင်းဖြစ်လာပြီး အားမရှိတော့ဘူး။ ဒီတော့ သူဘယ်လို ရုန်းနိုင်တော့မှာလဲ?

မားပါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို နားလည်သွားတာနဲ့ လင်းဖေးဟန် အေးစက်စွာ ပြောလိုက်သည်။

“ ခင်ဗျားလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ထဲက အဆိပ်မိထားခဲ့တာ။ အခြေအနေတွေ​က အဲ့ဒီတုန်းက မကောင်းခဲ့တော့ အဲ့ဒီအဆိပ်က အခုထိ မပြေသေးဘူး။ အသက်ကို ကယ်နိုင်ခဲ့ပေမဲ့ ကျန်နေတဲ့ အဆိပ်က ခင်ဗျားတစ်ဘဝလုံး ကျန်နေအုံးမှာ”

“ အစပိုင်းတော့ အဆင်ပြေသေးတယ်။ ငယ်သေးတာမို့ အဲ့ဒါကိုဂရုမစိုက်လဲ ရတယ်။ ဒါပေမဲ့ ရှေ့နှစ်ပိုင်းတွေမှာ ခင်ဗျားရဲ့ ကိုယ်တွင်းအင်္ဂါတွေလဲ အရွယ်ရလာပြီ။ ကျန်နေတဲ့ အဆိပ်ပိုးတွေက နာမကျန်းဖြစ်မှုမှာ ထကြွလာပြီး ခင်ဗျားခံစားနေရတာပဲ”

“ ကျွန်တော်မမှားရင် ဒီရက်ပိုင်းနာကျင်မှုတွေ ပိုစိတ်လာတယ်မလား?”

မားပါ့ အံ့သြသွားပြီး မျက်လုံးတွေ ​ပြူးကျယ်လာကာ ပြန်မေးလိုက်သည်။

“ မင်း.. မင်း ဘယ်လိုသိလဲ?”

လင်းဖေးဟန် ပြုံးကာပြောလိုက်သည်။

“ အဲ့တာတင်မဟုတ်ဘူး။ ခင်ဗျားရဲ့စိတ်ကိုလဲ ကျွန်တော်သိတယ်။ အခု ခင်ဗျားထွက်သွားရင် ဒီစားသောက်ဆိုင်ကတောင် မထွက်နိုင်သေးဘူး။ အဆိပ်ကြောင့်သေနေမှာပဲ စိုးရတယ်”

စာစဉ်ပြီး၏

All Chapters