← Chapters

ကြံစည်ခြင်း

Vol. 128 Ch. 1909

ကြံစည်ခြင်း

Vol. 128 Ch. 1909

ရှုရှောင်းထျန်က မေးလိုက်၏။

“ဒီဝင်္ကပါကို ပြုပြင်ဖို့ ဘယ်လောက်​ကြာမလဲ”

“မပူပါနဲ့သခင်လေး... ကျုပ် နှစ်ဝက်အတွင်း ပို့ဆောင်ရေးဝင်္ကပါကို သေချာပေါက်ရအောင်ပြင်ပေးပါ့မယ်”

တပ်သားစွေက အာမခံလိုက်၏။

“အဲ့လောက်တောင် ကြာတာလား”

ရှုရှောင်းထျန်က မျက်မှောင်ကြုတ်လိုက်၏။

သူသည် ဝင်္ကပါများနှင့်ပတ်သက်၍ ဘာမှမသိရှိသည့်အတွက် များစွာကူညီမပေးနိုင်ပေ။

ဆူဇီမိုက အစိမ်းရောင်ကျောက်တုံးကို ခဏမျှကြည့်ပြီးနောက် ပြန်လှည့်လာခဲ့၏။ သူကတပ်သားစွေကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“အဲ့ဒီအစိမ်းရောင်ကျောက်တုံးကို ပြုပြင်ဖို့အတွက် ရက်နှစ်ဆယ်ဆို လုံလောက်တယ်”

တကယ်တော့....ဆူဇီမိုပြောသည့် အရေအတွက်မှာ မယုတ်မလွန်ပြောလိုက်ခြင်းဖြစ်၏။

သူသည် ပို့ဆောင်ရေးဝင်္ကပါ၏ ဝင်္ကပါအင်းကွက်များနှင့်ပတ်သက်၍ နားလည်ခြင်းမရှိပေ။ သူသည် ပို့ဆောင်ရေးဝင်္ကပါအင်းကွက်များကို နောကြေအောင်သိရှိထားသည်ဆိုလျှင် သူသည် ဤအစိမ်းရောင် ကျောက်တုံးကို ဆယ်ရက်အတွင်း ပြုပြင်နိုင်ပေလိမ့်မည်။

“မင်း...”

တပ်တားစွေ့၏ မျက်နှာက နီမြန်းသွားပြီး သူ၏ ခါးကို မတ်ကာ ငြင်းဆန်ချင်၏။

သို့သော်လည်း ဆူဇီမိုက သူ့ကိုစိုက်ကြည့်လာသောအခါ သူကမလုံမလဲဖြစ်သွားပြီး အားနည်းစွာပြောလိုက်၏။

“ဝင်္ကပါတွေအကြောင်း ခင်ဗျားဘယ်လောက်သိလို့လဲ”

“နဲနဲပါးပါးပေါ့”

ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး သူက ပြတ်သားစွာပြောလိုက်၏။

“ငါ့ကိုရက်၂၀ အချိန်ပေးရင် ဒီပို့ဆောင်ရေးဝင်္ကပါရဲ့ ဝင်္ကပါအင်းကွက်တွေကို ငါပြုပြင်ပေးနိုင်တယ်”

ရှုရှောင်းထျန်က တပ်တားစွေ့ကို ဒေါသတကြီးစိုက်ကြည့်ပြီး အော်ငေါက်လိုက်၏။

“မင်းငါ့ကို ဘယ်လိုတောင်လိမ်ညာရဲတာလဲ”

တပ်တားစွေ့က ထိတ်ထိတ်ပျာပျာအမူအရာနှင့်အတူ ချွေများထွက်လာပြီ အလောတကြီးရှင်းပြလိုက်၏။

“ကျေးဇူးပြုပြီးစိတ်ကိုလျှော့ပါ... ကျုပ်ပြောတဲ့နှစ်ဝက်ဆိုတာက ဒီတိုင်းပိုပိုလိုလိုပြောလိုက်တာ... ပုံမှန်အခြေအနေမှာဆိုရင် အဲ့ဒါက နှစ်ဝက်မကြာပါဘူး”

“မပူပါနဲ့သခင်လေး... ကျုပ် ရက်နှစ်ဆယ်အတွင်း ဒီပို့ဆောင်ရေးဝင်္ကပါကို ပြုပြင်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”

ရှုရှောင်းထျန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ရက်နှစ်ဆယ်နေလို့မှ ပို့ဆောင်ရေးဝင်္ကပါကို အသက်မသွင်းနိုင်ဘူးဆိုရင် မင်းရဲ့တာဝန်ဝတ္တရား ပျက်ကွက်မှုအတွက် ပြစ်ဒဏ်ခံရမယ်”

တပ်တားစွေ့က သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။

“အစ်ကိုဆူ... သွားကြရအောင်”

ရှုရှောင်းထျန်က လှမ်းပြောလိုက်၏။

ဆူဇီမိုက အတွေးနက်စွာဖြင့် မလှုပ်မယှက်မတ်တတ်ရပ်နေ၏။

ဆူဇီမိုက အနည်းငယ်စိတ်ပျက်နေပုံရသည်ဟုထင်ပြီး ရှုရှောင်းထျန်က နှစ်သိမ့်ပေးလိုက်၏။

“အစ်ကိုဆူ... ကျုပ်ခင်ဗျားအတွက် အခန်းတစ်ခန်းပြင်ပေးမယ်... ခင်ဗျား အဲ့ဒီမှာ အေးဆေးနားနေပေါ့... ရက်နှစ်ဆယ်ဆိုတာ ခဏလေးပါပဲ”

“မလိုတော့ဘူး”

ရုတ်တရက် ဆူဇီမိုက လက်ကာပြလိုက်၏။

“ငါဒီနေရာကို စောင့်ကြည့်နေမယ်”

ခဏမျှ မှင်တက်သွားပြီးနောက် ရှုရှောင်းထျန်က နားလည်သဘောပေါက်သွားကာ မေးလိုက်၏။

“အစ်ကိုဆူ... လျှိုထုံပြန်လာပြီး ပို့ဆောင်ရေးဝင်္ကပါကို ထပ်ပြီးဖျက်ဆီးမှာ ခင်ဗျားစိုးရိမ်နေတာလား”

ဆူဇီမိုက ခေါင်းခါပြလိုက်ပြီး ထပ်မံ၍ ရှင်းပြမနေပေ။

ရှုရှောင်းထျန်ပြောသည်မှာ သူ၏ အကြောင်းအရင်းများထဲမှ တစ်ခုသာဖြစ်၏။

ဆူဇီမိုသည် အခြားတစ်စုံတစ်ရာကို တွေးတောနေခြင်းဖြစ်လေသည်။

ပို့ဆောင်ရေးဝင်္ကပါကို ဖျက်ဆီးလိုက်သော လျှိုထုံ၏ နည်းလမ်းက သိပ်ပြီးပြောင်မြောက်မှုမရှိပေ။ တကယ်ဆို... အဲ့ဒါကို အကွက်ချ ကြံစည်​ခြင်းဟုပင် မသတ်မှတ်နိုင်ပေ။ အလွန်ဆုံး... အဲ့ဒါက သူ့ကို ရက်နှစ်ဆယ်သာကြန့်ကြာစေနိုင်မည်ဖြစ်၏။

လျှိုထံရဲ့ အစစ်အမှန်ရည်ရွယ်ချက်ကဘာလဲ...။

သူက သူ့ရဲ့အမျက်ဒေါသကို ဖြေဖျောက်ရုံအတွက်ပဲလား။

နောက်ရက်နှစ်ဆယ်အတွင်း အခြားတစ်စုံတစ်ရာဖြစ်ပျက်လာမှာကို ဆူဇီမိုက စိုးရိမ်နေ၏

တကယ်တော့... ဘာမှဖြစ်မလာခဲ့လျှင် အကောင်းဆုံးဖြစ်သည်။

သူက ဤနေရာမှာနေမည်ဆိုလျှင် သူသည် ဤအခွင့်အရေးကို အသုံးချကာ ပို့ဆောင်ရေးဝင်္ကပါ၏ ဝင်္ကပါအင်းကွက်များတည်ဆောက်ပုံကို လေ့လာနိုင်မည်ဖြစ်၏။

ထိုအခါ အခြားသူများ၏ အကူအညီမရှိလျှငိတောင် သူသည်မြို့ကြီးများမှ ပို့ဆောင်ရေးဝင်္ကပါများကို ကိုယ်တိုင်အသက်သွင်းနိုင်မည်ဖြစ်၏။

“အစ်ကိုဆူ... ကျုပ်ခင်ဗျားနဲ့ အဖော်နေပေးမယ်”

ရှုရှောင်းထျန်က သူ၏ ရင်ဘတ်ကိုပုတ်ပြီး ကြေညာပြောဆိုလိုက်၏။

တစ်ဘက်မှာတော့... တပ်တားစွေ့က စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

ရှုရှောင်းထျန်၏ စောင့်ကြည့်မှုအောက်တွင် သူသည်ခိုကပ်မနေရဲဘဲ သူ၏ အစွမ်းကုန်ရှိသမျှနှင့် ပို့ဆောင်ရေးဝင်္ကပါကို ပြုပြင်ရလေသည်။

ဆူဇီမိုကလည်း ပို့ဆောင်ရေးဝင်္ကပါ၏ ဝင်္ကပါအင်းကွက်များကို စတင်၍လေ့လာသင်ယူနေ၏။

ပို့ဆောင်ရေးဝင်္ကပါများကို အထက်ဘုံမှာ အတော်လေးအသုံးများ၏။

သူ၏ ဝင်္ကပါပညာရပ်အပေါ် အောင်မြင်ထွန်းပေါက်မှုအရ သူ့အနေဖြင့် ထိုဝင်္ကပါအင်းကွက်များကို နားလည်ဆင်ခြင်ဖို့ သိပ်ပြီးမခက်ခဲပေ။

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာခဲ့၏။ နောက်ရက်အနည်းငယ်အတွင်း မြို့တော်အရှင်ဂေဟာနှင့် နဂါးအသူရာချောက်နက်မြို့တော်က ခါတိုင်းလိုပင် ပုံမှန်အတိုင်း ပြူမူလှုပ်ရှားနေ၏။

လျှိုထုံက ထပ်မံ၍ ပေါ်မလာခဲ့ပေ။

တစ်ခဏချင်းမှာပင် ဆယ်ရက်တာကုန်ဆုံးသွားပြီး ပို့ဆောင်ရေးဝင်္ကပါကို ပြုပြင်နိုင်တော့မည်ဖြစ်၏။

ဤနေ့တွင်...။

မြို့တော်အရှင်ရှုရှစ်က ပေါ်ထွက်လာပြီး ဆူဇီမိုနှင့် ရှုရှောင်းထျန်ကိုလှမ်းခေါ်လိုက်၏။

“လျှိုထုံက ဖိတ်ခေါ်စာတစ်စောင်ပို့ထားတယ်... ဒီနေ့သူ့ရဲ့စံအိမ်မှာ စားပွဲတစ်ပွဲကျင်းပမှာမို့လို့ ခေါင်းဆောင်တပ်မှုးတွေနဲ့ ငါတို့ကို ဖိတ်ခေါ်ထားတယ်”

“ဟုတ်ပြီလေ သူနဲ့တွေ့ရင် ပို့ဆောင်ရေးဝင်္ကပါကို ဘာလို့ဖျက်ဆီးခဲ့သလဲ ကျုပ်သူ့ကိုမေးရမယ်”

ရှုရှောင်းထျန်က အဲ့ဒါနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေဆဲပင်။

“ရှောင်းထျန်... “

ရှုရှစ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“အဲ့ဒီအကြောင်းကို ထပ်မပြောနဲ့တော့”

ရှုရှောင်းထျန်က နှုတ်ခမ်းစူလိုက်၏။

ခဏမျှစဥ်းစားပြီးနောက် ဆူဇီမိုက ငြင်းဆန်လိုက်၏။

“မြို့တော်အရှင် ကျုပ်က လျှိုထုံနဲ့ ရန်ငြိုးရန်စတချို့ရှိထားတယ်... ကျုပ်က အခြားခေါင်းဆောင်တပ်မှူးတွေနဲ့လည်း ရင်းနှီးတာမဟုတ်ဘူး... အဲ့ဒီတော့ ကျုပ်မလိုက်တော့ဘူး”

“အဲ့ဒါက စားပွဲကို မင်းတတ်ရောက်သင့်တဲ့ အကြောင်းအရင်းအတိအကျပဲ”

ရှုရှစ်က ပြောလိုက်၏။

“လျှိုထုံက ဒီနေ့စားသောက်ပွဲကို တည်ခင်းကျင်းပပေးတယ်ဆိုတာ တင်းမာမှုတွေကို ဖြေလျှော့ဖို့အတွက်ပဲ... မင်းနဲ့သူ့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိတော့ရင် အကောင်းဆုံးပဲ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူကအဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခြင်း မရှိပေ။

ပို့ဆောင်ရေးဝင်္ကပါကို ပြုပြင်ပြီးသွားသည်နှင့် သူသည် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာသွားမည်ဖြစ်၏။

သူက လျှိုထုံနှင့် ရန်ငြိုးရန်စရှိထားတော့ရော ဘာဖြစ်သလဲ။

ပြောရမည်ဆိုလျှင် ဆူဇီမိုသည် လျှိုထုံကို စိတ်ထဲမှာ တကယ်ပင် အတည်အတံ့မှတ်ယူထားခြင်းမရှိပေ။

ဆူဇီမို၏ စိတ်ကို ဖတ်မိနိုင်သည့်အလား ရှုရှစ်က သူ၏ ခေါင်းကိုညင်သာစွာ ခါပြလိုက်၏။

“လျှိုထုံရဲ့ စီနီယာအစ်ကိုတွေထဲက တစ်ယောက်က အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ထဲမှာရှိတယ်... သူက ကမ္ဘာမြေအင်မော််တယ်ပညာရှင်တစ်ယောက်ဖြစ်တယ်လို့ ငါကြားထားတယ်”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

ရှုရှစ်က ပြောလိုက်လေသည်။

“ငါမင်းကိုသတိပေးနိုင်တာ အဲ့ဒါအကုန်ပဲ”

ဆူဇီမိုက တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့၏။

သည့်ယခင်က ရှုရှစ်သည် လျှိုထုံအပေါ် အမြဲတမ်းသည်းခံခဲ့၏။ သူစိုးရိမ်ပူပန်နေသည့်သူမှာ လျှိုထုံ၏ စီနီယာအစ်ကိုဖြစ်ပေလိမ့်မည်။

ရှုရှစ်သည် ဆူဇီမိုကို စေတနာကောင်းဖြင့် သတိပေးနေခြင်းလည်းဖြစ်၏။

လျှိုထုံအတွက်နှင့် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ဆန့်ကျင်မိစရာမလိုပေ။

ဆူဇီမိုက ခဏမျှငြိမ်သက်နေ၏။

“မြို့တော်အရှင်... ပွင့်ပွင့်လင်းလင်းပြောရတဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပါ... လျှိုထုံက အခု အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာပြီဆိုတော့... သူက အဲ့ဒီကမ္ဘာမြေအင်မော်တယ်နဲ့ပူးပေါင်းပြီး ခင်ဗျားနေရာကို အစားထိုးဝင်ယူမှာကို မစိုးရိမ်ဘူးလား”

ထိုစကားက အတော်လေးရဲတင်းရာကျ၏။

သို့သော်လည်း ဆူဇီမို၏ ထင်မြင်ချက်အရ ယနေ့ လျှိုထုံ၏ အချိန်ကိုက်ပြုလုပ်လာသော စားသောက်ပွဲသည် အနည်းငယ်တိုက်ဆိုင်လွန်းနေ၏။ အဲ့ဒါက ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။

“ဟားဟားဟားဟား”

ရှုရှစ်က ဟားတိုက်ရယ်မောလိုက်၏။

“မင်းက အတွေးလွန်နေတာပဲ... ငါက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်က ဘုရင်ခံတင်မြှောက်ထားတဲ့ မြို့စားပဲ... လျှိုထုံက အပြင်လူနဲ့ပူးပေါင်းပြီး ငါ့ကိုတိုက်ခိုက်ရဲမယ်ဆိုရင် သူက မဟာကျင်းအင်မော်တယ်နိုင်ငံတော်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်”

“ကမ္ဘာမြေအင်မော်တယ်တွေကိုမပြောနဲ့...ကောင်းကင်အင်မော်တယ်တွေ... ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေတောင်မှ မဟာကျင်းအင်မော်တယ်နိုင်ငံတော်ရဲ့ အမိန့်အာဏာစက်ကို ထိပါးရဲမှာမဟုတ်ဘူး”

ရှုရှောင်းထျန်က စိုးရိမ်ပူပန်စွာမေးလိုက်၏။

“လျှိုထုံက စားသောက်ပွဲမှာ အစ်ကိုဆူကို တိုက်ခိုက်လာမယ်ဆိုရင်ရော...”

“မပူနဲ့”

ရှုရှစ်က ပြောလိုက်၏။

“ငါရှိနေမှတော့... ဆူဇီမိုက ဘေးကင်းလုံခြုံလိမ့်မယ်”

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် မငြင်းပယ်တော့ပေ။

သူတို့သုံးယောက်သည် မြို့တော်အရှင်ဂေဟာကနေထွက်ခွာပြီး သိပ်မကြာခင် လျှိုထုံ၏ ဂေဟာသို့ ရောက်ရှိလာခဲ့၏။

ရှုရှစ်သည် ဤခေါင်းဆောင်တပ်မှူး၏ ဂေဟာနှင့် အတော်လေးရင်းနှီးကျွမ်းဝင်မှုရှိ၏။

သူက ကျောက်သားလမ်းတစ်လျှောက်ဦးဆောင်လာခဲ့ပြီး သိပ်မကြာခင် ခံ့ညားထည်ဝါသော ခန်းမတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့၏။

ခန်းမက အတော်လေးလူရှင်းနေ၏။

ခန်းမ၏ အလယ်မှာ ထိုင်နေသောလူတစ်ယောက်သာလျှင်ရှိလေသည်။

လျှိုထုံ... ။

ရှုရှစ်က သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

တစ်စုံတစ်ရာလွဲမှားနေလေပြီ။

“ခန်းမ၏ ဘေးပတ်ဝန်းကျင်က အတော်လေးတိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အစေခံမှ မရှိပေ။ ဒါ့အပြင် ပုံမှန်အ​ခြေအနေမှာဆို နဂါးအသူရာချောက်နက်မြို့တော်၏ ခေါင်းဆောင်တပ်မှူးများအားလုံးသည် တက်ရောက်လာကြမည်ဖြစ်၏။

သို့သော်ယခု... သူတို့သုံးယောက်သာလျှင်ရှိနေ၏။

“လျှိုထုံက တကယ်ကို မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာလား”

ရှုရှစ်က မျက်မှောင်ကြုတ်လိုက်၏။

လျှိုထုံသည် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာပြီးကတည်းက သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက မသိမသာပြောင်းလဲလာခဲ့၏။

သို့သော်လည်း သူတို့နှစ်ယောက်သည် သူတို့၏ ဣန္ဒြေကို သူတို့ ထိန်းသိမ်းထားဆဲဖြစ်ပြီး လုံးဝခွာပြဲခြင်းမျိုး မရှိခဲ့ပေ။

သူသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ဘုရင်ခံကနေ ရွေးချယ်ထားသော မြို့တော်အရှင်ဖြစ်သည်။ ပုံမှန်အ​ခြေအနေမှာဆိုလျှင် လျှိုထုံက သူ့နေရာကို အစားမထိုးနိုင်ပေ။

ဒါ့အပြင် သူကလည်း လျှိုထုံကို ရှင်းမပစ်နိုင်ပေ။ သူ့အနေဖြင့် လျှိုထုံအတွက်နှင့် ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ယောက်ကို ဆန့်ကျင်စရာ မလိုပေ။

All Chapters