← Chapters

မြို့တော်ထဲမှာသတ်ဖြတ်ခြင်း

Vol. 128 Ch. 1906

မြို့တော်ထဲမှာသတ်ဖြတ်ခြင်း

Vol. 128 Ch. 1906

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး လေထဲကနေ ကြမ်းကြုတ်ခက်ထန်စွာဆင်းသက်လာသည့် ပိန်ပိန်ရှည်ရှည်အစောင့်ကို ကြည့်နေ၏။ သို့သော်လည်း သူက လှုပ်ရှားခြင်း မရှိပေ။

ပိန်ပိန်ရှည်ရှည်အစောင့်က ကြိတ်၍လှောင်ရယ်လိုက်၏။

ဆူဇီမိုက အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သည်ကို သူတွေ့မြင်သောအခါ သူက မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ သူ၏ ခွန်အားကို အပြည့်အဝထုတ်ဖော်လိုက်၏။

ထိုအဆင့်-၇ မဟူရာအင်မော်တယ်သည် လိပ်ပြာလွင့်မတတ်ကြောက်လန့်နေပြီး ခုခံဖို့ကို လက်လျှော့လိုက်ပုံရ၏။

ပိန်ပိန်ရှည်ရှည်အစောင့်က အစိမ်းရောင်ဝတ်စာပေသမားကို နှစ်ပိုင်းထိုးခွဲတော့မည့်ဆဲဆဲမှာပင် ထိုသူက ရုတ်တရက်တိုက်ခိုက်လိုက်၏။

အဲ့ဒီမှာ မည်သည့်ရှုပ်ထွေးပွေလီသော လှုပ်ရှားမှု သို့မဟုတ် မည်သည့်နတ်ဘုရားစွမ်းအားတို့မှ မပါရှိပေ။ သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး ဆေဘာကို ဖမ်းဆွဲလိုက်ရုံသာဖြစ်၏။

“နှံကောင်က ရထားလုံးကို တားဖို့ကြိုးစားနေတာပဲ”

ပိန်ပိန်ရှည်ရှည်အစောင့်က အော်​ငေါက်လိုက်ပြီး သူ၏ သွေးချီကို လှည့်ပတ်ကာ သူ၏ ဆေဘာအလင်းကို တောက်ပလာစေ၏။

ဖျောက်...

ဆေဘာက အစိမ်းရောင်ဝတ်ဓားသမား၏ လက်ဖဝါးနှင့် ထိတွေ့မိသောအခါ ပိန်ပိန်ရှည်ရှည်အစောင့်တွေးထင်ထားသလို မည်သည့်သွေးကမှ ထွက်ပေါ်မလာခဲ့ပေ။

ထိုမျှသာမက သူ၏ ထိပ်တန်းမဟူရာအဆင့် ဆေဘာက နုနယ်ပုံရသော ထိုလက်ဖဝါးပေါ်မှာ မည်သည့်ဒဏ်ရာဒဏ်ချက်ကိုမှ မပေါ်ထွက်စေပေ။

အတိအကျဆိုရလျှင် အဲ့ဒီမှာ ခြစ်ရာတစ်ခုပင် လုံးဝမရှိပေ။

သူထုတ်ဖော်လိုက်သည့် စွမ်းအင်အားလုံးက ပင်လယ်ထဲသို့ ကျဆင်းသွားသည့် ကျောက်တုံးတစ်တုံးကဲ့သို့ ပျောက်ကွယ်သွား၏။

အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။

ပိန်ပိန်ရှည်ရှည်အစောင့်၏ မျက်လုံးက မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး သူကနေရာမှာတင် မှင်တက်နေ၏။

ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ လက်ချောင်းများကို ပူးကပ်ပြီး ပိန်ပိန်ရှည်ရှည်အစောင့်၏ ဆေဘာကို ဆုပ်ကိုင်ကာ သူ့လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။

ဖျောက်....

အဲ့ဒီမှာ ကြွပ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာ၏။

ပိန်ပိန်ရှည်ရှည်အစောင့်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

သူ၏ လက်ထဲရှိဆေဘာက ဆူဇီမို၏ လက်တစ်ဖက်တည်းဖြင့် ချိုးခြင်းကိုခံလိုက်ရ၏။

“ဟား”

ပိန်ပိန်ရှည်ရှည်အစောင့်က တုန်လှုပ်သွားပြီး တစ္ဆေသရဲတစ်ကောင်ကို ကြည့်နေသည့်အလား ဆူဇီမိုကို ငေးကြည့်နေ၏။

ဤနည်းလမ်းက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။

သူ၏ ဆေဘာက အန္တိမမဟူရာအဆင့် ဓမ္မရတနာတစ်ခုဖြစ်ပြီး မူလမဟူရာအဆင့် ဓမ္မရတနာတစ်ခုပင် အဲ့ဒါကိုချိုးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုလူ၏ လက်ဖဝါးပေါ်မှာ ဓမ္မရတနာတစ်ခုခုတပ်ဆင်ထားသည့် မည်သည့်လက္ခဏာမှ မရှိပေ။

ယခု... ဆူဇီမိုက အဆင့်-၇ မဟူရာအမြုတေနယ်ပယ်သို့ရောက်ရှိနေပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း အဆက်မပြတ် ကြီးပြင်းလာခဲ့၏။

သူသည် သူ၏ ခွန်အားအပြည့်အဝကိုသုံးပါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မူလမဟူရာအဆင့် ဓမ္မရတနာတစ်ခုကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်၏။

သူက ဤဆေဘာကို အလွယ်တကူ ချိုးပစ်နိုင်သည်မှာ မထူးဆန်းပေ။

ပိန်ပိန်ရှည်ရှည်အစောင့်က နေရာမှာမှင်တက်နေသော်လည်း ဆူဇီမို၏ လှုပ်ရှားမှုက ရပ်တန့်မသွားခဲ့ပေ။

သူကဆေဘာကို ချိုးပြီးနောက် ကျိုးသွားသော ဆေဘာတစ်ပိုင်းကို ဆုပ်ကိုင်လိုက်၏။ သူကရှေ့သို့ တက်လှမ်းပြီး ပိန်ပိန်ရှည်ရှည်အစောင့်၏ မျက်နှာကို သူ့လက်ထဲရှိ ဆေဘာတစ်ပိုင်းကျိုးဖြင့် ပစ်ထိုးလိုက်၏။

ဖောက်...

ဆေဘာကျိုးက ထိုသူ၏ ဦးခေါင်းနှင့် အသိစိတ်ကို ထိုးဖောက်သွား၏။

“ဆူဇီမို... မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ အော်သံတစ်သံက ထွက်ပေါ်လာ၏။

“ဆူဇီမိုလား... မင်းက ဆူဇီမိုလား”

ပိန်ပိန်ရှည်ရှည်အစောင့်၏ အမြုတေစိတ်ဝိညာဥ်က ပျက်ပြယ်တော့မည့်ဆဲဆဲမှာပင် သူ့ရှေ့မှ အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဘယ်သူဆိုတာကို နောက်ဆုံးမှာ သူက နားလည်သိရှိသွား၏။

ကံဆိုးစွာနှင့် သူအဲ့ဒါကို နားလည်သိရှိသည့်အချိန်က နောက်ကျသွားခဲ့လေပြီ။

ဆူဇီမိုက အသံလာရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် ရာနှင်ချီသော နဂါးအသူရာချောက်နက်မြို့တော်၏ အစောင့်တပ်သားများက ရန်လိုခက်ထန်သော အော်ရာများနှင့်အတူ လျှောက်လှမ်းလာကြ၏။

သူတို့၏ ခေါင်းဆောင်က သူနှင့် ရန်ငြိုးရန်စရှိခဲ့ဖူးသော ခေါင်းဆောင်တပ်မှူး လျှိုထုံဖြစ်၏။

ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်ပြီး လျှိုထုံကို စစ်ဆေးကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အဆင့်-၉ မဟူရာအင်မော်တယ်... ။

အရင်တုန်းက လျှိုထုံသည် သူ့နောက်သို့လိုက်ဖမ်းခဲ့ပြီး သူ၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့စဥ်က သူသည် လက်ဗလာနှင့် ပြန်သွားခဲ့ရပြီး သူ၏ အမြုတေချီကပင် ထိခိုက်ဒဏ်ရာ ရရှိခဲ့၏။

ဤလူသည် မည်သို့သောအခွင့်အလမ်းများကို ရရှိထားခဲ့လဲ မသိရပေ။ သို့သော်လည်း သူ၏ ဒဏ်ရာများက ဤနှစ်များအတွင်း သက်သာပျောက်ကင်းသွားခဲ့ပြီး သူက အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ပင် ဝင်ရောက်သွားခဲ့လေသည်။

“သူ့ကိုဝိုင်းထားလိုက်”

လျှိုထုံက အလျင်အမြန်အမိန့်ပေးလိုက်၏။

“မြို့တော်အရှင်ဂေဟာရဲ့ ဝင်္ကပါကို အသက်သွင်းလိုက်... ငါတို့က ဒီကောင်လေးကို ဒီနေရာကနေ ထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး”

ရာနှင့်ချီသော မြို့စောင့်တပ်သားများက လျင်မြန်စွာဖြန့်ကြက်ပြီး ဆူဇီမိုက ဝိုင်းပတ်လိုက်ကြ၏။ လူတိုင်းက စိုးရိမ်ပူပန်နေသော အမူအရာများနှင့်အတူ သူတို့၏ ဓမ္မရတနာများကိုထုတ်ယူကာ အချိန်မရွေးတိုက်ခိုက်ဖို့ ပြင်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် မြို့တော်အရှင်ဂေဟာ၏ နံရံကနေ အပြာရောင်အကာအရံအလွှာတစ်ခုက ဆန့်တန်းထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။

အဲ့ဒါသည် မြို့တော်အရှင်ဂေဟာပတ်လည်ရှိ ဝင်္ကပါတစ်ခုဖြစ်၏။

ဆူဇီမိုသည် ဧရာမရွှေငှက်၏ တောင်ပံများကို ဆင့်ခေါ်ပြီး လေထဲသို့ပျံတက်ကာ ထွက်ပြေးလွတ်မြောက်သွားမှာကို လျှိုထုံက စိုးရိမ်နေ၏။

အဲ့ဒါကို ပြုလုပ်ပြီးနောက် လျှိုထုံက ရှေ့သို့လျှောက်လှမ်းလာပြီး ဆူဇီမိုနှင့် မလှမ်းမကမ်းမှာ ရပ်တန့်ကာ လှောင်ရယ်လိုက်၏။

“ဆူဇီမို... ငါကမင်းကို လာရှာမလို့ပဲ... အခုမင်းက ကိုယ်တိုင်ရောက်လာတာပေါ့လေ”

“ဒီလူလောက်နဲ့ မင်းငါ့ကို​တားနိုင်မယ်လို့ ထင်နေလို့လား”

ဆူဇီမိုက မှင်သေသေအမူအရာတစ်ခုနှင့်အတူ ပြန်ဖြေလိုက်၏။

“ဟားဟားဟားဟား...”

လျှိုထုံက ရယ်မောလိုက်၏။

“မင်းက သေရတော့မယ်ဆိုတာ မင်းကိုယ်မင်း တကယ်မသိသေးဘူးဘဲ... မင်းက မြို့တော်အရှင်ရဲ့ဂေဟာထဲမှာ လူတစ်ယောက်ကိုဘယ်လိုတောင်သတ်ဖြတ်ရဲတာလဲ... မင်းကဒီနေ့ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”

သူ့ဘက်ထဲရှိဆေဘာကို ထုတ်ယူပြီး လျှိုထုံက ဆူဇီမိုကို ရန်လိုခက်ထန်စွာစိုက်ကြည့်လိုက်၏။

သူအမိန့်ပေးလိုက်သည်နှင့်အမျှ ကြီးမားသောတိုက်ပွဲတစ်ခုက ဖြစ်ပွားလာပေတော့မည်။

“ခင်ဗျားတို့တွေအားလုံးပဲ... ရပ်လိုက်ကြ”

ထိုစဥ်မှာပင် မြို့တော်အရှင်ဂေဟာ၏ အနက်ပိုင်းထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။

ထိုအသံပိုင်ရှင်က လူငယ်တစ်ယောက်ဖြစ်သည့်ပုံပင်။

ဆူဇီမိုက ထူးဆန်းသောအမူအရာနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။

သူသည်ထိုအသံကို တစ်နေရာရာမှာကြားဖူးသည့်အလား ရင်းနှီးနေသည်ဟုခံစားရ၏။

ဆူဇီမိုက လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် လူငယ်တစ်ယောက်က လျှောက်လှမ်းလာ၏။

သူက အဆင့်-၆ မဟူရာအမြုတေနယ်ပယ်မှာရှိပြီး ခံ့ညားထည်ဝါသော အော်ရာတစ်ခုနှင့်အတူ လျှောက်လှမ်းလာ၏။

“သူပဲ...”

ဆူဇီမိုက အနည်းငယ်မှင်တက်သွား၏။

ဤလူငယ်သည် အသူရာချောက်နက်ထဲရှိ အနက်ရောင်မြူခိုးများကြားကနေ အမှတ်မထင်သူကယ်တင်ခဲ့သော ရှုရှောင်းထျန်ပင်ဖြစ်လေသည်။

“မင်္ဂလာပါသခင်လေး”

အစောင့်တပ်သားရာချီက ရှုရှောင်းထျန်ကို တွေ့မြင်သောအခါ သူတို့က သူတို့၏ ဓမ္မရတနာများကိုချပြီး လက်သီးနှစ်ဖက်ကို ယှက်လိုက်ကြ၏။

“ဟမ်...”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ကြည့်ရသည်မှာ မြို့တော်အရှင်၏ ဂေဟာတွင် သူ၏ အဆင့်အတန်းက မနိမ့်ကျသည့်ပုံပင်။

အရင်တုန်းက ရှုရှောင်းထျန်သည် သူ၏ ခါးမှာ ကျောက်စိမ်းဆွဲသီးတစ်ခုကို ချိတ်ဆွဲထားခဲ့၏။ ထိုကျောက်စိမ်းဆွဲသီးကြောင့်ပင် သူသည် အနက်ရောင်မြူခိုးများအကြားမှာ အချိန်အတန်ကြာသည့်အထိ ရှင်သန်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ဆူဇီမိုနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်၏။

ထိုကဲ့သို့သောရတနာမျိုးကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများက တစ်မူထူးခြားသည့် နောက်ခံများရှိတတ်ကြ၏။

အစောင့်တပ်သားများ၏ ခေါ်ဆိုပုံအရ သူသည်မြို့တော်အရှင်၏သား ဖြစ်ဖို့များလေသည်။

ဆူဇီမိုက စိတ်လက်ပေါ့ပါးသွားပြီး အခြေအနေကို စောင့်ကြည့်ဖို့ပြင်လိုက်၏။

အပြင်းအထန်တိုက်ခိုက်ရခြင်းမရှိဘဲ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သူသည် မြို့တော်အရှင်၏ ဂေဟာထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်မည်ဆိုလျှင် သူက နောင်တစ်ချိန် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့မည်ဆိုလျှင်တောင် သူသည် မဟာကျင်းအင်​မော်တယ်နိုင်ငံ၏ အင်မော်တယ်စစ်တပ်ဖြင့် အမဲလိုက်ခြင်းခံရလိမ့်မည်ဖြစ်ပြီး အေးအေးချမ်းချမ်း နေရတော့မည် မဟုတ်ပေ။

“ရှောင်းထျန်... မင်းဒီကိုဘာလာလုပ်တာလဲ”

လျှိုထုံက မျက်မှောင်ကြုတ်လိုက်၏။

ရှုရှောင်းထျန်က လျှိုထုံကို ဦးညွှတ်လိုက်၏။

“ဦးလေးလျှို... မြို့တော်အရှင်ဂေဟာဝင်္ကပါ အသက်ဝင်လာလို့ ကျုပ်တစ်ချက်လာကြည့်တာပဲ... ခင်ဗျားတို့တွေ ဘာလုပ်နေကြတာလဲ”

“ဒီကိစ္စမှာ ဝင်မပါစမ်းနဲ့”

လျှိုထုံက လက်ကာပြလိုက်၏။

ရှုရှောင်းထျန်က ဆူဇီမိုကို တစ်ချက်ကြည့်၍ နှစ်သိမ့်ပေးသည့်အကြည့်တစ်ခုကို ထုတ်ဖော်ပြီးနောက် သူက လျှိုထုံကို လှည့်ကြည့်ကာ ပြောလိုက်၏။

“ဦးလေးလျှို... ခင်ဗျားအဲ့ဒီလူကို ထိလို့မရဘူး”

လျှိုထုံ၏ အမူအရာက ပြောင်းလဲသွားပြီး အော်ငေါက်လိုက်၏။

“မင်းဘာစကားပြောလိုက်တာလဲ... အဲ့ဒီလူက မြို့တော်အရှင်ဂေဟာထဲမှာ လူတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်... အဲ့ဒါက ငါတို့မဟာကျင်းအင်မော်တယ်နိုင်ငံတော်ရဲ့ အစောင့်တပ်သားတစ်ယောက်ပဲ... သူက​သေသင့်တယ်... ငါသူ့ကိုထိလို့မရဘူးလို့ မင်းဘယ်လိုတောင်ပြောရဲတာလဲ”

“မင်းက ငယ်သေးတယ်... မြန်မြန်နောက်ဆုတ်လိုက်... ဒီကိစ္စမှာ ဝင်မပါစမ်းနဲ့”

လျှိုထုံ၏ လေသံက ပို၍တင်းမာခက်ထန်လာ၏။

သို့သော်လည်း ရှုရှောင်းထျန်က ဆူဇီမို၏ ရှေ့မှာ ရပ်နေဆဲဖြစ်ပြီး လေးနက်သော အသံဖြင့်ပြောလိုက်၏။

“ဦးလေးလျှို... ဒီလူက ကျုပ်အသက်ကို ကယ်ခဲ့ဖူးတယ်”

လျှိုထုံ၏ အမူအရာက လုံးဝညိုမည်းသွားပြီး သူက အေးစက်စွာပြောလိုက်၏။

“သူက မင်းအသက်ကို ကယ်ဖူးတာနဲ့ပဲ... သူက မဟာကျင်းအင်မော်တယ်နိုင်ငံတော်ရဲ့ အစောင့်တပ်သားတွေကို စိတ်ရှိသလိုသတ်ဖြတ်နိုင်တယ်လို့ မင်းထင်လို့လား”

“မင်းမပြောနဲ့... မင်းအဖေတောင်မှ ဒီကိစ္စမှာ သူ့ကိုကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

လျှိုထုံ၏ အော်ရာက ပို၍ထက်ရှလာပြီး ရှုရှောင်းထျန်ကို ဖိနှိမ်လိုက်၏။

ရှုရှောင်းထျန်က အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်သည်။ ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ မျက်နှာက ဖြူဖျော့၍ သူကအနိုင်နိုင်သာ ခုခံနေရ၏။

သို့သော်လည်း သူက အလျှော့မပေးလိုသော အမူအရာတစ်ခုရှိပြီး နောက်ဆုတ်ဖို့ကို ငြင်းဆန်နေ၏။ သူက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး ငြင်းဆန်ပြောဆိုလိုက်၏။

“ဦးလေးလျှို... ဒီကိစ္စမှာ တခြားအကြောင်းအရင်းတချို့...”

“ထွက်သွားစမ်း”

လျှိုထုံက အေးစက်စက်အကြည့်နှင့်အတူ သူ့ကိုဖြတ်အော်လိုက်၏။

“မင်းငါ့ကို ထပ်ပြီးတားဆီးရဲမယ်ဆိုရင် ငါမင်းကိုပါ ဖိနှိမ်ရလိမ့်မယ်”

All Chapters