← Chapters

ဘဝ၏ နှောင်းပိုင်းအရွယ်

Vol. 128 Ch. 1911

ဘဝ၏ နှောင်းပိုင်းအရွယ်

Vol. 128 Ch. 1911

ရှုရှစ်၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ မျက်လုံးများက မှေးမှိန်သွား၏။

စောစောက သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် ရင်ဆိုင်ခဲ့သော သူ၏ အော်ရာက ပျောက်ကွယ်သွားပြီဖြစ်၏။

ရဲတင်းသော လူငယ်လေး ရှုရှောင်းထျန်က အာဏာပါးကွက်သား အစောင့်တပ်သား ဟူသော စကားကို ကြားရသည့်အချိန်မှာ ဆတ်ခနဲ တုန်ယင်သွား၏။ သူက ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာနှင့်အတူ အနည်းငယ် တုန်ယင်နေ၏။

အာဏာပါးကွက်သား အစောင့်တပ်သားများသည် အစိမ်းရောင် တိမ်စိုင်တိုင်းပြည်မှာ သို့မဟုတ် မဟာကျင်းအင်မော်တယ်နိုင်ငံတော်မှာ အလွန်တရာ မြင့်မားသော အဆင့်အတန်းတစ်ခု ရှိလိမ့်မည်ဟု ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

နဂါးအသူရာချောက်နက်မြို့တော်၏ မြို့တော်အရှင်ပင်လျှင် ဦးညွှတ်နေရ၏။

ရှုရှစ်က ခဏမျှ ငြိမ်သက်သွားပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

“ကျုပ်က ဘာပဲပြောပြော နဂါးအသူရာချောက်နက်မြို့တော်ရဲ့ မြို့တော်အရှင်ပဲ.. ခင်ဗျားက အာဏာပါးကွက်သား အစောင့်တပ်သား ဆိုရင်တောင် ခင်ဗျားက စိတ်ရှိတိုင်း ကျုပ်ကို သတ်ဖြတ်အပြစ်ပေးလို့ မရဘူး”

“ဟီးဟီး”

သက်လတ်ပိုင်းအရွယ် အမျိုးသားက လှောင်ရယ်လိုက်၏။

“မင်းလိုမျိုး နိမ့်ကျသက်ရှိတစ်ယောက်ကို သတ်ဖြတ်ရမယ်ဆိုလည်း ငါ ဂရုမစိုက်ဘူး.. ငါက ဘာအကြောင်းပြချက် လိုဦးမှာလဲ”

“မင်းက တကယ်ပဲ အကြောင်းပြချက်တစ်ခု လိုချင်တာဆိုရင် အဲဒါ မင်းက မြို့တော်အရှင် မဖြစ်ထိုက်လို့ပဲ.. မဟာကျင်းအင်မော်တယ်နိုင်ငံတော်ရဲ့ အစွန်အဖျား ကြယ်တစ်လုံးပေါ်က မြို့တော်အရှင်ရဲ့ အဆင့်အတန်းဆိုတောင်မှ အဲ့ဒါက မင်းလိုမျိုး နိမ့်ကျသက်ရှိတစ်ကောင် ညစ်နွမ်းအောင် လုပ်နိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူး”

ဒုန်း..

ရှုရှစ်က မျှော်လင့်ချက် ကုန်ဆုံးသွားသော အမူအရာနှင့်အတူ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ရှေ့မှာ ဒူးထောက်ချလိုက်၏။

“အဖေ”

ရှုရှောင်းထျန်က အော်ခေါ်လိုက်၏။

“ဒူးထောက်”

ရှုရှစ်က အော်ငေါက်လိုက်ပြီး ရှုရှောင်းထျန်၏ ပခုံးကို ဆွဲချကာ သူ့ကို ဒူးထောက်စေလိုက်၏။

“ဒူးထောက်လည်း မရတော့ဘူး”

သက်လတ်ပိုင်းအရွယ် အမျိုးသားက မှင်သေသေ အမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“မင်းက အာဏာပါးကွက်သား အစောင့်တပ်သားတွေရဲ့ ဒဏ္ဍာရီကို မကြားဖူးဘူးလား.. ကွပ်မျက်ဆေဘာကို ထုတ်ဖော်ပြီးတာနဲ့ အဲဒါက လတ်ဆတ်တဲ့ သွေးကို သောက်သုံးပြီး ဝိညာဉ်တွေကို ဖြတ်တောက်ပေးရတယ်”

ဆူဇီမိုက ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေဆဲဖြစ်၏။

တစ်ဖက်လူက မည်သူပင်ဖြစ်စေ.. သူက အသေခံရဖို့ကို စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အဆင့် ၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားသည် အရမ်းကို သန်မာပြီး သူ့မှာ တိုက်ခိုက်ဖို့အတွက် အခွင့်အရေးများစွာ မရှိပေ။

သူက လှုပ်ရှားမှု ပြုလုပ်လိုက်သည်နှင့် သူသည် မည်သည့် အမှားအယွင်းမှ မရှိဘဲ သူ၏ ပစ်မှတ်ကို သေချာပေါက် ထိအောင် လုပ်ရမည်ဖြစ်၏။

မဟုတ်ပါက သူက သေချာပေါက် သေရပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် တိတ်ဆိတ်ငြိမ်သက်၍ သူ၏ အော်ရာကို ရုတ်သိမ်းကာ သက်လတ်ပိုင်းအရွယ် အမျိုးသားကို သူ သတိမထားမိစေဘဲ တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို စောင့်ဆိုင်းနေ၏။

“ဟားဟားဟား”

လျှိုထုံက အူမြူးအားရစွာ ရယ်မော၍ ရှုရှစ်၏ ရှေ့သို့ လျှောက်လှမ်းလာ၏။

သူက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ပြီး ရှုရှစ်၏ မျက်နှာကို လက်ဖြင့်ပုတ်ကာ လှောင်ရယ်လိုက်၏။

“မြို့တော်အရှင်.. ခင်ဗျား အဲဒါ ဘာလုပ်နေတာလဲ.. ကျုပ်က အဲ့လို အရိုအသေပေးတာကို မခံယူရက်ဘူး”

လျှိုထုံ၏ အရှက်ခွဲခြင်း ခံရပြီးနောက် ရှုရှစ်၏ မျက်နှာက နီမြန်းသွားသော်လည်း သူက ခုခံငြင်းဆန်ရဲခြင်း မရှိချေ။

“ညီအစ်ကိုလျှို.. ကျုပ်က သေရတော့မယ်ဆိုတာ ကျုပ်သိပါတယ်.. ခင်ဗျားက ရှောင်းထျန်ရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျုပ် တောင်းပန်ပါရစေ”

ရှုရှစ်က ခပ်တိုးတိုးပြောလိုက်၏။

“နောက်ကျလွန်းသွားပြီ”

လျှိုထုံက နှုတ်ခမ်းစူလိုက်၏။

“ငါက နှလုံးသားမဲ့တယ်လို့ မပြောနဲ့နော်.. ငါ မင်းကို စောစောက အခွင့်အရေးတစ်ခု ပေးခဲ့တာပဲ.. မင်းက အဲဒါကို မဖမ်းဆုပ်တတ်ဘဲ ငါ့ကို ဖိနှိမ်မယ်လို့တောင် ပြောခဲ့သေးတယ်.. ဟီးဟီး”

ရှုရှစ်က တောင်းပန်လိုက်၏။

“ဒီနှစ်တွေထဲမှာ ရှောင်းထျန်က ခင်ဗျားကို အမြဲတမ်း ဦးလေးလျှိုလို့ပဲ ခေါ်ခဲ့တာ.. ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ယှဉ်ပြိုင်မှုမှာ ကလေးတစ်ယောက်ကို ဆွဲမထည့်ပါနဲ့”

လျှိုထုံက ဘေးမှာရှိသော ရှုရှောင်းထျန်ကို တစ်ချက်ကြည့်ပြီး စုတ်တစ်ချက်သပ်လိုက်၏။

“သူက အခုတော့ တကယ်ပဲ ကလေးတစ်ယောက်ပေါ့.. ဒါပေမဲ့ နောက်နှစ်တစ်သောင်းနေရင် သူက ကြီးပြင်းလာတဲ့အခါ ကလေးတစ်ယောက် မဟုတ်တော့ဘူး”

“အနာဂတ်ပြဿနာတွေကို ငါမချန်ထားခဲ့ချင်ဘူး.. ကျူပင်ခုတ်ရင် ကျူငုတ်မကျန်စေရဘူးမလား”

“လျှိုထုံ…”

ရှုရှစ်၏ မျက်လုံးထဲသို့ သတ်ဖြတ်လိုစိတ်တစ်ခုက ရုတ်တရက် ဝင်ရောက်လာပြီး သူက ကြမ်းပြင်ထက်ကနေ ကြုံးထကာ ဟိန်းဟောက်လိုက်၏။

“ငါ မင်းနဲ့ အသေအကြေ တိုက်ခိုက်မယ်”

သူက အဲဒါကို ပြင်ဆင်ထားသည့်အလား လျှိုထုံက နောက်သို့ ဆုတ်ခွာပြီး ရယ်မောလိုက်၏။

“ဟားဟား.. အဲဒါဖြစ်မယ်ဆိုတာ ငါထင်သားပဲ”

သက်လတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့ လျှောက်လှမ်းလာပြီး သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ သူ၏ လက်ထဲရှိ ကွပ်မျက်ဆေဘာက အလွန်တရာ ကြောက်စရာကောင်းသော ဆေဘာအလင်းတစ်ခုကို ထုတ်ဖော်ပြီး ရှုရှစ်ထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။

ရှုရှစ်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ ခွန်အားက ကွပ်မျက်ဆေဘာ၏ လွှမ်းခြုံမှုအောက်မှာ အရမ်းကို နိမ့်ကျသွား၏။

ရှုရှစ်နှင့် သူ၏ သားမှာ စိတ်ပျက်အားငယ်သော အမူအရာများ ထွက်ပေါ်လာ၏။

ထိုစဉ်မှာပင် ဆူဇီမိုက လှုပ်ရှားလိုက်ပြီဖြစ်၏။

သူသည် လှုပ်ရှားခြင်း သို့မဟုတ် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ မလှမ်းမကမ်းမှာ တစ်ချိန်လုံး ထိုင်နေခဲ့၏။ မည်သူကမှ သူ့ကို စိတ်အာရုံစိုက်ခြင်း သို့မဟုတ် အတည်အတံ့မှတ်ယူခြင်း မရှိခဲ့ပေ။

ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားက ဆူဇီမိုကို တည့်တည့်ပင် မကြည့်ခဲ့ပေ။

သို့သော်လည်း ထိုလူသည် ဖျတ်ခနဲဆို နေရာကနေ ပျောက်ကွယ်သွား၏။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက သက်လတ်ပိုင်းအရွယ် အမျိုးသား၏ နောက်သို့ ရောက်ရှိနေလေပြီ။

အစစ်အမှန်နဂါးလျှပ်စီးကိုးချက်…

ဤလှုပ်ရှားကွက်က အလွန်တရာ ရုတ်တရက်ဆန်လွန်း၏။ အဲဒါက ရှုရှစ်ဖြစ်စေ.. လျှိုထုံဖြစ်စေ.. သူတို့သည် အဲဒါကို သေချာပေါက် တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အဆင့် ၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်အနေဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသားက အလွန်တရာ သတိကြီးပြီး ဆူဇီမိုက ပျောက်ကွယ်သွားသည့် အချိန်မှာပင် သူက အဲဒါကို အာရုံခံမိလိုက်ပြီဖြစ်၏။

သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အကြည့်တစ်ခု ပေါ်ထွက်လာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ကောင်းမှန်း ဆိုးမှန်း နားမလည်တဲ့ကောင်ပဲ”

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အားနေသော ဘယ်ဘက်လက်က ရုတ်တရက် လက်ပြန်လွှဲပြီး သူ့နောက်ဘက်မှာ ရှိသော အစိမ်းရောင်ပုံရိပ်ကို ဖမ်းဆွဲလိုက်၏။

သူ၏ လက်ဖဝါးထဲမှာ ရုန့်ရင်းကြမ်းတမ်းသော ကောင်းကင်နှင့်မြေ​ကြီး အမြုတေချီများက စုဝေးလာပြီး သူတို့က အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။

ဆူဇီမိုက ပေါ်ထွက်လာသောအခါ သူ၏ နောက်ကျောတွင် အဖြူရောင် ဆင်စွယ်တစ်စုံက ပေါ်ထွက်လာခဲ့၏။ သူတို့က အလွန်တရာ ထက်ရှပြီး သူ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာခဲ့၏။

ပင်ကိုနတ်ဘုရားစွမ်းအား၊ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား…။

သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေး၊ အမြုတေစိတ်ဝိညာဉ်နှင့် အမျိုးမျိုးသော စွမ်းအားများက နှစ်ဆတိုးလာခဲ့၏။

သူသည် အစက အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်၏။ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား၏ ထောက်ပံ့မှုနှင့်အတူ သူ၏ ခွန်အားက မြင့်တက်လာပြီး သူက အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်၏ အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်လာခဲ့၏။

“အို..”

သူ၏ နောက်ဘက်မှ ဆူဇီမို၏ ပြောင်းလဲမှုကို အာရုံခံမိသွားပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် အံ့အားသင့်ကာ စူးစမ်းလိုစိတ် ဖြစ်ပေါ်သွား၏။

လူတစ်ယောက်၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သည့် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက အတော်လေးကို ရှားပါး၏။

သူက အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက် ဖြစ်သော်လည်း သူသည် ဤကဲ့သို့သော လျှို့ဝှက်အတတ်များကို မတတ်မြောက်ထားပေ။

သို့သော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသားက အဲဒါကို စိတ်ထဲမှာ အလေးအနက်ထားခြင်း မရှိပေ။

သူ့နောက်ဘက်မှ နိမ့်ကျသက်ရှိက နတ်ဘုရားစွမ်းအား လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ပြီး သူက အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်လာမည်ဆိုလျှင်တောင် သူသည် သူ၏ လက်ဖဝါးရိုက်ချက်ကို သေချာပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာ သူ၏ ဝှက်ဖဲများ အားလုံးနီးပါးက သုံးစား၍ မရသည်ကို သူက ကောင်းကောင်းသိထား၏။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များ၊ စက္ခုနည်းစနစ်များ၊ အသံပိုင်း လျှို့ဝှက်အတတ်များ၊ တာအိုမီးနှင့် ဓားပညာရပ်များ.. အဲဒါတွေထဲ မည်သည့်အရာကမှ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့၏ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်က အရမ်းကို ကြီးမားနေ၏။

အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အဆင့်မြင့်နတ်ဘုရားစွမ်းအား.. ဆေဘာတစ်လက်ကဲ့သို့ အချိန် ဖြစ်၏။

သူ၏ အမြုတေစိတ်ဝိညာဉ်သည် အစကတည်းက အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့၏။

အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

အဲဒါက အဆင့် ၁ ကမ္ဘာမြေအမြုတေနယ်ပယ်သာ ဖြစ်သော်လည်း သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လာနိုင်ပြီဟု အဓိပ္ပာယ်ရ၏။ နှင်းလေတောင်ကြောရိုးကနေ မထွက်ခွာခင်က သူသည် အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို တစ်ကြိမ်ကြိုးစားထုတ်ဖော်ခဲ့ဖူး၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီး သူက လူသားတာအို အဆင့်မြင့်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ ငဝါကြီးကို လူသားသွင်ပြင်သို့ ပြန်ပြောင်းပေးခဲ့၏။

“ဆေဘာတစ်လက်ကဲ့သို့ အချိန်”

ဆူဇီမိုက သူ၏ လက်နှစ်ဖက်ကို ရှေ့သို့ ဖိချပြီး သူ၏ လက်ဖဝါးထဲမှာ မီးခိုးရောင် မြူခိုးများကို ရစ်သိုင်းလာစေ၏။ နတ်ဘုရားစွမ်းအားများက ဖြန့်ကြက်သွားပြီး မီးခိုးရောင် ဆေဘာတစ်လက်က အလျင်အမြန်ဖြစ်ပေါ်လာ၏။

ဆူဇီမိုက အချိန်ဆေဘာကို ဆုပ်ကိုင်ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသား၏ လက်ဖဝါးကို ပစ်ထိုးလိုက်၏။

ရုတ်တရက် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ခေါင်းနားပန်းကြီး၍ ရင်တလှပ်လှပ် ခံစားလာရ၏။

တစ်စုံတစ်ရာ လွဲမှားနေသည်ကို သူက နားလည်သဘောပေါက်သွားပြီး နောက်သို့ ပြန်ဆုတ်ချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။

ဘန်း..

သူ၏ လက်ဖဝါးက အချိန်ဆေဘာနှင့် ထိတွေ့ရိုက်ခတ်သွား၏။

အချိန်ဆေဘာက ပျက်ပြယ်သွားလေသည်။

ဆေဘာက မာကြောထက်ရှခြင်း မရှိသော်လည်း ၎င်းသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို ဖြတ်တောက်ပစ်နိုင်၏။

အချိန်က ဆေဘာတစ်လက်ကဲ့သို့ဖြစ်ပြီး ခုတ်ချက်တစ်ချက်ချင်းစီက အိုမင်းရင့်ရော်စေမည် ဖြစ်၏။

အောက်ဘုံမှာတုန်းက ဤနတ်ဘုရားစွမ်းအားသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့် မပေါင်းစည်းနိုင်ခဲ့သည့်အတွက် ခုတ်ချက်တစ်ချက်ချင်းစီသည် လူတစ်ယောက်၏ ဘဝသက်တမ်း နှစ်သုံးသောင်းကိုသာ ဖြတ်တောက်ပစ်နိုင်၏။

အထက်ဘုံမှ ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့် ပေါင်းစည်းသွားပြီး ဤနတ်ဘုရားစွမ်းအား၏ စွမ်းအားက ဆပွားတိုးလာခဲ့၏။ ထိုခုတ်ချက်နှင့်အတူ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ဘဝသက်တမ်းက နှစ်ခြောက်သောင်း လျော့ကျသွား၏။

ကမ္ဘာမြေအင်မော်တယ်များမှာ ဘဝသက်တမ်း နှစ်နှစ်သိန်း ရှိလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားက အသက် နှစ်သိန်းနှစ်သောင်း ရှိပြီး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေဖြင့် သူ့ဘဝ၏ အရွယ်ကောင်းမှာသာ ရှိနေသေး၏။

သို့သော်လည်း အချိန်ဆေဘာနှင့် ထိခတ်ခြင်း ခံရပြီးနောက် သူ၏ ဘဝသက်တမ်းက တဟုန်ထိုး လျော့ကျကာ သူက မြင်နိုင်သော နှုန်းထားဖြင့် အိုစာလာခဲ့၏။ သူ၏ အနက်ရောင်ဆံပင်များကြားမှာ အဖြူရောင်ဆံပင်များစွာက ပေါ်ထွက်လာ၏။

သူ၏ မျက်နှာပေါ်တွင် အတွန့်ကြောင်းတချို့ကလည်း ပေါ်ထွက်လာ၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကျုံ့ဝင်လာပြီး သူ၏ အမြုတေချီနှင့် စိတ်ဝိညာဉ်တို့က ယိုယွင်းပျက်စီးလာ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အသက်ရှင်ဖို့အတွက် နှစ်နှစ်သောင်းသာလျှင် ကျန်ရှိတော့၏။

ခုတ်ချက်တစ်ချက်က သူ့ကို သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားစေ၏။

All Chapters