← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

အားသောင်က ကားမောင်းကျွမ်းကျင်လှ၏။ မီးနီတွေဖြတ်မောင်းပြီးနောက် လင်းအုပ်စုကို မွန်းလွဲ ၃ နာရီမှာ ပြန်လည်ရောက်ရှိလာခဲ့သည်။

မီးနီဖြတ်မောင်းတာကို လင်းဖေးဟန်က အရေးမစိုက်ပါ။ ပိုက်ဆံနဲ့ပွိုင့်လဲသလိုပဲလေ။ ဒဏ်ကြေးငွေ ပေးဆောင်လိုက်ရုံပဲမဟုတ်လား။ သူ့မှာ ‌အပေါဆုံးကငွေပဲ။

လင်းအုပ်စုရောက်တော့ လင်းဖေးဟန်က သဘောတူညီချက်တွေ အမျိုးစုံကို လက်မှတ်ရေးထိုးခဲ့ရ၏။ လက်မှတ်ထိုးရင်း တစ်နာရီလောက်ကြာတော့ သူ့လက်တွေတောင်နာလာသည်။ အဆုံးသတ်မှာတော့ လျှို့ရှင်းယာကိုသာ သူအကုန်လက်လွှဲခဲ့လိုက်တော့၏။ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ပြီးချိန်မှသာ သူသွားခွင့်ရတော့သည်။

လင်းဖေးဟန် လုမိသားစုဆီကို စေ့စပ်ကြောင်းလမ်းစာယူပြီး ချက်ချင်းမောင်းထွက်သွား၏။

လုမိသားစုဆီကို ရောက်ရှိသွားချိန်မှာ လုမိသားစုရဲ့ ဗီလာက ထူးခြားနေတာကို လင်းဖေးဟန်သိလိုက်ရ၏။

ဗီလာတစ်လုံးတည်းမဟုတ်ချေ။ ပတ်၀န်းကျင်မှာရှိတဲ့ ဗီလာတိုင်းက လုမိသားစုနဲ့ သက်ဆိုင်သည်။ ဗီလာတစ်လုံးစီတိုင်းကို လုမိသားစုတစ်ယောက်စီက ပိုင်ဆိုင်ထားခြင်းဖြစ်၏။

“ဟုတ်တာပေါ့။ လူချမ်းသာတွေရဲ့ဘ၀က စည်းစိမ်ချမ်းသာတွေချည်းပဲ”

လင်းဖေးဟန် သူ့နှာခေါင်းကို ထိလိုက်ပြီး ထိုခမ်းနားလှသော ဗီလာကို ကြည့်မိလိုက်သည်။ သူ့စိတ်ထဲကနေ ထိုဗီလာကို သဘောကျမိနေတော့၏။

သို့သော် သူကိုယ်တိုင်လည်း လူချမ်းသာဖြစ်ပြီး အားကျစရာမလိုကြောင်း သတိရသွားသည်။

ထိုသို့‌ပြန်တွေးမိမှ ရယ်လိုက်မိပြီး ဗီလာထဲသို့ ၀င်လိုက်၏။

လင်းဖေးဟန်က လုမိသားစုဆီကို မကြာခဏလာတယ်ဆိုတာ သိသာသည်။

တံခါး၀က လုံခြုံရေးက လင်းဖေးဟန် ကားပေါ်ကဆင်းလာသည်ကို မြင်တာနှင့် လေးစာသမှုဖြင့် ဦးညွှတ်လိုက်၏။

လုမိသားစုအိမ်ထဲရောက်ပြီးနောက် လုမိသားစုက အစေခံများ ဧည့်ခန်းထဲမှာထိုင်စောင့်ဖို့ လမ်းညွှန်ပေးသည်။ အချိန်အကြာကြီးစောင့်နေခဲ့သော်လည်း လက်ဖက်ရည်လာချပေးသော အစေခံများကလွဲပြီး လုမိသားစုက တစ်ယောက်မှ ပေါ်မလာခဲ့ပေ။

လင်းဖေးဟန် စူပုတ်သွား၏။ သူ့ကို လာရန်ခေါ်တာက သူမပင်ဖြစ်သည်။ ခုကျ အချိန်အတော်ကြာတာတောင် လူတစ်ယောက်မှ မတွေ့ရ။

လင်းဖေးဟန် ဖုန်းကိုထုတ်ပြီး လုရွှယ်ယင်ကို စာပို့လိုက်၏။

“ဘာလဲ။ မင်းတို့အိမ်မှာ လူတစ်ယောက်မှမရှိဘူးလား။ စေ့စပ်တာကို ဖျက်သိမ်းဦးမှာလား”

အချိန်တွေကုန်သွားပေမဲ့ စာမလာသတင်းမကြားဖြစ်နေသည်။

ဒါနဲ့ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေပြီဆိုတာ လင်းဖေးဟန် ခံစားလိုက်ရ၏။

လုမိသားစုမှာ တစ်ခုခုဖြစ်နေတာများလား။ လင်းဖေးဟန် အမြန်ထလိုက်ပြီး အပြင်ကိုထွက်ဖို့ပြင်လိုက်သည်။

ဘာဖြစ်ဖြစ် သူက လုမိသားစုကို လာနေကျဖြစ်၏။ လုမိသားစုထဲကတစ်ယောက်မှ လင်းဖေးဟန်ကို အပြင်လူလို မဆက်ဆံခဲ့ကြပေ။ ဟိုဟိုဒီဒီလျှောက်ကြည့်တာက ကိစ္စကြီးမဟုတ်ချေ။

လင်းဖေးဟန် တံခါး၀ဆီ လမ်းလျှောက်သွားစဉ်မှာပဲ သူ့ဖုန်းထဲ မက်ဆေ့တစ်စောင်၀င်လာသည်။

လုရွှယ်ယင်ဆီကဖြစ်၏။

“တောင်းပန်ပါတယ်။ ငါတို့ ဒီကိစ္စကို ခဏထားရမယ်ထင်တယ်”

“ငါ့အဘိုးကရုတ်တရက်ကြီး ရောဂါပြန်ထလာလို့။ သူ့ကိုဒီကိစ္စနဲ့ စိတ်တိုအောင်မလုပ်ချင်ဘူး။ တကယ်တောင်းပန်ပါတယ်”

လင်းဖေးဟန် စာကိုဖတ်ပြီး ခဏငြိမ်နေပြီးနောက် လုရွှယ်ယင်ကို ဖုန်းဆက်လိုက်သည်။

ဖုန်း၀င်တာကို လုရွှယ်ယင်ကချလိုက်၏။

လင်းဖေးဟန် ထပ်ခေါ်ပြန်သည်။

ဖုန်းအကြိမ်များစွာ မြည်ပြီးနောက်မှာမှ လုရွှယ်ယင်ဖုန်းကိုင်လိုက်၏။

“နင်ကစိတ်ရှုပ်ဖို့ကောင်းတယ်မထင်ဘူးလား။ ငါဒီနေ့မအားဘူးလို့ပြောနေတယ်လေ။ ငါ့အဘိုးအခြေအနေတည်ငြိမ်ရင် ငါနင့်ကိုလာရှာမယ်”

လုရွှယ်ယင် စကားအများကြီးပြောလိုက်ပေမဲ့ လင်းဖေးဟန်က အာရုံမစိုက်ခဲ့ပေ။

“အဘိုးက တော်တော်ကြီး နေမကောင်း‌ဖြစ်နေတာလား”

“စိတ်ပူပေးတာကျေးဇူးတင်ပေမဲ့ လောလောဆယ်နင်နဲ့စကားပြောချင်စိတ်မရှိဘူး အရင်ပြန်ထားနှင့်လိုက်”

လုမိသားစုမှာ ထိပ်တန်းဆရာ၀န်တွေရှိတယ်ဆိုတာ လင်းဖေးဟန်သိသည်။ ဒါပေမဲ့ သူတို့တွေက လုမိသားစုက အဘိုးကို မကုသပေးနိုင်ပါ။ ကုသပေးနိုင်သူမှာ တစ်လောကလုံးတွင် တစ်ယောက်သာရှိပြီး ထိုလူမှာ ဇာတ်လိုက်ယဲ့ဖန်းဖြစ်၏။

ဒါတွေအားလုံးက ဇာတ်ညွှန်းအရပဲ။ ဒီစာရေးဆရာတွေက ဒီအကွက်ကိုသုံးနေတာကြာလှပြီ။ နည်းနည်းလေး အသစ်အဆန်းလုပ်ကြလို့မရဘူးလား။

ဒါပေမဲ့ လင်းဖေးဟန်က အရင်နဲ့မတူတော့ဘူး။ သူ့မှာ အမည်မသိဆေးပညာကျမ်းရှိနေပြီ။

လင်းဖေးဟန် အမြန်ပြန်ပြောလိုက်သည်။

“ငါဒီကိုရောက်နေမှတော့ အဘိုးကို၀င်ကြည့်သင့်တယ်ထင်တယ်။ ဦးလေးနဲ့အဒေါ်ကိုရောပဲ။ ပြီးတော့ ဒီအခြေအနေကြီးမှာ ငါပြန်သွားလို့မဖြစ်ဘူးလေ”

“မလိုအပ်ဘူး။ နောက်ဆုံးတစ်ခေါက်ထပ်ပြောမယ်။ ငါ့အဘိုးက တကယ်ကို နေမကောင်းဖြစ်နေတာ။ ဘယ်ဧည့်သည်မှလက်မခံဘူး။ ငါနင့်ကိုပြန်ခိုင်းစေချင်တယ်။ နားလည်လား”

လုရွှယ်ယင် တစ်လုံးချင်းသေချာပြောနေတာက သူမဘယ်လောက်ထိ ဒေါသထွက်နေလဲဆိုတာကို ပြသနေသည်။

ဒီအမျိုးသမီးက လှပေမဲ့ ဒီလောက်ကြီး ဒေါသကြီးမယ်လို့တော့ မမှန်းထားဘူး။

မင်းလာခိုင်းလို့ ငါလာတယ်။ မင်းပြန်ခိုင်းလို့ ငါပြန်ရမယ်။ အဲ့လိုဆို ငါ့အတွက် မျက်နှာပူစရာမကောင်းဘူးလား။

‌လင်း‌ဖေးဟန်က လုရွှယ်ယင်‌ရဲ့ဒေါသကို လျစ်လျူရှုပြီး အဘိုးနှင့်ပေးတွေ့ဖို့သာ ထပ်ခါတလဲလဲ တောင်းဆိုတော့၏။

“ပြောပြီးပြီလေ။ အချိန်မရှိပါဘူးလို့။ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါနင့်ကိုဘလော့တော့မှာနော်။ နင်အတော်လေး စိတ်ရှုပ်ဖို့ကောင်းနေတယ်ဆိုတာကို နင်သိလား လင်းဖေးဟန်”

လုရွှယ်ယင် လုဖေးဟန်ကြောင့် ဒေါသထွက်လို့သေတော့မည်။ ဘေးနားမှာ လူကြီးတွေသာမရှိဘူးဆိုရင် သူလင်းဖေးဟန်ကို ဆူဆဲမိတော့မှာဖြစ်သည်။

“ရှောင်ယင် ဘာဖြစ်လို့လဲ ဘယ်သူက စိတ်တိုအောင် လုပ်လိုက်ပြန်ပြီလဲ”

ဘေးနားမှာရှိနေတဲ့ လုရွှယ်ယင်ရဲ့အမေ ကျန်းချွန်းယန်ကမေးလိုက်၏။ လုရွှယ်ယင်ဖုန်းပြောနေတဲ့လေသံက မူမမှန်သောကြောင့် မေးလိုက်ခြင်းဖြစ်သည်။

လုရွှယ်ယင်ရဲ့ မိဘတွေအပါအ၀င် မိသားစုက လူကြီးတွေက စိတ်ပူစွာနဲ့ အခန်းအပြင်မှာ စောင့်နေကြ၏။ အထဲမှာတော့ ဆရာ၀န်တွေက လုသခင်ကြီးကို ကုသပေးနေသည်။

“လင်းဖေးဟန်လေ။ ခဏခဏဖုန်းဆက်နေတာပဲ။ စိတ်ညစ်ဖို့ကောင်းတယ်”

“ရှောင်ဟန်လား။ သူကပုံမှန်ဆို ကျိုးကြောင်းသင့်တဲ့သူပါ။ အရေးကြီးတာတစ်ခုခုရှိလို့လား။ မဟုတ်ရင် သူ ဒီလိုလုပ်မှာမဟုတ်ဘူး”

“လင်းဖေးဟန်က ဘာအရေးကြီးနိုင်မှာလဲ။ သူကသမီးကိုလာတွေ့ရုံပဲ။ စိတ်မပူနဲ့အမေ။ သူ့ကိုအာရုံစိုက်မနေနဲ့”

“ဒီလိုမျိုးမလုပ်ရဘူးလေရှောင်ယင်။ ရှောင်ဟန် တကယ်အရေးကြီးကိစ္စရှိလို့နေမှာပေါ့။ ဒီလိုလုပ်။ သမီးသူ့ကိုသွားတွေ့လိုက်။ အမေတို့ဒီမှာရှိနေမယ်။ စိတ်မပူနဲ့”

“ဒါပေမဲ့”

လုရွှယ်ယင် တစ်ခုခုပြောချင်ပေမဲ့ ကျန်းချွန်းယန်က ဖြတ်ပြောလိုက်၏။

“ဒါပေမဲ့ဆိုတာ မရှိဘူး။ အမြန်သွားလိုက် ရှောင်ယင်။ ဒါကအခြေခံယဉ်ကျေးမှုပဲ။ စကားသာကြာကြာမပြောနဲ့ပေါ့။

“အပင်ပန်းခံစရာမလိုပါဘူး။ ကျွန်တော်ဒီမှာရောက်နေပြီ”

လုရွှယ်ယင်က သူ့ကိုလာခွင့်မပေးတာကို လင်းဖေးဟန်သိတော့ သူ့ဘာသူလာလိုက်ခြင်းဖြစ်သည်။

လုမိသားစုကလူကြီးတွေကို လင်းဖေးဟန် တစ်ယောက်ချင်းစီနှုတ်ဆက်လိုက်၏။

လောလောဆယ် သခင်ကြီးလုက အသည်းအသန်ဖြစ်နေသောကြောင့် တစ်ယောက်မှ ပြန်နှုတ်ဆက်လိုစိတ်မရှိကြချေ။ တုံ့ပြန်သည့်အနေနှင့် ခေါင်းအနည်းငယ်သာ ငြိမ့်ပြလိုက်ကြ၏။

လုရွှယ်ယင်တစ်ယောက်တည်းကသာ ရင့်သီးသည့်လေသံနှင့် ပြောလိုက်သည်။

“ဘာသဘောလဲ လင်းဖေးဟန်။ နင်တမင်လုပ်နေတာမလား”

“မင်းအထင်လွဲနေတယ်ထင်တယ်။ ငါဒီကိုရောက်လက်စနဲ့ ငါတို့ကိစ္စအကြောင်း ပြောလို့မရဘူးဆိုရင်တောင်မှ ငါ့မှာ အခြေခံယဉ်ကျေးမှုတော့ရှိပါသေးတယ်။ ငါလူကြီးတွေကို ၀င်နှုတ်ဆက်သင့်တာပေါ့။ အဘိုးရဲ့အခြေအနေက ပိုဆိုးလာတယ်လို့ကြားတယ်။ ငါသူ့ကို မနှောင့်ယှက်ပါဘူး”

“မလိုပါဘူး။ နင်နဲ့ဒီကိစ္စတွေ လောလောဆယ်။ ပြောချင်စိတ်ရှိမနေဘူး။ အဘိုးအစား ငါကပဲ နင်လာကြည့်‌ပေးတာကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါတော့”

ထိုသို့ကြားလိုက်ရချိန်မှာ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့တဲ့ လုရွှယ်ယင်ရဲ့အဖေက သူမကိုဆူလိုက်သည်။

“ဘာတွေပြောနေတာလဲ ရှောင်ယင်။ အဓိပ္ပာယ်မရှိတာ”

လုရှော့ချွန်း ချက်ချင်းပင် တစ်ဘက်လှည့်ပြီး ပျူငှာစွာပြောလိုက်၏။

“ရှောင်ဟန် မင်းကိုရယ်အောင်လုပ်မိပြီ။ ငါစိတ်မကောင်းပါဘူး။ ဒီကလေးမကို အလိုလိုက်ထားမိခဲ့တယ်။ သူက စကားကို ဘာမှမစဉ်းစားပဲ ပြောတတ်တယ်။ ဒါပေမဲ့ ဒီနေ့အခြေအနေတွေက မင်းတွေ့တဲ့အတိုင်းပဲ တကယ်ကို အရေးကြီးနေတာပါ…”

All Chapters