← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

စနစ်က ကိုယ်ပိုင်အသိဉာဏ် မရှိပေမဲ့ အေအိုင်အသိဉာဏ်ဆိုတော့ လင်းဖေးဟန်ကို အကြံပေးတာပေါ့။

လင်းဖေးဟန် ရယ်ပြီးပြောလိုက်တယ်။

“မင်းလို ဉာဏ်ရည်တုက ဘာနားလည်လို့လဲ။ ငါက ခန့်မှန်းရခက်တဲ့သူလိုပုံစံမျိုး အထာဖမ်းချင်တာ”

“ခန့်မှန်းရခက်တဲ့ပုံစံ ကစားရမယ်ဆိုတာ တရုတ်နွေဦးနှင့်‌ ဆောင်းဦးကာလ(အရှေ့ကျိုးပြည်‌ ထောင်ပထမသက်တမ်း၀က်) စစ်ဗျူဟာပညာရှင် စွန်းဝူရဲ့ စစ်ဗျူဟာကျမ်းက ၁၆ ချက်မြောက်ဆိုတာ စနစ်မှ ရှာဖွေသိရှိရပါတယ်။ စစ်ပွဲတွေမှာ အသုံးပြုလေ့ရှိတဲ့ နည်းစနစ်ဖြစ်တယ်။ အဓိကအမျိုးသမီးဇာတ်ကောင်နှင့် ဘယ်လိုဆိုင်မှန်း စနစ်က မရှင်းပါ။ အသုံးပြုသူက အမျိုးသမီးဇာတ်လိုက်နှင့် တိုက်ခိုက်ချင်တာ ဟုတ်ပါသလား”

“ထားလိုက်စမ်းပါ။ မင်းလို ဉာဏ်ရည်တုက အချစ်အကြောင်း ဘာသိမှာလဲ။ ငါပြောပြရမှာ ပျင်းတယ်”

အေအိုင်အသိဉာဏ်က ခံစားချက်မရှိတာကို လင်းဖေးဟန် သိ၏။ အချစ်နဲ့ပတ်သက်ရင် ထိုအရာက ငထုံဖြစ်သည်။

ဒီလိုကိစ္စမျိုးတွေမှာ စနစ်ကို အားကိုးလို့ မရဘူး။

၀တ္ထုတစ်ခုလုံးကို နှောကြေနေတဲ့ လင်းဖေးဟန်က ပထမဆုံး အမျိုးသမီး‌ဇာတ်ကောင် လုရွှယ်ယင်ရဲ့ စရိုက်လက္ခဏာကို ကောင်းကောင်းကြီးသိထားသည်။

လုရွှယ်ယင်က အေးစက်လွန်းလှ၏။ ဟန်ဆောင်ထားခြင်းမဟုတ်။ သူမက ရေခဲဆောင်လို အလှတရားမျိုးဖြစ်သည်။

သူမမိသားစုက ရှေးရိုးစွဲပြီး ယောက်ျားလေးများကို ဦးစားပေးသောကြောင့် လုရွှယ်ယင်က အမျိုးသားများကို အမြင်မကြည်ခြင်းဖြစ်၏။

ထို့ကြောင့် လုရွှယ်ယင်ကို အသည်းအသန်လိုက်ခြင်းက လွယ်ကူမည်မဟုတ်ပေ။

လွန်ခဲ့တဲ့နှစ်တွေအတွင်း လင်းဖေးဟန်က ခွေးလိုလိုက်လျက်ခဲ့ပေမဲ့ ဘာမျှအကျိုးမရှိခဲ့ပေ။

ဒါကြောင့် စိတ်နေစိတ်ထား ပြောင်းလဲပစ်လိုက်ဖို့ လင်းဖေးဟန် ဆုံးဖြတ်လိုက်သည်။

လင်းဖေးဟန် လုံး၀ကို စိုးရိမ်နေစရာမရှိပါ။ အချိန်တန်ရင် လုရွှယ်ယင် သူ့ဆီကို အလိုလိုရောက်လာမယ်ဆိုတာ သူ ယုံကြည်ချက်ရှိသည်။

“သား ဘာဖြစ်နေပြန်ပြီလဲ ရှောင်ဟန်။ ဘာလို့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ရတာလဲ။ ဘာတွေဖြစ်နေတာလဲ”

လင်းဖေးဟန် တံခါး၀ကနေ ၀င်လာသည်နှင့် အမေဖြစ်သူဆီကနေ မေးခွန်းထုတ်ခံလိုက်ရ၏။

အမေဖြစ်သူက ခါးထောက်ရင်း သူ့ကို ‌စိုက်ကြည့်နေတာ မြင်လိုက်ရ၏။ ကြည့်ရတာ သူ့အမေကို သင့်လျော်တဲ့ အကြောင်းပြချက် မပေးဘူးဆိုရင် ဒီနေ့အိမ်ထဲ ၀င်ရမှာတောင်မဟုတ်ဘူး။

ဘေးမှာတော့ ဖေးဟန်ရဲ့အဖေ လင်းကော်ဟွားက လက်ဖက်ရည်အေးဆေးသောက်ရင်း သူ့ကို ပြုံးပြုံးကြီးကြည့်နေသည်။

လင်းကော်ဟွားက မယား‌ကြောက် ဖြစ်တာကြောင့် နာမည်ကြီးသည်။ အဲ့ဒါကြောင့် သူက သူရဲဘောကြောင်တဲ့သူလို့တော့ မဆိုလိုပေ။ သူက သတ္တိအတော်ရှိသူဖြစ်၏။ မဟုတ်ရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ လင်းအုပ်စုကို အောက်ခြေကနေ ယခုလို ကျော်ကြားအောင်မြင်သည်အထိ စတင်တည်ထောင်ခဲ့နိုင်မှာမဟုတ်ပေ။

အရင်တုန်းကအတိုင်းဆို လင်းဖေးဟန်က သူ့အမေကို ချက်ချင်းရှင်းပြမှာဖြစ်သည်။ သို့သော် ယခုမှာ အတိတ်က လင်းဖေးဟန်မဟုတ်။

“စိတ်မပူပါနဲ့အမေ။ ထိုင်ပြီးပြောကြရအောင်လေ”

လင်းဖေးဟန် ရယ်ရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

လင်းဖေးဟန်ရဲ့ နားချနိုင်စွမ်းကတော့ အတော်လေးကောင်းနေဆဲပင်။ အကြမ်းဖျဉ်း ရှင်းပြပြီးချိန်တွင် ‌သူ့အဖေနှင့်အဖေက ရလဒ်ကို လက်ခံလိုက်ကြသည်။

လင်းကော်ဟွားက ခေါင်းငြိမ့်ပြီးပြောလိုက်၏။

“ဒါမှငါ့သား။ မင်းသေချာစဉ်းစားပြီးမှတော့ နောင်တရမနေနဲ့။ အဖေ မင်းကို ထောက်ခံတယ်”

လင်းကော်ဟွား အနည်းငယ်သာပြောသည်။ လင်းဖေးဟန် စကားပြောပြီးမှသာ လင်းကော်ဟွားက သူ့ရဲ့အမြင်ကို ပြော၏။

“လုမိသားစုရဲ့ စေ့စပ်ကြောင်းလမ်းစာချုပ်က အမေ့လက်ထဲမှာမလား။ သားကို ပေးလိုက်။ မနက်ဖြန်ကျရင် စေ့စပ်ထားတာကို သွားဖျက်သိမ်းလိုက်မယ်”

ဖေးဟန်ရဲ့အမေ အနည်းငယ်မကြည်မဖြူဖြစ်ကာ မျက်မှောင်ကြုံ့လိုက်သည်။

“အဲ့လောက်မြန်မြန်ကြီးလား။ အမေ့အထင် သားတို့နှစ်ယောက် စကားသေချာပြောကြည့်မယ်ဆိုရင်…”

ဖေးဟန်ရဲ့အမေက လုရွှယ်ယင်နဲ့ မပြတ်စဲစေချင်သေး။ အဆုံးကျတော့ လုရွှယ်ယင်ရဲ့ မိသားစုနောက်ခံ၊ ရုပ်ရည်နဲ့ အရည်အချင်းတွေက သူမသားနဲ့ လိုက်ဖက်ညီလှသည်မဟုတ်လား။ သူမစိတ်ကထဲက လက်ခံထားသော ချွေးမလေးပင်ဖြစ်၏။

“ကောင်းပြီလေ အမေ။ အတင်းခူးယူထားတဲ့ ဖရဲသီးက မချိုဘူး။ ဘာလို့ လုမိသားစုနဲ့ ဆက်ဖက်တွယ်နေတာလဲ။ တခြားဟာထားဦး။ အမေ့သား အနေအထားက အဆင်ပြေလွန်းလို့ ကြိုက်တဲ့သူရှာပေးလို့ ရနေတာပဲမဟုတ်လား”

“အင်း အဲ့ဒါတော့ဟုတ်ပါတယ်”

ဖေးဟန်ရဲ့အမေက မပေးချင်ပေးချင်နဲ့ စေ့စပ်ကြောင်းလမ်းစာကို လွှဲပေးလိုက်သည်။

စာကိုကြည့်ပြီး ဖေးဟန် အတွေးများနှင့် ပြည့်နှက်သွားသည်။

သူ့မှာ စနစ်တစ်ခုလုံးရှိနေပေမဲ့ မလုံလောက်သေးပေ။ သူက ပိုသန်မာဖို့လိုနေသေးသည်။ လက်ရှိတွင် ၁၀ ပွိုင့်သာရှိသေး၍ အများကြီးလိုနေသေး၏။

“ဟေး ငါ့မှာ ဘာမှမရှိပါလား။ ဘယ်လိုဖြစ်ပြီး ငါက ငွေကလွဲပြီး ဘာမှမကျန်တော့အောင်ကို ဆင်းရဲနေရတာလဲ”

“တင်း! စနစ်သတိပေးချက်: စနစ်တွင် ငွေဖြည့်သွင်းသည့်စနစ် ပါရှိသည်။ ၁၀ မီလီယံ ဖြည့်သွင်းခြင်းက ပွိုင့် ၁၀၀ နှင့်ညီသည်”

ထိုသို့ကြားလိုက်ရချိန်တွင် လင်းဖေးဟန် အသက်ရှူသွင်းလိုက်၏။

“ဆယ်မီလီယံမှ အစွမ်းသတ္တိလေးတစ်ခုပဲ ရနိုင်တယ်ပေါ့။ ရူးနေတာလား”

လင်းဖေးဟန်က ၁၀၀ မီလီယံကျော် တန်‌ကြေးရှိပြီး ပိုင်ဆိုင်မှု ၄ ဘီလီယံရှိ၏။ ထိုပိုင်ဆိုင်မှုများထဲတွင် ခြံမြေများလည်းပါသည်။ သူလှည့်ထုတ်နိုင်သော ငွေပမာဏမှာ ၅၀၀ မီလီယံကျော်သာရှိ၏။

စနစ်က အကူအညီမဲ့စွာ ပြောလိုက်သည်။

“တခြားနည်းမရှိဘူး။ ဘာမှအဆုံးရှုံးမခံရင် ဘာမှရမှာမဟုတ်ဘူး။ အသုံးပြုသူက အနည်းဆုံးတော့ မီလီယံ ၁၀၀ ကျော် တန်ကြေးရှိပါသေးတယ်။ အရှုံးသမားလို မလုပ်လို့ရမလား”

လင်းဖေးဟန်တွေးလိုက်သည်။ အမှန်ပဲ။ သူ့မှာ မီလီယံရာချီ မရှိလို့လား။ သူ့မှာမရှိတောင် သူ့အဖေရှိနေတာပဲ မဟုတ်လား”

အိုင်ပတ်(iPad) နဲ့ ဆိုဖာပေါ်မှာ အလုပ်လုပ်နေတဲ့ လင်းကော်ဟွားကိုကြည့်ရင်း လင်းဖေးဟန် ရဲတင်းတဲ့ အကြံတစ်ခုရလိုက်၏။

“ကျွန်တော်ပြောစရာရှိတယ် အဖေ”

“ပြောလေ အဖေနားထောင်နေတယ်”

သူ့သားဘာလိုချင်တာများလဲ။ ကုမ္ပဏီမှာ ရန်ပုံငွေပြတ်လပ်နေလို့ တောင်းချင်တာများလား။ ငွေနဲ့ဆိုင်နေသရွေ့ ပြဿနာမဟုတ်ပေ။

“အဖေ ကျွန်တော် လင်းအုပ်စုကို လက်လွှဲယူချင်တယ်”

လင်းဖေးဟန် မချိတင်ကဲပြောလိုက်သည်။

သူ့ရဲ့ ကပ်စေးနှဲတဲ့အဖေသာ သူ ပိုက်ဆံဖြုန်းဖို့ဆိုတာသိရင် သူ့ကိုအသေရိုက်သတ်မှာပဲ။

လင်းကော်ဟွား ကြောင်သွားသည်။ အိုင်ပတ်(iPad) တောင် အောက်ပြုတ်ကျသွားသည့်အထိပင်။ သူ့မျက်လုံးများမှာ အံ့ဩတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်လျက်ရှိ၏။

“ပြန်ပြောစမ်း။ မင်းကဘာလုပ်မယ်”

“တကယ်က ကျွန်….ကျွန်တော်”

လင်းဖေးဟန် စိတ်ထဲက ပြန်ပြောမိသည်။ သူလောဘကြီးလွန်းရာကျမှာ ‌ကြောက်မိသည်။

လင်းဖေးဟန် အမြန်ထပြီး ထွက်သွားသည်။ ဒီအခြေအနေမှာ သူ့အဖေကသူ့ကို ခါးပတ်နဲ့ ထရိုက်မှာ ကြောက်မိခြင်းကြောင့်ဖြစ်၏။

လင်းကော်ဟွားက လင်းအုပ်စုမှာ ဆုံးဖြတ်ချက်ချရသူမှ မဟုတ်တာပဲလေ။ ရှယ်ယာရှင်တွေရှိနေသေးတယ်။

နောက်ပြီး လင်းဖေးဟန်က သူအရမ်းပေါ့ပြက်ပြက်နိုင်သလို ခံစားလိုက်ရ၏။

လင်းကော်ဟွား စိတ်ထဲမှာတော့ ဆူပူနေပြီ။

လင်းကော်ဟွားက လင်းဖေးဟန်ဆီ လင်းအုပ်စုကို လက်လွှဲပေးချင်တာကြာလှပြီ။ ဒါပေမဲ့ လင်းဖေးဟန်က ရည်မှန်းချက်ကြီးပြီး နာမည်ရအောင် သူ့ဘာသူကြိုးစားချင်ခဲ့သည်။

လင်းဖေဟန်က ၅ ဘီလီယံရှာနိုင်ခဲ့ပေမဲ့ လင်းကော်ဟွားရဲ့ မျက်လုံးထဲမှာတော့ တစ်လစာငွေပမာ အနည်းငယ်မျှသာရှိ၏။

“သဘောတူတယ်”

“ဘာ။ အဖေသဘောတူလိုက်တာလား။ ရှယ်ယာရှင်တွေနဲ့ မဆွေးနွေးချင်ဘူးလား”

လင်းကော်ဟွား ရယ်ပြီးပြောလိုက်၏။

“ဟာသပဲ။ သားက အဖေ့အလုပ်ကို ဆက်ခံတာက သဘာ၀ပဲလေ။ လင်းအုပ်စုကို လက်လွှဲယူချင်ရင် အဖေက ဘာဖြစ်ဖြစ် ထောက်ခံတယ်”

“အခု ရှယ်ယာရှင်တွေကို ဗီဒီယိုကောလ်ခေါ်ပြီး ဒီကိစ္စကို အသိပေးလိုက်မယ်”

“ရဲရဲသာလုပ် ရှောင်ဟန်။ ဘာပြဿနာမှစိတ်မပူနဲ့။ မိုးပြိုရင် အဖေထမ်းထားပေးမယ်”

လင်းဖေးဟန် ခေါင်းငြိမ့်လိုက်သည်။ သူ့အဖေရဲ့ သူ့အပေါ် အကြွင်းမဲ့ယုံကြည်ခြင်းကြောင့် စိတ်ထဲခံစားသွားရသည်။

ဒါပေမဲ့ သားအဖကြားမှာ ကျေးဇူးတင်စကား ပြောစရာမလိုတာမို့ လင်းဖေးဟန် မပြောခဲ့ပေ။

လင်းကော်ဟွားက အိုင်ပတ်(iPad) ကိုကောက်ယူပြီး ထိပ်သီးဗီဒီယိုဆွေးနွေးပဲ ကျင်းပခဲ့၏။

အကြောင်းအရာက အလွန်တိကျသည်။ သူဥက္ကဌနေရာကနှုတ်ထွက်ပြီး သူ့သားက ထိုနေရာကို လက်လွှဲယူမယ်ဆိုတာပင်ဖြစ်၏။

ထို့နောက် မည်သူတုံ့ပြန်တာကိုမျှမစောင့်ဆိုင်းပဲ လင်းကော်ဟွားက ဗီဒီယိုကောလ်ကို အဆုံးသတ်လိုက်သည်။

All Chapters