← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

နှစ်နာရီကြာရှာပြီးနောက်မှာတောင် လင်းဖေးဟန် ထိုဂူကို ရှာမတွေ့ခဲ့ချေ။

တည်နေရာအကြမ်းဖျဉ်းကို လင်း‌ဖေးဟန် သတ်မှတ်ထားပြီးသားဖြစ်၏။

သို့သော် ၀တ္ထုထဲမှာ စာရေးဆရာက ဂူနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းသာ ဖော်ပြခဲ့သည်။ ထို့ကြောင့် ထိုဂူ၏တည်နေရာကို လင်းဖေးဟန် အတပ်မပြောနိုင်ပါ။

အားသောင်က ဘေးကနေ အားလုံးကို ကြည့်နေခဲ့၏။

သူ့သခင်လေးက အကြောင်းမရှိဘဲ ဒီကိုလာမှာမဟုတ်ဘူးဆိုတာ သူသိနေသည်။ သူ့သခင်‌လေး ဒီကို လာခဲ့ရတဲ့ ကိုယ်ပိုင်အကြောင်းရင်းရှိနေမှာပဲဖြစ်သည်။

သူအတော်လေး သိချင်စိတ်ဖြစ်ပေမဲ့ မေးဖြစ်မှာမဟုတ်ပေ။ သူက စကားများသူမဟုတ်ချေ။

လင်းဖေးဟန် မြေပြင်ပေါ် ထိုင်ချလိုက်တာကို မြင်လိုက်ရတော့ အားသောင် သူလင်းဖေးဟန်အတွက် ပြင်ထားပေးတာကြာပြီဖြစ်တဲ့ မနက်စာကို ယူလာပေးလိုက်၏။

အားသောင်ကိုကြည့်ပြီး လင်းဖေးဟန် သက်ပြင်းချလိုက်သည်။ ဒီရုပ်တည်ကြီးနဲ့လူက ဂရုစိုက်တတ်သားပဲ။ သူ့ကိုယ်သူ ပင်ပန်းအောင်လုပ်ရင်းနဲ့ ဗိုက်တောင်အတော်လေးဆာနေပြီဖြစ်သည်။

လင်းဖေးဟန် မနက်စာစားပြီး စိတ်ထဲက‌နေ စနစ်ကို ဆင့်ခေါ်လိုက်၏။

“အားသောင်ရဲ့ အားသာချက်နဲ့ သစ္စာရှိမှုကို စစ်ကြည့်ပေးလို့ရမလား”

“တင်း! အသုံးပြုသူ စစ်ဆေးချင်တဲ့သူက ဇာတ်လိုက်နဲ့ ပတ်သက်မှုမရှိတဲ့အတွက် ၁၀ ပွိုင့်ကျသင့်ပါမယ် အသုံးပြုလိုပါသလား”

“အင်း”

လင်းဖေးဟန်က ချမ်းသာနေပြီဖြစ်တဲ့အတွက် ဆယ်ပွိုင့်ဆိုတာ သူ့အတွက် ရေပုံးထဲက ရေတစ်စက်သာသာပဲဖြစ်တယ်။

“တင်း! စနစ်သတိပေးချက်: အားသောင်ရဲ့ ခွန်အားက ၁၂၅ ရှိပြီး သစ္စာရှိမှုက ၉၉ ရာခိုင်နှုန်းဖြစ်ပါတယ်”

“၁၀၀ ရာခိုင်နှုန်းမဟုတ်ဘူးပေါ့”

၀တ္ထုအရ ဇာတ်လိုက်က လင်းဖေးဟန်ကိုသတ်ချင်နေခဲ့သည်။ လင်းဖေးဟန် ထွက်ပြေးချိန်ရဖို့ အားသောင်က သူ့ကိုယ်နဲ့ယဲ့ဖန်းကို ကာဆီးထားခဲ့၏။

လင်းဖေးဟန်ရဲ့စိတ်ထဲမှာ သူ့သခင်ကို အသက်ပေးပြီး ကာကွယ်နိုင်တဲ့သူက ၁၀၀ ရာခိုင်နှုန်း သစ္စာရှိတာဖြစ်ရမည်။ ၉၉ ရာခိုင်နှုန်းပဲဖြစ်နေမယ်လို့ သူမမျှော်လင့်ထားပေ။

“လူတွေရဲ့စိတ်က ခန့်မှန်းရခက်တဲ့အတွက် စနစ်က ၁ ရာခိုင်နှုန်းကို နှုတ်လိုက်တာပါ”

“အဲ့ဒီလိုကိုး။ အားသောင်က အားမနည်းဘူးပဲ။ ဇာတ်လိုက်က ငါ့ကိုသတ်ချင်ရင်တောင် အတော်လေးတော့ ကြိုးစားရမှာ”

သူနဲ့အားသောင်ပေါင်းရင် ဇာတ်လိုက်ကို အကြိမ်ဒါဇင်နဲ့ချီပြီး တိုက်ခိုက်နိုင်တယ်လို့ သူယုံကြည်ချက်ရှိသည်။

အဲ့ဒီအခိုက်အတန့်မှာ သူအားသောင်ကိုကြည့်လေ သဘောကျလေ ဖြစ်လာတယ်။ သူတွေးနေရင်း ဖုန်းမြည်လာသည်။

ခေါ်ဆိုသူမှာ လုရွှယ်ယင်ဖြစ်၏။

“ဟယ်လို ဘာကိစ္စလဲ”

လင်းဖေးဟန် တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။ တစ်ဖက်မှာတော့ လုရွှယ်ယင်က မျက်မှောင်ကြုံ့သွားတော့၏။

ပုံမှန်အားဖြင့် လင်းဖေးဟန်က သူမကို တစ်ရက်လျှင် ဆယ်ခါထက်မက ဖုန်းခေါ်ဆိုကာ သာကြောင်းမာကြောင်းမေးမည်ဖြစ်သည်။ သူမဆီကဖုန်းခေါ်ဆိုမှုက သူ့ကိုနှစ်၀က်လောက် ပျော်ရွှင်နေစေလိမ့်မည်။

ခုတော့ လင်းဖေးဟန် သူမကို လုံး၀ အဆက်အသွယ်ဖြတ်ထား၏။ သူ့လေသံက မသိလျှင် သူမက သူ့ကို အနှောင့်အယှက်ပေးနေသလိုပင်။ လုရွှယ်ယင်စိတ်ထဲ လစ်ဟာသွားသည်။

“ဘာမှမဟုတ်ဘူး။ စေ့စပ်ပွဲကို ဒီနေ့ဘယ်နှနာရီ ဖျက်မှာလဲမေးမလို့”

“ရှစ်နာရီခွဲပဲရှိသေးတယ် ဘာတွေစိုးရိမ်နေတာလဲ”

လင်းဖေးဟန် သူ့ရဲ့ ရိုးလက်စ်(Rolex)နာရီ ကိုကြည့်ပြီး မျက်မှောင်ကြုံ့သွားသည်။

ဒီလုရွှယ်ယင်က စိတ်အတော်မရှည်တာပဲ။ ဒီမှာ သူ့ကိစ္စက မပြီးသေးဘူး။ သူတစ်ခုခုလုပ်နေရင် ၀င်ရှုပ်တာကို သူမုန်းတယ်။

“နင်ဒီနေ့လာမယ်ဆိုလို့မေးတာလေ။ နင့်မှာ ဘာပြဿနာရှိလဲ”

ဒီလင်းဖေးဟန်က အရင်လို စိတ်ရှုပ်စရာကောင်းတုန်းပဲ။

အကြောင်းတချို့ကြောင့် အတိတ်က လင်းဖေးဟန်ရဲ့ ဂရုစိုက်မှုတွေက သူမကို စိတ်ရှုပ်စေခဲ့သည်။ ခုတော့ လင်းဖေးဟန်က သူ့ကို အမြဲစိတ်တိုအောင်လုပ်နေတယ်။ သူသိပ်စိတ်မပျော်ရွှင်တော့ပေ။

ဒီအကြောင်းအရင်းက လုရွှယ်ယင်ကို ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင် ဖြစ်စေခဲ့၏။

သူမ အနိုင်ကျင့်ခံရတာကိုကြိုက်တဲ့စိတ်‌ရောဂါ ရနေတာများလား။

“ငါဒီနေ့ပြန်မလာနိုင်လောက်ဘူး။ ငါမီမမီကြည့်ရတာပေါ့။ မီခဲ့ရင် ဒီနေ့လာမယ်”

“နင်စိတ်မပြောင်းပါဘူးနော်”

လုရွှယ်ယင် သူမရဲ့ မျက်ခုံးတွေကို ပင့်ကြည့်လိုက်၏။ လင်းဖေးဟန်အပေါ် သူမရဲ့အကောင်းမြင်စိတ်တွေ မှေးမှိန်သွားသည်။

ဒီလင်းဖေးဟန်က ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြောသည်။ တကယ်ကို အရေခြုံလူစားပဲ။

လုရွှယ်ယင် လေသံပြောင်းလဲသွားတာကို နားထောင်ပြီး လင်းဖေးဟန်အမြန် ဖြေရှင်းပြောဆိုလိုက်၏။

“မိန်းကလေးလု အထင်လွဲနေပြီထင်တယ်။ စေ့စပ်ပွဲဖျက်သိမ်းတာက ပုံမှန်အတိုင်းလုပ်သွားမှာပါ။ ဒါပေမဲ့ တကယ် ပြန်မလာနိုင်သေးလို့ပါ။ ငါအခု ဟေးဟိုင်မြို့ကို ရောက်နေတာမို့”

“ဘာရယ်။ နင်က ဟေးဟိုင်မြို့ကိုရောက်နေတယ်ပေါ့။ ဘာသွားလုပ်တာလဲ ဟေးဟိုင်မှာ။ စေ့စပ်ထားတာ မဖျက်သိမ်းချင်လို့ အကြောင်းပြချက်ရှာနေတာမဟုတ်လား”

လင်းဖေးဟန် မျှော်လင့်ချက်မဲ့စွာ ခေါင်းခါလိုက်၏။ ဒီမိန်းမက အရမ်းအထက်စီးဆန်တာပဲ။

“မိန်းကလေးလု အထင်လွဲနေပြီ။ အရင်ဆုံး ငါဆိုတဲ့လင်းဖေးဟန်က ကတိပေးထားတာကို နောင်တမရဖူးဘူး။ မင်းငါ့ကို အထင်သေးနေတာပဲ။ ဒုတိယအနေနဲ့ ငါလောလောဆယ် လုပ်စရာရှိလို့ တကယ် ပြန်လာလို့မရဘူး။ မနက်ဖြန်လောက် ပြန်လာချင်ပြန်လာနိုင်မယ်။ မင်းစောင့်နေတာ ကြာပြီပဲကို နှစ်ရက်လောက်က ဘာမှမဟုတ်ပါဘူး”

“ကောင်းပြီလေ။ ကတိတည်ပါစေ”

လင်းဖေးဟန် အဲ့လိုပြောတာကို တွေ့ရတော့ လုရွှယ်ယင် ဘာပြောရမလဲမသိဖြစ်သွား၏။ ဖုန်းချပြီးချိန်မှာတော့ သူမ ဒေါသဘယ်လိုထွက်လို့ထွက်မှန်းမသိ။

လင်းဖေးဟန်ရဲ့အမြင်မှာ လောလောဆယ် အမည်မသိဆေးပညာစာအုပ်ကို ရှာဖွေတာက လုပ်သင့်တာဖြစ်သည်။ စေ့စပ်ပွဲကို ရက်အနည်းငယ်ကြာမှ ဖျက်သိမ်းလည်း ကိစ္စမရှိချေ။

ဇာတ်လိုက်က တောင်ပေါ်ကနေ ရက်အနည်းငယ်အတွင်း ဆင်းလာတော့မှာပဲလေ။ ‌ဇာတ်လိုက်ရဲ့ဆေးပညာနဲ့ဆို သူက လုမိသားစုရဲ့ သဘောကျတာကို ခံရမှာ။

သူ ‌ဇာတ်လိုက်ထက် ခြေတစ်လှမ်းသာနေမှဖြစ်မယ်။ အဲ့ဒီ အမည်မသိဆေးပညာစာအုပ်ကို သူရမှဖြစ်မယ်။ အဲ့ဒါက သူ့အကြံအစည်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။

လင်းဖေးဟန် ဆက်ရှာဖွေခဲ့သည်။ သုံးနာရီလောက်ရှာပြီးနောက် စာအုပ်ထဲက လျှို့ဝှက်ဂူကို သူရှာတွေ့ခဲ့၏။

ဂူထဲသူဆက်ရှာရင်းနဲ့ အမည်မသိဆေးပညာကျမ်းကို သူရှာတွေ့ခဲ့သည်။

“တင်း! စနစ်သတိပေးချက်: အမည်မသိဆေးကျမ်းကိုရသွားတဲ့အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်။ အသူံပြုသူအနေနဲ့ ဆေးကျမ်းကို အလိုအလျောက်လေ့လာနိုင်အောင် စနစ်က အခွင့်ပေးပါ့မယ်။ လေ့လာလိုပါသလား”

“လေ့လာမယ်”

လင်းဖေးဟန် လုံး၀မတုံ့ဆိုင်းခဲ့ပါ။ ရူးနေသူသာ တွေဝေနေလိမ့်မည်။

တစ်ချိန်တည်းမှာပဲ ဒီလိုလုပ်ဆောင်ချက်ပါရှိတဲ့စနစ်ကို လင်းဖေးဟန် သဘောကျနေတော့၏။ သူအမုန်းဆုံးက စာဖတ်ရတာပဲ။ သူအသည်းအသန် ကြိုးစားရမယ်လို့ထင်သွားခဲ့တာ။

“တင်း! စနစ်သတိပေးချက်: အသုံးပြုသူမှ ဆေးကျမ်းကို အောင်မြင်စွာ လေ့လာပြီးပါပြီ။ ဂုဏ်ယူပါတယ်။ အသုံးပြုသူရဲ့ ဆေးပညာတိုးတက်သွားပါပြီ”

“တင်း! ဂုဏ်ပြုပါတယ်။ အသုံးပြုသူရဲ့ ဆေးပညာက အခြေခံအဆင့်ကို ရောက်ရှိသွားပါပြီ”

“တင်း! ဂုဏ်ပြုပါတယ်။ အသုံးပြုသူရဲ့ ဆေးပညာက အလယ်အလတ်အဆင့်ကို ရောက်ရှိသွားပါပြီ”

“တင်း! ဂုဏ်ပြုပါတယ်။ အသုံးပြုသူရဲ့ ဆေးပညာက အထက်အဆင့်သို့ ရောက်ရှိသွားပါပြီ”

အချက်ပေးသံတွေ လင်းဖေးဟန်ရဲ့နားထဲပေါ်လာသည်။

တစ်ချိန်ထဲမှာပဲ လင်းဖေးဟန်ရဲ့စိတ်ထဲမှာ ဆေးပညာဗဟုသုတတွေ ပေါ်လာ၏။

လင်းဖေးဟန်က လောလောဆယ် ဒီလောကရဲ့ နတ်ဆေးသမားတော်ဆိုပြီးပြောတောင် မလွန်ချေ။

လေ့လာတဲ့ရလဒ်တွေက ကောင်းမွန်သည်။ ဒါပေမဲ့ အမည်မသိဆေးအတတ်တွေက လေးနက်လွန်းလို့ တချို့အကြောင်းအရာတွေကို နောက်လမှာ ဆက်လေ့လာရမည်။

လင်းဖေးဟန် အကျေနပ်ကြီးကျေနပ်နေသည်။

အရင်တစ်ခါက ဇာတ်လိုက်မှာ အဆင့်မြင့်အရည်အချင်းတွေ အများကြီးရှိတယ်ဆိုပြီး စနစ်ကပြောဖူး၏။ ယခု သူ့ဆေးအတတ်မှာ ဇာတ်လိုက်ယဲ့ဖန်းနှင့် တစ်ပြေးညီဖြစ်နေပြီ။

ညစ်ပတ်ရတာ အဆင်ပြေလိုက်တာ။

လင်ဖေးဟန် နေသာထိုင်သာရှိသွားသည်။

နောက်ထပ် သူ ဇာတ်လိုက်ယဲ့ဖန်းကို စောင့်နေဖို့ပဲကျန်တယ်။

လင်းဖေးဟန် အမည်မသိဆေးအတတ်ကို ရရှိပြီးနောက် အချိန်ဆက်ဆွဲမနေတော့ပေ။ ကျန်းပိုင်မြို့ကို ချက်ချင်းပြန်လာခဲ့လေတော့သည်။

All Chapters