အခန်း (၁၂၆)
Vol. 9 Ch. 126
“ ဒါပေမဲ့ ဒီကောင်က သေချာပေါက်ကို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာပဲ။ သူက ကောင်းကောင်းမွန်မွန် ဘယ်လိုလမ်းခွဲရမယ် မသိဘူး။ မင်းကိုတောင် အော်ဟစ်ခဲ့သေးတယ်။ ငါ ဒေါသထွက်ပြီး ရိုက်လိုက်မိတယ်”
“ မင်း သူနဲ့ လမ်းခွဲပြီးပြီဆိုမှတော့ သူ့ကို စိတ်မပူနဲ့တော့။ သူနဲ့ဆက်သွယ်လို့ ရတဲ့ အားလုံးကို block ပစ်လိုက်ပြီး သူ့ကို ထပ်လာမပတ်သတ်ဖို့ ပြောလိုက်ပေါ့။ သူ မင်းကို အနာဂတ်မှာ လာနှောက်ယှက်မှာ မဟုတ်တော့ပါဘူး”
“အွန်း”
လုမုံ့ဟန် ခေါင်းညိတ်လိုက်သည်။ သူမသည် ကျောင်းထဲ ပြန်မဝင်သေးဘဲ သူမရဲ့ အင်္ကျီ အနားစလေးကို လုံးချေနေခဲ့သည်။ သူမရဲ့ မျက်နှာထက်တွင် ရှုတ်ထွေးမှုတစ်ချို့ ရှိနေသည်။ သူမရဲ့မျက်နှာသည် အနည်းငယ် နီမြန်းနေပြီး တစ်ချက်တစ်ချက် လင်းဖေးဟန်ကို ခိုးကြည့်နေခဲ့သည်။
လင်းဖေးဟန် သိချင်စွာမေးလိုက်သည်။
“ ဘာဖြစ်လို့လဲ? မင်းဘာလို့ ကျောင်းထဲ မဝင်သေးတာလဲ?”
လုမုံ့ဟန်သည် သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ စိတ်ပိုင်းဖြတ်လိုက်သည့် ပုံပင်။ ထို့နောက်မှာ
“ အကိုကြီးလင်း… ရှင်.. ရှင်.. ကျွန်မကို ကြိုက်လား?”
လင်းဖေးဟန် ပြုံးသွားသည်။
“ မင်းကို လူတွေအများကြီး ကြိုက်ကြမှာပဲ။ ငါလဲ မကြိုက်ဘူးပြောရင် လိမ်ရာကျသွားမှာပေါ့။ ဒါပေမဲ့ မပူပါနဲ့။ ငါဒီအတွက်နဲ့မင်းကို ခြိမ်းခြောက်မှာ မဟုတ်ဘူး။ ဒါကြောင့် မြန်မြန် အထဲဝင်တော့”
လုမုံ့ဟန်ရဲ့ ခြင်တစ်ကောင်လို တိုးညှင်းလှတဲ့ အသံလေး ထွက်လာခဲ့သည်။
“ ကျွန်မ ကျောင်းကို အခုပြန်မသွားချင် သေးဘူး။ မနေ့က KTV မှာ အဆုံးမသတ်ခဲ့ရတဲ့ အရာကို အဆုံးသတ်ချင်တယ်…”
ထိုစကားဆုံးတာနဲ့ လုမုံ့ဟန်ရဲ့ မျက်နှာက သွေးလွှမ်းသွားသလို ရဲသွားသည်။ သူမရဲ့ ရှည်သွယ်သွယ် လည်ပင်းဖွေးဖွေးပင် အနီရောင်သန်းလာသည်။
ထိုအချိန်မှာ သူမ စိတ်ဆုံးဖြတ်ထားခဲ့သည်။ ဘာတွေပဲ ဖြစ်လာပါစေ သူမရဲ့ ပထမဆုံး အကြိမ်ကို လင်းဖေးဟန်ကို ပေးဖို့ ဆန္ဒရှိသည်။
လင်းဖေးဟန်ရဲ့ မျက်လုံးတွေ ချက်ချင်း လက်သွားပြီး ပျော်ရွင်မှုတွေ ဝင်ရောက်လာခဲ့သည်။
သူ့ရဲ့ ခံစားချက်တွေကိုသာ ဒီလို မိန်းမလှလေးကို မထုတ်ပြနိုင်ဘူးဆိုရင် ယောက်ျားလို့ ဘယ်ခေါ်နိုင်တော့မလဲ?
လင်းဖေးဟန် တန်းပြီး လုမုံ့ဟန်ကို ပွေ့ချီလိုက်သည်။
“အကိုကြီးလင်း ဒီမှာလူတွေ ရှိတယ်လေ။ ကျွန်မကို အောက်ချပေးပါ။ မြန်မြန်လေး”
“ မင်းဘာတွေ ကြောက်နေမှာလဲ? ငါ့ကောင်မလေး ဖြစ်သွားပြီပဲကို”
ထိုစကားက လုမုံ့ဟန်ရဲ့ နှလုံးသားကို ဘောင်ဘင်ခတ်သွားစေခဲ့သည်။
လင်းဖေးဟန် ချက်ချင်းပဲ တက္ကသိုလ် အနီးရှိ ဟိုတယ်ကို သူမကိုခေါ်သွားလိုက်သည်။
ဟိုတယ်ခန်းထဲကို ရောက်တဲ့အခါမှာ လုမုံ့ဟန် အရမ်းရှက်လာပြီး သန့်စင်ခန်းထဲ ပြေးဝင်သွား တော့သည်။ လင်းဖေးဟန်ကိုလဲ မကြည့်ရဲ တော့ပေ။
“ ကျွန်မ ရေအရင်ချိုးလိုက်မယ်”
လင်းဖေးဟန်ရဲ့ မျက်လုံးတွေ လင်းသွားသည်။ သူ လုမုံ့ဟန်ကို ထွက်ပြေးခွင့် မပေးပါချေ။ သူပါ ရေချိုးခန်းထဲ လိုက်ဝင်လာခဲ့သည်။
“ အကိုကြီးလင်း.. ရှင်ဘာလုပ် နေတာလဲ? မြန်မြန်ထွက်လေ”
“ ကိုလဲ ရေချိုးမလို့လေ!”
လင်းဖေးဟန် ပြုံးကာ ဆွဲဆောင်မှုရှိလှသော လုမုံ့ဟန်ကို ကြည့်လိုက်သည်။ သူမက ပိုလို့တောင် ဆွဲဆောင်မှု ရှိနေတာပဲ။
“ ဒါဆို မင်းအရင် သန့်စင်မလား ကို အရင် သန့်စင်ရမလား..”
“ မဟုတ်ဘူး။ အတူတူ ရေချိုးကြတာပေါ့။ မဖွံ့ဖြိုးတဲ့ဒေသတွေမှာ တစ်ကယ် ရေတွေ ခက်ခဲနေကြတာရှိတယ်။ သူတို့ တစ်ဘဝလုံးမှာ ရေသုံးခါပဲ ချိုးဖူးတဲ့ သူတစ်ချို့တောင် ရှိကြတယ်။ ကိုတို့ ရေချွေတာရမဲ့ ကိစ္စကို ဘယ်လိုလုပ် လျစ်လျူရှုရမှာလဲ?”
“ အဲ့တာ… ဟုတ်ပြီ.. ဒါပေမဲ့ ရှင် ကျွန်မကို ကြည့်ခွင့်မရှိဘူးနော်..”
လုမုံ့ဟန်ရဲ့ စကားမဆုံးခင်မှာပဲ လင်းဖေးဟန် ပါးစပ်ဖွင့်ကာ သူမကို ပါးစပ်ပိတ်ပေး လိုက်တော့သည်။
“အွန်း…အွန်း”
………..
ထိုအချိန်မှာ ယဲ့ဖန်းကလဲ အိမ်ပြောင်းသွားတဲ့ လျိုရှုယွင်ကို ခေါ်လာခဲ့သည်။
သူ ဘယ်လိုလုပ်ပြီး ခေါ်လာတာလဲတော့ မမေးနဲ့တော့။ မေးတာက ဇာတ်ကြောင်း သိချင်တာပဲ။
ဘာကြောင့်ရယ်မသိ အိပ်ယာထဲ လှဲနေတဲ့ လျိုရှုယွင်ကိုကြည့်ပြီး ယဲ့ဖန်း အနည်းငယ် မသက်မသာ ခံစားနေရသည်။
ဒီခံစားချက်က အရမ်းကို မသက်မသာ ဖြစ်လွန်းလှသည်။ လျိုရှုယွင်ရဲ့ စွဲလန်းဖွယ် ပုံရိပ်ကို မြင်ရတာတောင်မှ သူ စိတ်မပါလာဘူး။
လျိုရှုယွင် မျက်မှောင်ကြုတ်သွားသည်။ သူမ ဗိုက်ဝသလို မခံစားရသေးတာမို့ မေးလိုက်လေသည်။
“ ဘာဖြစ်လို့လဲ? ရှင် မကြာခင်က အရမ်း ပင်ပန်းထားလို့လား? ရှင်အရင်က အခုလို မဟုတ်ပါဘူး။ ရှင် ဆေးသောက်ချင်လား?”
ယဲ့ဖန်း ခေါင်းရမ်းလိုက်ပြီး စိတ်တိုစွာ ပြောလိုက်သည်။
“ တော်ပြီ။ ငါအဆင်ပြေတယ်။ ငါအခု ဘာလုပ်နေလဲကို မင်း မေ့သွားတာလား?”
“ဒါဆိုလဲ..”
“ ငါ စိတ်မပါတော့ဘူး”
ယဲ့ဖန်း ဆေးလိပ်တစ်လိပ် မီးညှိပြီး အားနဲ့ ရှိုက်လိုက်သည်။ သူပိုပြီး စိတ်တိုလာသလိုပဲ။
လင်းဖေးဟန်အပေါ်သာ အပြစ်တွေ ပုံချ လိုက်တော့သည်။
“ လင်းဖေးဟန်ဆိုတဲ့ကောင် ငါမင်းကို ရအောင်သတ်မယ်!”
လျိုရှုယွင် မျက်မှောင်ကြုတ်သွားသည်။ လင်းဖေးဟန်အပေါ်မှာ သူမ အမြင်ကောင်း မရှိတာမှန်ပေမဲ့ အခု လင်းဖေးဟန်က ယဲ့ဖန်း စိတ်တိုအောင် ဘာမှလုပ်ထားတာလဲ မဟုတ်ဘူး။
လျိုရှုယွင် အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ ဒါပေမဲ့လဲ သတိပေးလိုက်လေသည်။
“ ယဲ့ဖန်း အရမ်းစိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ရှင်ဘာလို့ လင်းဖေးဟန်ကို အမြဲသတ်ချင်သလို ခံစားနေရတာလဲ? လင်းဖေးဟန်နဲ့ ဘယ်လိုတောင် နက်ရှိုင်းတဲ့ အမုန်းတွေ ရှိနေတာလဲ? ပြီး ဒီရက်တွေမှာ သူ မစ္စလုကိုလဲ မနှောက်ယှက်ဘူးလေ မှန်တယ်မလား?”
“ သူရှင့်ကို ရန်မစနေတာမို့ ရှင်သူ့ကို ဂရုစိုက်ဖို့ မလိုပါဘူး။ ဘယ်အချိန်မှ ဒီလက်စားချေတာက အဆုံးသတ်တော့ မှာလဲ? သူ အမှားကြီးကြီး လုပ်ခဲ့ရင်လဲ ရှင်ဘာလုပ် နိုင်မှာမို့လို့လဲ?”
ယဲ့ဖန်း တန်းပြီးဖြတ်ပြောလိုက်သည်။
“ မင်းဘာသိလဲ? ဒါက ယောက်ျားတွေကြားက ကိစ္စပဲ။ ငါသူ့ကို သတ်ကိုသတ်မှာ။ အဲ့ကောင်က ကျက်သတုံးကောင်ပဲ”
ဒီအချိန်မှာ သူ လင်းဖေးဟန်ကို အလွန် မုန်းတီးသည်။
“ ဒါပေမဲ့ သူက လင်းမိသားစုရဲ့ သခင်လေးပဲ။ သူက လင်းအုပ်စုကို တာဝန်ရှိတဲ့ လင်း ဥက္ကဋ္ဌ ဖြစ်နေတုန်းပဲ”
“ဟဟ!”
ယဲ့ဖန်း မဲ့လိုက်သည်။
“ ဘယ်လိုအရှုတ်ထုတ် လင်းမိသားစုလဲ? လင်းမိသားစုကို ငါကိုယ်တိုင် ဖျက်ဆီး ပစ်မယ်။ အဲ့ဒါပြီးရင် လင်းကုမ္ပဏီကို မင်းကို တာဝန်ယူခိုင်းမယ်”
ယဲ့ဖန်း လေသံပြောင်းကာ လျိုရှုယွင်ကို ကြည့်လိုက်သည်။
“ ဘာလဲ? မင်းက မလုပ်နိုင်ဘူး ထင်လို့လား?”
ယဲ့ဖန်းရဲ့ ယုံကြည်ချက်ရှိတဲ့ ပုံစံကို လျိုရှုယွင် ကြိုက်သည်။ သူမ အမြင်မှာ ယောက်ျား တစ်ယောက်ရဲ့ ဆွဲဆောင်မှုက ယုံကြည်ချက်ပဲ။
လျိုရှုယွင် တန်းပြီး ယဲ့ဖန်းရဲ့ လက်မောင်းထဲ ခိုဝင်လိုက်သည်။ သူမရဲ့ ရှည်သွယ်သွယ် လက်ချောင်းများက ယဲ့ဖန်းရဲ့ ရင်ဘတ်အပေါ်မှာ စက်ဝိုင်းပုံ ဆော့ကစား နေရင်း
“ သေချာပေါက် ရှင်လုပ်နိုင်တာပေါ့။ ရှင် လုပ်ချင်စိတ် ရှိနေသရွေ့ ဘယ်သူမှ ရှင့်ကို တားနိုင်မှာ မဟုတ်ဘူး။ ရှင့်ကို ဘာကမှ မတားဆီးနိုင်ဘူး”
ယဲ့ဖန်း ခပ်ဖျော့ဖျော့ ပြုံးကာ ပြင်းထန်တဲ့ ယုံကြည်ချက်ကို ဖော်ပြလိုက်သည်။
“ ဟုတ်တယ်။ လင်းဖေးဟန် တစ်ကောင်ပဲကို။ ငါ လင်းမိသားစုကိုပါ သူနဲ့အတူ မြေမြုပ်ပစ်ချင်တယ်”
……..
မနက်အစောပိုင်းတွင် နေလုံးကြီး ထွက်ပေါ်လာပြီး ပြတင်းမှတစ်ဆင့် လတ်ဆတ်သော လေများကိုလဲ ခံစားလို့ ရနေသည်။
လုမုံ့ဟန် မနက်အစောမှာ နိုးလာခဲ့ပေမဲ့ အိပ်ပျော်ဟန် ဆောင်နေခဲ့သည်။ ခဏ ကြာပြီးတဲ့အခါမှာ အခုထိ အိပ်ပြီး အိပ်မက် မက်ကောင်းနေဆဲဖြစ်တဲ့ လင်းဖေးဟန်ကို တိတ်တဆိတ် ခိုးကြည့်ကာ မနေ့က အကြောင်းကို ပြန်တွေးလိုက်သည်။ သူမ အနည်းငယ် ရှက်လာရသည်။ ဒီလိုနဲ့ပဲ သူမ မသိမသာလေး ကပ်သွားပြီး လင်းဖေးဟန်ရဲ့ လက်မောင်းကြားကို တန်းပြီးဝင်လိုက်သည်။
လင်းဖေးဟန်ရဲ့ လက်မောင်းကြားတွင် လုမုံ့ဟန် အရင်က တစ်ခါမှ မခံစားခဲ့ရတဲ့ လုံခြုံမှုကို ခံစားရသည်။ သူမ တစ်ခါမှ မတွေ့ကြုံဖူးတဲ့ ခံစားချက်ပဲ။
အခုထိ အိပ်နေဆဲဖြစ်သော လင်းဖေးဟန်က သတိမရှိစွာ လှည့်လာပြီး လုမုံ့ဟန်ကို ဖက်လိုက်သည်။ ထို့နောက်မှာ ဆက်လက်ပြီး သူ့ရဲ့နွေဦးအိပ်မက်လေးကို မက်နေလိုက်သည်။
အိပ်မက်ထဲတွင် လင်းဖေးဟန် သူ့ဘဝရဲ့ ထိပ်ဆုံးကို ရောက်နေခဲ့ပြီ ဖြစ်သည်။ ယဲ့ဖန်းကို နင်းခြေထားပြီး လုရွှယ်ယင်က သူ့ဘေးတွင် ရှိနေကာ စုရှင်းယွဲ့၊ ဟန်ရှောင်ပင်း၊ လုမုံ့ဟန်နဲ့ တစ်ခြား အမျိုးသမီး ဇာတ်လိုက်တွေက သူတို့ ပတ်ပတ်လည်တွင် ရှိနေကြသည်။
သူသည် နေ့ရက်တိုင်းကို ပင်လယ်ပြင်ကို ကြည့်ရှုပြီး သဘာဝတရားကိုခံစားရင်း မိန်းမလှများစွာနဲ့ မျက်နှာပြောင်ပြောင်ပဲ နေထိုင်ခဲ့သည်။ ရေကဲ့သို့ သူ့ရဲ့ဘဝက ကြည်လင်နေပေမဲ့ ပင်လယ်ပြင်လို ပေါများလှသည်။
ထိုအချိန်မှာပဲ ဖုန်းမြည်သံ ထွက်ပေါ်လာခဲ့သည်။ ဆေးရုံမှ လာသော ဖုန်းဖြစ်လေသည်။
စာစဉ်ပြီး၏