စမ်းသပ်ခြင်း
Vol. 128 Ch. 1908
နဂါးအသူရာချောက်နက်ကြယ်မှ ဩဇာအာဏာအမြင့်မားဆုံးပုဂ္ဂိုလ်၏ စေ့စေ့စပ်စပ်အကြည့်အောက်မှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။
“ကျုပ်ကိုကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့တော်အရှင်”
အဲ့ဒါက လျှိုထုံကို ခြိမ်းခြောက်ဖို့အတွက်ကြောင့်ဖြစ်စေ... တခြားအကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်စေ... မည်သို့ပင်ဆိုစေ ရှုရှစ်ဝင်ရောက်လာသောအခါ ဆူဇီမိုသည် လောလောဆယ်အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့၏။
ရှုရှစ်ကြောင့်သာ မဟုတ်လျှင် သူသည် နဂါးအသူရာချောက်နက်မြို့တော်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ရတော့မည်ဖြစ်၏။ သူက ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့မည်ဆိုလျှင်တောင် နောက်နောင် ပြဿနာများက သူ့နောက်ကို တောက်လျှောက်လိုက်လာပေလိမ့်မည်။
“ဆူဇီမို...”
ရှုရှစ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်၏။
“ငါမင်းအကြောင်းကို ကြားဖူးထားတာကြာပြီ... ဒီနှစ်တွေထဲမှာ မင်းက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အတော်လေး ဂယက်ရိုက်စေခဲ့တာပဲ”
ဆူဇီမိုသည် ရှုရှစ်ဆိုလိုသည့် အဓိပ္ပါယ်ကိုနားမလည်ဘဲ အသံတိတ်နေခဲ့၏။
ရှုရှစ်က ဤကိစ္စကို ဆက်လက်၍ မဆွေးနွေးတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်၏။
“မင်းက အရမ်းကို ပါရမီအရည်အချင်းရှိပြီးတော့ ပြိုင်စံရှားတိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားတယ်လို့ ငါကြားတယ်... မင်းက မင်းရဲ့ပြိုင်ဘက်တွေကို အဆင့်ကျော်ပြီး သတ်ဖြတ်နိုင်တာပဲ”
“အရင်တုန်းကမင်းက... အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ မင်းက အဆင့်-၇ မဟူရာအင်မော်တယ်တွေကိုတောင် သတ်ဖြတ်နိုင်ခဲ့တယ်”
“ကျုပ်က ကံကောင်းသွားလို့ပါ”
ဆူဇီမိုက ပြောလိုက်၏။
ရှုရှစ်က တောက်ပသောအကြည့်နှင့် ဆူဇီမိုကိုစိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“အဲ့လိုဆိုရင်... အခုမင်းက အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာပြီဆိုတော့... မင်းမှာ ငါ့ကိုသတ်ဖြတ်နိုင်တဲ့ တိုက်ခိုက်ရည်ခွန်အား ပိုင်ဆိုင်နေပြီ မဟုတ်ဘူးလား”
သူ၏ စကားလုံးများမှာ ရန်လိုမှုတစ်စွန်းတစ်စ ပါဝင်နေ၏။
ဆူဖိမိုက မှားယွင်းစွာပြန်ဖြေမိလျှင် ရှုရှစ်က သူ့ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရှုမြင်ပြီး ရုတ်တရက်တိုက်ခိုက်လာနိုင်၏။
တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး ရှုရှောင်းထျန်က မသက်မသာဖြင့် ဝင်ပြောလိုက်၏။
“အဖေ... အစ်ကိုဆူက ကျုပ်အသက်ကိုကယ်ခဲ့တယ်... ခင်ဗျားကို ဘာလို့အဲ့လိုလုပ်မှာလဲ... မျက်နှာကို အဲ့လိုကြီးတင်းမထားပါနဲ့ ကြောက်ဖို့ကောင်းတယ်”
“မြို့တော်အရှင်... ခင်ဗျားနောက်နေတာပဲ ကျုပ်မလုပ်ရဲပါဘူး”
ဆူဇီမိုက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။
သူက မလုပ်ရဲပါဘူးဟု ပြောဆိုသော်လည်း သူက မလုပ်နိုင်ဘူးဟု မပြောပေ။
ရှုရှစ်ကလည်း ထိုကွာခြားချက်အနည်းငယ်ကို သတိထားမိပေလိမ့်မည်။
သို့သော်လည်း သူက ဒေါသထွက်မသွားပေ။ ထိုအစား သူက ဟားတိုက်ရယ်မောလိုက်၏။
“ကောင်းတယ်ကွာ... သိပ်ကောင်းတယ်... ဆူဇီမို မင်းက တကယ်ကို သတ္တိရှိတာပဲ... ငါတော့ကြိုက်တယ်”
“မင်းက ရှောင်းထျန်ကို ကယ်တင်ပေးခဲ့ပြီး ဒီလိုမျိုး ပင်ကိုသန်မာတဲ့ တိုက်ခိုက်ရည်ခွန်အားကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတော့... မင်းက နဂါးအသူရာချောက်နက်မြို့တော်မှာနေပြီး ငါ့ကိုကူညီပေးပါလား”
“မပူပါနဲ့... နဂါးအသူရာချောက်နက်မြို့တော်မှာ မင်းရဲ့အဆင့်အတန်းက တခြားခေါင်းဆောင်တပ်မှူးတွေထက် မနိမ့်ကျစေရဘူး... မင်းကျင့်ကြံဖို့အတွက်လိုအပ်တဲ့ လုံလောက်တဲ့ အမြုတေစုဖွဲ့ဆေးလုံး ပမာဏကိုလည်း ငါထောက်ပံ့ပေးမယ်”
ရှုရှောင်းထျန်က ဝမ်းသာအားရဖြစ်သွားပြီး အလောတကြီးပြောလိုက်၏။
“အစ်ကိုဆူ... မြန်မြန်သဘောတူလိုက်လေ... ခင်ဗျားဒီမှာနေပြီးရင် ကျုပ်တို့က အတူတူကျင့်ကြံလို့ရပြီ”
ခေါင်းဆောင်တပ်မှူးများနှင့် တူညီသောအဆင့်နှင့် အမြုတေစုဖွဲ့ဆေးလုံးများကို ထောက်ပံ့ပေးခြင်းမှာ တကယ့်ကို စိတ်ရင်းမှန်ကန်သော ဖိတ်ခေါ်မှုတစ်ခုဖြစ်၏။
သို့သော်လည်း ဆူဇီမိုသည် လျင်မြန်စွာ ကျင့်ကြံချင်သည်ဆိုလျှင် သူက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို လိုအပ်သည်။
အမြုတေစုဖွဲ့ဆေးလုံးများက သူ့ကိုများစွာဆွဲဆောင်နိုင်ခြင်း မရှိပေ။
ဆူဇီမိုက ခေါင်းဆောင်တပ်မှူးရာထူးကိုလည်း စိတ်ဝင်စားခြင်းမရှိပေ။
လျှိုထုံသည် ယခု... အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့ပြီး နောင်တစ်ချိန်တွင် သူနှင့်ရှုရှစ်ကြား မြို့တော်အရှင်နေရာအတွက် တိုက်ပွဲတစ်ခုက ဖြစ်ပွားလာဖို့များ၏။
သူက ရှုရှစ်ကို ကူညီပေးဖို့အတွက် ဤနေရာမှာနေမည်ဆိုလျှင် သူက ဤတိုက်ပွဲမှာ သေချာပေါက်ပါဝင်ပတ်သက်ရပေတော့မည်။
ဆူဇီမိုသည် ဤကဲ့သို့သော အာဏာလုတိုက်ပွဲမှာ စွမ်းအင်ကိုသုံးစွဲလိုခြင်း သို့မဟုတ် ပါဝင်ပတ်သက်လိုခြင်းမရှိပေ။
ဆူဇီမိုက ခဏမျှ စဥ်းစားတွေးတောလိုက်၏။
“ခင်ဗျားရဲ့ တရေးတယူပြုလုပ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် မြို့တော်အရှင်... ဒါပေမဲ့ ကျုပ်က ဒီနေရာမှာနေဖို့ စိတ်ကူးမရှိဘူး ကျုပ်က နဂါးအသူရာချောက်နက်ကြယ်ကနေ တတ်နိုင်သမျှမြန်မြန် ထွက်သွားချင်တယ်”
“မင်းတကယ်ပဲ သွားတော့မှာလား”
ရှုရှစ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက သူ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်သည်ကို တွေ့မြင်သောအခါ ရှုရှစ်က မည်သည့်နောင်တမှ ရမလာခဲ့ပေ။ ထိုအစား ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသည့်အလား သူ၏ မျက်လုံးထဲမှာ စိတ်သက်သာရာရသွားသည့် အကြည့်တစ်ခု ပေါ်ထွက်လာ၏။
စောစောက သူ၏ ဖိတ်ခေါ်မှုက စမ်းသပ်ချက်တစ်ခုမျှသာဖြစ်၏။
ဆူဇီမိုက နေဖို့ရွေးချယ်မည်ဆိုလျှင် သူသည် ဆူဇီမိုကို သေချာပေါက် မျက်စိဒေါက်ထောက်ကြည့်နေရပေတော့မည်။
ယခုထိုသူက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပြီး သူက စိတ်သက်သာရာရသွား၏။
တစ်ဘက်မှာတော့... ရှုရှောင်းထျန်က အနည်းငယ်ဝမ်းနည်းသည့်ပုံပေါ်နေ၏။
ဆူဇီမိုက ခဏမျှတွေးတောပြီးနောက် မေးလိုက်၏။
“နဂါးအသူရာချောက်နက်မြို့တော်မှာ တစ်နှစ်မှာ တစ်ကြိမ်ပို့ဆောင်ပေးနိုင်တဲ့ ပို့ဆောင်ရေးဝင်္ကပါတစ်ခုရှိတယ်လို့ ကျုပ်ကြားတယ်... အဲ့ဒါအမှန်ပဲလား”
“အမှန်ပေါ့”
ရှုရှစ်က စိတ်ကောင်းဝင်နေပြီး လက်ခါပြလိုက်၏။
“ဒါပေမဲ့ မင်းကရှောင်းထျန်ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ.. မင်းတစ်ယောက်တည်းအတွက် သီးသန့် ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းဖို့ ငါအမိန့်ပေးလို့ရတယ်... အဲ့ဒါက ဘာမှပြောပလောက်စရာ မဟုတ်ဘူး”
“မင်းက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကိုလည်း ပေးချေစရာမလိုဘူး”
“ကျေးဇူးတင်ပါတယ်... မြို့တော်အရှင်”
ဆူဇီမိုက တိတ်တဆိတ် ကျေနပ်သဘောကျသွားပြီး ကျေးဇူးတင်ကြောင်း ပြသလိုက်၏။
ထိုသို့ဖြင့် သူသည် နဂါးအသူရာချောက်နက်ကြယ်ကနေ ချက်ချင်းထွက်ခွာနိုင်မည်သာမက သူသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံး တစ်ရာကိုပါ ချွေတာနိုင်မည်ဖြစ်၏။
အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများက သူ့အတွက် အလွန်တရာအရေးပါ၏။
ရှုရှစ်က သူ၏ လက်ကို မြှောက်ပြီး ရှုရှောင်းထျန်ထံ တံဆိပ်ပြားတစ်ခုကို ပစ်ထုတ်ပေးလိုက်၏။
“ငါ့ရဲ့တံဆိပ်ပြားကိုယူပြီး ဆူဇီမိုကို ခေါ်သွားလိုက်... အဲ့ဒါနဲ့ဆို ပို့ဆောင်ရေးဝင်္ကပါကို ချက်ချင်းအသက်သွင်းနိုင်တယ်”
ထိုသို့ပြောပြီးသည်နှင့် ရှုရှစ်က လှည့်ထွက်သွား၏။
“အစ်ကိုဆူ... ကျုပ်နောက်က လိုက်ခဲ့”
ရှုရှောင်းထျန်က မြို့တော်အရှင်ဂေဟာ၏ ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ ဆူဇီမိုကို ခေါ်ဆောင်သွား၏။
လမ်းတစ်လျှောက်မှာ သူက မနေနိုင်ဘဲမေးလိုက်၏။
“အစ်ကိုဆူ... ခင်ဗျားက တကယ်ပဲ ဒီမှာမနေတော့ဘူးလား... ကျုပ်အဖေက စောစောက စကားပြောတာရိုင်းပျသလိုဖြစ်သွားပေမယ့် သူကတကယ်တော့ လူကောင်းတစ်ယောက်ပါ”
ဆူဇီမိုကပြုံး၍ ရှုရှောင်းထျန်၏ ပခုံးကို ညင်သာစွာပုတ်လိုက်၏။
“တကယ်တော့... မင်းအဖေက ငါ့ကိုသတိထားနေတယ်ဆိုတာ အကြောင်းအရင်းမရှိတာတော့ မဟုတ်ဘူး”
“အမ်...”
ရှုရှောင်းထျန်က တွေဝေသွား၏။
ဆူဇီမိုက ရှင်းပြလိုက်သည်။
“ငါမင်းကိုအရင်က ကယ်တင်ပေးခဲ့တယ်... ဒါပေမဲ့ မင်းက ငါ့အကြောင်းဘယ်လောက်များများသိလို့လဲ... ငါက မင်းအဖေနဲ့ ရင်းနှီးမှုရယူဖို့အတွက် ဒါမှမဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုကြောင့် အဲ့ဒါကိုလုပ်ခဲ့တာမဟုတ်ဘူးလို့ မင်းဘယ်လိုသိမလဲ”
ရှုရှောင်းထျန်က ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။
“အစ်ကိုဆူ... ခင်ဗျားအဲ့လိုလုပ်မှာမဟုတ်ဘူးလို့ ကျုပ်သေချာပြောနိုင်တယ်”
ထိုသို့ပြောလိုက်သော်လည်း သူ့မှာ ယုံကြည်မှုကောင်းကောင်းမရှိတော့ဘဲ မလုံမလဲခံစားနေရ၏။
သူသည် ဆူဇီမိုနှင့်ပတ်သက်၍ ထိုသူ၏ အမည်ကလွဲလျှင် တခြားဘာမှမသိရှိရသေးသည်ကို နားလည်သဘောပေါက်လိုက်၏။
ဆူဇီမိုက ပြုံးပြလိုက်၏။
“အပြင်လောကက အရမ်းကိုအန္တရာယ်များတယ်... သတိထားတယ်ဆိုတာ ဘယ်တော့မှ မမှားဘူး”
“ဟုတ်ကဲ့”
ရှုရှောင်းထျန်က အားတက်သရောခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်က ဥယျာဥ်ထဲရှိ ကျောက်သားလမ်းသွယ်လေးများကို ဖြတ်ကျော်လာခဲ့၏။
သိပ်မကြာခင် သူတို့ရှေ့တွင်ရှိသောလမ်းကြောင်းက ကျယ်ပြန့်သွားပြီး အစိမ်းရောင်ကျောက်တုံးများဖြင့်ပြုလုပ်ထားသည့် ပို့ဆောင်ရေးဝင်္ကပါတစ်ခုက ပေါ်ထွက်လာ၏။
ကျောက်တုံးတစ်တုံးချင်းစီမှာ လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော ဝင်္ကပါအင်းကွက်များကို ရေးထိုးထား၏။
အစိမ်းရောင်ကျောက်တုံးများစွာကို အတူတကွစုစည်းပြီးမှ ပို့ဆောင်ရေးဝင်္ကပါတစ်ခု ဖြစ်ပေါ်လာခြင်းပင်။
ပို့ဆောင်ရေးဝင်္ကပါကို အစောင့်တပ်သားလေးငါးယောက်က စောင့်ကြပ်နေကြ၏။
ရှုရှောင်းထျန်က ရှေ့သို့လျှောက်လှမ်းသွားပြီး မြို့တော်အရှင်တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
“တပ်တားစွေ့ ဒါက ကျုပ်အဖေရဲ့တံဆိပ်ပြားပဲ... သူက ခင်ဗျားကို ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းပြီး ဒီဧည့်သည်ကို ပို့ပေးစေချင်တယ်”
တပ်တားစွေ့၏ မျက်နှာက အနည်းငယ်နီမြန်းသွားပြီး သူ၏ အကြည့်ကိုလွှဲကာ အကျပ်တွေ့နေဟန်ဖြင့် ပြောလိုက်၏။
“သခင်လေး... ကျုပ်တကယ်ပဲ စိတ်မကောင်းပါဘူး ဒီပို့ဆောင်ရေးဝင်္ကပါက ပျက်နေတယ်”
“ဘာဖြစ်တယ်”
ရှုရှောင်းထျန်က မျက်မှောင်ကြုတ်၍ အော်ငေါက်လိုက်၏။
“ပို့ဆောင်ရေးဝင်္ကပါက ဘာလို့ရုတ်တရက်ပျက်သွားရတာလဲ... မင်းတို့တွေ အဲ့ဒါကို စောင့်ကြည့်မနေဘူးလား”
သူက အသက်မကြီးသေးသော်လည်း ဩဇာအာဏာစက်တစ်ခုကို စတင်ပိုင်ဆိုင်လာခဲ့ပြီဖြစ်၏။
ဆူဇီမိုက ရှေ့သို့လျှောက်လှမ်းသွားပြီး ပို့ဆောင်ရေးဝင်္ကပါကို လှည့်ပတ်၍ တစ်ချက်ကြည့်လိုက်၏။
သိပ်မကြာခင် သူက ပြဿနာကိုရှာတွေ့သွားပြီး ရှည်မျောမျောအစိမ်းရောင်ကျောက်တုံးတစ်တုံးကို လက်ညိုးထိုးပြလိုက်၏။
“ဒီအစိမ်းရောင်ကျောက်တုံးက ဒီလောက်အတိုင်းအတာထိကြေမွနေတယ်ဆိုတာ မတော်တဆမဟုတ်ဘူး... အဲ့ဒါက တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့်ဖြစ်လာတာပဲ”
တစ်နည်းအားဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်သည် သူ့ကို ထွက်မသွားစေချင်သည့်အတွက် ပို့ဆောင်ရေးဝင်္ကပါကို တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားခြင်းဖြစ်၏။
ရှုရှောင်းထျန်က အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူ၏ ခါးကို မတ်လိုက်၏။
“တပ်သားစွေ... မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
“အဲ့...အဲ့ဒါက ကျုပ်အမှား မဟုတ်ဘူး”
တပ်တားစွေ့က သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်၏။
“အဲ့ဒါက အရင်တုန်းကတော့ အကောင်းပဲ... မကြာသေးခင်ကမှပျက်သွားတာ အဲ့ဒါကို ကျုပ်လုပ်တာ သေချာပေါက်မဟုတ်ဘူး”
“အဲ့ဒါဆိုဘယ်သူလုပ်တာလဲ”
ရှုရှောင်းထျန်က မေးလိုက်၏။
“အဲ့ဒါတော့ ကျုပ်လည်းမပြောတတ်ဘူး”
တပ်တားစွေ့က ဟန်လုပ်၍ပြုံးကာ ပြောလိုက်၏။
သူသည်အပေါ်ယုံမှာ ရိုသေလေးစားနေသယောင်ရှိသော်လည်း သူသည် သူ့ရှေ့မှသခင်လေးကို တကယ်တမ်းအလေးအနက်ထားခြင်း မရှိပေ။
ရှုရှောင်းထျန်က သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အေးစက်စွာပြောလိုက်၏။
“ပို့ဆောင်ရေးဝင်္ကပါကို ဘယ်သူဖျက်ဆီးသွားသလဲမသိရအောင် မင်းက ဒီနေရာကိုစောင့်ကြပ်ရမယ့် မင်းရဲ့တာဝန်ဝတ္တရားကို ပျက်ကွက်ခဲ့တာပဲ... ငါအခုပဲ ငါ့အဖေကိုသတင်းပေးပြီး မင်းရဲ့တာဝန်ဝတ္တရားပျက်ကွက်မှုအတွက် အပြစ်ပေးခိုင်းမယ်”
“မလုပ်... မလုပ်ပါနဲ့”
တပ်တားစွေ့သည် ရှုရှောင်းထျန်ထံမှ မြို့တော်အရှင်၏ နာမည်ကို ကြားသောအခါ သူက ထိတ်လန့်တကြားဖြစ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်၏။
“စောစောကတင် ခေါင်းဆောင်တပ်မှူးလျှိုက ရောက်လာပြီးတော့ ကျုပ်တို့ကို ခဏထွက်သွားဖို့ပြောခဲ့တယ်... အဲ့ဒီအချိန်အတွင်းမှာ ဘာတွေဖြစ်သွားခဲ့လဲ ကျုပ်လဲမပြောတတ်ဘူး”
“လျှိုထုံ...”
ရှုရှောင်းထျန်က မကျေမနပ်အမူအရာနှင့် အံကိုတင်းတင်းကြိတ်လိုက်၏။