← Chapters

အခန်း (၁၄)

Vol. 1 Ch. 14

အခန်း (၁၄)

Vol. 1 Ch. 14

ဒေါသထွက်နေသော လုရွှယ်ယင်ကိုမြင်ပြီး လင်းဖေးဟန် တအံ့တဩ ငေးကြည့်နေမိ၏။

ဒီအမျိုးသမီး လှချက်က သူမ ဒေါသထွက်နေတာတောင် ကြည့်လို့လှနေတုန်းပဲ။

လင်းဖေးဟန် လုရွှယ်ယင်ကို ဆက်မစနောက်ရဲတော့သဖြင့် စကားတစ်ခွန်းထပ်ပြောလိုက်သည်။

“ငါ မင်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပေမဲ့ လင်းမိသားစုနဲ့ လုမိသားစုက ပူပေါင်းစရာရှိသေးတယ်။ ပြတ်စဲပြီးနောက်ပိုင်း ငါတို့ တစ်ယောက်နဲ့တစ်ယောက် ထပ်ဆက်သွယ်စရာ မလိုတော့ဘူးလို့ မဆိုလိုဘူး။ သဘောပေါက်လား”

လင်း‌ဖေးဟန် လိမ်မပြောပါ။ အဲ့ဒါက သူ့ရဲ့ ရည်မှန်းချက်တွေထဲကတစ်ခုဖြစ်၏။

လင်းမိသားစုနဲ့ လုမိသားစုက သူတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်နဲအောင်လုပ်သရွေ့ ယဲ့ဖန်း အောင်မြင်လာတာကို ပိုပြီး ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် လင်းအုပ်စုက ခက်ခက်ခဲခဲ လုပ်ထားရတဲ့ စီမံကိန်းရဲ့ တစ်၀က်ကို လုမိသားစုကို ခွဲပေးဖို့လိုရခြင်းပင်ဖြစ်၏။

လင်းဖေးဟန်ရဲ့ ရည်မှန်းချက်က အဲ့ဒါထက် ပိုသည်။

သူက လုမိသားစုကိုလည်း ထိန်းချုပ်ချင်၏။

ထိုအချိန်မှာ အခန်းထဲမှ ဆရာ၀န်နှစ်ဦး ထွက်လာခဲ့သည်။

သူတို့ပုံကြည့်ရတာ အလွန်အံ့ဩနေဟန်ရှိ၏။

ဆရာ၀န်တစ်ဦးက ပြောလိုက်သည်။

“လုသခင်ကြီးကို သေသေချာချာ စမ်းသပ်ကြည့်ပြီးပါပြီ။ သူ့ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက သာမန်လူတစ်ယောက်ရဲ့ စံနှုန်းတွေကို ရောက်ရှိနေပါတယ်။ သာမန်လူတွေထက်တောင်ပိုမယ်။ လင်းသခင်လေးကို မေးချင်တာက ခင်ဗျား လုသခင်ကြီးကို ကုသဖို့ အပ်စိုက်ကုထုံးကို အသုံးပြုခဲ့တာလား”

လင်းဖေးဟန် ခေါင်းငြိမ့်လိုက်၏။

ဤအချက်က ဆရာ၀န်နှစ်ဦးကို ပိုမိုအံ့အားသင့်စေခဲ့သည်။

အမှန်တကယ်က ထိုဆရာ၀န်နှစ်ဦးမှာ ငယ်ရွယ်စဉ်က တရုတ်အပ်စိုက်ပညာကို လေ့လာခဲ့ဖူးကြ၏။

ဒါပေမဲ့ ဆုတ်ယုတ်လာသော တရုတ်ဆေးပညာက သူတို့ကို စိတ်ကုန်သွားစေခဲ့သည်။ ထို့ကြောင့် သူတို့ အနောက်တိုင်းဆေးပညာဘာသာရပ်ကို ပြောင်းလဲလေ့လာခဲ့ခြင်းဖြစ်၏။

ယခု လင်းဖေးဟန်က လုသခင်ကြီးကို တရုတ်ဆေးပညာနဲ့ ကုသခဲ့တယ်လို့ကြားလိုက်ရတော့ သူတို့ စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မလဲ။

တရုတ်ဆေးပညာက မတိမ်ကောသေးပုံပဲ။ လင်းဖေးဟန်က တရုတ်ဆေးပညာဟာ အနောက်ပိုင်းဆေးပညာထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်။

ဆရာ၀န်တစ်ယောက်က ရုတ်တရက် စိတ်၀င်စားသွားပြီး မေးလိုက်၏။

“လင်းသခင်လေး။ တကယ်က ကျွန်တော်တို့ အရင်က တရုတ်ဆေးပညာကို လေ့လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရုတ်ဆေးပညာ ဆုတ်ယုတ်လာတာက ကျွန်တော်တို့ကို အနောက်တိုင်းဆေးပညာဘက်လှည့်ဖို့ တွန်းအားပေးခဲ့တယ်။ ကျွန်တော်တို့ လင်းသခင်လေးရဲ့ နည်းလမ်းတွေကို တွေ့မြင်ချင်ပါတယ်။ နည်းနည်း ကတိုက်ကရိုက်ဆန်တယ်ဆိုတာ သိပါတယ်။ မဟုတ်ရင်လည်း…”

ဆရာ၀န်က အလွန်ယဉ်ကျေးစွာ ပြောလိုက်၏။

လင်းဖေးဟန်ကရယ်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ”

ထိုစကားကိုပြောပြီးနောက် လင်းဖေးဟန် ငွေအပ်ကို ထုတ်ယူလိုက်၏။

“လင်းသခင်လေး ကျွန်တော့်ကို စမ်းသပ်ခံအနေနဲ့ သုံးလို့ရပါတယ်”

အသည်းအသန်ဖြစ်‌နေတဲ့ ဆရာ၀န်နှစ်ယောက်ကိုကြည့်ပြီး လင်းဖေးဟန် ခေါင်းထပ်ငြိမ့်လိုက်ရသည်။

အဲဒီနောက် လင်းဖေးဟန် စိတ်အေးအေးထားလိုက်ပြီး အလွန်အမင်းအာရုံစိုက်တဲ့ အမူအရာဖြစ်သွား၏။

လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုတိုင်းက အသက်ရှူနေသလိုမျိုးပင် ချောမွေ့ပြီးသဘာ၀ဆန်လှသည်။ လင်းဖေးဟန်က တည်တံ့၊ အေးဆေးပြီး ပရော်ဖက်ရှင်နယ်ဆန်လှသည်။

ငွေအပ်ကို အပ်စိုက်မှတ်ထဲ ထိုးသွင်းလိုက်ပြီးလျှင် လင်းဖေးဟန်က သူ့ရဲ့ တစ်မူထူးခြားတဲ့နည်းကို အသုံးပြုပြီး ငွေအပ်ဖြင့် အပ်စိုက်မှတ်ကို ထိုးဆွလေ၏။

လင်းဖေးဟန် ဆရာ၀န်၏ လက်မောင်းကို ထိုးဖောက်လိုက်သည်။

သူ့လက်မောင်းထဲကနေ အပူစီးကြောင်း ထွက်ပေါ်လာတာကို ဆရာ၀န်က ချက်ချင်းခံစားလိုက်ရသည်။ သူ့ရဲ့ နှစ်ပေါင်းများစွာ ထုံကျဉ်နေတဲ့လက်မောင်းက ရုတ်တရက်ကြီး နေရထိုင်ရကောင်းသွား၏။

ထိုဆရာ၀န်နှစ်ဦးက တရုတ်ဆေးပညာကို လေ့လာဖူးသော်လည်း လင်း‌ဖေးဟန်ရဲ့ နည်းလမ်းကို တစ်ခါမျှ မတွေ့ဖူးခဲ့ကြချေ။

အထူးသဖြင့် သူအပ်ထိုးသွင်းတဲ့ပုံ၊ အပ်လှည့်တဲ့ပုံနဲ့ အပ်စိုက်တဲ့အနက်က သာမန်နည်းမဟုတ်ပေ။

ဆရာ၀န်နှစ်ဦးက သူတို့ရဲ့ စိတ်နှလုံးထဲကနေပြီး လေးစားနေမိကြသည်။

“ဒီနည်းလမ်းက ပညာရှင်ဆရာတစ်ဦးဦးက သင်ပေးထားတာပဲဖြစ်ရမယ်”

အပ်စိုက်တာက မကြာခင်ပဲ ပြီးသွားခဲ့၏။

ထိုဆရာ၀န်နှစ်ဦးက လေးစားရင်းလေးစားမိနေသည်။

“လင်းသခင်လေးက တကယ်အံ့ဩစရာပဲ။ ဒီအပ်စိုက်ပညာက တကယ်ကို မယုံနိုင်စရာပဲ”

သူတို့သာ လုသခင်ကြီးကို မစမ်းသပ်ခဲ့ကြဘဲ ဒီအံ့ဩဖွယ် အပ်စိုက်နည်းကို မမြင်တွေ့ခဲ့ရဘူးဆိုရင် ဒီလိုပညာမျိုးကို လူငယ်လေးတစ်ယောက်က တတ်မြောက်ကျွမ်းကျင်ထားတယ်ဆိုတာ သူတို့ ဘယ်တော့မှယုံမှာမဟုတ်ပါ။

လင်းဖေးဟန်က ဘာမှမပြောဘဲ လက်ခါပြီးသာ ပြုံးပြလိုက်၏။

ဆရာ၀န်နှစ်ဦးက စိတ်နှလုံးပိုမို ထိတွေ့သွားသည်။

“လင်းသခင်လေးသာ ဆရာ၀န်ဖြစ်လာမယ်ဆိုရင် တကယ်ကို ထူးခွန်တဲ့ဆရာ၀န် ဖြစ်လာမှာပဲ။ ကျွန်တော်တို့ရဲ့ ဆရာ၀န်အလုပ်တောင် ပြုတ်မှာကြောက်ရတယ်”

ထိုသို့ပြောပြီး နှစ်ဦးသားရယ်လိုက်ကြ၏။

ဒါကနောက်နေရုံပါ။ လင်းသခင်လေးက လင်းအုပ်စုရဲ့ ဥက္ကဌလေ။ ဘယ်လိုလုပ် ဆရာ၀န်ဖြစ်လာနိုင်မှာလဲ။

လင်းဖေးဟန်က အားလုံးနဲ့ စကားအနည်းငယ် ဖလှယ်ပြီးနောက် ထထွက်သွားသည်။

ဒီတစ်ခေါက်ကိစ္စကို ကိုင်တွယ်လိုက်တာကို လင်းဖေးဟန်က အတော်လေး ကျေနပ်လျက်ရှိ၏။

သူ့ရဲ့ ၁ ဘီလီယံတန်စာချုပ်က အသုံးမ၀င်ဘူးလို့ သူထင်ထားခဲ့သည်။ ခုတော့ လုသခင်ကြီးက သူ့ကို မိသားစုညစာစားပွဲကို ဖိတ်ကြားလိုက်၏။ ဒီနည်းနဲ့ သူ လုမိသားစုနဲ့ ဆက်ဆံရေးကို တိုးတက်အောင်လုပ်လို့ရသည်။

“ရှောင်ယင်။ ရှောင်ဟန်က ပြန်တော့မယ်။ဘာလို့သူ့ကို လာမပို့တာလဲ”

လုရွှယ်ယင်ရဲ့အမေ ကျန်းချွန်းယန်က အမြန်ခေါ်လိုက်၏။

ကျန်း‌ချွန်းယန်လည်း လင်းဖေးဟန်ကို အတော်လေးသဘောကျသည်။ သူမသမီးကို လင်းဖေးဟန်နဲ့ နှစ်ဦးတည်းရှိနေဖို့ အခွင့်အရေးရအောင် သူအမျိူးမျိုးဖန်တီး၏။

“သိပါပြီ”

လုရွှယ်ယင် မပျော်မရွှင်ဖြင့် ထလိုက်သည်။ လင်းဖေးဟန်က လုံး၀ဂရုမစိုက်ချေ။ နှုတ်ဆက်စကားပြောပြီးနောက် ထပြီးပြန်ခဲ့၏။ လုရွှယ်ယင် အမြန်လိုက်သွားခဲ့သည်။

လင်းဖေးဟန်စိတ်ထဲ စနစ်ရဲ့အသံကို ကြားလိုက်ရ၏။

“ဒါက အသုံးပြုသူရဲ့ ဇာတ်လိုက်နဲ့ နှစ်ယောက်တည်းရှိဖို့ အခွင့်အရေးပါ။ ဖမ်းဆုပ်ထားရပါမယ်”

လင်းဖေးဟန် မရယ်ဘဲမနေနိုင်တော့ချေ။ အဲ့ဒါက အမှန်ပဲဖြစ်သည်။

လင်းဖေးဟန်ရဲ့နောက်ကျောကိုကြည့်ပြီး လုရွှယ်ယင်က သူ့ကို ပိုပြီး နားမလည်နိုင်ဖြစ်လာရ၏။

လင်းဖေးဟန်က သူ့အပေါ် အလွန်နွေးထွေးခဲ့သည်။ နွေးထွေးလွန်းလို့ ရွံရှာမိသည်အထိပင်။

ခုတော့ လင်း‌ဖေးဟန်က သူ့အပေါ် သူစိမ်းတစ်ယောက်လို ဥပေက္ခာပြုထားသည်။

ဒီတစ်ကြိမ် သူ သူမအိမ်ကိုလာချိန်မှာ သူမဘက်က စကားအနည်းငယ် စပြောတာကလွဲပြီး လင်းဖေးဟန်က သူမကို စကားတစ်ခွန်းမှ မပြောခဲ့ပေ။

သူမအဘိုးနဲ့ စကားပြောတုန်းကလည်း စေ့စပ်ပွဲဖျက်သိမ်းဖို့အကြောင်း ပြောတဲ့တစ်ချိန်ပဲ သူမနာမည်ကို ‌ထည့်ပြောခဲ့၏။

လင်းဖေးဟန်ရဲ့ ဆေးပညာအရည်အချင်းက ကောင်းလွန်းလို့ သူမတို့ရဲ့ ထိပ်တန်း မိသားစုဆရာ၀န်များပင် အံ့ဩမှင်သက်ခဲ့ရသည်။ လင်းဖေးဟန် ဘယ်တုန်းက လေ့လာခဲ့တာလဲ။

ထိုအခိုက်အတန့်မှာ လင်း‌ဖေးဟန်က ဆန်းကြယ်မှုတွေတစ်ခုပြီးတစ်ခုကို ဖုံးကွယ်ထားတဲ့ မြူခိုးတစ်ခုလို လုရွှယ်ယင် ခံစားလိုက်ရ၏။

လုရွှယ်ယင် လင်းဖေးဟန်ကို လှမ်းခေါ်ပြီးပြောလိုက်သည်။

“ငါ့အဘိုးကို ဒီနေ့ ကယ်ပေးလိုက်လို့ ကျေးဇူးပဲ ဖေးဟန်။ တကယ် ကျေးဇူးတင်ပါတယ်”

လင်းဖေးဟန်က သူ့နှာခေါင်းကိုထိလိုက်ပြီး ဂရုမစိုက်ဟန်နဲ့ ပြောလိုက်၏။

“လုသခင်မလေးက အားနာနေပြန်ပါပြီ”

လင်းဖေးဟန်နဲ့စကားပြောရတာ စိမ်းကားသလို လုရွှယ်ယင် ခံစားလိုက်ရသည်။

အခြေအနေက မျက်နှာပူစရာဖြစ်သွား၏။

လုရွှယ်ယင်က နဂိုက အေးစက်စက် အလှလေးဖြစ်သည်။ စကားသိပ်မပြောခဲ့ချေ။

လင်းဖေးဟန်မှာ ဘာမှပြောစရာမရှိပေ။ လုရွှယ်ယင်နဲ့ စကားပြောဖို့လည်း ရည်ရွယ်ချက်မရှိချေ။

အဲ့ဒီအစား စနစ်က စိုးရိမ်ပြီး လင်းဖေးဟန်စိတ်ထဲ အော်ပြောလိုက်၏။

“အသုံးပြုသူ။ ဒါက အခွင့်အရေးကောင်းပဲ။ အခွင့်အရေးကို ဆုပ်ကိုင်ပြီး ဇာတ်လိုက်နဲ့ စကားပြောလိုက်”

“တိတ်တိတ်နေစမ်း စိတ်လှုပ်ရှားလွယ်တဲ့အရူး”

လင်းဖေးဟန် စိတ်ထဲကြိမ်းမောင်းလိုက်သည်။

လင်းဖေးဟန်မှာ ကိုယ်ပိုင်အကြံအစည်တွေ ရှိနေ၏။

စနစ်က မကျေမနပ်ဖြင့် နှစ်ခါပြန် နှာမွှန်လိုက်ပေမဲ့ ဆက်တော့မပြောတော့ချေ။

လုမိသားစုဗီလာရဲ့ ဂိတ်၀အထိ သူတို့နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် လျှောက်သွားခဲ့သည်။

လင်းဖေးဟန် ကားထဲ၀င်ခါနီးမှာ လုရွှယ်ယင်က ရုတ်တရက်ပြောလိုက်၏။

လုရွှယ်ယင်က လင်းဖေးဟန်ကို သူမရဲ့ မျက်လုံးလှလှလေးတွေနဲ့ကြည့်ပြီး မေးလိုက်သည်။

“လင်းဖေးဟန်။ နင်ဘယ်တုန်းက အပ်စိုက်တာကို လေ့လာခဲ့တာလဲ။ ပြီးတော့ ကျွမ်းကျင်အဆင့်ထိဖြစ်နေပြီ။ ငါဘာလို့ ဘာမှမသိလိုက်ရတာလဲ”

 စာစဉ် ၁ ပြီး

All Chapters